အမ်ဳိးသမီး ဇာတ္္ေဆာင္ဆု အတြက္ သက္မြန္ျမင့္ နဲ႕ ဝတ္မႈံေရႊရည္ ဘယ္သူ႕ကို ရေစခ်င္လဲ


၂၀၁၆ခုႏွစ္အတြက္ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲႀကီးကေတာ့ ဒီ ကေန႕ မတ္လ(၁၈)ရက္ေန႕မွာ က်င္းပေတာ့မွာ ျဖစ္ပါတယ္။ အႏုပညာရွင္မ်ားနဲ႕ ပရိသတ္မ်ားေမွ်ာ္လင့္ေစာင့္စားေနတဲ့ ထူးခၽြန္ဆုေပးပြဲႀကီးဟာ တျဖည္းျဖည္းနဲ႕ နီးကပ္လို႕ လာၿပီျဖစ္ပါၿပီ။ ဒီႏွစ္မွာ ဘယ္သူေတြက ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ အတိုင္း အကယ္ဒမီဆုရႏုိင္ၿပီး ဘယ္သူေတြ အကယ္ဒမီဆုနဲ႕ လြဲေခ်ာ္ သြားမလဲ ဆုိတာကို ရင္ခုန္စြာ ေစာင့္စားျမင္ေတြ႕ရေတာ့မွာပါ။ ဒီႏွစ္မွာ သက္မြန္ျမင့္နဲ႕ ဝတ္မႈန္ေရႊရည္တို႕က ၂၀၁၆ ခုႏွစ္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ ပရိသတ္ေတြၾကား ေရပန္းစားေနသူ ႏွစ္ဦးျဖစ္ပါတယ္။
သက္မြန္ျမင့္
ဒီႏွစ္မွာ သက္မြန္ျမင့္အေနနဲ႕ “ခ်စ္လွစြာေသာအမုန္း” ၊ “အုတ္ၾကားျမက္ေပါက္”၊ “လူးရတနာသိုက္” စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦးျဖစ္ေပမယ့္ ပရိသတ္ေတြကေတာ့ “ခ်စ္လွစြာေသာအမုန္း” ဇာတ္ကားမွာ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုရႏုိင္တယ္လို႕ ခန္႕မွန္းထားသူလည္း ျဖစ္ပါတယ္။ သက္မြန္ျမင့္ဟာ ခ်စ္လွစြာေသာအမုန္း ရုပ္ရွင္ဇာတ္ကားမွာ မိုးစက္ေမ ဇာတ္ရုပ္နဲ႕ ပရိသတ္ေတြကို ဖမ္းစားႏုိင္ခဲ့သူ ျဖစ္ပါတယ္။
“ၾကီးေတာ္လက္ထဲမွာပဲ ၾကီးျပင္းလာခဲ႔ရေသာ မိတဆိုးသမီးေလးတစ္ဦးျဖစ္ၿပီး ဖခင္ရဲ႕ လုပ္ရပ္ေတြကို ေအာင့္သက္သက္နဲ႕ ၾကည့္ေနရသူ ကိုယ့္ထက္ငယ္တဲ့ ႏံုအအ ေကာင္မေလးတစ္ေယာက္ကို ဖခင္ရဲ႕ ဇနီး ကိုယ့္ရဲ႕ မိေထြးေနရာကို ေရာက္လာတဲ့အခါမိုးစက္ေမတစ္ေယာက္ ေဒါသျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ သူမရဲ႕ စိတ္ကိုထိမ္းခ်ဳပ္ၿပီး မိေထြးေကာင္မေလးရဲ႕ အေပၚ အမုန္းတရားလည္းမရွိ ေမတၱာလည္းမေပးႏုိင္ခဲ့ေပမဲ့ ဖခင္ရဲ႕ဇာတ္ရႈပ္ကို သိခ်င္မွာေတာ့ အဲ့ဒီေကာင္မေလးအေပၚ တာဝန္ယူခဲ့ရပါတယ္။
