မ်ိဳးဆက္ပြား က်န္းမာေရး ႏွင့္ အမ်ိဳးသမီး တို႔၏ ကိုယ္အဂၤါ..(ကေလးမ်ား မဖတ္ရ)



လူရယ္လို႔ျဖစ္လာရင္ ဆန႔္က်င္ဘက္ လိင္အခ်င္းခ်င္း စိတ္ဝင္စားၾကၿပီး ကိုယ္ခႏၶာအစိတ္အပိုင္းေတြနဲ႕ပတ္သက္ၿပီး ေလ့ လာ စူးစမ္းတတ္ၾကစၿမဲပါ။ ကိုယ္ခႏၶာအစိတ္အပိုင္းနဲ႕ပတ္သက္လို႔ လြဲမွားတဲ့ အယူအဆေတြရွိသလို အဲဒီလို လြဲမွားတဲ့ အယူ အဆေတြေၾကာင့္ပဲ မွားယြင္းမႈေတြ၊ လြဲမွားတဲ့ အျပဳအမူေတြ လုပ္ေဆာင္တတ္ၾကပါတယ္။ ေဆးပညာ သေဘာ တရား အရ ဆန႔္က်င္ဘက္ လိင္ရဲ႕ အေၾကာင္းသိမွတ္ထားတာက က်န္းမာေရးအေနနဲ႕ မ်ိဳးဆက္ပြားပညာေပးအေနနဲ႕ပါ သိထား သင့္ၿပီး ဒီလို သိထားျခင္းျဖင့္လည္း မမွန္ကန္တဲ့ အေတြးအေခၚ၊ အျပဴအမူေတြကို ေရွာင္လႊဲနိုင္မွာ ျဖစ္ပါတယ္။ ဒီတပတ္ေတာ့ အမ်ိဳးသမီး အဂၤါ အေၾကာင္း တင္ျပလိုက္ပါတယ္။

အမ်ိဳးသားေတြ ဟာ မိန္းမကိုယ္ (သို႔) အမ်ိဳးသမီး အဂၤါ အေၾကာင္းသိပ္မသိၾကပါဘူး။ တခ်ိဳ႕ေတြဆိုရင္ သိထားတဲ့ အ ခ်က္ေတြ က လြဲမွားေနတာမ်ိဳးေတာင္ ရွိတတ္ပါတယ္။ ဒါေပမယ့္ အဲဒါကလည္း သူတို႔ အျပစ္လို႔ မဆိုနိုင္ပါဘူး။ ဘာ ေၾကာင့္ လဲဆို ေတာ့ ဒီလို ဗဟုသုတမ်ိဳးေတြဟာ မ်ားေသာအားျဖင့္ ကိုယ့္ထက္ႀကီးတဲ့ ကာလသားေတြ ဆီကေန တဆင့္ မွတ္သား နာယူ ရ တာမ်ိဳးျဖစ္ေနတတ္လို႔ပါ။

ေက်ာင္းမွာ အရပ္ထဲမွာ မိန္းမေတြနဲ႕ ပတ္သက္လို႔ က်မ္းေက်ၿပီးသားလိုလို တကယ္သိတာ ထက္ခ်ဲ့ကားၿပီးပို ေျပာတတ္ သူေတြ ဆီကေနၾကားၾကရတာမ်ားပါတယ္။ ဒီေန႕ ေခတ္အေျခအေန အရ အင္တာနက္မွာ ရနိုင္တယ္ ဆိုေပမယ့္လည္း ရရွိတဲ့ အခ်က္မွန္ မမွန္ကို ျပန္စစ္တတ္တာမ်ိဳးေတြလည္း ရွိပါတယ္။

