လိႈင္သာယာက အမ်ိဳးသမီးသံုးေယာက္ရွိတဲ့ အိမ္မွာ ေဖ်ာ္ေျဖခဲ့ရတဲ့ အမ်ိဳးသားျပည့္တန္ဆာတစ္ေယာက္ ရင္ဖြင့္

လႈပ္လီလႈပ္လဲ့ျဖင့္ ေျမြတစ္ေကာင္က ခါးလယ္မွျဖတ္ကာ တစ္ဆင့္ခ်င္း တစ္ရစ္ခ်င္းတက္လာေနသလို ခံ စားရသည္။ ခႏၶာကိုယ္ေပၚ မွိန္ျပျပမီးေရာင္ ေအာက္တြင္ သုိင္းဖက္ထားေသာ လက္တစ္စုံ က ေျမြတစ္ေကာင္လို သူ႔ကုိရစ္ပတ္သုိင္းဖက္ ထားသည္။ သူမ်က္လံုးေလး ေမွးၿပီးၾကည့္ေတာ့ သူမ၏မ်က္လုံးမ်ားက ရမၼက္ခုိးမ်ားျဖင့္ ေတာက္ ပေနသည္။ သူ႔မ်က္ႏွာေပၚတြင္ သူမ၏ဆံပင္မ်ား က ေဝ့ဝဲဖုံးအုပ္ေနသည္။ မသိမသာမႈတ္ထုတ္ မိေသာ သူ၏သက္ျပင္းခုိးတြင္ သူမဆံသားတခ်ဳိ႕ လႈပ္ခါသြားသည္။ အေႏြးဓာတ္မပါေသာ သူ႔ အနမ္းတြင္ သူမ၏ႏႈတ္ခမ္းမ်ား ပြင့္ဟလႈပ္ရွား သြားသည္။ မၾကာမီမွာပင္ သူအႀကိမ္ႀကိမ္မွားခဲ့ ဖူးၿပီး မႏွစ္ၿမိဳ႕ေသာ ခရီးဆုံးကုိေရာက္ေခ်ဦးေတာ့ မည္။ သည္လိုႏွင့္ပင္ ခါးသီးေသာညထဲ၌ သူ႔ ဘဝသည္ စုံးစုံးျမဳပ္ခဲ့ရေလသည္။ ဆယ္တန္းစာေမးပဲြက်ကာ အိမ္ေပၚ မွ ဆင္းလာၿပီးေနာက္ နားခိုစရာအျဖစ္ သူငယ္ ခ်င္းတစ္ဦး၏ အေခြဆိုင္တြင္ေနရေသာ သူ႔ဘဝ ေနာက္ေၾကာင္းကုိ ကိုဇင္(အမည္လႊဲ)က ျပန္ေျပာ ျပခဲ့သည္။ ''ကြၽန္ေတာ္ အဲဒီတုန္းက ေနစရာမရိွ ေတာ့ သူငယ္ခ်င္းကိုေျပာၿပီးေနခဲ့ရတာ။ အေခြ ဆုိင္က တစ္ေနကုန္ဖြင့္ေတာ့ ညဘက္က်ေတာ့ ကြၽန္ေတာ္ညအိပ္ဖို႔အတြက္ အဆင္ေျပတယ္ေလ။

