Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္း ပုဒ္မ၆၆(ဃ)နဲ႔ အမႈဖြင့္ခံရ

ေရွ႕ေနႀကီး ဦးကိုနီလုပ္ႀကံခံရတဲ့ အမႈမွန္ေပၚေပါက္ေရး စံုစမ္းေရးသားေနတဲ့ Myanmar Now သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္းကို မဘသ အဖဲြ႕၀င္တဦးကေန ဆက္သြယ္ ေရးပုဒ္မ ၆၆ (ဃ) နဲ႔ မေန႔ အဂၤါေန႔က မႏၱေလး မဟာေအာင္ေျမရဲစခန္းမွာ အမႈဖြင့္တရား စဲြဆိုလိုက္ပါတယ္။

သူ႔အေနနဲ႔ ဥပေဒေၾကာင္းအရ ရင္ဆိုင္ဖို႔အသင့္ရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာ တရားေရးမ႑ိဳင္ခိုင္မာမႈမရွိတဲ့အေပၚမွာ သတင္းသမားတဦးအေနနဲ႔ ဥပေဒေၾကာင္းအရ အကာကြယ္ရပါ့မလားလို႔ စိုးရိမ္မကင္းျဖစ္မိေၾကာင္း ကိုေဆြ၀င္းက ဗီြအိုေအကို ေျပာပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုကိုေျပာျပမွာပါ။

အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖဲြ႕ အထက္ျမန္မာျပည္ (မန္းမဘသ) အဖဲြ႕၀င္တဦးျဖစ္တဲ့ ဦးေက်ာ္မ်ဳိးေရႊကေန မႏၱေလး မဟာေအာင္ေျမ အမွတ္ (၇)ရဲစခန္းမွာ ျမန္မာေနာင္း အယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္းကို အမႈဖြင့္ တိုင္ၾကားခဲ့တာနဲ႔ပတ္သက္ၿပီး ရဲစခန္းတာ၀န္ရွိသူတဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ဖြင့္သြားတဲ့သူက ဦးေက်ာ္မ်ဳိးေရႊပါခင္ဗ်။ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)နဲ႔ ဖြင့္ပါတယ္ခင္ဗ်။ ကိုေက်ာ္မ်ဳိးေရႊက သူရဲ႕ ေဖ့စ္ဘုတ္ခ္အေကာင့္ကို ဖြင့္ၾကည့္လိုက္ပါတယ္။ ဖြင့္ၾကည့္လိုက္တဲ့အခ်ိန္မွာ Ba Kaung အေကာင့္သံုးစဲြသူ Myanmar Now သတင္းစာဂ်ာနယ္ သတင္းေထာက္ ဦးေဆြ၀င္းက ေဖေဖၚ၀ါရီလ (၂၇)ရက္ေန႔ရက္စဲြနဲ႔ တင္လိုက္တာက “ေရြးေကာက္ပဲြအၿပီး အသံတိတ္သြားတဲ့ မဘသ ျပန္လာၿပီ” ဆိုၿပီးေတာ့ ေရးလိုက္ပါတယ္ခင္ဗ်။ ေနာက္ ေဖေဖၚ၀ါရီလ (၂၈)ရက္ေန႔ မွာ ထပ္ေရးတာက “ဦး၀ီရသူ ပါရာဇိက က်ၿပီး ရဟန္းဘ၀ နိဌိတံသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ ပါရာဇိက အခုမွက်တာေတာ့ မဟုတ္ေလာက္ဘူး စတဲ့ စာသားေတြေရးလိုက္ၿပီး ဆက္သြယ္ေရးကြန္ယက္ေပၚကို တင္လိုက္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ရဲစခန္းကိုလာေရာက္ၿပီး တိုင္တန္းလို႔ က်ေနာ္တို႔က အမႈဖြင့္ပါတယ္ခင္ဗ်ာ။”

ေမး။ ။ အခုအမႈဖြင့္လာၿပီဆိုလို႔ရွိရင္ ဘာဆက္လုပ္ဖို႔ရွိပါလဲရွင့္။

ေျဖ။ ။ အဲဒီရဲလုပ္ငန္းကေတာ့ အမႈစစ္တဲ့ လူအေပၚမွာ မူတည္ပါတယ္။ အမႈစစ္တဲ့သူက လုပ္မွာပါခင္ဗ်။

