လူမ်ိဳးေရးေဟာေျပာခဲ့မႈမ်ားေၾကာင့္ ဦးကိုနီအသတ္ခံရျခင္းျဖစ္ႏိုင္ဟုဆို

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၅

ဦးကိုနီအသတ္ ခံရမႈတြင္ လူငယ္သဘာဝပုဂိၢဳလ္ေရးမုန္းတီး မႈမ်ားေၾကာင့္ လုပ္ႀကံျခင္းျဖစ္ႏိုင္ေၾကာင္းထြက္ဆိုခ်က္မ်ားအရေျပာႏိုင္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကေျပာ ၾကားလိုက္သည္။
ေဖေဖာ္ဝါရီ ၂၅ ရက္က ရန္ကုန္ၿမိဳ႕ရွိ မူးယစ္ေဆးဝါးျပတိုက္တြင္ ဦးကိုနီအမႈႏွင့္ ပတ္သက္၍ စံုစမ္းစစ္ေဆးေဖာ္ထုတ္မႈ အေျခအေနမ်ား
ကိုရွင္းလင္းသည့္ သတင္း စာရွင္းလင္းပြဲတြင္ ျပည္ထဲေရးဝန္ႀကီး
ဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက မီဒီယာ၏ေမးျမန္းခ်က္ကို ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
""အခုသူတို႔က စီးပြားအတူတူလုပ္တဲ့ သူေတြျဖစ္တယ္။ လင္းေဇာ္ထြန္း (ျပည္ခိုင္ ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္)နဲ႔ ေအာင္ဝင္း ခိုင္ကလည္း တပ္ရင္းမွာအတူတူေနခဲ့တယ္။ တပ္ကလည္းထြက္သြားၿပီဆိုတဲ့အခါမွာ အားတဲ့အခ်ိန္မွာ အတူသြားစုၾကတယ္။
ေတြ႕တဲ့အခ်ိန္ မွာ ထမင္းစားၾကတယ္။ ေသာက္ ၾကတယ္။ လူငယ္ဘာဝ လင္းေဇာ္ ထြန္းကလည္း လႊတ္ေတာ္ထဲမွာ ဦးကိုနီရဲ႕ဆရာလုပ္ေန
တဲ့အေျခအ ေန၊ ဗီဒီယိုထဲမွာ ၾကားေကာင္း ၾကားပါလိမ့္မယ္။ ျမန္မာႏိုင္ငံမွာ မူဆလင္ဟာ ၁၀ ရာခိုင္ႏႈန္းရွိ တယ္။ လႊတ္ေတာ္ထဲမွာ ၆၆ ေယာက္ မူဆလင္ေရာက္ရမယ္ဆိုတဲ့ အသံုး အႏႈန္းမ်ိဳးသံုးခဲ့တယ္။
ဒါမ်ိဳးေတြေျပာ တဲ့အခါမွာ တခ်ိဳ႕လည္း ခံႏိုင္ရင္ခံ ႏိုင္လိမ့္မယ္။ တခ်ိဳ႕လည္း ခံႏိုင္ခ်င္ မွခံႏိုင္မယ္။ ဒီေပၚမွာမူတည္ၿပီးေတာ့ မွ ပုဂိၢဳလ္ေရးမုန္းတီး
မႈကျဖစ္ခဲ့တယ္ လို႔ေျပာရမယ္။ ျပည္ခိုင္ၿဖိဳးပါတီေတြ ဘာေတြ ဘာမွေျပာစရာအေၾကာင္း မရွိဘူး။ သို႔ေသာ္လည္း လင္းေဇာ္ ထြန္း လႊတ္ေတာ္ကိုယ္စားလွယ္တစ္ ဦးျဖစ္တဲ့အတြက္ ဒီေလာက္မိုက္မဲတဲ့ သူမဟုတ္ဘူးဆိုတာ ငါ့ညီတို႔ယံုၾကည္ ထားပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ဟာ လူ တစ္ေယာက္သတ္ဖို႔ေတာ့မေျပာဘူး။ သို႔ေသာ္လည္းပဲ ငါ့ညီတို႔ေမးတဲ့ေမး ခြန္းေတြေတာ့ေျပာႏိုင္မယ္။ လႊတ္ ေတာ္ထဲမွာလည္း ေျပာမွာပဲ။ မေက် နပ္ခ်က္လည္းေျပာမွာပဲ။ ငါ့ကိုမေက် နပ္ခ်က္လည္းေျပာမွာပဲ။