အေခြဆိုင္ဆိုေပမယ့္လဲ ေျမာင္းေပၚခြတင္ဖြင့္ ထားတာ။ ဆုိင္က လူတစ္ကိုယ္စာ အိပ္႐ံုေလး ေတာ့ရတာေပါ့ဗ်ာ'' ဟု ကိုဇင္ကေျပာျပခဲ့ျခင္းျဖစ္ သည္။ သူ႔အေနျဖင့္ နားခိုရာဗီဒီယုိဆိုင္ေလး သို႔ ညအိပ္ခ်ိန္ေလးပဲျပန္လာၿပီး ေန႔ပိုင္းအခ်ိန္ မ်ားတြင္ ေငြရေပါက္လမ္းတခ်ဳိ႕ကို ရွာေဖြလုပ္ ခဲ့ရသည္။ ''အိမ္ကဆင္းလာတာဆိုေတာ့ ေငြက ဘယ္ကရွာရမွန္းလဲမသိဘူး။ အိမ္ေပၚကဆင္း ခါစတုန္းက ႀကိဳ႕ကုန္းဘက္မွာ ပီနံအိတ္ေတြကို ဓားနဲ႔ခုတ္ျဖတ္ရတဲ့အလုပ္လဲ လုပ္ခဲ့ရတယ္။ အဲ အလုပ္က သံုးဖို႔စဲြဖုိ႔ေတာ့ ရတယ္ဆိုေပမယ့္လဲ ကြၽန္ေတာ္ ဆယ္တန္းျပန္ေျဖဖို႔ စုဖို႔ေဆာင္းဖို႔ အတြက္ မေလာက္ဘူးေလ''ဟုေျပာသည္။ တစ္ေနကုန္တစ္ေနခန္း ပီနံအိတ္မ်ား ကို ဓားႏွင့္ခုတ္ရျခင္းအေပၚ ၾကာေတာ့ က်န္းမာ ေရးထိခိုက္ႏုိင္သည့္အတြက္ ယင္းအလုပ္မွထြက္ လုိက္သည္။

 ယင္းေနာက္ပိုင္းတြင္ သူငယ္ခ်င္း ခ်ိတ္ေပးသည့္အလုပ္ကိုပဲ ေဇာက္ခ်လုပ္ျဖစ္ခဲ့ သည္။ လုိအပ္ေနသည့္ အမ်ဳိးသမီးမ်ား၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရသည့္အလုပ္ျဖစ္ သည္။ သူတို႔အေခၚ 'ေဂ်ဂလုိ'ျဖစ္သည္။ ''ကြၽန္ေတာ္တို႔ကေတာ့ ဒီလုိလုပ္စား တဲ့လူေတြကို ေဂ်ဂလိုလုိ႔ေခၚတာပဲ။ ေသခ်ာ ေတာ့မသိဘူး။ ကြၽန္ေတာ္သူငယ္ခ်င္းက အမ်ဳိး သမီးတခ်ဳိ႕နဲ႔ မိတ္ဆက္ေပးတယ္။ သူတို႔နဲ႔လုိက္ ေနေပးရတဲ့အလုပ္ေပါ့။ ပထမဆံုးႀကံဳတဲ့အမ်ဳိး သမီးက အိမ္ေထာင္သည္အမ်ဳိးသမီးဗ်။ ကေလး တစ္ေယာက္လဲရိွတယ္။ ကေလးက ႏွစ္ႏွစ္ေလာက္ ေတာ့ရိွမယ္။ သူ႔ေယာက်္ားက သေဘၤာသား၊ ႏုိင္ငံျခားသြားေနရေတာ့ သူ႔ေယာက်္ားမရိွတဲ့အခ်ိန္ မွာ ကြၽန္ေတာ္က သူ႔အလုိကိုျဖည့္ဆည္းေပးရတာ ေလ''ဟု ေဂ်ဂလိုဘဝ (သို႔မဟုတ္) Sex worker တစ္ဦးအျဖစ္ ပထမဦးဆံုးျဖတ္သန္းခဲ့ရသည့္အခ်ိန္ကို ျပန္ေျပာျပသည္။


''အဲအမ်ဳိးသမီးက ကေလးရိွေတာ့ အ ရင္ဆံုး သူ႔ကိုသိပ္ရတာေပါ့။ ႏွစ္ႏွစ္ဆိုေတာ့ ဘာ မွမသိေသးတဲ့ အရြယ္ဆိုေပမယ့္ ခုတင္တစ္ခု တည္းမွာ လင္မယားလိုေနရမွာဆိုေတာ့ ကေလး ကို အရင္သိပ္ရတယ္ေလ။ တစ္ခါတေလဆုိရင္ အဲ့ကေလးကို အိမ္ေရွ႕ဧည့္ခန္းမွာ ထားသိပ္ရတာ မ်ဳိးလဲ ရိွခဲ့တယ္''ဟု ေျပာသည္။ ထို႔အျပင္ သူ႔အေနႏွင့္ Sex worker အေနျဖင့္ ဘဝကိုရွင္သန္ရင္း ထူးထူးျခားျခားျဖတ္ သန္းခဲ့ရမႈမ်ားလည္း ရိွခဲ့သည္။ ထူးျခားေသာ္ လည္း ထြက္ေျပးခ်င္ေလာက္ေအာင္လည္း စိတ္ ေပါက္ခဲ့သည္ဟု ရင္ဖြင့္ခဲ့သည္။ ''လႈိင္သာယာက Beauty Salon ဖြင့္ ထားတဲ့ အမ်ဳိးသမီးသုံးဦးရဲ႕အိမ္မွာ သူတို႔ကိုေဖ်ာ္ ေျဖေပးရတာ။

