မျက်လုံးဖွင့်တယ်ဆိုတဲ့ ၂နှစ်သမီး အလောင်း



ထိုအလောင်းကိုသွားေ၇ာက်ကြည့်ကြသောသူများက အလောင်းမှမျက်စေ့ဖွင့်သည်ကိုမြင်ကြကြောင်း
မျက်စေ့ဖွင့်သဖြင့် လှပသောမျက်သားအပြာေ၇ာင်ကိုမြင်ရသည်ဟူသောသတင်းများဖြစ်ပွါးခဲ့သဖြင့် အီတလီသိပ္ပံပညာရှင်များ က ထိုထူးဆန်းသောအဖြစ်ကိုအဖြေရှာကြရာ..

ahchitsone
=====

ဒီဇင်္ဘာ ၁၃ ရက် ၁၉၁၈ မှာမွေးဖွါးပြီး၊ ဒီဇင်္ဘာ ၆ ရက်၁၉၂၀ မှာ နမိုးနီးရာ ရောဂါနဲ့သေဆုံးခဲ့ပါတယ်။ သူ့ဖခင်ဖြစ်သူက အလောင်းမပုပ်အောင်ဆေးဆိမ်ပြီး ဖန်ခေါင်းနဲ့အီတလီနိုင်ငံ စစ်စလီကျွန်းရှိ Capuchin catacombs ခေါ်ဘုရားကျောင်းတွင်ထားခဲ့ပါတယ်။၎င်းတို့အသုံးပြုခဲ့သောဆေးအစွမ်းကြောင့် အလောင်းမှာ အတွင်းအင်္ဂါများပါ အကောင်းပကတီနီးပါရှိကြောင်း x rays ရှိုကကြည့်ခြင်းဖြင့်သိခဲ့ကြပါတယ်။ သို့ရာတွင် ၂၀၀၉ တွင်မူ အလောင်းမှာစတင်၍ အသားရောင်များ ပျက်စီးစပြုလာသဖြင့် မူလထားရာ ဆိုထိုင်းသည့် နေရာမှ ပိုမိုခြောက်သွေ့သောနေရာသို့ပြောင်းရွှေ့ခဲ့ပြီး၊နဂိုခေါင်းကိုလည်း နိုက်ဒရိုဂျင်ဓါတ်ငွေ့များဖြည့်ထားသောမှန်ခေါင်းဖြင့်ပြောင်းလဲခဲ့ပါတယ်။

ထိုအလောင်းကိုသွားရောက်ကြည့်ကြသောသူများက အလောင်းမှမျက်စေ့ဖွင့်သည်ကိုမြင်ကြကြောင်း
မျက်စေ့ဖွင့်သဖြင့် လှပသောမျက်သားအပြာရောင်ကိုမြင်ရသည်ဟူသောသတင်းများဖြစ်ပွါးခဲ့သဖြင့် အီတလီသိပ္ပံပညာရှင်များ က ထိုထူးဆန်းသောအဖြစ်ကိုအဖြေရှာကြရာ..
အလောင်းမှမျက်စေ့ဖွင့်ခြင်းမှာမဟုတ်ကြောင်း၊ မျက်စေ့မဖွင့်ရုံသာမက မျက်ခွံပင် မလှုပ်ရှားကြောင်း၊အသစ်ရွှေ့ပြောင်းထားသောနေရာမှာ ၎င်းဘေးရှိပြူတင်းပေါက်မှနေရောင်ထိုးနေပြီး၊ တစ်နေ့တာအတွင်း နေရောင်ထိုးမှုပြောင်းလဲခြင်းကြောင့် ကြည့်သူများ အထင်အမြင်မှားစေကြောင်း၊ အခြားတစ်ချက်မှာလဲ
အလောင်းရဲ့မျက်စေ့ဟာအပြည့်အဝမှိတ်နေခြင်းမရှိတာကြောင့်လည်းအထင်မှားစေတယ်လို့သိရပါတယ်။

ahchitsone

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...