တပ္ခ်ဳပ္ကို မေက်နပ္ခ်က္လည္းေျပာမွာပဲ။ ေဒၚ ေအာင္ဆန္းစုၾကည္ကို မေက်နပ္ခ်က္ လည္းေျပာမွာပဲ။ လူငယ္သေဘာသဘာဝစုစည္းၿပီးေျပာ
တယ္ဆိုတာ ကို ငါ့ညီလက္ခံသလား။ မင္းတို႔ေရာ လက္ဖက္ရည္
ဆိုင္ေရာက္ရင္ ငါ့ညီ ႀကိဳက္တဲ့သူက်ရင္ အေကာင္းေျပာ မယ္။ ငါ့ညီမေက်နပ္တဲ့သူက်ရင္ မေကာင္းေျပာမယ္။ ဒီသေဘာသဘာ ဝရွိတယ္။ လူငယ္သေဘာသဘာဝ ဒီလိုေျပာတဲ့ေပၚမူတည္ၿပီးေတာ့မွ ဟိုႏွစ္ေယာက္က မုန္းတီးမႈကိုပိုမ်ား ၿပီးေတာ့ လုပ္ႀကံသြားတယ္ဆိုတာကို ထြက္ဆိုခ်က္ေတြအရ ေျပာလို႔ရတယ္"" ဟု ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ ခ်ဳပ္ႀကီးေက်ာ္ေဆြက ေျပာသည္။
လက္ရွိတြင္ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္မွ ဥပေဒအႀကံေပး ဦးကိုနီကို ရန္ကုန္အျပည္ျပည္ဆိုင္ ရာေလဆိပ္တြင္ ဇန္နဝါရီ ၂၉ ရက္ က လုပ္ႀကံခဲ့မႈႏွင့္ပတ္သက္ၿပီး လုပ္ႀကံ ခဲ့သူၾကည္လင္း၊ ပါဝင္ပတ္သက္သူ ဗိုလ္ႀကီးေဟာင္းေအာင္ဝင္းေဇာ္ႏွင့္ ဗိုလ္ႀကီးေဟာင္း ေဇယ်ာၿဖိဳးတို႔အား ဖမ္းဆီးရမိထားၿပီး ေနာက္ကြယ္မွေစ ခိုင္းသူဒုတိယဗိုလ္
မွဴးႀကီးေဟာင္းေအာင္ဝင္းခိုင္မွာထြက္ေျပးလြတ္ ေျမာက္ေနေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရဲခ်ဳပ္ ေဇာ္ဝင္းကရွင္းလင္းခဲ့ရာတြင္ ေအာင္ ဝင္းေဇာ္၏ညီျဖစ္သူ ေအာင္ဝင္းခိုင္ သည္ ေဇယ်ာၿဖိဳးႏွင့္ပူးေပါင္း
ကာ ေရာင္ဝါၿဖိဳးကုမၸဏီကို တည္ေထာင္ ထားေၾကာင္း၊ ၂၀၁၆ ခုႏွစ္ ဧၿပီလ ဆန္းတြင္ ေအာင္ဝင္းခိုင္၊ ေဇယ်ာၿဖိဳး ႏွင့္ ဦးလင္းေဇာ္ထြန္းတို႔သည္ တာေမြ ရွိ ေမာ္ဒန္လက္ဖက္ရည္ဆိုင္တြင္ ေတြ႕ဆံုစဥ္ လူမႈကြန္ရက္မ်ားတြင္
ေတြ႕ေနရသည့္ ဦးကိုနီ၏ ေျပာဆို လုပ္ကိုင္မႈမ်ားအေပၚ ေဆြးေႏြးခဲ့ၾက ၿပီး ပုဂိၢဳလ္ေရးအရ မေက်နပ္မႈမ်ား ကို ေဆြးေႏြးခဲ့ၾကေၾကာင္း၊ ယင္း ေနာက္
ေဇယ်ာၿဖိဳးႏွင့္ေအာင္ဝင္းခိုင္ တို႔သည္ ေမာ္ဒန္လက္ဖက္ရည္ဆိုင္ မွအျပန္ ကားေပၚတြင္ ေအာင္ဝင္း ခိုင္က ဦးကိုနီကို ရွင္းပစ္မွေကာင္း မည္ျဖစ္ေၾကာင္း၊ ေအာင္ဝင္းေဇာ္ ေထာင္က်စဥ္က တပည့္မ်ားကိုခိုင္း လွ်င္ အဆင္ေျပႏိုင္ေၾကာင္း၊ ေအာင္ ဝင္းေဇာ္ႏွင့္တိုင္ပင္မည္ဟု ေျပာခဲ့ ေၾကာင္း