အမ်ိဳးသမီးေတြကိုယ္တိုင္လည္း ဒီအေၾကာင္းကို အခ်င္းခ်င္းေတာင္ ေျပာေလ့မရွိပါဘူး။ ရွက္စရာတခုလို သေဘာထားၾက ပါတယ္။ တကယ္ေတာ့ အမ်ိဳးသမီး အဂၤါ အေၾကာင္းဆိုတာ လိုအပ္လာရင္ မေျပာအပ္ မသိအပ္တဲ့ အရာမဟုတ္ေတာ့ပါ ဘူး။ ကိုယ္ခႏၶာရဲ႕ အစိတ္အပိုင္း တခုသက္သက္သာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လွ်ို႔ဝွက္ခ်က္တခုလို ထားခဲ့တဲ့ အက်ိဳး ဆက္ေၾကာင့္ ကာယကံရွင္ မဟုတ္တဲ့ အမ်ိဳးသားေတြသာမက အမ်ိဳးသမီးေတြပါ သတိမထားမိတဲ့ အခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ နားလည္မႈလြဲတာမ်ိဳးေတြလည္း ရွိေနပါတယ္။ အမွတ္တမဲ့ သတိမထားမိတဲ့ အခ်က္တခ်ိဳ႕ကေတာ့ Clitoris (အေစ့) ဟာျမင္သာတဲ့ အစိတ္အပိုင္းတခုလို႔ အမ်ားစုက ယူဆထားေပမယ့္ သူ႕အေပၚဘက္မွာ Clitoral hood လို႔ေခၚတဲ့ အေရျပား အဖုံးရွိေနလို႔ အဖုံးမလုံမွသာ အလြယ္တကူျမင္ေတြ႕နိုင္မွာ ျဖစ္ပါတယ္။ အ႐ြယ္အစားနဲ႕ ပုံသ႑န္က အမ်ိဳးသမီး တေယာက္နဲ႕ တေယာက္ မတူညီၾကပါဘူး။ ဒါေပမယ့္ ပုံမွန္အားျခင့္ တလက္မရဲ႕ ၈ ပုံ ၁ပုံကေန ၈ပုံ ၃ ပုံ အတြင္း ရွိတတ္ပါတယ္။ အမ်ိဳးသား အဂၤါနဲ႕ သေဘာတရား တူညီၿပီး အမ်ိဳးသမီးေတြ လိင္စိတ္တက္ႂကြလာရင္ အထဲမွာ ေသြးေတြ ျပည့္ၿပီး တင္းမာ လာတတ္ပါတယ္။
အျပင္ပန္းကၾကည့္လိုက္ရင္ ထင္သာျမင္သာရွိတဲ့ အမ်ိဳးသမီး အဂၤါတခုလုံးကို vulva လို႔ေခၚေပမယ့္ အမ်ားစုကေတာ့ vagina လို႔ပဲ သုံးႏႈန္းတတ္ၾကပါတယ္။ ဒါေပမယ့္ vagina ဆိုတာက သားအိမ္ေခါင္း နဲ႕ အမ်ိဳးသမီး အဂၤါ(သို႔မဟုတ္) မိန္းမကိုယ္ အဝကို ဆက္သြယ္ေပးထားတဲ့ ႂကြက္သားလမ္းေၾကာင္း ျဖစ္ပါတယ္။ ေမြးလမ္းေၾကာင္း ဒါမွမဟုတ္ လိင္ ဆက္ဆံတဲ့ လမ္းေၾကာင္းကို သာ vagina လို႔ ေဆးပညာရွင္ေတြက သတ္မွတ္ပါတယ္။ vagina ဆိုတာ လက္တင္ ဘာသာစကား က ဆင္းသက္လာတာျဖစ္ၿပီး ဓားအိမ္ လို႔ အဓိပၸါယ္ရပါတယ္။

အမ်ိဳးသမီး အဂၤါရဲ႕ အ႐ြယ္အစား၊ ပုံသ႑န္နဲ႕ အေရာင္ က တေယာက္နဲ႕ တေယာက္မတူၾကပါဘူး။ ေနာက္ၿပီးေတာ့ ဘယ္လိုပုံ ဘယ္လိုမ်ိဳးကမွ ေကာင္းတယ္ဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးလည္း ထားလို႔မရပါဘူး။

