၁၄ ႏွစ္အရြယ္ သမီးအရင္းကို ဖခင္ကိုယ္တိုင္က အဓမၼျပဳက်င့္

လက္ပံတန္းၿမိဳ႕နယ္ ဇီးျဖဴကုန္းအုပ္စု ဓနင္းႀကီးေက်းရြာမွာ အသက္ ၁၄ ႏွစ္အရြယ္ သမီးျဖစ္သူအား  အဓမၼျပဳက်င့္ခဲ့မႈနဲ႔ ဖခင္ျဖစ္သူကုိ ရဲက ဖမ္းဆီးလုိက္ပါတယ္။
ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး  ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး႐ုံး တာဝန္ရွိသူတဦးက “သူ႔မိန္းမက လြန္ခဲ့တဲ့ တႏွစ္ေလာက္က လင္မယားခ်င္းစိတ္ဆိုးၿပီး အိမ္ေပၚက ဆင္းသြားတယ္။ ေမွာ္ဘီက စိုက္ပ်ိဳးေရးၿခံမွာ တလ ၆၀၀၀၀ နဲ႔ အလုပ္သြားလုပ္တယ္။

 ေမွာ္ဘီကေန ၃-၄ လ တႀကိမ္ေလာက္ လာလိုက္ သြားလိုက္လုပ္ေနတယ္။ အဲဒီေတာ့ အေဖျဖစ္တဲ့ ႏိုင္ဝင္းနဲ႔အတူ ကေလး ၅ ေယာက္ က်န္ခဲ့တယ္။ အဲဒီေတာ့ အႀကီးဆံုးမေလးနဲ႔ ၆ ရက္ေန႔က ျဖစ္တဲ့သေဘာေပါ့။ ၇ ရက္ေန႔မွာ ေကာင္မေလးမိခင္က သားသမီးေတြ သတိရလို႔ ျပန္လာတဲ့ အခ်ိန္မွာ သူ႔သမီးက ေျပာျပတယ္။ ၆ ရက္ေန႔ ေန႔လယ္ ၂ နာရီေလာက္မွာ အိမ္ခန္းထဲမွာ ဒီလို ျဖစ္တယ္ဆိုတာ သမီးက အေမကို ေျပာျပလို႔ ရဲစခန္းမွာ လာတိုင္တာ” လုိ႔ ေျပာပါတယ္။

သမီးျဖစ္သူအား အဓမၼျပဳက်င့္မႈနဲ႔ ဖမ္းဆီးခံရတဲ့ ဖခင္ျဖစ္သူ ႏုိင္ဝင္းက “က်ေနာ္ အဲဒီေန႔က အရက္ ၄ ပုလင္းေလာက္ေသာက္မိၿပီး အိမ္ကို ျပန္ခဲ႔တယ္၊ အရင္ကဆိုရင္ မိန္းမက ျခင္ေထာင္ေထာင္ေပးေနက်ေလ၊ အခု သမီးက ျခင္ေထာင္ေထာင္ေပးတာကို က်ေနာ္မသိဘဲ ျဖစ္သြားခဲ့ပါတယ္။ က်ေနာ္ ယံုေတာင္ မယံုႏိုင္ပါဘူး” လုိ႔  ေျပာပါတယ္။
အဲဒီျဖစ္စဥ္နဲ႔ ပက္သက္ၿပီး မတ္ ၇ ရက္ ညေနမွာ မိခင္ျဖစ္သူ မခ်ိဳမာဦးမွ တရားလိုျပဳလုပ္ကာ ဇီးျဖဴကုန္းရဲကင္းမွာ သြားေရာက္တိုင္ၾကားခဲ့လုိ႔ သာရေဝါနယ္ေျမရဲစခန္းမွ (ပ)၄၀/၂၀၁၇ ျဖင့္ အမႈဖြင့္ၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔အစြပ္စြဲခံရသူ ႏိုင္ဝင္း ၃၅ ႏွစ္ကို ဖမ္းဆီးအေရးယူ ေဆာင္ရြက္ထားတယ္လုိ႔ သိရပါတယ္။

DVB
လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းအုပ်စု ဓနင်းကြီးကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား  အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဖခင်ဖြစ်သူကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက “သူ့မိန်းမက လွန်ခဲ့တဲ့ တနှစ်လောက်က လင်မယားချင်းစိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတယ်။ မှော်ဘီက စိုက်ပျိုးရေးခြံမှာ တလ ၆၀၀၀၀ နဲ့ အလုပ်သွားလုပ်တယ်။

 မှော်ဘီကနေ ၃-၄ လ တကြိမ်လောက် လာလိုက် သွားလိုက်လုပ်နေတယ်။ အဲဒီတော့ အဖေဖြစ်တဲ့ နိုင်ဝင်းနဲ့အတူ ကလေး ၅ ယောက် ကျန်ခဲ့တယ်။ အဲဒီတော့ အကြီးဆုံးမလေးနဲ့ ၆ ရက်နေ့က ဖြစ်တဲ့သဘောပေါ့။ ၇ ရက်နေ့မှာ ကောင်မလေးမိခင်က သားသမီးတွေ သတိရလို့ ပြန်လာတဲ့ အချိန်မှာ သူ့သမီးက ပြောပြတယ်။ ၆ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ အိမ်ခန်းထဲမှာ ဒီလို ဖြစ်တယ်ဆိုတာ သမီးက အမေကို ပြောပြလို့ ရဲစခန်းမှာ လာတိုင်တာ” လို့ ပြောပါတယ်။

သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံရတဲ့ ဖခင်ဖြစ်သူ နိုင်ဝင်းက “ကျနော် အဲဒီနေ့က အရက် ၄ ပုလင်းလောက်သောက်မိပြီး အိမ်ကို ပြန်ခဲ့တယ်၊ အရင်ကဆိုရင် မိန်းမက ခြင်ထောင်ထောင်ပေးနေကျလေ၊ အခု သမီးက ခြင်ထောင်ထောင်ပေးတာကို ကျနော်မသိဘဲ ဖြစ်သွားခဲ့ပါတယ်။ ကျနော် ယုံတောင် မယုံနိုင်ပါဘူး” လို့  ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး မတ် ၇ ရက် ညနေမှာ မိခင်ဖြစ်သူ မချိုမာဦးမှ တရားလိုပြုလုပ်ကာ ဇီးဖြူကုန်းရဲကင်းမှာ သွားရောက်တိုင်ကြားခဲ့လို့ သာရဝေါနယ်မြေရဲစခန်းမှ (ပ)၄၀/၂၀၁၇ ဖြင့် အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့အစွပ်စွဲခံရသူ နိုင်ဝင်း ၃၅ နှစ်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...