ေမတၱာဆုိတာ ေရာင္ျပန္ဟပ္တဲ့ သေဘာရွိတာေၾကာင့္ မိုးစက္ေမ ေမတၱာေတြ ေပးခဲ့ရတဲ့ မိေထြး ေကာင္မေလးဟာ သူမွသူပဲ ျဖစ္ခဲ့ၿပီး မိုးစက္ေမအတြက္ ညီမေလးတစ္ေယာက္သဖြယ္ ျဖစ္ခဲ့ရပါတယ္။ မိေထြးအေပၚ ညီမေလး တစ္ေယာက္သဖြယ္ ေမတၱာမ်ိဳး မိုးစက္ေမကထားခဲ့ျပီး ခ်စ္သူေကာင္ေလးကေန မိေထြးေကာင္မေလးအေပၚ ၿငိတြယ္ေနခ်ိန္ကို သိလိုက္ရတဲ့အခါမွာေတာ့ မ်ိဳသိပ္ခံစားရတဲ့ သူမရဲ႕ ခံစားခ်က္ အစရွိတာေတြကို အပိုအလိုမရွိ ဇာတ္ရုပ္နဲ႕ ကြက္တိျဖစ္ေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္မ်ားက သူ႕ကို အဲ့ဒီဇာတ္ကားနဲ႕ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရေစခ်င္ၾကတာလည္း ျဖစ္ပါတယ္။
ဝတ္မႈန္ေရႊရည္
ဝတ္မႈန္ေ႐ႊရည္ဟာ ဒီႏွစ္ထဲမွာ ခ်စ္လွစြာေသာအမုန္း၊ အနူးဘစ္၊ ဘန္ေကာက္မွမႏၱေလးသို႕ စတဲ့ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ပါဝင္ထားသူ ျဖစ္ေပမယ့္ ပရိသတ္ေတြကေတာ့ အမုန္း ဇာတ္ရုပ္နဲ႕ ပရိသတ္ေတြကို ဆြဲေဆာင္ႏုိင္ခဲ့တဲ့ ခ်စ္လွစြာေသာအမုန္းဇာတ္ကားႀကီးမွာ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရေစခ်င္ၾကပါတယ္။ အဲ့ဒီဇာတ္ကားမွာ ဝတ္မႈန္ေရႊရည္ဟာ အမုန္းဆိုတဲ့ ဇာတ္ရုပ္နဲ႕ ပရိသတ္ေတြကို ဖမ္းစားႏုိင္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။
အမုန္းဟာ ေဆြမ်ိဳးေတြဆီ ကပ္ေန ခိုင္းသမွ်လုပ္ ေကၽြးတာစားဘဝနဲ႕ ႀကီးျပင္းလာခဲ့ရသူ တစ္ဦျဖစ္ၿပီး အေဒၚျဖစ္သူရဲ႕ ထမင္းဆိုင္မွာ ေအာက္ေျခသိမ္းလုပ္ရင္း အေဒၚ့ ေယာက်ာ္းရဲ႕ သူငယ္ခ်င္း ျဖစ္သူတစ္ဦးက ေျခေတာ္တင္ျခင္းကို ခံခဲ့ရပါတယ္။ မိုးသည္းတဲ့ ညတစ္ညမွာ ဘဝပ်က္ခဲ့ရတဲ့ သူမအတြက္ မိုးသည္းညေတြဟာ သူမအတြက္ ေၾကာက္စရာေကာင္းတဲ့ညေတြ ျဖစ္ခဲ့ရပါတယ္။
