ပဲခူးတုိင္းတြင္ ေက်ာင္းသား ၄၃၀၀ေက်ာ္ ဆယ္တန္းမေျဖ

ေတာင္ငူ၊ မတ္ ၈

ပဲခူးတုိင္းတြင္ ဆယ္တန္းစာေမးပြဲ ျမန္မာစာ မေျဖသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၄၃၀၀ ေက်ာ္ရွိေၾကာင္း ပဲခူးတုိင္းေဒသႀကီး ပညာေရးမွဴး႐ုံးထံမွ သိရွိရသည္။

ပဲခူး၊ ေတာင္ငူ၊ ျပည္၊ သာယာဝတီ ခ႐ုိင္ေလးခ႐ုိင္မွ ေျဖဆုိရန္ စာရင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၆၅,၀၇၈ ဦးရွိသည့္အနက္ ေျဖဆုိသူ ၆၀,၇၁၈ ဦးသာ ရွိေၾကာင္း အဆုိပါ ပညာေရးမွဴး႐ုံးထံမွ သိရွိရသည္။

အဆုိပါ ခ႐ုိင္ေလးခုတြင္ ပဲခူးခ႐ုိင္မွ ေက်ာင္းသား၊ ေက်ာင္းသူ အမ်ားဆုံး ပ်က္ကြက္ေၾကာင္း၊ တုိင္းေဒသႀကီး တစ္ခုလုံးတြင္ စာစစ္ဌာနေပါင္း ၁၂၇ ခုဖြင့္လွစ္ စစ္ေဆးေၾကာင္း ပဲခူးတုိင္းေဒသႀကီး ပညာေရးမွဴး႐ုံးထံမွ သိရွိရသည္။

စာေမးပြဲေျဖရန္ ပ်က္ကြက္သည့္ အေၾကာင္းအရင္းႏွင္႔ပတ္သက္၍ အထက(၁) ေတာင္ငူ စာစစ္ဌာန စာေမးပြဲ အခန္းေစာင့္ တာဝန္က်သည့္ အထက္တန္းျပ ဆရာမတစ္ဦးက “ဒီစာစစ္ဌာနမွာေတာ႔ ပ်က္ကြက္ေက်ာင္းသားက လာမေျဖတာမ်ိဳးပါ။ အျခား အေၾကာင္းေတြေၾကာင့္ ပ်က္ကြက္တာ မရွိပါဘူး”ဟု ေျပာၾကားသည္။

ယခု ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္ ဆယ္တန္းစာေမးပြဲကုိ ယေန႔ (မတ္လ ၈ ရက္) တြင္ ျမန္မာစာ၊ မတ္လ ၉ ရက္တြင္ အဂၤလိပ္စာ၊ မတ္လ ၁၀ ရက္တြင္ သခ်ၤာ၊ မတ္လ ၁၁ ရက္တြင္ စိတ္ႀကိဳက္ျမန္မာစာ ေျဖဆုိမည္ျဖစ္ၿပီး မတ္လ ၁၂ ရက္(တနဂၤေႏြေန႔) စာေမးပြဲ နားမည္ျဖစ္သည္။

ထုိ႔ေနာက္ မတ္လ ၁၃ ရက္တြင္ ဓာတုေဗဒ၊ မတ္လ ၁၄ ရက္တြင္ ႐ူပေဗဒ၊ မတ္လ ၁၅ ရက္တြင္ ဇီဝေဗဒႏွင္႔ ေဘာဂေဗဒ၊ မတ္လ ၁၆ ရက္တြင္ ပထဝီဝင္၊ မတ္လ ၁၇ ရက္တြင္ သမုိင္းဘာသာရပ္မ်ား စစ္ေဆးမည္ျဖစ္သည္။
http://thevoicemyanmar.com

တောင်ငူ၊ မတ် ၈

ပဲခူးတိုင်းတွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၄၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်လေးခရိုင်မှ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၅,၀၇၈ ဦးရှိသည့်အနက် ဖြေဆိုသူ ၆၀,၇၁၈ ဦးသာ ရှိကြောင်း အဆိုပါ ပညာရေးမှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ခရိုင်လေးခုတွင် ပဲခူးခရိုင်မှ ကျောင်းသား၊ ကျောင်းသူ အများဆုံး ပျက်ကွက်ကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံးတွင် စာစစ်ဌာနပေါင်း ၁၂၇ ခုဖွင့်လှစ် စစ်ဆေးကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စာမေးပွဲဖြေရန် ပျက်ကွက်သည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အထက(၁) တောင်ငူ စာစစ်ဌာန စာမေးပွဲ အခန်းစောင့် တာဝန်ကျသည့် အထက်တန်းပြ ဆရာမတစ်ဦးက “ဒီစာစစ်ဌာနမှာတော့ ပျက်ကွက်ကျောင်းသားက လာမဖြေတာမျိုးပါ။ အခြား အကြောင်းတွေကြောင့် ပျက်ကွက်တာ မရှိပါဘူး”ဟု ပြောကြားသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဆယ်တန်းစာမေးပွဲကို ယနေ့ (မတ်လ ၈ ရက်) တွင် မြန်မာစာ၊ မတ်လ ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၀ ရက်တွင် သချၤာ၊ မတ်လ ၁၁ ရက်တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုမည်ဖြစ်ပြီး မတ်လ ၁၂ ရက်(တနင်္ဂနွေနေ့) စာမေးပွဲ နားမည်ဖြစ်သည်။

ထို့နောက် မတ်လ ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၄ ရက်တွင် ရူပဗေဒ၊ မတ်လ ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ်လ ၁၆ ရက်တွင် ပထဝီဝင်၊ မတ်လ ၁၇ ရက်တွင် သမိုင်းဘာသာရပ်များ စစ်ဆေးမည်ဖြစ်သည်။
http://thevoicemyanmar.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...