အမ်ိဳးသမီး အဂၤါ သို႔မဟုတ္ ေမြးလမ္းေၾကာင္းရဲ႕ အ႐ြယ္အစားဟာ သာမန္အေျခအေနကေန ၂ဆ တိုးသြားနိုင္ပါတယ္။ ေမြးလမ္းေၾကာင္း (Vagina) ဟာ ပုံမွန္အားျဖင့္ အနက္ ၄ လက္မကေန ၅လက္မ အတြင္းရွိပါတယ္။ ဒါေပမယ့္ လိင္ဆက္ ဆံမႈျပဳစဥ္မွာေတာ့ ၂ဆ ျဖစ္သြားနိုင္ပါတယ္။ ဒါေပမယ့္ လိင္စိတ္ နိုးၾကားလာမွဒီလို ျဖစ္မွာပါ။ အမ်ိဳးသမီးတေယာက္ လိင္ စိတ္ နိုးၾကားျပင္းထန္လာၿပီဆိုရင္ သူ႕ရဲ႕ကိုယ္ခႏၶာႂကြက္သားေတြက တင္းမာမႈမရွိသေလာက္ ဒါမွမဟုတ္ရင္လည္း လုံး၀ တင္းမာမႈမရွိတဲ့ အေျခအေနကိုေရာက္သြားတဲ့ အတြက္ Vagina က အလြယ္တကူ က်ယ္ျပန႔္သြားနိုင္တာ ျဖစ္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

ကေလးေမြးဖြားၿပီးတဲ့ အခါ အမ်ိဳးသမီး အဂၤါမွာ သိသာျမင္သာတဲ့ ေျပာင္းလဲမႈရွိလာတတ္ပါတယ္။ မူလအ႐ြယ္အစား အတိုင္း အလားတူေတာ့ ျပန္မျဖစ္နိုင္ေတာ့ပါဘူး။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီး အဂၤါရဲ႕ ပုံသ႑န္ဟာ မ်က္ႏွာလိုပဲ အသက္ အ႐ြယ္အလိုက္ေျပာင္းလဲပါတယ္။ မ ဟိုမုန္းလို႔ သိၾကတဲ့ estrogen ထုတ္လုပ္မႈက်ဆင္းလာတာနဲ႕ အမွ် အမ်ိဳးသမီး အဂၤါမွာ အေရျပားက အနက္ဘက္ကို သမ္းလာတာ ဒါမွ အေရာင္ေဖ်ာ့သြားတာမ်ိဳး ျဖစ္လာၿပီး Clitoris(အေစ့) လည္း က်ဳံ႕ သြားပါတယ္။ ႏႈတ္ခမ္းသားေတြလည္းေလ်ာ့ရဲ လာပါမယ္။ အဲဒါ ပုံမွန္ပါပဲ။

Source: onlymyhealth.com
Credit: Burma.irrawaddy
====
မျိုးဆက်ပွား ကျန်းမာရေး နှင့် အမျိုးသမီး တို့၏ ကိုယ်အင်္ဂါ

လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက် လိင်အချင်းချင်း စိတ်ဝင်စားကြပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး လေ့ လာ စူးစမ်းတတ်ကြစမြဲပါ။ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ပတ်သက်လို့ လွဲမှားတဲ့ အယူအဆတွေရှိသလို အဲဒီလို လွဲမှားတဲ့ အယူ အဆတွေကြောင့်ပဲ မှားယွင်းမှုတွေ၊ လွဲမှားတဲ့ အပြုအမူတွေ လုပ်ဆောင်တတ်ကြပါတယ်။ ဆေးပညာ သဘော တရား အရ ဆန့်ကျင်ဘက် လိင်ရဲ့ အကြောင်းသိမှတ်ထားတာက ကျန်းမာရေးအနေနဲ့ မျိုးဆက်ပွားပညာပေးအနေနဲ့ပါ သိထား သင့်ပြီး ဒီလို သိထားခြင်းဖြင့်လည်း မမှန်ကန်တဲ့ အတွေးအခေါ်၊ အပြူအမူတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ်တော့ အမျိုးသမီး အင်္ဂါ အကြောင်း တင်ပြလိုက်ပါတယ်။

