အကယ်ဒမီ စပွန်ဆာ ရွှေထည်ရတနာ ပျောက်ရှမှာ စိုးရွံ့နေ



မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲမှာ စပွန် ဆာကုမဏီတွေက ဆင်မြန်းပေးကြမယ့် ရွှေထည်နဲ့ လက်ဝတ်ရတနာတွေကို ဝတ်ဆင်ရမယ့် အနုပညာရှင်တွေထဲက တချို့ကတော့ အဲသည့်လက် ဝတ်ရတနာတွေကို ထိန်းသိမ်းရမှာ စိုးရိမ်နေကြပါတယ်။

ယခုနှစ် အကယ်ဒမီပေးပွဲမှာ ဝတ်ဆင်မယ့် လက်ဝတ်ရတနာတွေနဲ့ ဝတ်စုံတွေမှာ ရွှေထည်တွေ ချုပ်လုပ်ဝတ်ဆင်ပေးဖို့ ကြေညာထားတာနဲ့ပတ်သက်ပြီး အနုပညာရှင်တချို့က အနည်းငယ်စိုးရိမ် ကြတာပါ။  စပွန်ဆာပေးတဲ့ လက်ဝတ်ရတနာဝတ်ဆင်ရမှုအပေါ် အနုပညာရှင်တချို့ရဲ့ခံစားချက်တွေကို ကောက်နုတ်ဖော်ပြပါ တယ်။

အကယ်ဒမီခင်ဇာခြည်ကျော်
အကယ်ဒမီဖက်ရှင်ကတော့ အကုန်လုံး Aroma နဲ့ပါပဲ။ မိတ် ကပ်ရော၊ ဒီဇိုင်နာရော။ အဝတ်က လည်း ပိုးထည်ကို သူတို့ဘယ်ကနေ စပွန်ဆာယူလဲတော့မသိဘူး ပေါ့နော်။ လက်ဝတ်ရတနာတွေကတော့ အစ်မကတော့ အစစ်တွေ ဝတ်တဲ့အခါလည်းရှိတယ်။ မဝတ်တဲ့အခါလည်းရှိတယ်။ အစ်မတို့ကို စိန် နန်းတော်၊ရွှေနန်းတော်က ဆင် တာ သုံးနှစ်ရှိပြီ။ အစ်မရဲ့ သက်တမ်းမှာတော့ တစ်ခါမှ ပြုတ်ကျ တာတို့ ဘာတို့မဖြစ်ခဲ့ဘူးပေါ့နော်။ အဓိက ပြုတ်ကျတယ်ဆိုတာလဲ အကယ်ဒမီရတဲ့သူတွေပဲ ဖြစ်တာ များပါတယ်။ အကုန်လုံးနဲ့လိုက် နှုတ်ဆက်နေရတော့ ဘယ်လို ပြုတ်ကျမှန်းမသိလို့နေမှာပါ။ တော်ရုံတန်ရုံ ဒီအတိုင်းလေးပွဲတက်တဲ့သူတွေကတော့ အကုန်လုံးက ထိန်းသိမ်းနိုင်ကြပါတယ်။ အဲသည်လိုခံစားမှုမျိုးတော့ တစ်ခါ မှ မဖြစ်ဖူးပါဘူးရှင်။ အစ်မတို့ကို စပွန်ဆာလာကမ်းလှမ်းရင်တော့ အရုမာ က မိသားစုလိုဖြစ်နေတော့ အမြဲတမ်းလက်တွဲဖြစ်တယ်။ တစ်ခါတလေကျရင် ကိုယ့်ဘာသာဝတ်ချင်တဲ့နှစ်ကျ ရင်လည်း စပွန်ဆာမယူဘဲ ကိုယ့်ဘာသာဝတ်ဆင်ဖြစ်ပါတယ်။