သူမကို ေျခေတာ္တင္ခဲ့တဲ့ အမ်ိဳးသားဦးေလးဆီ အေဒၚေတြက ေငြနဲ႕အလဲအလွယ္ျပဳခဲ့တာေၾကာင့္ အမုန္းဟာ ဦးေနာက္လိုက္ခဲ့ရပါတယ္။ ဦးရဲ႕ မ်က္ႏွာ တစ္ရြာထင္ၿပီး လိုက္ခဲ့ရသူ အမုန္းအဖို႕ ကိုယ့္ထက္အသက္ႀကီးသူ ဦးရဲ႕ သမီးနဲ႕ ဆံုခဲ့ရပါတယ္။ ဦးရဲ႕သမီးအေပၚမွာ အားက်စိတ္ အားကိုးစိတ္ တြယ္တာစိတ္ေတြရွိခဲ့တဲ့ အမုန္းကေတာ့ မမမွ မမျဖစ္ခဲ့ပါတယ္။ ကိုယ့္ရဲ႕ အမအရင္းသဖြယ္ ဦးရဲ႕သမီးကို ခ်စ္ခဲ့ေပမယ့္ မမဆီက ေမတၱာကေတာ့ မရရွာပါဘူး။
ေနာက္ပိုင္းမွာ မမရဲ႕ သူငယ္ခ်င္း ခ်စ္သူလို႕ ေျပာလို႕ရတဲ့ ေကာင္ေလးတစ္ေယာက္နဲ႕ သူမဆံုခဲ့ရပါတယ္။ သူ႕ဘဝမွာ ဘယ္သူမွမရွိတာေၾကာင့္ မမနဲ႕ ပတ္သက္သူ ေကာင္ေလးကို သူမ ခင္တြယ္ခဲ့ပါတယ္။ ဘဝနာခဲ့ရသူ အမုန္းေလး အဖို႕ လင္ပါသမီးကို အမအရင္းလို ခ်စ္ခင္၊ မမျဖစ္သူနဲ႕ ပတ္သက္တဲ့ သူစိမ္းေကာင္းေလးအေပၚ စြဲလမ္းတြဲတာမႈေတြနဲ႕ သူယံုၾကည္စြာနဲ႕ လုိက္လာခဲ့တဲ့ ဦးရဲ႕လွည့္ကြက္ေတြၾကားမွာ ခါးစည္းခံရသူ အမုန္း ႏံုအအေကာင္မေလးဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့တာေၾကာင့့္ ပရိသတ္ေတြရဲ႕ အသည္းစြဲ အမုန္းတစ္ေယာက္ ျဖစ္ခဲ့ရပါတယ္။
သူတို႕ႏွစ္ဦးစလံုး အၿပိဳင္သ႐ုပ္ေဆာင္တဲ့ “ခ်စ္လွစြာေသာအမုန္း” ဆိုတဲ့ ဇာတ္ကားဟာ ဒါရိုက္တာ ဝိုင္းရိုက္ကူးထားၿပီး သရုပ္ေဆာင္ ဇင္ဝိုုင္း၊ ေအာင္ရဲလင္း၊ သက္မြန္ျမင့္နဲ႕ ဝတ္မႈန္ေရႊရည္တို႕က အဓိက ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ မင္းသမီးႏွစ္ေယာက္ ပါဝင္တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ တစ္ေယာက္က ဇာတ္ေဆာင္ တစ္ေယာက္က ဇာတ္ပို႕လို႕ ထင္ခဲ့ေပမယ့္ ႐ုပ္႐ွင္ထုတ္လုပ္ေရးကေတာ့ ႏွစ္ေယာက္စလံုးကို ဇာတ္ေဆာင္ဆုနဲ႕ အကယ္ဒမီစာရင္းမွာ တင္ထားတာျဖစ္ပါတယ္။
ပရိသတ္ေတြေရာ အဲဒီဇာတ္ကားေတြကို ၾကည့္ၿပီးသြားၿပီလား? သက္မြန္ျမင့္နဲ႔ ဝတ္မႈန္ေရႊရည္ ဘယ္သူက အကယ္ဒမီ ဆုရမယ္ ထင္လဲ။ ဘယ္ဇာတ္ကားနဲ႔ ရမယ္ထင္ပါသလဲ။
Credit: Duwu
.