ေနာက္တစ္ပတ္ လက္ဖက္ရည္ဆိုင္တြင္ေတြ႕ဆံုစဥ္ ေအာင္ဝင္း ေဇာ္က
ေဆာင္ရြက္လိုသည့္ဆႏၵရွိ ေၾကာင္း၊ ေငြေၾကးေထာက္ပံ့ရန္ေျပာ ဆိုခဲ့ေၾကာင္း၊
၂၀၁၆ခုႏွစ္ ဧၿပီတြင္ ေအာင္ဝင္းခိုင္က ေအာင္ဝင္းေဇာ္ အား ေငြက်ပ္သိန္း ၄၀ဝ ထုတ္ေပးခဲ့ ေၾကာင္း၊ ၂၀၁၆ ခုႏွစ္ ဩဂုတ္ဒုတိ ယပတ္တြင္
ေဇယ်ာၿဖိဳးက ေအာင္ဝင္း ေဇာ္အား ေငြက်ပ္ သိန္း ၁၀ဝ၀ ေပး အပ္ခဲ့ေၾကာင္း၊ ၂၀၁၆ ေမလတြင္ ေအာင္ဝင္းေဇာ္သည္ ဘီးလင္းၿမိဳ႕ နယ္ ေတာင္စြန္းရဲစခန္းတြင္ရင္းႏွီး ခဲ့သူ နဂါးေလး(ခ)ေအာင္ၾကည္လင္း (ခ)ေအာင္ၾကည္စိုး(ခ) ေအာင္ႏိုင္ ျမင့္ထံ ဆက္သြယ္ေတြ႕ဆံုခဲ့ေၾကာင္း၊ နဂါးေလးကသတ္ေပးရန္ သေဘာ တူခဲ့ေၾကာင္း၊ ေငြက်ပ္သိန္း ၂၀ဝ ႏွင့္ က်ပ္ ၆၄ သိန္းတန္ Nissan X-Trail မိုးျပာေရာင္(လိုင္စင္မဲ့)ကားအား ေပးအပ္ေစ
ခိုင္းခဲ့ေသာ္လည္း နဂါး ေလးက ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း၊
၂၀၁၆ ဇြန္လတြင္ ေအာင္ဝင္းေဇာ္ သည္ အင္းစိန္ရွိ ေအာင္စိုးထံဆက္ သြယ္ခဲ့ေၾကာင္း၊ ေအာင္စိုးကျငင္း
ဆန္ခဲ့ေၾကာင္း၊ ေလးရက္အၾကာတြင္ ေအာင္စိုးက ျပန္လည္ဆက္သြယ္ ေသာ္လည္း သံတမန္ျပန္သြားၿပီဟု ေျပာကာ အဆက္အသြယ္ျပတ္ခဲ့ ေၾကာင္း၊ ၂၀၁၆ ဩဂုတ္တြင္ ၾကည္ လင္းႏွင့္ဆက္သြယ္ကာ ေငြက်ပ္ သိန္း ၂၀ဝ တန္ကားတစ္စီးေပးရန္ သေဘာ တူကာ လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း ရဲခ်ဳပ္ေဇာ္ဝင္းက ရွင္းလင္းခဲ့သည္။
ရဲခ်ဳပ္ေဇာ္ဝင္းက ""ဒီအမႈမွာ အဓိကေနရာကပါဝင္တဲ့ ေအာင္ဝင္း ခိုင္က ဖမ္းလို႔မရေသးေတာ့ေျပာလို႔ မရဘူး။ ေတြ႕ရွိခ်က္အရ ေဖာ္ထုတ္ ႏိုင္တာက သူတို႔ရဲ႕ ျပဳမူေဆာင္ရြက္ ခ်က္၊ အသြားအလာ၊ အေနအထိုင္ အေျပာအဆိုေတြေပၚမူတည္ၿပီး ေတာ့ လူငယ္ပီပီ ပုဂိၢဳလ္ေရးအရ မေက်နပ္ခ်က္ကေလးေတြ ျဖစ္ေန တယ္ဆိုတဲ့ အက္ဗီးဒင့္အစေလးကို ရလို႔ ေတြ႕တဲ့အက္ဗီးဒင့္အစေလးကို ထုတ္ႏုတ္တင္ျပျခင္းျဖစ္ပါတယ္။ တကယ့္က်ယ္က်ယ္ျပန္႔ျပန္႔ကေတာ့ ေအာင္ဝင္းခိုင္ရလာတဲ့အခါ ဒီထက္ ႐ုပ္လံုးေပၚ ေပၚေျပာျပႏိုင္မွာျဖစ္ပါ တယ္""ဟု ေျပာသည္။
လက္ရွိတြင္ ေအာင္ဝင္းခိုင္အား ဖမ္းဆီးရမိေရးအတြက္ ႏိုင္ငံတကာ ရဲတပ္ဖြဲ႕သို႔ တရားခံ၏ဓာတ္ပံုေပး ပို႔ကာ ဖမ္းဆီးရမိေရး ပူးေပါင္းေဆာင္ ရြက္ေနေၾကာင္း ရဲခ်ဳပ္ေဇာ္ဝင္းက ေျပာသည္။
ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြက ""စဥ္းစား တဲ့အေနရာမွာ အမ်ိဳးမ်ိဳးစဥ္းစားရ ပါတယ္။ ဘာ့ေၾကာင့္ တပ္မေတာ္ ကထြက္တဲ့အရာရွိေတြကို ခိုင္းသြား တာလဲ။ တပ္မေတာ္နဲ႔အစိုးရၾကား မွာ ကြဲေစခ်င္တဲ့ဆႏၵလား၊ ေနာက္ ကြယ္မွာရွိတဲ့သူရွိေသာ္လည္း အစ္ကို ေျပာတာ။
ထိုနည္းမဟုတ္ ေရြးေကာက္ ပြဲမတိုင္မီမွာ ဦးကိုနီ ဘာေတြေျပာခဲ့ လဲ။ အဲဒီေျပာတဲ့အတိုင္းကို ေရြး ေကာက္ပြဲၿပီးတဲ့ အခ်ိန္မွာNLD ဟာ အာဏာရသြားတယ္။ အဲဒီအ ခ်ိန္မွာ ဦးကိုနီဟာ သူလုပ္ရမယ့္အ ပိုင္းမွာ လုပ္ႏိုင္သလား။ မလုပ္ႏိုင္ တဲ့အတြက္ သူ႔ရဲ႕ေနာက္ကြယ္ကအ သိုင္းအဝိုင္းေတြက လုပ္ႀကံသလား ကို တို႔စဥ္းစားရပါတယ္။ ဒီလိုမ်ိဳး ငါ့ ညီတို႔ခ်ိန္ဆရပါတယ္။ သို႔ေသာ္လည္း ပဲ တကယ္တမ္းစိစစ္တဲ့အခါမွာ ဒီ ဟာက အမ်ိဳးခ်စ္တဲ့စိတ္အစြန္းေရာက္ သြားတာေပါ့။ အစြန္းေရာက္တဲ့မ်ိဳး ခ်စ္စိတ္ကိန္းေအာင္းသြားတဲ့အခါ မွာ လုပ္ႀကံလိုက္တယ္လို႔ ေဖာ္ထုတ္ လို႔ရပါတယ္""ဟု ေျပာသည္။
MO, WYHW
#Democracytoday

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဦးကိုနီအသတ် ခံရမှုတွင် လူငယ်သဘာဝပုဂ္ဂိုလ်ရေးမုန်းတီး မှုများကြောင့် လုပ်ကြံခြင်းဖြစ်နိုင်ကြောင်းထွက်ဆိုချက်များအရပြောနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြော ကြားလိုက်သည်။
ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပြတိုက်တွင် ဦးကိုနီအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဖော်ထုတ်မှု အခြေအနေများ
ကိုရှင်းလင်းသည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မီဒီယာ၏မေးမြန်းချက်ကို ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
""အခုသူတို့က စီးပွားအတူတူလုပ်တဲ့ သူတွေဖြစ်တယ်။ လင်းဇော်ထွန်း (ပြည်ခိုင် ဖြိုးလွှတ်တော်ကိုယ်စားလှယ်)နဲ့ အောင်ဝင်း ခိုင်ကလည်း တပ်ရင်းမှာအတူတူနေခဲ့တယ်။ တပ်ကလည်းထွက်သွားပြီဆိုတဲ့အခါမှာ အားတဲ့အချိန်မှာ အတူသွားစုကြတယ်။
တွေ့တဲ့အချိန် မှာ ထမင်းစားကြတယ်။ သောက် ကြတယ်။ လူငယ်ဘာဝ လင်းဇော် ထွန်းကလည်း လွှတ်တော်ထဲမှာ ဦးကိုနီရဲ့ဆရာလုပ်နေ