သူတို႔က ေယာက်္ားခြန္အားတိုး ေဆးေတြ ၿပီးေတာ့ ဘလက္ေလဘယ္ေတြကအစ ဝယ္ေပးထားတာ။ အိမ္ထဲကေန မထြက္ရဘူး။ သူတို႔နဲ႔အလွည့္က်ေနေပးခဲ့ရတာေလ။ အဲဒီသုံး ဦးက အမ်ဳိးေတြဗ်။ တစ္ဦးက ဆိုင္ဖြင့္ေနရင္ အိမ္ ကိုျပန္လာ၊ တစ္ဦးက အိမ္ထဲမွာ ထမင္းဟင္း ခ်က္ေနရင္ တျခားတစ္ဦးနဲ႔အတူေနရတာ။ ၿပီး ေတာ့ အဲဒီသုံးဦးနဲ႔က ေန႔စဥ္ အဆက္မျပတ္သလို ဆိုေတာ့ ကြၽန္ေတာ္ မခံႏိုင္ေတာ့ဘူး။ နိမ့္နိမ့္ ေလးရိွတဲ့ ေလွကား ေလးထစ္ေလာက္ကိုေတာင္ ကြၽန္ေတာ္ ေလးဖက္ေထာက္တက္ေနရတာ။ အဲဒီ ေတာ့ သူတို႔လစ္တဲ့အခ်ိန္ ထြက္လာခဲ့တယ္'' ဟု ေျပာသည္။ ထုိအမ်ဳိးသမီးသုံးဦး ေနအိမ္တြင္ရိွ ေသာ ႀကိဳးဖုန္းျဖင့္ အမ်ဳိးသမီးမ်ားႏွင့္ခ်ိတ္ဆက္ ေပးသည့္ သူငယ္ခ်င္းဆီဖုန္းဆက္ကာ အျမန္လာ ေခၚရန္ ဆက္သြယ္ခဲ့ရေၾကာင္းေျပာျပသည္။ ယင္းကဲ့သို႔ အမ်ဳိးသမီးမ်ားႏွင့္သာမက ဘဲသူ႔အေနျဖင့္ အျခားေသာအမ်ဳိးသမီးမ်ားစြာ ႏွင့္လည္း ရင္ဆိုင္ခဲ့ရသည္။

အမ်ဳိးသမီးမ်ားက ေယာက္်ားက ႏုိင္ငံ ျခားသြားေနလုိ႔၊ ေယာက်္ားနဲ႔ကဲြေနလုိ႔၊ ေယာက္်ား မရိွေပမယ့္ ခဏအေပ်ာ္ထားခ်င္တာတုိ႔၊ စပြန္ ဆာေပးထားတဲ့ လူမရိွတဲ့အခ်ိန္ ထိုမိန္းကေလး ႏွင့္ေနေပးရသည္မွာ ွSex worker တို႔ အမ်ားဆံုး ႀကံဳရသည့္ဘဝျဖစ္သည္။ ''ကြၽန္ေတာ့္ဘဝမွာ ႀကံဳခဲ့ရတာက အ သက္အႀကီးဆံုးက ၄၁ႏွစ္ရိွၿပီ။ သူက အပ်ဳိႀကီး။ ေနာက္ထပ္မွတ္မွတ္ရရအေတြ႕အႀကံဳက အသက္ ခုနစ္ႏွစ္ေလာက္ရိွတဲ့ မိန္းကေလးတစ္ဦးေမြးထား တဲ့ မိန္းကေလးတစ္ဦးနဲ႔လဲ ကြၽန္ေတာ္ေနေပး ခဲ့ရေသးတယ္။