ေမး။ ။ ကိုေဆြ၀င္းကိုေရာ ရဲစခန္းဘက္က အေၾကာင္းၾကားၿပီၿပီးလာရွင့္။

ေျဖ။ ။ အဲဒါကေတာ့ က်ေနာ္က အမႈစစ္မဟုတ္တဲ့အတြက္ အမႈစစ္ကို ေမးမွ သိမွာပါခင္ဗ်။ ရဲလုပ္ငန္းမၿပီးေသးတဲ့အတြက္ က်ေနာ္မသိရေသးဘူးခင္ဗ်။

မႏၱေလးရဲစခန္းဘက္က အခုခ်ိန္ထိ တိုက္ရိုက္ဆက္သြယ္ အေၾကာင္းၾကားတာမ်ဳိးမရွိေပမယ့္ အမႈဖြင့္ရတဲ့ အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး သူသိရွိထားတဲ့အခ်က္ေတြကို ကိုေဆြ၀င္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ရဲတပ္ဖဲြ႔က က်ေနာ့္ကို တိုက္ရိုက္တရား၀င္လာၿပီး အေၾကာင္းၾကားတာ မရွိေသးဘူး အခုခ်ိန္ထိေလ။ ဒါေပမဲ့ က်ေနာ္တို႔ရံုးအဖဲြ႕ တေယာက္ကေနၿပီး မႏၱေလးရဲစခန္းက တာ၀န္မွဴးတေယာက္ကိုဆက္ေတာ့ သူကေန အတည္ျပဳတယ္။ ဟုတ္တယ္။ သူကေန အမႈဖြင့္လိုက္ၿပီဆိုတဲ့အေၾကာင္း ေျပာတယ္။ မဘသနဲ႔ ဆက္ႏြယ္တဲ့ လူပုဂၢိဳလ္တေယာက္ကပဲ အမႈဖြင့္တယ္။ ဖြင့္ရတဲ့ အေၾကာင္းရင္းကလည္း မဘသ ျပန္လာၿပီ။ ဦးကိုနီလုပ္ႀကံခံရမႈ သတင္းစာရွင္းလင္းပဲြအၿပီးေနာက္ပိုင္းမွာ ျပည္သူလူထုကို ျပန္လည္ၿခိမ္းေျခာက္တဲ့ စကားေတြေျပာဆိုလာတဲ့ အေျခအေနရွိတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ အင္တာဗ်ဴးေတြလုပ္ေတာ့ အဲဒီလုပ္တဲ့ သတင္းအင္တာဗ်ဴးေတြကို က်ေနာ့္ ေဖ့စ္ဘုတ္ခ္မွာ ရွယ္ၿပီးေတာ့မွ မဘသ ျပန္လာၿပီဆိုတဲ့ စကားလံုးနဲ႔ က်ေနာ္တင္လိုက္တယ္။ အဲဒီအခ်က္ရယ္၊ ေနာက္တခါက်ေတာ့ ဦး၀ီရသူကေနၿပီးေတာ့ ဦးကိုနီလုပ္ႀကံသတ္ျဖတ္တဲ့သူေတြကို ေက်းဇူးတင္ေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘုတ္ခ္ေပၚမွာ ေျပာဆိုတာကို က်ေနာ္တို႔က သတင္းေရးတယ္။ သတင္းေရးတဲ့အထဲမွာ က်ေနာ္တို႔ အင္တာဗ်ဴး ဘယ္သူ႔ကို လုပ္လဲဆိုေတာ့- မႏၱေလးမွာရွိတဲ့ ေရႊ၀ါေရာင္ဆရာေတာ္ ဦးစိႏၱ ကို က်ေနာ္တို႔ အင္တာဗ်ဴးလုပ္ေတာ့ ဆရာေတာ္ကေန ဦး၀ီရသူရဲ႕ ေျပာဆိုခ်က္က ရဟန္းဘ၀ကေနၿပီးေတာ့ လံုး၀ကုန္ဆံုးသြားေစတဲ့ ျပစ္မႈမ်ဳိးျဖစ္ေၾကာင္း၊ ပါရာဇိက က်ၿပီဆိုတဲ့အေၾကာင္း ဆရာေတာ္က မိန္႔တယ္။ အဲဒီ မိန္႔ၾကားတဲ့အခ်က္ကို က်ေနာ္ကေနၿပီးေတာ့ က်ေနာ့္သတင္းထဲမွာ ထည့္ေရးတယ္၊ ၿပီးေတာ့ အဲဒီသတင္းကို က်ေနာ့္ ေဖ့စ္ဘုတ္ခ္မွာ ျပန္ၿပီးရွယ္တယ္။ ဦး၀ီရသူ ပါရာဇိက က်ၿပီ၊ ရဟန္းဘ၀ နိဌိတံသြားၿပီ ျဖစ္ေၾကာင္းသိရပါတယ္ ဆိုၿပီး က်ေနာ္က ျပန္ရွယ္တာပါ။ ပထမေျပာတဲ့ မဘသ ျပန္လာၿပီဆိုတဲ့ စကားလံုးရယ္။ အဲဒီႏွစ္ခုနဲ႔ ပတ္သက္ၿပီး မေက်နပ္တဲ့အတြက္ေၾကာင့္ ရဲစခန္းမွာ ၆၆ (ဃ) ဆက္သြယ္ေရးပုဒ္မ ဥပေဒနဲ႔ က်ေနာ္ကိုအမႈဖြင့္တာကို ရဲစခန္းကေန လက္ခံလို္က္တယ္ဆိုၿပီး က်ေနာ္တို႔ရံုးက က်ေနာ့္မိတ္ေဆြက ရဲစခန္းကို လွမ္းေမးတဲ့အခါမွာ သိရတယ္။

