သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္ေရကစားသည့္ မ႑ပ္မ်ားကို ေရ၊ မီး ျဖတ္မည္


ရန္ကုန္၊ မတ္ ၂

ၿမိဳ႕ေတာ္ရန္ကုန္၏ ၁၃၇၈ ခုႏွစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသႀကၤန္ ပြဲေတာ္တြင္ သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္ ေရကစားသည့္ မ႑ပ္မ်ားကို ေရ။မီး ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံမွ သိရွိရသည္။

ေရကစားမ႑ပ္မ်ားကို ေန႔စဥ္ နံနက္ ၈ နာရီမွ ၁၂ နာရီထိ၊ မြန္းလြဲ ၃ နာရီမွ ညေန ၆ နာရီထိသာ ေရကစားခြင့္ျပဳမည္ ျဖစ္ၿပီး သတ္မွတ္ခ်ိန္ထက္ေက်ာ္လြန္ ေရကစားသည့္ မ႑ပ္မ်ားကို ေစာင့္ၾကည့္ကာ ေရ၊ မီး ျဖတ္ေတာက္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ အႀကီးတန္း အရာရွိတစ္ဦးက ေျပာၾကားသည္။

“ေရကစား မ႑ပ္တခ်ိဳ႕က သတ္မွတ္ခ်ိန္ထက္ ေရကစားေနတာေတြ ရွိတဲ့အတြက္ ဒီႏွစ္မွာ သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္တဲ့ ေရကစားမ႑ပ္ကို လံုၿခံဳေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးလုပ္ငန္း ေကာ္မတီက ေစာင့္ၾကည့္ စစ္ေဆးၿပီး စနစ္သစ္နဲ႔ ေရ၊ မီး ျဖတ္ေတာက္သြားပါမယ္”ဟု ၎က ဆိုသည္။

ေရပက္ခံသူမ်ား ထိခိုက္နာက်င္မႈျဖစ္ေစမည့္ ေရအားျပင္းေသာ Pressure –Pump ျဖင့္ ေရပက္ျခင္း လံုးဝ ခြင့္မျပဳေၾကာင္းႏွင့္ ေရဆိုးေရပုပ္မ်ားျဖင့္ ပက္ျခင္း၊ ဆပ္ျပာမႈန္႔ ထုပ္၍ Gas ဘူးမ်ားျဖင့္ ပက္ျခင္း၊ ေရပူေဖာင္းမ်ားျဖင့္ ပစ္ေပါက္ျခင္း၊ ထိခိုက္အႏၲရာယ္ရွိသည့္ ေရပက္ကစားျခင္းမ်ားကို ေတြ႔ရွိပါက တာဝန္ရွိသူမ်ားႏွင့္ ပတ္သက္သူမ်ားကို တရားဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

မ႑ပ္မ်ားသို႔ ယာယီ ေရဆက္သြယ္ရာတြင္ သက္ဆိုင္ရာဌာနမွ ညႊန္ၾကားခ်က္မ်ားအတိုင္းသာ ဆက္သြယ္ ေဆာင္႐ြက္ၾကရန္၊ ခြင့္ျပဳခ်က္ႏွင့္ ကြဲလြဲ၍ ေဆာင္႐ြက္ျခင္းမ်ား စစ္ေဆးေတြ႔ရွိပါက ပိုက္ အ႐ြယ္အစားအလိုက္ က်သင့္ ေရသြယ္ခ၊ ေရဖိုး၊ ဒဏ္ေၾကး သံုးဆ ေပးေဆာင္ရမည္ ျဖစ္သည္။

မ႑ပ္မ်ား ေရကစားရာတြင္ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ ေပးေဝေသာ ေရျဖင့္သာ ကစားၾကရန္ႏွင့္ ေျမေအာက္ ေရပိုက္လိုင္း၊ မီးသတ္ဦးစီးဌာနမွ အသံုးျပဳထားသည့္ သီးသန္႔ေရပိုက္လိုင္းမ်ား သံုးစြဲျခင္း မရွိေစေရး ၾကပ္မတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံမွ သိရသည္။

http://thevoicemyanmar.com
Unicode
ရန်ကုန်၊ မတ် ၂

မြို့တော်ရန်ကုန်၏ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်တွင် သတ်မှတ်ချိန်ထက် ကျော်လွန် ရေကစားသည့် မဏ္ဍပ်များကို ရေ။မီး ဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

ရေကစားမဏ္ဍပ်များကို နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီထိ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိသာ ရေကစားခွင့်ပြုမည် ဖြစ်ပြီး သတ်မှတ်ချိန်ထက်ကျော်လွန် ရေကစားသည့် မဏ္ဍပ်များကို စောင့်ကြည့်ကာ ရေ၊ မီး ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ရေကစား မဏ္ဍပ်တချို့က သတ်မှတ်ချိန်ထက် ရေကစားနေတာတွေ ရှိတဲ့အတွက် ဒီနှစ်မှာ သတ်မှတ်ချိန်ထက် ကျော်လွန်တဲ့ ရေကစားမဏ္ဍပ်ကို လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီက စောင့်ကြည့် စစ်ဆေးပြီး စနစ်သစ်နဲ့ ရေ၊ မီး ဖြတ်တောက်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

ရေပက်ခံသူများ ထိခိုက်နာကျင်မှုဖြစ်စေမည့် ရေအားပြင်းသော Pressure –Pump ဖြင့် ရေပက်ခြင်း လုံးဝ ခွင့်မပြုကြောင်းနှင့် ရေဆိုးရေပုပ်များဖြင့် ပက်ခြင်း၊ ဆပ်ပြာမှုန့် ထုပ်၍ Gas ဘူးများဖြင့် ပက်ခြင်း၊ ရေပူဖောင်းများဖြင့် ပစ်ပေါက်ခြင်း၊ ထိခိုက်အန္တရာယ်ရှိသည့် ရေပက်ကစားခြင်းများကို တွေ့ရှိပါက တာဝန်ရှိသူများနှင့် ပတ်သက်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မဏ္ဍပ်များသို့ ယာယီ ရေဆက်သွယ်ရာတွင် သက်ဆိုင်ရာဌာနမှ ညွှန်ကြားချက်များအတိုင်းသာ ဆက်သွယ် ဆောင်ရွက်ကြရန်၊ ခွင့်ပြုချက်နှင့် ကွဲလွဲ၍ ဆောင်ရွက်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပိုက် အရွယ်အစားအလိုက် ကျသင့် ရေသွယ်ခ၊ ရေဖိုး၊ ဒဏ်ကြေး သုံးဆ ပေးဆောင်ရမည် ဖြစ်သည်။

မဏ္ဍပ်များ ရေကစားရာတွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပေးဝေသော ရေဖြင့်သာ ကစားကြရန်နှင့် မြေအောက် ရေပိုက်လိုင်း၊ မီးသတ်ဦးစီးဌာနမှ အသုံးပြုထားသည့် သီးသန့်ရေပိုက်လိုင်းများ သုံးစွဲခြင်း မရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

http://thevoicemyanmar.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...