ကြၽန္ေတာ္တို႔ေနထုိင္တာကို သူ႔ သမီးျမင္သြားတယ္လုိ႔ ကြၽန္ေတာ္ သံသယရိွမိ တယ္''ဟု ျပန္ေျပာျပသည္။ စားပဲြတြင္တင္ထားသည့္ ဘီယာခြက္ ကို စိုက္ၾကည့္ရင္း ''ကြၽန္ေတာ္ ေသခ်ာတယ္။ ေနာက္ဘဝမွာ လူျဖစ္မွာမဟုတ္ဘူး။ ဘာေၾကာင့္ လဲဆုိေတာ့ ကြၽန္ေတာ္ လူမဆန္တဲ့လုပ္ရပ္ေတြ အမ်ားႀကီးက်ဴးလြန္ခဲ့မိတယ္။ အဲဒီလူမဆန္တဲ့ ကိစၥေတြက အရမ္းကိုဆိုးရြားတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ေသရင္ ေနာက္ဘဝ လူျပန္ျဖစ္မွာ မဟုတ္ဘူး။ ငရဲႀကီးရွစ္ထပ္မွာ ေအာက္ဆံုးထပ္ ကို က်မယ့္ေကာင္။ ကြၽန္ေတာ့္အေနနဲ႔ ဘဝမွာ က်ဴးလြန္ခဲ့တဲ့ ဒီအဆိုးရြားဆံုးကိစၥကို ဘယ္သူ႔ကို မွ မသိေစခ်င္ဘူး''ဟု ထပ္ေျပာသည္။ စကားဝိုင္းေလးက ေခတၱရပ္ဆိုင္း သြားသည္။ ထုိအခ်ိန္တြင္ စင္တင္စားေသာက္ ဆိုင္တစ္ခုမွ အမ်ဳိးသမီးငယ္ေလးမ်ား၏ ၾကည္ ႏူးဖြယ္ သီဆိုသံမ်ားက တိတ္ဆိတ္သြားသည့္ စားပဲြဝိုင္းထဲ တိုးဝင္လာသည္။

သီခ်င္းဆိုရင္း စားပဲြဝိုင္းတစ္ခုသို႔ ေရာက္လာသည့္ မိန္းကေလးတစ္ဦးကိုၾကည့္ရင္း ကိုဇင္က ''ကြၽန္ေတာ္ ဒီဘဝေရာက္သြားခဲ့ရတာ က တကယ့္ကို ဘယ္လိုမွ မတတ္သာလြန္းလို႔ မတတ္ႏုိင္လုိ႔ေရာက္ခဲ့ရတာ။ ေနစရာကလဲမရိွ ဘူး။ အိမ္ကလဲဆင္းလာတာ။ ၁ဝ တန္းကလဲ က်နဲ႔။ အဲဒီအေျခအေနမွာ မထူးတဲ့ဘဝကိုလုပ္ခဲ့ ရတာ။ စင္တင္မွာဆိုေနတဲ့ မိန္းကေလးေတြ၊ ၿပီး ေတာ့ တျခား Sex worker မိန္းကေလးေတြဆို ရင္လဲ သူတို႔ဘဝမွာ မတတ္သာလို႔ ဒီဘဝကိုေရာက္ သြားခဲ့ၾကရတာလို႔ထင္တယ္။ ဒါမ်ဳိး ဘယ္သူက လုပ္ခ်င္မွာလဲ''ဟု Sex worker ဘဝမ်ားသို႔ ေရာက္ေနခဲ့သည့္ ဘဝမ်ားအေပၚ စာနာစြာျဖင့္ ေျပာျပသည္။ Sex worker အေနျဖင့္ အခ်ိန္အတန္ ၾကာ က်င္လည္ခဲ့ၿပီး ေငြေၾကးအနည္းငယ္စုႏုိင္ ခဲ့သည့္အခ်ိန္တြင္ မိခင္က သတင္းစာမွတစ္ဆင့္ လူေပ်ာက္ေၾကာ္ျငာထည့္ကာ ရွာခဲ့သည္။