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ ဒီ ကနေ့ မတ်လ(၁၈)ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အနုပညာရှင်များနဲ့ ပရိသတ်များမျှော်လင့်စောင့်စားနေတဲ့ ထူးချွန်ဆုပေးပွဲကြီးဟာ တဖြည်းဖြည်းနဲ့ နီးကပ်လို့ လာပြီဖြစ်ပါပြီ။ ဒီနှစ်မှာ ဘယ်သူတွေက ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း အကယ်ဒမီဆုရနိုင်ပြီး ဘယ်သူတွေ အကယ်ဒမီဆုနဲ့ လွဲချော် သွားမလဲ ဆိုတာကို ရင်ခုန်စွာ စောင့်စားမြင်တွေ့ရတော့မှာပါ။ ဒီနှစ်မှာ သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်တို့က ၂၀၁၆ ခုနှစ် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြား ရေပန်းစားနေသူ နှစ်ဦးဖြစ်ပါတယ်။
သက်မွန်မြင့်
ဒီနှစ်မှာ သက်မွန်မြင့်အနေနဲ့ “ချစ်လှစွာသောအမုန်း” ၊ “အုတ်ကြားမြက်ပေါက်”၊ “လူးရတနာသိုက်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦးဖြစ်ပေမယ့် ပရိသတ်တွေကတော့ “ချစ်လှစွာသောအမုန်း” ဇာတ်ကားမှာ အမျိုးသမီး ဇာတ်ဆောင်ဆုရနိုင်တယ်လို့ ခန့်မှန်းထားသူလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ ချစ်လှစွာသောအမုန်း ရုပ်ရှင်ဇာတ်ကားမှာ မိုးစက်မေ ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူ ဖြစ်ပါတယ်။
“ကြီးတော်လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရသော မိတဆိုးသမီးလေးတစ်ဦးဖြစ်ပြီး ဖခင်ရဲ့ လုပ်ရပ်တွေကို အောင့်သက်သက်နဲ့ ကြည့်နေရသူ ကိုယ့်ထက်ငယ်တဲ့ နုံအအ ကောင်မလေးတစ်ယောက်ကို ဖခင်ရဲ့ ဇနီး ကိုယ့်ရဲ့ မိထွေးနေရာကို ရောက်လာတဲ့အခါမိုးစက်မေတစ်ယောက် ဒေါသဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ စိတ်ကိုထိမ်းချုပ်ပြီး မိထွေးကောင်မလေးရဲ့ အပေါ် အမုန်းတရားလည်းမရှိ မေတ္တာလည်းမပေးနိုင်ခဲ့ပေမဲ့ ဖခင်ရဲ့ဇာတ်ရှုပ်ကို သိချင်မှာတော့ အဲ့ဒီကောင်မလေးအပေါ် တာဝန်ယူခဲ့ရပါတယ်။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တဲ့ သဘောရှိတာကြောင့် မိုးစက်မေ မေတ္တာတွေ ပေးခဲ့ရတဲ့ မိထွေး ကောင်မလေးဟာ သူမှသူပဲ ဖြစ်ခဲ့ပြီး မိုးစက်မေအတွက် ညီမလေးတစ်ယောက်သဖွယ် ဖြစ်ခဲ့ရပါတယ်။ မိထွေးအပေါ် ညီမလေး တစ်ယောက်သဖွယ် မေတ္တာမျိုး မိုးစက်မေကထားခဲ့ပြီး ချစ်သူကောင်လေးကနေ မိထွေးကောင်မလေးအပေါ် ငြိတွယ်နေချိန်ကို သိလိုက်ရတဲ့အခါမှာတော့ မျိုသိပ်ခံစားရတဲ့ သူမရဲ့ ခံစားချက် အစရှိတာတွေကို အပိုအလိုမရှိ ဇာတ်ရုပ်နဲ့ ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်များက သူ့ကို အဲ့ဒီဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ရစေချင်ကြတာလည်း ဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်ဟာ ဒီနှစ်ထဲမှာ ချစ်လှစွာသောအမုန်း၊ အနူးဘစ်၊ ဘန်ကောက်မှမန္တလေးသို့ စတဲ့ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ထားသူ ဖြစ်ပေမယ့် ပရိသတ်တွေကတော့ အမုန်း ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ချစ်လှစွာသောအမုန်းဇာတ်ကားကြီးမှာ အမျိုးသမီး ဇာတ်ဆောင်ဆုကို ရစေချင်ကြပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဝတ်မှုန်ရွှေရည်ဟာ အမုန်းဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
