ျမန္မာလုပ္သားႏွစ္ဦးအေရး အယူခံထပ္တင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ညႊန္ၾကား

ျမန္မာလုပ္သားႏွစ္ဦးကို ထိုင္းအယူခံေအာက္တရား႐ံုးက ေသဒဏ္အမိန္႔ ထပ္မံခ်မွတ္တဲ့အေပၚ ႏုိင္ငံေတာ္သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔ က စိတ္မေကာင္းျဖစ္ေနၿပီး အဆင့္ျမင့္တရား႐ံုးသို႔ အယူခံ တင္ျပဖို႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၫႊန္ၾကားထားေၾကာင္း သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားလိုက္ပါတယ္။
‘‘လိပ္ကြၽန္းနဲ႔ပတ္သက္ၿပီးေတာ့ အတုိင္ပင္ခံေရာ၊ သမၼတႀကီးေရာ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနတယ္ေပါ့။ အဲဒီအတြက္ အစိုးရဘက္က တတ္ႏိုင္သေလာက္ ေဆာင္ရြက္ေပးဖုိ႔ ၫႊန္ၾကားထားပါတယ္။ လိပ္ ကြၽန္းနဲ႔ပတ္သက္ၿပီး အရင္တုန္းက ေကာ္မတီဖြဲ႕ထားတာရွိတယ္။ ထုိင္းေရာက္ ျမန္မာေတြထဲက ဥပေဒကြၽမ္းက်င္တဲ့သူေတြ၊ အလုပ္သမားအေရး ေဆာင္ရြက္တဲ့သူေတြ ရွိတယ္။ အရင္တုန္းက ကိုေအာင္မ်ဳိးသန္႔တို႔၊ ဦးထူးခ်စ္တို႔ ပါတယ္ေပါ့ေနာ္။ သံ႐ံုးက သံအမတ္ႀကီးရယ္ေနာက္ ျမန္မာႏိုင္ငံဘက္က ကြၽမ္းက်င္သူေတြ ပါတာေပါ့။ အဲဒါကို ကြၽန္ေတာ္တို႔က ျပန္ၿပီးေတာ့ ဖြဲ႕မယ္ေပါ့။ ထုိင္းေရွ႕ေနမ်ားေကာင္စီကို ေနာက္ထပ္ တရားဝင္လုပ္လို႔ရတဲ့ နည္းလမ္းနဲ႔ေပါ့။ ထုိင္းႏိုင္ငံရဲ႕ ဥပေဒနဲ႔အညီ ဘယ္လိုလုပ္လို႔ ရမလဲဆိုတာ အေသးစိတ္ ေဆြးေႏြးၿပီးေတာ့ ေဆာင္ရြက္သြားမယ္’’လို႔ ဦးေဇာ္ေဌးက ေျပာၾကားထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