ေမး။ ။ အခုလို ဆက္သြယ္ေရးပုဒ္မ နဲ႔ တရားစဲြခံရတဲ့အေပၚမွာ ကိုေဆြ၀င္း ဘယ္လို သံုးသပ္လဲရွင့္။

“ဒါက က်ေနာ္တို႔ ဘာနဲ႔ သြားဆိုင္သလဲဆိုရင္ တရားဥပေဒစိုးမိုးေရးနဲ႔ သြားဆိုင္တာေပါ့ဗ်ာ။ တရားဥပေဒစိုးမိုးေရးက မခိုင္ခံဘူးဆိုလို႔ရွိရင္ က်ေနာ္တို႔ေတြက ခံရမွာပဲဗ်။ ရာဇ၀တ္မႈကို အားေပးအားေျမွာက္ျပဳလုပ္ေနတဲ့သူေတြကို သက္ဆိုင္ရာ အာဏာပိုင္ေတြက ဘာတခုမွ အေရးယူျခင္းမရွိပဲ ဒီအေျခအေနျဖစ္စဥ္ေတြအေပၚ သတင္းေရးသားေနတဲ့သူေတြအေပၚ အေရးယူမယ္ဆိုရင္ေတာ့ တရားေရးမ႑ိဳင္ ဘယ္ေလာက္ဆိုးရြားေနတယ္ဆိုတာကို အားလံုးကို ထပ္ၿပီး မီးေမွာင္ထိုးျပတယ္လို႔ပဲ က်ေနာ္ ေျပာခ်င္ပါတယ္။”

Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္းဟာ အင္း၀ အပ္ခ်ဳပ္ဆိုင္က အိမ္ေဖၚမိန္းကေလးႏွစ္ဦး အႏွိပ္စက္ခံရတဲ့ သတင္းကို ေရးသားေဖၚထုတ္ႏိုင္မႈေၾကာင့္ ၂၀၁၆ခုနွစ္ စက္တာဘာလ (၂၂)ရက္ေန႔က ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ရဲ႕ ဂုဏ္ျပဳမွတ္တမ္းလႊာခ်ီးျမွင့္ခံခဲ့ရပါတယ္။ ဒါအျပင္ ေရွ႕ေနႀကီး ဦးကိုနီ လုပ္ႀကံသတ္ျဖတ္ခံရမႈမွာလည္း အမႈမွန္ေပၚေပါက္ေရး ႀကိဳးပမ္းေဖၚထုတ္ ေရးသားမႈေတြေၾကာင့္ သူ႔ကို ပိုၿပီး လူသိမ်ားလာခဲ့ပါတယ္။

http://burmese.voanews.com/a/myanmar-now-editor-in-chief-charged-66-d-/3754782.html
============
ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းရေးသားနေတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသ အဖွဲ့ဝင်တဦးကနေ ဆက်သွယ် ရေးပုဒ်မ ၆၆ (ဃ) နဲ့ မနေ့ အင်္ဂါနေ့က မန္တလေး မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်တရား စွဲဆိုလိုက်ပါတယ်။

သူ့အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် မြန်မာနိုင်ငံမှာ တရားရေးမဏ္ဍိုင်ခိုင်မာမှုမရှိတဲ့အပေါ်မှာ သတင်းသမားတဦးအနေနဲ့ ဥပဒေကြောင်းအရ အကာကွယ်ရပါ့မလားလို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ကိုဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းမဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇)ရဲစခန်းမှာ မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမှုဖွင့် တိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး ရဲစခန်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဖွင့်သွားတဲ့သူက ဦးကျော်မျိုးရွှေပါခင်ဗျ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဖွင့်ပါတယ်ခင်ဗျ။ ကိုကျော်မျိုးရွှေက သူရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်ကို ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းစာဂျာနယ် သတင်းထောက် ဦးဆွေဝင်းက ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ရက်စွဲနဲ့ တင်လိုက်တာက “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီးတော့ ရေးလိုက်ပါတယ်ခင်ဗျ။ နောက် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ မှာ ထပ်ရေးတာက “ဦးဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး စတဲ့ စာသားတွေရေးလိုက်ပြီး ဆက်သွယ်ရေးကွန်ယက်ပေါ်ကို တင်လိုက်ပါတယ်။ အဲဒါကြောင့်မို့လို့ ရဲစခန်းကိုလာရောက်ပြီး တိုင်တန်းလို့ ကျနော်တို့က အမှုဖွင့်ပါတယ်ခင်ဗျာ။”

မေး။ ။ အခုအမှုဖွင့်လာပြီဆိုလို့ရှိရင် ဘာဆက်လုပ်ဖို့ရှိပါလဲရှင့်။

ဖြေ။ ။ အဲဒီရဲလုပ်ငန်းကတော့ အမှုစစ်တဲ့ လူအပေါ်မှာ မူတည်ပါတယ်။ အမှုစစ်တဲ့သူက လုပ်မှာပါခင်ဗျ။

မေး။ ။ ကိုဆွေဝင်းကိုရော ရဲစခန်းဘက်က အကြောင်းကြားပြီပြီးလာရှင့်။

ဖြေ။ ။ အဲဒါကတော့ ကျနော်က အမှုစစ်မဟုတ်တဲ့အတွက် အမှုစစ်ကို မေးမှ သိမှာပါခင်ဗျ။ ရဲလုပ်ငန်းမပြီးသေးတဲ့အတွက် ကျနော်မသိရသေးဘူးခင်ဗျ။

