အခ်စ္ေရးမွာ ေပ်ာ္ေနသူေတြက ဝိတ္ပိုတက္ေလ့ရွိ

သင္ဝတ္ေနက် ဂ်င္းေဘာင္ဘီက မေတာ္ေတာ့ဘူးဆုိရင္ သင့္ခ်စ္သူကို အျပစ္တင္ရမလိုပါဘဲ။  အေမရိကန္ႏုိင္ငံ Biotechnology Information ရဲ႕ သုေတသနအင္စတီက်ဴက ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ တစ္ခုအရ ေပ်ာ္ရႊင္တဲ့ စံုတြဲေတြဟာ ဝိတ္ပိုတက္ေလ့ရွိတယ္လို႔ ဆုိပါတယ္။ စံုတြဲေတြ ဆုိေပမယ့္ သုေတသနဟာ လက္ထပ္ျပီးသား စံုတြဲ ၁၆၉ ေယာက္ကို ေလ့လာခဲ့တာ ျဖစ္ပါတယ္။

တစ္ႏွစ္မွာ ႏွစ္ၾကိမ္ ဝိတ္တိုင္းတာမႈေတြ ျပဳလုပ္သလို သူတို႔ရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့လည္း ေမးျမန္းမႈေတြ ျပဳလုပ္တာ ျဖစ္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးကို ေက်နပ္မႈ ရွိသူေတြဟာ ဝိတ္ပိုတက္ေလ့ရွိေၾကာင္း သုေတသနက ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ေလ့လာမႈရဲ႕ ေတြ႕ရွိခ်က္အရ   ဒီလိုျဖစ္ရတဲ့ အဓိကေၾကာင္းအရင္းဟာ ေပ်ာ္ရႊင္ေနတဲ့ စံုတြဲေတြမွာ တစ္ဦးကို တစ္ဦး ဆြဲေဆာင္ဖု႔ိ၊ ႏွစ္သက္ေအာင္ လုပ္ဖို႔ ဖိအားမရွိေတာ့တာေၾကာင့္ ျဖစ္တယ္လို႔ ဆုိပါတယ္။ မေပ်ာ္ရႊင္တဲ့ စံုတြဲေတြကေတာ့ တစ္ဖက္လူကို ဆြဲေဆာင္ထားႏုိင္ဖို႔ အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားၾကတယ္လို႔ ဆုိပါတယ္။ ဒါေပမဲ့ သုေတသနကို ဦးေဆာင္သူ စိတ္ပညာရွင္ အန္ဒေရမက္ဇာရဲ႕ ေျပာၾကားခ်က္အရ ေပ်ာ္ရႊင္တဲ့ စံုတြဲေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် က်န္းမာေရးနဲ႔မညီညြတ္တဲ့ ဝိတ္တက္မႈကိုေတာ့ ေရွာင္ရွားႏုိင္ေျခရွိလာတယ္လို႔ဆုိပါတယ္။

သုေတသနအရဆုိရင္ေတာ့ သင့္ခါး အရြယ္အစားဟာ သင္တို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးအေျခအေနကို ေျပာျပေနတာမ်ိဳး ျဖစ္ႏုိင္ေပမယ့္လည္း က်န္းမာေရးကိုေတာ့ မျဖစ္မေနဂရုစိုက္ရမွာပဲ ျဖစ္ပါတယ္။ အဝလြန္တာဟာ ႏွလံုးနဲ႔ဆုိင္တဲ့ေရာဂါေတြ၊ ေသြးခ်ိဳဆီးခ်ိဳနဲ႔ အျခားေရာဂါေပါင္းေျမာက္မ်ားစြာ ျဖစ္ေပၚေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ ပါဝင္ပါတယ္။
Credit : Duwun

#Unicode Version

သင်ဝတ်နေကျ ဂျင်းဘောင်ဘီက မတော်တော့ဘူးဆိုရင် သင့်ချစ်သူကို အပြစ်တင်ရမလိုပါဘဲ။  အမေရိကန်နိုင်ငံ Biotechnology Information ရဲ့ သုတေသနအင်စတီကျူက ပြုလုပ်ခဲ့တဲ့ လေ့လာချက် တစ်ခုအရ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ဝိတ်ပိုတက်လေ့ရှိတယ်လို့ ဆိုပါတယ်။ စုံတွဲတွေ ဆိုပေမယ့် သုတေသနဟာ လက်ထပ်ပြီးသား စုံတွဲ ၁၆၉ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

တစ်နှစ်မှာ နှစ်ကြိမ် ဝိတ်တိုင်းတာမှုတွေ ပြုလုပ်သလို သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း မေးမြန်းမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကို ကျေနပ်မှု ရှိသူတွေဟာ ဝိတ်ပိုတက်လေ့ရှိကြောင်း သုတေသနက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုရဲ့ တွေ့ရှိချက်အရ   ဒီလိုဖြစ်ရတဲ့ အဓိကကြောင်းအရင်းဟာ ပျော်ရွှင်နေတဲ့ စုံတွဲတွေမှာ တစ်ဦးကို တစ်ဦး ဆွဲဆောင်ဖု့ိ၊ နှစ်သက်အောင် လုပ်ဖို့ ဖိအားမရှိတော့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မပျော်ရွှင်တဲ့ စုံတွဲတွေကတော့ တစ်ဖက်လူကို ဆွဲဆောင်ထားနိုင်ဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သုတေသနကို ဦးဆောင်သူ စိတ်ပညာရှင် အန်ဒရေမက်ဇာရဲ့ ပြောကြားချက်အရ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဝိတ်တက်မှုကိုတော့ ရှောင်ရှားနိုင်ခြေရှိလာတယ်လို့ဆိုပါတယ်။

သုတေသနအရဆိုရင်တော့ သင့်ခါး အရွယ်အစားဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးအခြေအနေကို ပြောပြနေတာမျိုး ဖြစ်နိုင်ပေမယ့်လည်း ကျန်းမာရေးကိုတော့ မဖြစ်မနေဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။ အဝလွန်တာဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊ သွေးချိုဆီးချိုနဲ့ အခြားရောဂါပေါင်းမြောက်များစွာ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။
Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...