ဆုပန်ထွာ
သည်နှစ်အတွက် မပန်ကို ချုပ်လုပ်ပေးမယ့်ဒီဇိုင်နာက ကိုမျိုးမင်းစိုးပါ။ လက်ဝတ်ရတနာက အောင်သမာဓိပါ။ စပွန်ဆာပေးတဲ့ လက်ဝတ်ရတနာတွေကို ဝတ် ဆင်ရတာတော့ ပျောက်ရှမှာစိုးရိမ် မှုတော့ ရှိတာပေါ့နော်။ ပျောက် ရင်လျော်ရမှာကိုး။ ဒါပေမဲ့ မပန်တို့ က ငြိမ်ငြိမ်လေးထိုင်နေရမယ့်ပွဲဆို သိပ်ပြဿနာမရှိဘူး။  သွားနှုတ်ဆက်ရင်သာ သတိထားရတာပါ။ ပျောက်ရှမှုမျိုးတော့ မရှိဖူးပါဘူး။ အနုပညာရှင်တွေကတော့ ကိုယ် ပိုင်ကားတွေနဲ့ ကိုယ့်ဘာသာလာ ကြတယ်။ ပြီးတော့ ပွဲကြီးထဲကို ကော်ဇောနီပေါ်တက်ပြီး တစ်ခါ တည်းဝင်ကြတယ်။ အဲသည်က နေထွက်ရင်လည်း တစ်ခါတည်း တန်းပြန်ကြတယ်။  အဲသည်အတွက် တခြားစိုးရိမ်မှုမျိုးတော့ မဖြစ်မိပါဘူး။ စပွန်ဆာလာကမ်း အဒေါ်တစ်ယောက်ရဲ့ ဝတ်စုံကို နှစ်တိုင်းဝတ်ရတယ်။ အခုနောက် ပိုင်းကျတော့ နှစ်တိုင်းပဲဖုန်းဆက် ကြတယ်။ ဒီဇိုင်နာတွေက သူတို့ အင်္ကျီလေးဝတ်ပေးပါလားပေါ့။ အမြဲတမ်း မပန် ငြင်းခဲ့တာပေါ့။ သည်နှစ်ကျတော့ ဆုံးဖြတ်လိုက် တယ်။ တစ်နှစ်ကို ဒီဇိုင်နာတစ် ယောက်ပြောင်းပြောင်းပြီး ဝတ် ပေးမယ်ပေါ့။ ဘာလို့လည်းဆို ဒီဇိုင်နာတွေ၊ မင်းသမီးတွေဆိုတာ ဒီဇိုင်နာကလည်း သူတို့လက်ရာ လေးတွေကို တင်ချင်တယ်။ အဲ သည်အတွက် ဒီဇိုင်နာတွေ ဘက်ကိုလည်း ကြည့်ပြီး တစ်နှစ်ကို တစ်ယောက် ပြောင်းဝတ်ပေးဖို့ မပန် ဆုံးဖြတ်ထားတာပါ။ အဲသည်ထဲက အရင်ဆုံးပြောတဲ့သူကို  ဦး စားပေးပြီး ဝတ်ဖြစ်တာပေါ့။ ပြီးရင် ကိုယ့်ရဲ့ စိတ်ကြိုက်လည်းဖြစ်မယ့် ဒီဇိုင်နာမျိုးကို ရွေးပြီးလက်ခံဖြစ်တာပေါ့။ လက်ဝတ်ရတနာဆို လည်း အရင်နှစ်တွေက စိန်နန်း တော်ကို အမြဲဝတ်နေကျ။ ဒါပေမဲ့ သည်နှစ်မှာ ကိုမျိုးမင်းစိုးက ရွေးပေးထားတော့ အောင်သမာဓိကိုပဲ ရွေးချယ်ဖြစ်တာပါ။ သည်နှစ်အတွက် ဝတ်စုံအရောင်ကတော့ မီးခိုးနဲ့ အနီကို ကိုမျိုးမင်းစိုးက ရွေးချယ်ပေးထားပါတယ်။

စိုးနန္ဒာကျော်
အကယ်ဒမီအတွက်က Aroma Zulu Studio က ဆင်မြန်းပေးပါတယ်။ ပိုးထည်က နန်းခေတ်။ လက်ဝတ်ရတနာကတော့ ထာဝရဝိန့်စိန် ကပါ။ အင်္ကျီတွေကို လည်း ရွှေနဲ့ပဲ ဆင်မြန်းပေးထားပါ တယ်။ စပွန်ဆာပေးတဲ့ လက်ဝတ် ရတနာတွေကို ဝတ်ဆင်ထားရင် တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖြစ် တာပေါ့နော်။ အဲဒါတွေက ကိုယ်ကိုယ်တိုင်ပဲ တာဝန်ယူစောင့်ရှောက်ရမှာလေ။ ကိုယ့်ကိုယ်ကိုပဲ သတိထားနေရတာလေ အစစအရာရာ။ ပျောက်ရှမှာကိုတော့ စိုး ရိမ်တာဖြစ်မိတယ်။ ဒါပေမဲ့ ဒါကြီး ကိုပဲ အာရုံစိုက်နေလို့ မဖြစ်ဘူးပေါ့လေ။ ကိုယ့်ကိုယ်ကိုလည်း သတိထား။ ကိုယ့်အလုပ်လည်း ကိုယ်လုပ်ပေါ့။ သည်နှစ်အတွက် အရောင်ကတော့ အဝါနုရောင်လေးပေါ်မှာ ရွှေ အစစ်တွေနဲ့ ဆင် မြန်းပေး ထားပါတယ်။ ကိုအောင် မြတ်သူ Aroma က ချုပ် လုပ်ပေးတာပါ။