တဲ့အခြေအ နေ၊ ဗီဒီယိုထဲမှာ ကြားကောင်း ကြားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မူဆလင်ဟာ ၁၀ ရာခိုင်နှုန်းရှိ တယ်။ လွှတ်တော်ထဲမှာ ၆၆ ယောက် မူဆလင်ရောက်ရမယ်ဆိုတဲ့ အသုံး အနှုန်းမျိုးသုံးခဲ့တယ်။
ဒါမျိုးတွေပြော တဲ့အခါမှာ တချို့လည်း ခံနိုင်ရင်ခံ နိုင်လိမ့်မယ်။ တချို့လည်း ခံနိုင်ချင် မှခံနိုင်မယ်။ ဒီပေါ်မှာမူတည်ပြီးတော့ မှ ပုဂ္ဂိုလ်ရေးမုန်းတီး
မှုကဖြစ်ခဲ့တယ် လို့ပြောရမယ်။ ပြည်ခိုင်ဖြိုးပါတီတွေ ဘာတွေ ဘာမှပြောစရာအကြောင်း မရှိဘူး။ သို့သော်လည်း လင်းဇော် ထွန်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးဖြစ်တဲ့အတွက် ဒီလောက်မိုက်မဲတဲ့ သူမဟုတ်ဘူးဆိုတာ ငါ့ညီတို့ယုံကြည် ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဟာ လူ တစ်ယောက်သတ်ဖို့တော့မပြောဘူး။ သို့သော်လည်းပဲ ငါ့ညီတို့မေးတဲ့မေး ခွန်းတွေတော့ပြောနိုင်မယ်။ လွှတ် တော်ထဲမှာလည်း ပြောမှာပဲ။ မကျေ နပ်ချက်လည်းပြောမှာပဲ။ ငါ့ကိုမကျေ နပ်ချက်လည်းပြောမှာပဲ။
တပ်ချုပ်ကို မကျေနပ်ချက်လည်းပြောမှာပဲ။ ဒေါ် အောင်ဆန်းစုကြည်ကို မကျေနပ်ချက် လည်းပြောမှာပဲ။ လူငယ်သဘောသဘာဝစုစည်းပြီးပြော
တယ်ဆိုတာ ကို ငါ့ညီလက်ခံသလား။ မင်းတို့ရော လက်ဖက်ရည်
ဆိုင်ရောက်ရင် ငါ့ညီ ကြိုက်တဲ့သူကျရင် အကောင်းပြော မယ်။ ငါ့ညီမကျေနပ်တဲ့သူကျရင် မကောင်းပြောမယ်။ ဒီသဘောသဘာ ဝရှိတယ်။ လူငယ်သဘောသဘာဝ ဒီလိုပြောတဲ့ပေါ်မူတည်ပြီးတော့မှ ဟိုနှစ်ယောက်က မုန်းတီးမှုကိုပိုများ ပြီးတော့ လုပ်ကြံသွားတယ်ဆိုတာကို ထွက်ဆိုချက်တွေအရ ပြောလို့ရတယ်"" ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက ပြောသည်။
လက်ရှိတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် ဇန်နဝါရီ ၂၉ ရက် က လုပ်ကြံခဲ့မှုနှင့်ပတ်သက်ပြီး လုပ်ကြံ ခဲ့သူကြည်လင်း၊ ပါဝင်ပတ်သက်သူ ဗိုလ်ကြီးဟောင်းအောင်ဝင်းဇော်နှင့် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးတို့အား ဖမ်းဆီးရမိထားပြီး နောက်ကွယ်မှစေ ခိုင်းသူဒုတိယဗိုလ်
