လောက်ကိုင်တိုက်ပွဲကြောင့် သေဆုံးခဲ့ရတဲ့ လီဆူးဆရာမလေး ဒေါ်ဗျာမီး
နီးကို
၀၆ မတ်လ ၂၀၁၇။
MUNA
၆.၃.၂၀၁၇ မနက် ၂းဝ၀ နာရီမှာ ဖြစ်ပွားခဲ့တဲ့ လောက်ကိုင်တိုက်ပွဲတွင်အရပ်သားသေဆုံးသူများတွင်
လီဆူအမျိုးသမီး ပညာရေးဝန်ထမ်း ကျောင်းဆရာမဒေါ်ဗျာမီး သေဆုံးတယ်လို့ သိရသည်
ဆရာမဗျာမီး ဟာ မိုးမိတ်ဘော်ဒေလီဆူကျေးရွာမှဖြစ်ပါသည်။ "ဝ" အမျိုးသားနှင့် အိမ်ထောင်ကျပြီး လောက်ကိုင်တွင် ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ရှိနေပြီဖြစ်သည်။ လသားကလေးငယ်တဦးကျန်ရစ်ခဲ့ပြီး ကလေးငယ်ကို ယောက္ခမဖြစ်သူက ခေါ်ယူကာ စစ်တိမ်းရှောင်လျက်ရှိကြောင်းသိရသည်။ ယောက္ခမသည်လည်း ဆရာမဒေါ်ဗျာမီး တာဝန်ကျနေတဲ့ ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်ပါသည်။ ယခုအဆက်အသွယ်ပြတ်တောက်လျက်ရှိသည်။
ဒီသတင်းကို လောက်ကိုင် ဒုပညာရေးမှူ ဦးအောင်မိုးမှ တဆင့် ရှမ်းမြောက် မန်တုံနယ် လက်ထောက်ပညာရေးမှူး ဆရာဦးလယ်မယ်တားမှ ပေးပို့ခဲ့တာပါ။
နောက်ဆုံးသတင်းအရ သူ့အမျိုးသားလည်း ညအိပ်နေတုန်း တိုက်ပွဲက ကျလာတဲ့ မော်တာထိပြီး ချက်ခြင်းသေဆုံးဟု သိရသည်။
နီးကို
၀၆ မတ်လ ၂၀၁၇။
MUNA
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment