ကာခ်ဳပ္ကို ဧည့္ခံတဲ့ ဗီယမ္နမ္ႏုိင္ငံရဲ႕ညစာစားပြဲမွာ ဗုိလ္ေအာင္ဒင္သီခ်င္းနဲ႔ ေဖ်ာ္ေျဖ

ဗီယမ္နမ္အဆိုေတာ္က ဗိုလ္ေအာင္ဒင္သီခ်င္းရဲ႕ ျမန္မာစာသားအခ်ိဳ႕ကို ပီပီသသသီဆိုခဲ့တာ ျဖစ္ပါတယ္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ ဗီယက္နမ္ခရီးစဥ္မွာ ဗီယက္နမ္ကာကြယ္ေရး၀န္ႀကီးက ဂုဏ္ျပဳညစာစားပြဲနဲ႔တည့္ခင္းဧည့္ခံခဲ့ျပီး ဗီယက္နမ္အဆုိေတာ္တစ္ဦးက ျမန္မာႏုိင္ငံရဲ႕ ေက်ာ္ၾကားတဲ့ ေတးသီခ်င္း တစ္ပုဒ္ျဖစ္တဲ့ ‘ဗိုလ္ေအာင္ဒင္’သီခ်င္းနဲ႔ ေဖ်ာ္ေျဖခဲ့ပါတယ္။
ျမန္မာဘာသာနဲ႔ သီခ်င္း တစ္ပုဒ္လံုးကို သီဆုိခဲ့တာမဟုတ္ေပမဲ့ သီခ်င္းမွ ျမန္မာစာသားအခ်ိဳ႕ကို ပီပီသသသီဆိုခဲ့ၿပီး သီခ်င္းစာသား အခ်ိဳ႕ကိုေတာ့  ဗီယက္နမ္ဘာသာစကားနဲ႔ ေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။
မတ္လ ၆ ရက္ညက ဗီယက္နမ္ႏုိင္ငံ ဟႏိြဳင္းၿမိဳ႕မွာ  ျပဳလုပ္ခဲ့တဲ့ ဂုဏ္ျပဳညစာစားပြဲမွာ ဗီယက္နမ္တပ္မေတာ္ ေဖ်ာ္ေျဖေရးအဖဲြ႕ေတြက အဆုိ၊ အကေတြနဲ႔ ဧည့္ခံေဖ်ာ္ေျဖခဲ့ၾကေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ပါတယ္။
ေတးသံရွင္မေနာရဲ႕ ဗုိလ္ေအာင္ဒင္သီခ်င္းဟာ  ၿပီးခဲ့တဲ့၂၀၁၆ က ထင္ရွားေက်ာ္ၾကားခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။

ဗီယက္နမ္ ဆုိရွယ္လစ္သမၼတႏုိင္ငံဟႏိြဳင္းၿမိဳ႕ကို ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနတဲ့  ဗုိလ္ႀကီးမင္းေအာင္လိႈႈင္ ဦးေဆာင္တဲ့ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖဲြ႕ဟာ ခရီးစဥ္အတြင္း သူရဲေကာင္းဗိမာန္သို႔လည္း ေလ့လာခဲ့ၾကပါတယ္။
ထို႔ေနာက္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖဲြ႕ဟာ ဗီယက္နမ္အမ်ိဳးသားေခါင္းေဆာင္ႀကီး ဟိုခ်ီမင္း ဗိမာန္သုိ႔ သြားေရာက္ကာ  ပန္းေခြခ် ဂုဏ္ျပဳခဲ့ၾကပါတယ္။
ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖဲြ႕ဟာ ဗီယက္နမ္ႏုိင္ငံ ခရီးစဥ္အၿပီး ကေမၻာဒီးယားႏုိင္ငံသို႔ ခ်စ္ၾကည္ေရးခရီး ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။

Photos & Source: 7Day Daily, Senior General Min Aung Hlaing

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်မှာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးက ဂုဏ်ပြုညစာစားပွဲနဲ့တည့်ခင်းဧည့်ခံခဲ့ပြီး ဗီယက်နမ်အဆိုတော်တစ်ဦးက မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ‘ဗိုလ်အောင်ဒင်’သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မြန်မာဘာသာနဲ့ သီချင်း တစ်ပုဒ်လုံးကို သီဆိုခဲ့တာမဟုတ်ပေမဲ့ သီချင်းမှ မြန်မာစာသားအချို့ကို ပီပီသသသီဆိုခဲ့ပြီး သီချင်းစာသား အချို့ကိုတော့  ဗီယက်နမ်ဘာသာစကားနဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၆ ရက်ညက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ  ပြုလုပ်ခဲ့တဲ့ ဂုဏ်ပြုညစာစားပွဲမှာ ဗီယက်နမ်တပ်မတော် ဖျော်ဖြေရေးအဖွဲ့တွေက အဆို၊ အကတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
တေးသံရှင်မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းဟာ  ပြီးခဲ့တဲ့၂၀၁၆ က ထင်ရှားကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဟနွိုင်းမြို့ကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့  ဗိုလ်ကြီးမင်းအောင်လှိုှုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း သူရဲကောင်းဗိမာန်သို့လည်း လေ့လာခဲ့ကြပါတယ်။
ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း ဗိမာန်သို့ သွားရောက်ကာ  ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, Senior General Min Aung Hlaing

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...