အခုအဆင့္က အျမင့္ဆံုး တရား႐ံုးျဖစ္တဲ့အတြက္ အေရးႀကီးျပီး ထုိင္းႏိုင္ငံေရွ႕ေနမ်ားေကာင္စီနဲ႔  ပူးေပါင္းေဆာင္ရြက္ ဖို႔လိုကာ အတိုင္ပင္ခံကလည္း အဲဒီလို ၫႊန္ၾကားထားပါတယ္ လို႔ ဦးေဇာ္ေဌးက ေျပာၾကားထားပါတယ္။
ဝင္းေဇာ္ထြန္းနဲ႔ေဇာ္လင္းတို႔ဟာ လိပ္ကြၽန္းလူသတ္မႈန႔ဲ ေသဒဏ္အျပစ္ေပးခံထားရတာေၾကာင့္ အယူခံတင္ျပေပမဲ့ ထိုင္းေအာက္တရား႐ံုးက မတ္လ ၁ ရက္မွာ ပယ္ခ်ၿပီး ေသဒဏ္အမိန္႔ကို ထပ္မံအတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ထပ္မံ အယူခံတင္ျပမယ့္ အဆင့္ျမင့္ တရား႐ံုးမွ လြတ္ေျမာက္တာမရွိပါက ထိုင္းႏိုင္ငံ ဘုရင့္ထံ အသနားခံစာ တင္ျပဖို႔သာ က်န္ရွိတာ ျဖစ္ပါတယ္။
ျမန္မာလုပ္သားႏွစ္ဦးကို ျပစ္မႈထင္ရွားတယ္ဟုဆုိကာ လူသတ္မႈန႔ဲသတင္းထိမ္ခ်န္မႈအတြက္ ေသဒဏ္၊ ဟန္နာဝစ္သာရစ္ခ်္ကို အဓမၼျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ ႏွစ္၂၀၊ ပစၥည္းခိုးမႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္၊ ည အခ်ိန္မေတာ္ေနထိုင္မႈအတြက္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ၊ ထုိင္းႏိုင္ငံအတြင္း ခိုးဝင္မႈအတြက္ ေထာင္ဒဏ္ေျခာက္လနဲ႔ တရားမဝင္ ေနထိုင္မႈအတြက္ ေထာင္ဒဏ္ေျခာက္လ စတဲ့ျပစ္ဒဏ္ေတြကို ေကာ့စမြီတရား႐ံုးက ၂၀၁၅ ဒီဇင္ဘာ ၂၄ ရက္မွာ အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။
Source: 7Day Daily
Photos: AFP
=====

 Unicode
မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက်တရားရုံးက သေဒဏ်အမိန့် ထပ်မံချမှတ်တဲ့အပေါ် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီးတော့ အတိုင်ပင်ခံရော၊ သမ္မတကြီးရော တော်တော်လေး စိတ်မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီအတွက် အစိုးရဘက်က တတ်နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်းက ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေ ရှိတယ်။ အရင်တုန်းက ကိုအောင်မျိုးသန့်တို့၊ ဦးထူးချစ်တို့ ပါတယ်ပေါ့နော်။ သံရုံးက သံအမတ်ကြီးရယ်နောက် မြန်မာနိုင်ငံဘက်က ကျွမ်းကျင်သူတွေ ပါတာပေါ့။ အဲဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ ဖွဲ့မယ်ပေါ့။ ထိုင်းရှေ့နေများကောင်စီကို နောက်ထပ် တရားဝင်လုပ်လို့ရတဲ့ နည်းလမ်းနဲ့ပေါ့။ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ ဘယ်လိုလုပ်လို့ ရမလဲဆိုတာ အသေးစိတ် ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်’’လို့ ဦးဇော်ဌေးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အခုအဆင့်က အမြင့်ဆုံး တရားရုံးဖြစ်တဲ့အတွက် အရေးကြီးပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီနဲ့  ပူးပေါင်းဆောင်ရွက် ဖို့လိုကာ အတိုင်ပင်ခံကလည်း အဲဒီလို ညွှန်ကြားထားပါတယ် လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။
ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့ဟာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတာကြောင့် အယူခံတင်ပြပေမဲ့ ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်မှာ ပယ်ချပြီး သေဒဏ်အမိန့်ကို ထပ်မံအတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထပ်မံ အယူခံတင်ပြမယ့် အဆင့်မြင့် တရားရုံးမှ လွတ်မြောက်တာမရှိပါက ထိုင်းနိုင်ငံ ဘုရင့်ထံ အသနားခံစာ တင်ပြဖို့သာ ကျန်ရှိတာ ဖြစ်ပါတယ်။
မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုထင်ရှားတယ်ဟုဆိုကာ လူသတ်မှုနဲ့သတင်းထိမ်ချန်မှုအတွက် သေဒဏ်၊ ဟန်နာဝစ်သာရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ်၂၀၊ ပစ္စည်းခိုးမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ည အချိန်မတော်နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုအတွက် ထောင်ဒဏ်ခြောက်လနဲ့ တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ်ခြောက်လ စတဲ့ပြစ်ဒဏ်တွေကို ကော့စမွီတရားရုံးက ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily
Photos: AFP

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...