အမျိုးသားတွေ ဟာ မိန်းမကိုယ် (သို့) အမျိုးသမီး အင်္ဂါ အကြောင်းသိပ်မသိကြပါဘူး။ တချို့တွေဆိုရင် သိထားတဲ့ အ ချက်တွေ က လွဲမှားနေတာမျိုးတောင် ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း သူတို့ အပြစ်လို့ မဆိုနိုင်ပါဘူး။ ဘာ ကြောင့် လဲဆို တော့ ဒီလို ဗဟုသုတမျိုးတွေဟာ များသောအားဖြင့် ကိုယ့်ထက်ကြီးတဲ့ ကာလသားတွေ ဆီကနေ တဆင့် မှတ်သား နာယူ ရ တာမျိုးဖြစ်နေတတ်လို့ပါ။

ကျောင်းမှာ အရပ်ထဲမှာ မိန်းမတွေနဲ့ ပတ်သက်လို့ ကျမ်းကျေပြီးသားလိုလို တကယ်သိတာ ထက်ချဲ့ကားပြီးပို ပြောတတ် သူတွေ ဆီကနေကြားကြရတာများပါတယ်။ ဒီနေ့ ခေတ်အခြေအနေ အရ အင်တာနက်မှာ ရနိုင်တယ် ဆိုပေမယ့်လည်း ရရှိတဲ့ အချက်မှန် မမှန်ကို ပြန်စစ်တတ်တာမျိုးတွေလည်း ရှိပါတယ်။

အမျိုးသမီးတွေကိုယ်တိုင်လည်း ဒီအကြောင်းကို အချင်းချင်းတောင် ပြောလေ့မရှိပါဘူး။ ရှက်စရာတခုလို သဘောထားကြ ပါတယ်။ တကယ်တော့ အမျိုးသမီး အင်္ဂါ အကြောင်းဆိုတာ လိုအပ်လာရင် မပြောအပ် မသိအပ်တဲ့ အရာမဟုတ်တော့ပါ ဘူး။ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တခုသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လျှို့ဝှက်ချက်တခုလို ထားခဲ့တဲ့ အကျိုး ဆက်ကြောင့် ကာယကံရှင် မဟုတ်တဲ့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သတိမထားမိတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ နားလည်မှုလွဲတာမျိုးတွေလည်း ရှိနေပါတယ်။ အမှတ်တမဲ့ သတိမထားမိတဲ့ အချက်တချို့ကတော့ Clitoris (အစေ့) ဟာမြင်သာတဲ့ အစိတ်အပိုင်းတခုလို့ အများစုက ယူဆထားပေမယ့် သူ့အပေါ်ဘက်မှာ Clitoral hood လို့ခေါ်တဲ့ အရေပြား အဖုံးရှိနေလို့ အဖုံးမလုံမှသာ အလွယ်တကူမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားနဲ့ ပုံသဏ္ဍန်က အမျိုးသမီး တယောက်နဲ့ တယောက် မတူညီကြပါဘူး။ ဒါပေမယ့် ပုံမှန်အားခြင့် တလက်မရဲ့ ၈ ပုံ ၁ပုံကနေ ၈ပုံ ၃ ပုံ အတွင်း ရှိတတ်ပါတယ်။ အမျိုးသား အင်္ဂါနဲ့ သဘောတရား တူညီပြီး အမျိုးသမီးတွေ လိင်စိတ်တက်ကြွလာရင် အထဲမှာ သွေးတွေ ပြည့်ပြီး တင်းမာ လာတတ်ပါတယ်။
အပြင်ပန်းကကြည့်လိုက်ရင် ထင်သာမြင်သာရှိတဲ့ အမျိုးသမီး အင်္ဂါတခုလုံးကို vulva လို့ခေါ်ပေမယ့် အများစုကတော့ vagina လို့ပဲ သုံးနှုန်းတတ်ကြပါတယ်။ ဒါပေမယ့် vagina ဆိုတာက သားအိမ်ခေါင်း နဲ့ အမျိုးသမီး အင်္ဂါ(သို့မဟုတ်) မိန်းမကိုယ် အဝကို ဆက်သွယ်ပေးထားတဲ့ ကြွက်သားလမ်းကြောင်း ဖြစ်ပါတယ်။ မွေးလမ်းကြောင်း ဒါမှမဟုတ် လိင် ဆက်ဆံတဲ့ လမ်းကြောင်းကို သာ vagina လို့ ဆေးပညာရှင်တွေက သတ်မှတ်ပါတယ်။ vagina ဆိုတာ လက်တင် ဘာသာစကား က ဆင်းသက်လာတာဖြစ်ပြီး ဓားအိမ် လို့ အဓိပ္ပါယ်ရပါတယ်။