အမုန်းဟာ ဆွေမျိုးတွေဆီ ကပ်နေ ခိုင်းသမျှလုပ် ကျွေးတာစားဘဝနဲ့ ကြီးပြင်းလာခဲ့ရသူ တစ်ဦဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ ထမင်းဆိုင်မှာ အောက်ခြေသိမ်းလုပ်ရင်း အဒေါ့် ယောကျာ်းရဲ့ သူငယ်ချင်း ဖြစ်သူတစ်ဦးက ခြေတော်တင်ခြင်းကို ခံခဲ့ရပါတယ်။ မိုးသည်းတဲ့ ညတစ်ညမှာ ဘဝပျက်ခဲ့ရတဲ့ သူမအတွက် မိုးသည်းညတွေဟာ သူမအတွက် ကြောက်စရာကောင်းတဲ့ညတွေ ဖြစ်ခဲ့ရပါတယ်။
သူမကို ခြေတော်တင်ခဲ့တဲ့ အမျိုးသားဦးလေးဆီ အဒေါ်တွေက ငွေနဲ့အလဲအလှယ်ပြုခဲ့တာကြောင့် အမုန်းဟာ ဦးနောက်လိုက်ခဲ့ရပါတယ်။ ဦးရဲ့ မျက်နှာ တစ်ရွာထင်ပြီး လိုက်ခဲ့ရသူ အမုန်းအဖို့ ကိုယ့်ထက်အသက်ကြီးသူ ဦးရဲ့ သမီးနဲ့ ဆုံခဲ့ရပါတယ်။ ဦးရဲ့သမီးအပေါ်မှာ အားကျစိတ် အားကိုးစိတ် တွယ်တာစိတ်တွေရှိခဲ့တဲ့ အမုန်းကတော့ မမမှ မမဖြစ်ခဲ့ပါတယ်။ ကိုယ့်ရဲ့ အမအရင်းသဖွယ် ဦးရဲ့သမီးကို ချစ်ခဲ့ပေမယ့် မမဆီက မေတ္တာကတော့ မရရှာပါဘူး။
နောက်ပိုင်းမှာ မမရဲ့ သူငယ်ချင်း ချစ်သူလို့ ပြောလို့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူမဆုံခဲ့ရပါတယ်။ သူ့ဘဝမှာ ဘယ်သူမှမရှိတာကြောင့် မမနဲ့ ပတ်သက်သူ ကောင်လေးကို သူမ ခင်တွယ်ခဲ့ပါတယ်။ ဘဝနာခဲ့ရသူ အမုန်းလေး အဖို့ လင်ပါသမီးကို အမအရင်းလို ချစ်ခင်၊ မမဖြစ်သူနဲ့ ပတ်သက်တဲ့ သူစိမ်းကောင်းလေးအပေါ် စွဲလမ်းတွဲတာမှုတွေနဲ့ သူယုံကြည်စွာနဲ့ လိုက်လာခဲ့တဲ့ ဦးရဲ့လှည့်ကွက်တွေကြားမှာ ခါးစည်းခံရသူ အမုန်း နုံအအကောင်မလေးဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့့် ပရိသတ်တွေရဲ့ အသည်းစွဲ အမုန်းတစ်ယောက် ဖြစ်ခဲ့ရပါတယ်။
သူတို့နှစ်ဦးစလုံး အပြိုင်သရုပ်ဆောင်တဲ့ “ချစ်လှစွာသောအမုန်း” ဆိုတဲ့ ဇာတ်ကားဟာ ဒါရိုက်တာ ဝိုင်းရိုက်ကူးထားပြီး သရုပ်ဆောင် ဇင်ဝိုုင်း၊ အောင်ရဲလင်း၊ သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသမီးနှစ်ယောက် ပါဝင်တာဖြစ်ပြီး ပရိသတ်တွေကတော့ တစ်ယောက်က ဇာတ်ဆောင် တစ်ယောက်က ဇာတ်ပို့လို့ ထင်ခဲ့ပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေးကတော့ နှစ်ယောက်စလုံးကို ဇာတ်ဆောင်ဆုနဲ့ အကယ်ဒမီစာရင်းမှာ တင်ထားတာဖြစ်ပါတယ်။
ပရိသတ်တွေရော အဲဒီဇာတ်ကားတွေကို ကြည့်ပြီးသွားပြီလား? သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည် ဘယ်သူက အကယ်ဒမီ ဆုရမယ် ထင်လဲ။ ဘယ်ဇာတ်ကားနဲ့ ရမယ်ထင်ပါသလဲ။
Credit: Duwu

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...