မှူးကြီးဟောင်းအောင်ဝင်းခိုင်မှာထွက်ပြေးလွတ် မြောက်နေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲချုပ် ဇော်ဝင်းကရှင်းလင်းခဲ့ရာတွင် အောင် ဝင်းဇော်၏ညီဖြစ်သူ အောင်ဝင်းခိုင် သည် ဇေယျာဖြိုးနှင့်ပူးပေါင်း
ကာ ရောင်ဝါဖြိုးကုမ္ပဏီကို တည်ထောင် ထားကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလ ဆန်းတွင် အောင်ဝင်းခိုင်၊ ဇေယျာဖြိုး နှင့် ဦးလင်းဇော်ထွန်းတို့သည် တာမွေ ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံစဉ် လူမှုကွန်ရက်များတွင်
တွေ့နေရသည့် ဦးကိုနီ၏ ပြောဆို လုပ်ကိုင်မှုများအပေါ် ဆွေးနွေးခဲ့ကြ ပြီး ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ကို ဆွေးနွေးခဲ့ကြကြောင်း၊ ယင်း နောက်
ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင် တို့သည် မော်ဒန်လက်ဖက်ရည်ဆိုင် မှအပြန် ကားပေါ်တွင် အောင်ဝင်း ခိုင်က ဦးကိုနီကို ရှင်းပစ်မှကောင်း မည်ဖြစ်ကြောင်း၊ အောင်ဝင်းဇော် ထောင်ကျစဉ်က တပည့်များကိုခိုင်း လျှင် အဆင်ပြေနိုင်ကြောင်း၊ အောင် ဝင်းဇော်နှင့်တိုင်ပင်မည်ဟု ပြောခဲ့ ကြောင်း
နောက်တစ်ပတ် လက်ဖက်ရည်ဆိုင်တွင်တွေ့ဆုံစဉ် အောင်ဝင်း ဇော်က
ဆောင်ရွက်လိုသည့်ဆန္ဒရှိ ကြောင်း၊ ငွေကြေးထောက်ပံ့ရန်ပြော ဆိုခဲ့ကြောင်း၊
၂၀၁၆ခုနှစ် ဧပြီတွင် အောင်ဝင်းခိုင်က အောင်ဝင်းဇော် အား ငွေကျပ်သိန်း ၄ဝဝ ထုတ်ပေးခဲ့ ကြောင်း၊ ၂၀၁၆ ခုနှစ် ဩဂုတ်ဒုတိ ယပတ်တွင်
ဇေယျာဖြိုးက အောင်ဝင်း ဇော်အား ငွေကျပ် သိန်း ၁ဝဝဝ ပေး အပ်ခဲ့ကြောင်း၊ ၂၀၁၆ မေလတွင် အောင်ဝင်းဇော်သည် ဘီးလင်းမြို့ နယ် တောင်စွန်းရဲစခန်းတွင်ရင်းနှီး ခဲ့သူ နဂါးလေး(ခ)အောင်ကြည်လင်း (ခ)အောင်ကြည်စိုး(ခ) အောင်နိုင် မြင့်ထံ ဆက်သွယ်တွေ့ဆုံခဲ့ကြောင်း၊ နဂါးလေးကသတ်ပေးရန် သဘော တူခဲ့ကြောင်း၊ ငွေကျပ်သိန်း ၂ဝဝ နှင့် ကျပ် ၆၄ သိန်းတန် Nissan X-Trail မိုးပြာရောင်(လိုင်စင်မဲ့)ကားအား ပေးအပ်စေ
ခိုင်းခဲ့သော်လည်း နဂါး လေးက ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊
၂၀၁၆ ဇွန်လတွင် အောင်ဝင်းဇော် သည် အင်းစိန်ရှိ အောင်စိုးထံဆက် သွယ်ခဲ့ကြောင်း၊ အောင်စိုးကငြင်း