မန္တလေးရဲစခန်းဘက်က အခုချိန်ထိ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားတာမျိုးမရှိပေမယ့် အမှုဖွင့်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး သူသိရှိထားတဲ့အချက်တွေကို ကိုဆွေဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့က ကျနော့်ကို တိုက်ရိုက်တရားဝင်လာပြီး အကြောင်းကြားတာ မရှိသေးဘူး အခုချိန်ထိလေ။ ဒါပေမဲ့ ကျနော်တို့ရုံးအဖွဲ့ တယောက်ကနေပြီး မန္တလေးရဲစခန်းက တာဝန်မှူးတယောက်ကိုဆက်တော့ သူကနေ အတည်ပြုတယ်။ ဟုတ်တယ်။ သူကနေ အမှုဖွင့်လိုက်ပြီဆိုတဲ့အကြောင်း ပြောတယ်။ မဘသနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တယောက်ကပဲ အမှုဖွင့်တယ်။ ဖွင့်ရတဲ့ အကြောင်းရင်းကလည်း မဘသ ပြန်လာပြီ။ ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲအပြီးနောက်ပိုင်းမှာ ပြည်သူလူထုကို ပြန်လည်ခြိမ်းခြောက်တဲ့ စကားတွေပြောဆိုလာတဲ့ အခြေအနေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ အင်တာဗျူးတွေလုပ်တော့ အဲဒီလုပ်တဲ့ သတင်းအင်တာဗျူးတွေကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ရှယ်ပြီးတော့မှ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးနဲ့ ကျနော်တင်လိုက်တယ်။ အဲဒီအချက်ရယ်၊ နောက်တခါကျတော့ ဦးဝီရသူကနေပြီးတော့ ဦးကိုနီလုပ်ကြံသတ်ဖြတ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပြောဆိုတာကို ကျနော်တို့က သတင်းရေးတယ်။ သတင်းရေးတဲ့အထဲမှာ ကျနော်တို့ အင်တာဗျူး ဘယ်သူ့ကို လုပ်လဲဆိုတော့- မန္တလေးမှာရှိတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တ ကို ကျနော်တို့ အင်တာဗျူးလုပ်တော့ ဆရာတော်ကနေ ဦးဝီရသူရဲ့ ပြောဆိုချက်က ရဟန်းဘဝကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့အကြောင်း ဆရာတော်က မိန့်တယ်။ အဲဒီ မိန့်ကြားတဲ့အချက်ကို ကျနော်ကနေပြီးတော့ ကျနော့်သတင်းထဲမှာ ထည့်ရေးတယ်၊ ပြီးတော့ အဲဒီသတင်းကို ကျနော့် ဖေ့စ်ဘုတ်ခ်မှာ ပြန်ပြီးရှယ်တယ်။ ဦးဝီရသူ ပါရာဇိက ကျပြီ၊ ရဟန်းဘဝ နိဌိတံသွားပြီ ဖြစ်ကြောင်းသိရပါတယ် ဆိုပြီး ကျနော်က ပြန်ရှယ်တာပါ။ ပထမပြောတဲ့ မဘသ ပြန်လာပြီဆိုတဲ့ စကားလုံးရယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက်ကြောင့် ရဲစခန်းမှာ ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မ ဥပဒေနဲ့ ကျနော်ကိုအမှုဖွင့်တာကို ရဲစခန်းကနေ လက်ခံလို်က်တယ်ဆိုပြီး ကျနော်တို့ရုံးက ကျနော့်မိတ်ဆွေက ရဲစခန်းကို လှမ်းမေးတဲ့အခါမှာ သိရတယ်။

မေး။ ။ အခုလို ဆက်သွယ်ရေးပုဒ်မ နဲ့ တရားစွဲခံရတဲ့အပေါ်မှာ ကိုဆွေဝင်း ဘယ်လို သုံးသပ်လဲရှင့်။

“ဒါက ကျနော်တို့ ဘာနဲ့ သွားဆိုင်သလဲဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ သွားဆိုင်တာပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေးက မခိုင်ခံဘူးဆိုလို့ရှိရင် ကျနော်တို့တွေက ခံရမှာပဲဗျ။ ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုလုပ်နေတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာတခုမှ အရေးယူခြင်းမရှိပဲ ဒီအခြေအနေဖြစ်စဉ်တွေအပေါ် သတင်းရေးသားနေတဲ့သူတွေအပေါ် အရေးယူမယ်ဆိုရင်တော့ တရားရေးမဏ္ဍိုင် ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာကို အားလုံးကို ထပ်ပြီး မီးမှောင်ထိုးပြတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အင်းဝ အပ်ချုပ်ဆိုင်က အိမ်ဖေါ်မိန်းကလေးနှစ်ဦး အနှိပ်စက်ခံရတဲ့ သတင်းကို ရေးသားဖေါ်ထုတ်နိုင်မှုကြောင့် ၂၀၁၆ခုနှစ် စက်တာဘာလ (၂၂)ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခံခဲ့ရပါတယ်။ ဒါအပြင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းဖေါ်ထုတ် ရေးသားမှုတွေကြောင့် သူ့ကို ပိုပြီး လူသိများလာခဲ့ပါတယ်။

http://burmese.voanews.com/a/myanmar-now-editor-in-chief-charged-66-d-/3754782.html

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...