 ယင္း ေနာက္ မိခင္အိမ္ေပၚသို႔ သူတစ္ေက်ာ့ျပန္ေရာက္ ခဲ့ရသည္။ တစ္ေက်ာ့ျပန္ေရာက္ေတာ့ အေမေရာ အေဖေရာ က်န္းမာေရးက ခ်ဳိ႕တဲ့ေနသည္။ ''အေဖက ကိုယ္တစ္ျခမ္း ေလျဖတ္ သြားေတာ့ မထႏုိင္ဘူး။ အေမကလဲ မ်က္လံုးက သိပ္မေကာင္းေတာ့ ေဆးေတြဘာေတြ ကုသဖုိ႔ ေငြလုိေနတယ္။ အဲဒီလိုေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ရွာခဲ့ရတဲ့ေငြနဲ႔ ေဆးေတြဘာေတြကုခဲ့တယ္။ ဒီ အလုပ္လုပ္ရင္းရွာခဲ့တဲ့ေငြနဲ႔ ကြၽန္ေတာ္ ၁ဝတန္း ျပန္ေျဖႏုိင္ခဲ့တယ္။ ေအာင္လဲေအာင္ခဲ့တယ္''ဟု ဘဝကိုအရင္းျပဳကာ ရွာေဖြခဲ့သည့္ေငြျဖင့္ ျပန္ လည္အသံုးခ်ခဲ့သည္ကို ျပန္ေျပာသည္။ စားေသာက္ဆုိင္အတြင္း စားပဲြဝိုင္း မ်ား ျပည့္ႏွက္လာသည္ႏွင့္အမွ် သီခ်င္းသံေလး မ်ားက ျပည့္ႏွက္လာသည္။ စားပဲြဝိုင္းမ်ားျပား လာသည္ႏွင့္အတူ ညဥ့္ကနက္လာသည္။ ကား လမ္းေပၚမွာ ကားတခ်ဳိ႕သြားလာေနဆဲ။

ကိုဇင္ တစ္ေယာက္ လက္ျပႏႈတ္ဆက္ရင္း အေမွာင္ထု တြင္းတုိးဝင္သြားခဲ့သည္။ ဓာတ္တိုင္မီးေရာင္မွိန္ ျပျပရိွေနေသး ေသာ္လည္း ထိုသို႔ေသာ ကားလမ္းနံေဘးမီး ေရာင္ေအာက္မ်ား၊ Sex worker မ်ားႏွင့္ပတ္ သက္ၿပီး ရန္ကုန္ၿမိဳ႕ရိွ နာမည္ႀကီးေသာ သိမ္ႀကီး ေစ်းတံတားေပၚႏွင့္ အနီးတစ္ဝုိက္၊ ပန္းဆုိးတန္း ခုံးေက်ာ္တံတားေအာက္ဝန္းက်င္၊ သီရိမဂၤလာ ေစ်းေဟာင္း၊ မဂၤလာေစ်း၊ တံတားျဖဴမွတ္တိုင္ အနီးဝန္းက်င္ႏွင့္ ကမၻာေအးဘုရားလမ္းေပၚမွ လမ္းနီ၊ ရိပ္သာမွတ္တုိင္ စသည့္ေနရာအခ်ဳိ႕ မွာ Sex worker တုိ႔၏ ေစ်းကြက္ေနရာမ်ားပင္ ျဖစ္ ကာ ျပည့္တန္ဆာအခ်ဳိ႕က သူတို႔ကိုလာေခၚၾက မည့္သူမ်ားကို ညဥ့္နက္နက္အခ်ိန္မ်ားအထိ ေစာင့္ဆုိင္းေနၾကရဆဲျဖစ္သည္။

Credit: TheFlowerNews
=============
လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။ အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။ ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။ ''ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။

အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ'' ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။ သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။ ''အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ''ဟုပြောသည်။ တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။

 ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။ လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် 'ဂျေဂလို'ဖြစ်သည်။ ''ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောကျ်ားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောကျ်ားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ''ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။


''အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်''ဟု ပြောသည်။ ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။ ''လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။

သူတို့က ယောကျ်ားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်'' ဟု ပြောသည်။ ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။ ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောကျ်ားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာ ှSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။ ''ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။

ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်''ဟု ပြန်ပြောပြသည်။ စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ''ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။ အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး''ဟု ထပ်ပြောသည်။ စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။

သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ''ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ''ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။ Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။

 ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။ ''အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်''ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။ စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဉ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။

ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။ ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး စျေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ စျေးဟောင်း၊ မင်္ဂလာစျေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ စျေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဉ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။

Credit: TheFlowerNews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...