ေရႊဘုိတြင္ ေက်ာင္းသား ၇၀၀ ေက်ာ္ စာေမးပြဲမေျဖ

ေရႊဘုိတြင္ ေက်ာင္းသား ၇၀၀ ေက်ာ္ စာေမးပြဲမေျဖ
Wednesday, March 8, 2017
စစ္ကုိင္းတုိင္း ေရႊဘုိခ႐ုိင္တြင္ ဆယ္တန္းစာေမးပြဲ ျမန္မာစာ မေျဖသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၇၀၀ ေက်ာ္ရွိေၾကာင္း ေရႊဘုိခ႐ုိင္ ပညာေရးမွဴး႐ုံး လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒၚျမင့္ျမင့္တင္က The Voice သုိ႔ ေျပာၾကားသည္။
ယင္းခ႐ုိင္အတြင္း စာစစ္ဌာန ၄၆ ခုရွိၿပီး ေျဖဆုိရန္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၄၄၇၅ ဦး စာရင္းရွိသည္႔အနက္ ေျဖဆုိသူ ၂၃၇၄၄ ဦးသာ ရွိ၍ (ေျဖဆိုသူ ၉၇ ဒသမ ၀၁ ရာခုိင္ႏႈန္း ရွိ) ပ်က္ကြက္သူ ၇၃၁ ဦးရွိေၾကာင္း အဆုိပါ ပညာေရးမွဴး႐ုံးထံမွ သိရွိရသည္။
ဝက္လက္၊ ကန္႔ဘလူၿမိဳ႕ရွိ စာစစ္ဌာနမ်ားမွ က်န္းမာေရး အေျခအေနေၾကာင္႔ ေဆး႐ုံတြင္ေျဖဆိုသူ ေက်ာင္းသူ ၂ ဦးရွိၿပီး တစ္ခ႐ိုင္လုံး ပ်က္ကြက္ ရာခုိင္ႏႈန္းမွာ ၂.၉၉ ရာခုိင္ႏႈန္းရွိေၾကာင္း ယင္းပညာေရးမွဴး႐ုံးထံမွ သိရွိရသည္။
ၿပီးခဲ့သည့္ ပညာသင္ႏွစ္က ေရႊဘုိခ႐ုိင္အတြင္း စာစစ္ဌာန ၄၂ ခု၊ စာေျဖသူ စာရင္းရွိဦးေရ ၂၁၁၁၅ ဦးအနက္ ၂၀၅၄၉ ဦး ေျဖဆုိၿပီး ေအာင္ျမင္သူ ၈၁၁၃ ဦး(ေအာင္ခ်က္ ရာခိုင္ႏႈန္း ၃၉ ဒသမ ၄၈) ရွိေၾကာင္း ေရႊဘုိခ႐ိုင္ ပညာေရးမွဴး႐ုံးမွ စုံစမ္း သိရွိရသည္။
The Voice
==============

ရွှေဘိုတွင် ကျောင်းသား ၇၀၀ ကျော် စာမေးပွဲမဖြေ
Wednesday, March 8, 2017
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်ရှိကြောင်း ရွှေဘိုခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်တင်က The Voice သို့ ပြောကြားသည်။
ယင်းခရိုင်အတွင်း စာစစ်ဌာန ၄၆ ခုရှိပြီး ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၂၄၄၇၅ ဦး စာရင်းရှိသည့်အနက် ဖြေဆိုသူ ၂၃၇၄၄ ဦးသာ ရှိ၍ (ဖြေဆိုသူ ၉၇ ဒသမ ၀၁ ရာခိုင်နှုန်း ရှိ) ပျက်ကွက်သူ ၇၃၁ ဦးရှိကြောင်း အဆိုပါ ပညာရေးမှူးရုံးထံမှ သိရှိရသည်။
ဝက်လက်၊ ကန့်ဘလူမြို့ရှိ စာစစ်ဌာနများမှ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတွင်ဖြေဆိုသူ ကျောင်းသူ ၂ ဦးရှိပြီး တစ်ခရိုင်လုံး ပျက်ကွက် ရာခိုင်နှုန်းမှာ ၂.၉၉ ရာခိုင်နှုန်းရှိကြောင်း ယင်းပညာရေးမှူးရုံးထံမှ သိရှိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ရွှေဘိုခရိုင်အတွင်း စာစစ်ဌာန ၄၂ ခု၊ စာဖြေသူ စာရင်းရှိဦးရေ ၂၁၁၁၅ ဦးအနက် ၂၀၅၄၉ ဦး ဖြေဆိုပြီး အောင်မြင်သူ ၈၁၁၃ ဦး(အောင်ချက် ရာခိုင်နှုန်း ၃၉ ဒသမ ၄၈) ရှိကြောင်း ရွှေဘိုခရိုင် ပညာရေးမှူးရုံးမှ စုံစမ်း သိရှိရသည်။
The Voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...