နဒီဝင့်နိုင်
သည်နှစ်အကယ်ဒမီအတွက်ကတော့ Aroma Zulu Studio ကပါ။ မိတ်ကပ်ရော၊ အ ဝတ်အ စားရောပေါ့။ အ ဝတ်အစားထဲမှာ ရွှေအစစ်တွေပါမယ်လို့ ပြောပါ တယ်။ အဲသည်လို လက်ဝတ်ရတနာ အစစ်တွေ ဝတ်ရတဲ့အခါမှာ စိုးရိမ်မှုတော့ ဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းဆို ဘယ်လိုဝတ်ဝတ် ဝတ်လို့ရတာပေါ့နော်။ သူတို့ စပွန်ဆာပေး ထားတဲ့အခါ ကျတော့ ဘယ်လိုပြောရမလဲ အဲသည်ပစ္စည်းတွေကို သေချာထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ပဲရှိနေတာလေ။ အမြဲတမ်းတော့ ကိုယ်ကိုယ်ကို ပြန်ကြည့် နေမှာပေါ့နော်။ ဘယ်နားက ဘယ်ဟာပြုတ်သွားလဲပေါ့။  တစ်ခုခု ပြုတ်နေတယ်ဆို ဒုက္ခရောက်မှာလေ။ လျော်ရမှာလေ နော်။ အကယ်ဒမီရတဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေသွားနှုတ်ဆက်တဲ့ အခါမှာလည်း သတိတော့ထားရမှာပေါ့။ သည်နှစ်မှာ ကြိုတင်ကြေညာထားတာဆိုတော့ စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက သည်နှစ်မှာ ရွှေနဲ့ဝတ်မှာ များတာ ကိုး။ အဲသည်လိုခေတ်စားလာနေ လို့လားမသိဘူး စိုးရိမ်တယ်ဆို တာက ကိုအောင်မြတ်သူတို့ပြောတဲ့အထဲမှာ သမီးတို့နာမည်တွေလည်းပါတော့ ပရိသတ်တွေ ဘယ်သူကိုမှ မစော်ကားပေမဲ့ ကိုယ့်ဟာကိုယ်တော့ သတိထားရ မှာပေါ့နော်။ ညီမတို့ကို စပွန်ဆာ က နှစ်တိုင်းလာကမ်းလှမ်းတယ်။ အများကြီပဲ။  ကိုအောင်မြတ်သူတို့၊ ကိုစိန်လင်းတို့ကျ ညီအစ်ကိုမောင်နှမတွေလိုဖြစ်နေတော့ သူတို့ဆီ မှာ အကုန်လုံးပဲဆိုတော့ တစ်ခု သက်သာတာက ဓာတ်ပုံတွေကို တစ်နေရာပြီးတစ်နေရာ သွား မရိုက်ရတော့ဘူးပေါ့နော်။ အရင်နှစ်တွေက ဖြစ်ဖူးတယ်။ တစ်နေ ရာပြီးတစ်နေရာသွားရိုက်နေရ တော့ အကယ်ဒမီပွဲလည်းပြီးရော လူကဖလက်ပြနေပြီ။ အဲသည် အတွက် သူတို့တွေကိုလည်း အားနာ တယ်။ စပွန်ဆာလာတောင်းတဲ့အတွက်။  ကိုစိန်လင်းတို့နဲ့ကျ တော့လည်း နှစ်တိုင်းလိုလိုဖြစ်နေတော့ သူတို့နဲ့ မျက်နှာမနာချင်ဘူး ပေါ့နော်။ အကယ်ဒမီအရောင်က တော့ အနက်နဲ့ ရွှေကို ခရမ်းရောင်နည်းနည်းဖောက်တဲ့အ ရောင်လေးကို ဝတ်ဆင်မှာပါ။

Author ခတ္တာဖြူ
Credit: Kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...