ကျောင်းဆရာတစ်ဦးကို အမျိုးသမီးတစ်ဦးက ဓါးမြင့်ထိုး


မင်းထက်
(ပန်းတနော်) မတ်လ ၁၆ ရက်၊
ရန်​ကုန်​ - ဝါးခယ်​မကားလမ်းပေါ်တွင် ကျောင်းဆရာတဦးအား အမျိုးသမီးတဦးမှ ဓားဖြင့်ထိုး၍ ထွက်ပြေး

မင်းထက်
(ပန်းတနော်) မတ်လ ၁၆ ရက်၊
ရန်ကုန် - ၀ါးခယ်မကားလမ်း မိုင်တိုင်အမှတ် ၄/၀ တွင် မူလတန်းပြ ကျောင်းဆရာတဦးအား အမျိုးသမီးတဦးက ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသည့် ဖြစ်စဉ်တခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်​း​ဒေသကြီး မအူပင်​ခရိုင်​ ပန်​းတ​နော်​မြို့နယ်​ ကျုံတုံးကြီး​ကျေးရွာအုပ်​စုအပိုင်​ ရန်​ကုန်​ - ဝါးခယ်​မကားလမ်​း
မိုင်​တိုင်​အမှတ်​ ၄/၀ တွင်​ ယ​မန်နေ့ည​နေ ၄ နာရီခန်​့က အင်​းမ​ကျေးရွာနေ မူလတန်းပြ​ကျောင်​းဆရာ ဦးအောင်အောင်ထွေးအား အမျိုးသမီးတဦးမှ ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသည့်အတွက် ကားလမ်းဘေးတွင် လဲကျနေသည့် ကျောင်းဆရာလေးအား လမ်းသွားလမ်းလာများမှ လူနာတင်ကားခေါ်ယူ၍ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Sa Linn Htun's Facebook

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...