အွန်လိုင်းခေတ်မှာ အယုံလွယ်တဲ့ မိန်းကလေးတွေအတွက် ရင်လေးစရာ ဖြစ်ရပ်

ဒီကောင်က တောင်ဥက္ကလာပမြိုနယ် အမှတ် ၂၆၉ ခ ၁လမ်း ၊ ၇ရပ်ကွက်၊ သူနာမည်က ဥာဏ်ဖြိုးဦး ၂၄နှစ် (ဘ)ဦးအောင်ကျော်သူ တဲ့၊
Credit - Kyaw Swar
============

လွန်ခဲ့သော တစ်လခန့်က Beetalkကနေ တွံတေးသူ ညောင်တံခါးကျေးရွာမှာနေတဲ့ ကောင်မလေးနဲ့ရီးစားဖြစ်ကြတယ်၊ကောင်မလေး ၁ဝတန်းကျောင်းသူ မိဘတွေက အလုပ်တစ်ဖက်နဲ့မို့ ဘွားအေနဲ့နေတယ်၊
ဒီကောင်က တောင်ဥက္ကလာပမြိုနယ် အမှတ် ၂၆၉ ခ ၁လမ်း ၊ ရရပ်ကွက်၊ သူနာမည်က ဉာဏ်ဖြိုးဦး ၂၄နှစ် (ဘ)ဦးအောင်ကျော်သူ တဲ့၊
ခလေးမလေးနဲ့သမီးရီးစားဖြစ်တော့ လူငယ်သဘာဝ ဖုန်းနံပါတ်တွေတောင်း ချစ်ကြောင်း ကြိုက်ကြောင်းတွေ အတိုင်းအဆမရှိပြော၊ဘဝလက်တွဲဖော်အဖြစ် ယှဉ်တွဲလျောက်လှမ်းမည်ဟု အယုံသွင်း ခလေးမလေးရဲ့ပင်ကိုယ်အလှတွေကို ဓာတ်ပုံအမျိုးမျိုးရိုက်ပို့ခိုင်းပြီး ယူထားလိုက်တယ်၊ခလေးမလေးကလည်း အသက်၁၆နှစ်သာသာ ခလေးအသိသာရှိသေးတော့ အယုံလွယ်မိတာပေါ့၊
မကြာပါဘူး... မင်းသားမျက်နှာဖုံးကွာကျ ဘီလူးဇာတိပြတော့တာပါဘဲ၊
၁၅ရက်နေ့ ၁ဝတန်း စာမေးပွဲဖြေပြီးချိန် ဖုန်းဆက်ပါလို့ အဲ့ဒီနေ့ မနက်ပိုင်းလောက် ကောင်မလေးကို ကြိုပြီးဖုန်းဆက်ထားလို့၊ခလေးမလေးက စာမေးပွဲဖြေပြီးချိန်မှာ ဒီကောင်ဆီကို ဖုန်းဆက်လိုက်တယ်ဆိုရင်ဘဲ၊
အဲ့ဒီမှာ ကောင်မလေးကိုစပြီး ခြိန်းခြောက်အကြပ်ကိုင် ငွေညစ်ပါတော့တယ်၊
အခုချက်ခြင်း ပိုက်ဆံယူပြီး ပန်းဆိုးတန်းကိုလာခဲ့ရမည် ဘယ်သူမှအဖော်ခေါ်မလာရဘူး မလာလို့ရှိရင် မင်းပေးထားတဲ့ ဓာတ်ပုံတွေကို ဖေ့ဘုတ်ပေါ်တင်မယ် အရှက်ခွဲမယ် ဆိုပြီး ဖုန်းဆက်လိုက် Viberနဲ့ပြောလိုက် ကောင်မလေးပို့ပေးထားတဲ့ ပုံတွေကို သူ့ဖေ့ဘုတ်အကောင့်မှတင်လိုက်နဲ့အမျိုးမျိုးအကြပ်ကိုင်ပြီး ခလေးမလေးကို သူ့ဆီလာအောင် ခြိန်းခြောက်ခေါ်တော့တာပဲ၊
သူ့ဆီမှာရှိတဲ့ ကောင်မလေး မိဘတွေရဲ့ဖုန်းတွေဆီကိုလည်း ဘိုင်ဘာမှ ခလေးမလေးဓာတ်ပုံတွေပို့ပြီးလည်း နည်းစုံသုံးအကြပ်ကိုင်တယ်၊
ကောင်မလေးကိုလည်း သူ့ဆီပိုက်ဆံယူပြီး အခုလာခဲ့ အဖော်ခေါ်မလာခဲ့နဲ့ သူနဲ့တည်းခိုခန်းမှာ နေပြီးမှ ကောင်မလေး ဓာတ်ပုံတွေကို ဖေ့ဘုတ် ဘိုင်ဘာတို့မှာ သူတင်ထားတာတွေကိုဖျက်ပေးမယ်လို့ပြောပြီး အကြပ်ကိုင်ခေါ်တယ်၊
အဲ့ဒီတော့မှ ခလေးမလေးလည်း သူ့အဖေ ဘွားအေတို့နဲ့တိုင်ပင်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်း အကူအညီတောင်ခံကြတယ်၊တာဝန်ရှိသူများလည်း ခလေးမလေးနဲ့အတူ ရန်ကုန်သို့လိုက်ပါပြီး အသွင်ယူနည်းဖြင့် ခြိန်းခြောက် ခြောက်လန့်သူကို ခေါ်ဆောင်စစ်ဆေးပြီး တွံတေးရဲစခန်း(ပ)၁၉၀/၂၀၁၇ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနှင့်အမှဖွင့်အရေးယူထားရှိတယ်။
Credit - Kyaw Swar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...