ဆန်ခဲ့ကြောင်း၊ လေးရက်အကြာတွင် အောင်စိုးက ပြန်လည်ဆက်သွယ် သော်လည်း သံတမန်ပြန်သွားပြီဟု ပြောကာ အဆက်အသွယ်ပြတ်ခဲ့ ကြောင်း၊ ၂၀၁၆ ဩဂုတ်တွင် ကြည် လင်းနှင့်ဆက်သွယ်ကာ ငွေကျပ် သိန်း ၂ဝဝ တန်ကားတစ်စီးပေးရန် သဘော တူကာ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက ရှင်းလင်းခဲ့သည်။
ရဲချုပ်ဇော်ဝင်းက ""ဒီအမှုမှာ အဓိကနေရာကပါဝင်တဲ့ အောင်ဝင်း ခိုင်က ဖမ်းလို့မရသေးတော့ပြောလို့ မရဘူး။ တွေ့ရှိချက်အရ ဖော်ထုတ် နိုင်တာက သူတို့ရဲ့ ပြုမူဆောင်ရွက် ချက်၊ အသွားအလာ၊ အနေအထိုင် အပြောအဆိုတွေပေါ်မူတည်ပြီး တော့ လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကလေးတွေ ဖြစ်နေ တယ်ဆိုတဲ့ အက်ဗီးဒင့်အစလေးကို ရလို့ တွေ့တဲ့အက်ဗီးဒင့်အစလေးကို ထုတ်နုတ်တင်ပြခြင်းဖြစ်ပါတယ်။ တကယ့်ကျယ်ကျယ်ပြန့်ပြန့်ကတော့ အောင်ဝင်းခိုင်ရလာတဲ့အခါ ဒီထက် ရုပ်လုံးပေါ် ပေါ်ပြောပြနိုင်မှာဖြစ်ပါ တယ်""ဟု ပြောသည်။
လက်ရှိတွင် အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့သို့ တရားခံ၏ဓာတ်ပုံပေး ပို့ကာ ဖမ်းဆီးရမိရေး ပူးပေါင်းဆောင် ရွက်နေကြောင်း ရဲချုပ်ဇော်ဝင်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ""စဉ်းစား တဲ့အနေရာမှာ အမျိုးမျိုးစဉ်းစားရ ပါတယ်။ ဘာ့ကြောင့် တပ်မတော် ကထွက်တဲ့အရာရှိတွေကို ခိုင်းသွား တာလဲ။ တပ်မတော်နဲ့အစိုးရကြား မှာ ကွဲစေချင်တဲ့ဆန္ဒလား၊ နောက် ကွယ်မှာရှိတဲ့သူရှိသော်လည်း အစ်ကို ပြောတာ။
ထိုနည်းမဟုတ် ရွေးကောက် ပွဲမတိုင်မီမှာ ဦးကိုနီ ဘာတွေပြောခဲ့ လဲ။ အဲဒီပြောတဲ့အတိုင်းကို ရွေး ကောက်ပွဲပြီးတဲ့ အချိန်မှာNLD ဟာ အာဏာရသွားတယ်။ အဲဒီအ ချိန်မှာ ဦးကိုနီဟာ သူလုပ်ရမယ့်အ ပိုင်းမှာ လုပ်နိုင်သလား။ မလုပ်နိုင် တဲ့အတွက် သူ့ရဲ့နောက်ကွယ်ကအ သိုင်းအဝိုင်းတွေက လုပ်ကြံသလား ကို တို့စဉ်းစားရပါတယ်။ ဒီလိုမျိုး ငါ့ ညီတို့ချိန်ဆရပါတယ်။ သို့သော်လည်း ပဲ တကယ်တမ်းစိစစ်တဲ့အခါမှာ ဒီ ဟာက အမျိုးချစ်တဲ့စိတ်အစွန်းရောက် သွားတာပေါ့။ အစွန်းရောက်တဲ့မျိုး ချစ်စိတ်ကိန်းအောင်းသွားတဲ့အခါ မှာ လုပ်ကြံလိုက်တယ်လို့ ဖော်ထုတ် လို့ရပါတယ်""ဟု ပြောသည်။
MO, WYHW
#Democracytoday

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...