ဦးနေ၀င်း ရဲ့ သမီးအကြီးအတွက် တိုက်ခန်း ၀ယ်ဖို့ စာချုပ်ချုပ်ဆိုတော့မည်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံ သတ်ဖြတ်သူကို ဖမ်းဆီးပေးရင်း အသက်သေဆုံးခဲ့တဲ့ ဦးနေ၀င်း ရဲ့ သမီးကြီး ဖြစ်တဲ့ မပြည့်ပြည့်အတွက် တိုက်ခန်း ၀ယ်ယူဖို့ မတ်လ ၁၉ရက်နေ့မှာ စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဦးမောင်မောင်အေး ဦးဆောင်ပြီးကောက်ယူတဲ့ လှူဒါန်း ငွေတွေ ထဲမှ ၂၅ရာခိုင်နှုန်း အပါအ၀င် ကျန်လှူဒါန်းငွေများကိုပါ စုပေါင်းပြီး ၀ယ်ယူတာဖြစ်တယ်လို့ မပြည့်ပြည့် ကပြောပါတယ်။





အဆိုပါ ငွေကိုအသုံးပြုပြီးတော့ဦးနေ၀င်းအမျိုးသမီးနဲ့ သားသုံးယောက်အတွက်လည်း ဖေဖော်ဝါရီလမှာ နေထိုင်ဖို့တိုက်ခန်းဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းသူ တွေရဲ့ ဆန္ဒအရ ကလေးတွေရဲ့ ရှေ့ ရေးကို ကြည့်ပြီး နေထိုင်ဖို့ တိုက်ခန်းတွေဝယ်ယူပေးကြဖို့ တိုက်တွန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Author မို့မို့သန္တာ

Credit: Kumudra
======
တရားလွှတ်တော်ရှေ့နေ ဦးကိိုနီ ကို လုပ်ကြံ သတ်ဖြတ်သူကို ဖမ်းဆီးပေးရင်း အသက်သေဆုံးခဲ့တဲ့ ဦးနေဝင်း ရဲ့ သမီးကြီး ဖြစ်တဲ့ မပြည့်ပြည့်အတွက် တိုက်ခန်း ဝယ်ယူဖို့ မတ်လ ၁၉ရက်နေ့မှာ စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခန်းကတော့ လှိုင်မြို့နယ် ရတနာမွန်အိမ်ရာမှာ ရှိတဲ့ ဒုတိယထပ် မှာဖြစ်ပြီး ကျပ်သိန်း ၃၁၅သိန်းတန် တိုက်ခန်းဖြစ်ပါတယ်။

ဦးမောင်မောင်အေး ဦးဆောင်ပြီးကောက်ယူတဲ့ လှူဒါန်း ငွေတွေ ထဲမှ ၂၅ရာခိုင်နှုန်း အပါအဝင် ကျန်လှူဒါန်းငွေများကိုပါ စုပေါင်းပြီး ဝယ်ယူတာဖြစ်တယ်လိို့ မပြည့်ပြည့် ကပြောပါတယ်။

“၂၅ရာခိုင်နှုန်းက သိန်း၂ဝဝကျော်ဆိုတော့ အရင်လှူထားတဲ့ ထဲက စိုက်ပြီး ဝယ်တာ။

အမေစုကလည်း အိမ်ဝယ်တဲ့ နေရာမှာ အမှားအယွင်းမရှိအောင် လွှတ်တော်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးခိုင်းတယ်။”လို့ မပြည့်ပြည့်ကပြောပါတယ်။

ဦးနေဝင်းရဲ့ သမီးကြီး ရဲ့ အိမ်ဝယ်ယူမှုကို လှိုင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လိုက်လံ ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

ဦးမောင်မောင်အေးဦးဆောင်တဲ့ အဖွဲ့က အလှူခံပြီး ရရှိတဲ့ ငွေထဲမှ ၂၅ရာခိုင်နှုန်းကို ဦးနေဝင်း ရဲ့ သမီး အကြီးကို ပေးအပ်ပြီး ကျန်တဲ့ ၇၅ရာခိုင်နှုန်းကို သားသုံးယောက်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငွေကိုအသုံးပြုပြီးတော့ဦးနေဝင်းအမျိုးသမီးနဲ့ သားသုံးယောက်အတွက်လည်း ဖေဖော်ဝါရီလမှာ နေထိုင်ဖို့တိ်ိုက်ခန်းဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းသူ တွေရဲ့ ဆန္ဒအရ ကလေးတွေရဲ့ ရှေ့ ရေးကို ကြည့်ပြီး နေထိုင်ဖို့ တိုက်ခန်းတွေဝယ်ယူပေးကြဖို့ တို်က်တွန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Author မို့မို့သန္တာ

Credit: Kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...