မႏၱေလး ျမိဳ႕ထဲမွာ ပင္လယ္ေရ လိႈင္းစီး နိုင္ျပီ



မႏၱေလးျမိဳ႕၊ ကန္ေတာ္ၾကီး ကန္ပတ္လမ္းမွာ လိႈင္း စီးႏုိင္တဲ့ ပင္လယ္ေရ လိႈင္းတုရွိ ကန္ေတာ္ၾကီး water park ကို ယခုလ ၈ ရက္မွာဖြင့္လွစ္ေတာ့မွာျဖစ္ပါတယ္။
မနက္ ၉ နာရီကေန ည ၈ နာရီအထိ ဖြင့္လွစ္မွာျဖစ္ျပီး ကေလး၊ လူၾကီးတစ္ဦးကို က်ပ္ ၃၀၀၀ နဲ႕ အခ်ိန္အကန္႕အသတ္မရွိ ေဆာ့ကစားႏိုင္တာပါ။
ကန္ေတာ္ၾကီး water park ၊ မန္ေနဂ်င္းဒါရိုက္တာ ဦးႏုိင္မိုးလြင္က “ဖြင့္ပြဲေန႕မွာ မနက္ ၉ နာရီကေန ၁၁ နာရီအထိ ကေလး၊ လူၾကီး အသက္အရြယ္မေရြး အခမဲ့ဝင္ေရာက္ေဆာ့ကစားႏုိင္ပါတယ္”လို႕ ေျပာပါတယ္။
ေရျပင္အက်ယ္ ၁ ဧကခြဲေက်ာ္ရွိတဲ့ Water park ဟာ ေရပန္း၊ ေရလႊာေလွ်ာစီး၊ ေရလိႈင္းတုေတြ ပါဝင္တာျဖစ္ပါတယ္။ လိႈင္းလံုးတစ္လံုးခ်င္း၊ လိႈင္းၾကက္ခြပ္ စတဲ့ လိႈင္းအမ်ိဳးအစားရွစ္မ်ိဳးနဲ႕ လိႈင္းအရွိန္သံုးမ်ိဳး ရွိတယ္လို႕ သိရပါတယ္။
ေရအနက္ဆံုးေနရာမွာ ငါးေပေျခာက္လက္မရွိတာျဖစ္ျပီး အနက္ေလးေပခြဲမွာ ေရွ႕ဆက္သြားလို႕မရ ေအာင္ ပိုက္ကာတားထားတယ္လို႕ ဆုိပါတယ္။
ေရနဲ႕ပတ္သက္ျပီး အႏၱရာယ္မျဖစ္ေအာင္ လံုုျခံဳေရး ဝန္ထမ္း ၂၀ ဦးကိုခန္႕ထားသလို အသက္ကယ္ အကၤ် ီ ၁၀၀၀ ထည္ကိုလည္း စီစဥ္ထားရွိပါတယ္။ အဝီစိတြင္းေရကိုအသံုးျပဳထားတာျဖစ္ျပီး ကြ်မ္းက်င္ပညာ ရွင္နဲ႕အတူ ညစဥ္ေရသန္႕စင္မွာျဖစ္တယ္လို႕ သိရပါတယ္။
ကန္ေတာ္ၾကီး water park မွာ ပင္လယ္ေရလိႈင္းစီးႏုိင္တာအျပင္ 9Dရုပ္ရွင္၊ လွ်ပ္စစ္တုိက္ကား၊ ပင္လယ္ ဓားျပေလွ၊ မီးရထား၊ ေပ်ာ့ေပ်ာ့အိအိ စတဲ့ ကစားနည္းေတြလဲရွိတာျဖစ္ပါတယ္။
ေအးစုမြန္
===
မန္တလေးမြို့၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ လှိုင်း စီးနိုင်တဲ့ ပင်လယ်ရေ လှိုင်းတုရှိ ကန်တော်ကြီး water park ကို ယခုလ ၈ ရက်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီး ကလေး၊ လူကြီးတစ်ဦးကို ကျပ် ၃၀၀၀ နဲ့ အချိန်အကန့်အသတ်မရှိ ဆော့ကစားနိုင်တာပါ။
ကန်တော်ကြီး water park ၊ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်မိုးလွင်က “ဖွင့်ပွဲနေ့မှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ကလေး၊ လူကြီး အသက်အရွယ်မရွေး အခမဲ့ဝင်ရောက်ဆော့ကစားနိုင်ပါတယ်”လို့ ပြောပါတယ်။
ရေပြင်အကျယ် ၁ ဧကခွဲကျော်ရှိတဲ့ Water park ဟာ ရေပန်း၊ ရေလွှာလျှောစီး၊ ရေလှိုင်းတုတွေ ပါဝင်တာဖြစ်ပါတယ်။ လှိုင်းလုံးတစ်လုံးချင်း၊ လှိုင်းကြက်ခွပ် စတဲ့ လှိုင်းအမျိုးအစားရှစ်မျိုးနဲ့ လှိုင်းအရှိန်သုံးမျိုး ရှိတယ်လို့ သိရပါတယ်။
ရေအနက်ဆုံးနေရာမှာ ငါးပေခြောက်လက်မရှိတာဖြစ်ပြီး အနက်လေးပေခွဲမှာ ရှေ့ဆက်သွားလို့မရ အောင် ပိုက်ကာတားထားတယ်လို့ ဆိုပါတယ်။
ရေနဲ့ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် လုုံခြုံရေး ဝန်ထမ်း ၂၀ ဦးကိုခန့်ထားသလို အသက်ကယ် အင်္ကျ ီ ၁၀၀၀ ထည်ကိုလည်း စီစဉ်ထားရှိပါတယ်။ အဝီစိတွင်းရေကိုအသုံးပြုထားတာဖြစ်ပြီး ကျွမ်းကျင်ပညာ ရှင်နဲ့အတူ ညစဉ်ရေသန့်စင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကန်တော်ကြီး water park မှာ ပင်လယ်ရေလှိုင်းစီးနိုင်တာအပြင် 9Dရုပ်ရှင်၊ လျှပ်စစ်တိုက်ကား၊ ပင်လယ် ဓားပြလှေ၊ မီးရထား၊ ပျော့ပျော့အိအိ စတဲ့ ကစားနည်းတွေလဲရှိတာဖြစ်ပါတယ်။
အေးစုမွန်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...