အမျိုးသမီး အင်္ဂါရဲ့ အရွယ်အစား၊ ပုံသဏ္ဍန်နဲ့ အရောင် က တယောက်နဲ့ တယောက်မတူကြပါဘူး။ နောက်ပြီးတော့ ဘယ်လိုပုံ ဘယ်လိုမျိုးကမှ ကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးလည်း ထားလို့မရပါဘူး။

အမျိုးသမီး အင်္ဂါ သို့မဟုတ် မွေးလမ်းကြောင်းရဲ့ အရွယ်အစားဟာ သာမန်အခြေအနေကနေ ၂ဆ တိုးသွားနိုင်ပါတယ်။ မွေးလမ်းကြောင်း (Vagina) ဟာ ပုံမှန်အားဖြင့် အနက် ၄ လက်မကနေ ၅လက်မ အတွင်းရှိပါတယ်။ ဒါပေမယ့် လိင်ဆက် ဆံမှုပြုစဉ်မှာတော့ ၂ဆ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လိင်စိတ် နိုးကြားလာမှဒီလို ဖြစ်မှာပါ။ အမျိုးသမီးတယောက် လိင် စိတ် နိုးကြားပြင်းထန်လာပြီဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာကြွက်သားတွေက တင်းမာမှုမရှိသလောက် ဒါမှမဟုတ်ရင်လည်း လုံးဝ တင်းမာမှုမရှိတဲ့ အခြေအနေကိုရောက်သွားတဲ့ အတွက် Vagina က အလွယ်တကူ ကျယ်ပြန့်သွားနိုင်တာ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ကလေးမွေးဖွားပြီးတဲ့ အခါ အမျိုးသမီး အင်္ဂါမှာ သိသာမြင်သာတဲ့ ပြောင်းလဲမှုရှိလာတတ်ပါတယ်။ မူလအရွယ်အစား အတိုင်း အလားတူတော့ ပြန်မဖြစ်နိုင်တော့ပါဘူး။ နောက်ပြီးတော့ အမျိုးသမီး အင်္ဂါရဲ့ ပုံသဏ္ဍန်ဟာ မျက်နှာလိုပဲ အသက် အရွယ်အလိုက်ပြောင်းလဲပါတယ်။ မ ဟိုမုန်းလို့ သိကြတဲ့ estrogen ထုတ်လုပ်မှုကျဆင်းလာတာနဲ့ အမျှ အမျိုးသမီး အင်္ဂါမှာ အရေပြားက အနက်ဘက်ကို သမ်းလာတာ ဒါမှ အရောင်ဖျော့သွားတာမျိုး ဖြစ်လာပြီး Clitoris(အစေ့) လည်း ကျုံ့ သွားပါတယ်။ နှုတ်ခမ်းသားတွေလည်းလျော့ရဲ လာပါမယ်။ အဲဒါ ပုံမှန်ပါပဲ။

Source: onlymyhealth.com
Credit: Burma.irrawaddy

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...