''ကိုရွှေသူခိုး...မင်းကံ
”အင်း...........င်း.....
”အဟေး..ဟေး..ဟေး..ဟေး
😃😃😃
ဇဝသ။
Credit:ဇဝသ
Htet Aung
============
”မဆွေအနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောစရာတော့မရှိပါဘူး..။ အဓိက ပြောချင်တာလေး တစ်ချက်တော့ရှိတယ် ။ အဲ့ဒါကဘာလည်း ဆိုတော့ cctv ပေါ့နော်။ သူ့မှာအားနည်းချက်လေးရှိတာကိုတော့ မဆွေအနေနဲ့ မြင်မိတယ်။ ဘာလို့လည်းဆိုတော့ အရမ်းအရေးကြီးတဲ့ အချိန်မှာ ပြန်ကြည့်ခဲ့လို့ရှိရင် အတော်များများက ပျက်နေတတ်ကြတာကိုး။ ဒါလေးကို ကြိုးစားပမ်းစား အားလေးထည့်ပြီး ပြင်နိုင်ခဲ့မယ်ဆိုရင် တစ်ချိန်ချိန်မှာ အောင်မြင်မှု့တွေရလိမ့့်မယ်လို့ မဆွေကတော့ ဒီလိုပဲသုံးသပ်မိတယ်။ မဆွေတို့ ငယ်ငယ်တုန်းက ဒါမျိုးတွေလည်းမရှိသေးတော့ ဒီကနေ့မှာ ဒါမျိုးတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်တွေ့လိုက်ရတဲ့အခါ 'အော်..ငါတို့ငယ်ငယ်တုန်းက မရှိခဲ့ပါလား' လို့ မဆွေတွေးမိတယ်လေ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကဟာလေးတွေကို အပြင်းပြေပြန်ကြည့်ရင်လည်း ရနိုင်ပါရဲ့သားနဲ့ ဒီကနေ့လိုအခါမျိုးမှာမှာ ပျက်ရလေခြင်းရယ်လို့ သိရတော့ စိတ်ထဲတော့ မကောင်းလှဘူးပေါ့ကွယ်။ ဒါလေးကတော့ မဆိုသလောက်လေးအားနည်းချက်ပေါ့နော်..။ ဘာပဲပြောပြော အားလုံးကို ခြုံငုံသုံးသပ်ပြီး မဆွေအနေနဲ့ပြောရမယ်ဆိုရင်တော့
''ကိုရွှေသူခိုး...မင်းကံကောင်းပါစေ''
”ဟုတ်ကဲ့.. မတင်ဇာရဲ့ အမြင်လေးလည်း ပြောပြပေးပါအုန်း ခင်မျာ”
”အင်း...........င်း............င်း............
စစခြင်း ဝင်လာခဲ့တဲ့ အချက်ပေါ့နော်..
သူဘယ်လိုဝင်လာတယ်ဆိုတာက သူဘာတွေယူသွားတယ်ဆိုတာထက်ကို ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့နေရာမှာ အသံတိုးတိုးလေးနဲ့ တစ်လှမ်းခြင်း လှမ်းဝင်လာဖို့က အရမ်းအရေးကြီးတယ်လေ။ အမတို့ ရော့ခ်ကာသမားတွေလို ကီးမြှင့်ပြီး ဝုန်းဒိုင်းဝင်လာလို့မှမရပဲ။ သူ့အထာလေးနဲ့သူ ကီးမှန်မှလည်း တံခါးကဖွင့်လို့ရမှာပေါ့။ ဒါကိုတော့ သူ့အနေနဲ့ အမြဲလေ့ကျင့်ထားဖို့လိုတာပေါ့နော်။ ဒါမှလည်း ခိုးတဲ့အခါ အသံမထွက်ပဲ ပစ္စည်းတွေကို တစ်စခြင်း တစ်ခုခြင်း စုပြီးပိုင်ပိုင်နိုင်နိုင်သယ်လို့ရမှာကိုး ။ ဒါလေးကို သေသေခြာခြာ စနစ်ကျကျနဲ့ အဝင်အထွက်မှန်အောင် လေ့ကျင့်ထားခဲ့မယ်ဆိုရင် တစ်ချိန်ချိန်မှာ အေစောင့်တွေဘယ်လိုမှ မဖမ်းနိုင်တဲ့ သူခိုးကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အမကတော့ထင်တယ် ။ နောက်တစ်ခါ ဘယ်လိုနည်းနဲ့ လာခိုးအုန်းမလဲဆိုတာကို အမတို့ သေသေခြာခြာစောင့့်ကြည့်မယ်လေ ” Ok..good luck thief..”
”နောက်ဆုံး အန်ကယ့်အမြင်လေးကိုလည်း ပြောပါအုန်းခင်မျ”
”အဟေး..ဟေး..ဟေး..ဟေး
ဒီမယ်..ဒီမယ် မောင်ရဲရေ မင်းကယူနီဖောင်းကြီးနဲ့ ဆိုတော့ အန်ကယ်က စဉ်းစားနေတာကွ.. ဒါဟာ အတည်မေးနေတာလား ဟိုကောင်ပေါက်ကရ ရေးနေတာလားဆိုတာ.. ဒါနဲ့နေစမ်းပါအုန်းကွ စောနက မဆွေတို့ ဟော့ဒီက မတင်ဇာတို့ ပြောပုံအရဆိုရင် အဲ့သူခိုးက အတော်လေးကို လက်စကောင်းတဲ့သူပဲကွေUာ.. ဒါကိုပဲ အန်ကယ်ကစဉ်းစားနေတာကွ.. အင်း..ဒီကောင် သူများအဝတ်တွေကျတော့ ယူပြီး ငါ့အဝတ်တွေကျမှ ဘာလို့ယူမသွားသလဲပေါ့.. ဒီနေရာမှာ အန်ကယ်တစ်ခုပြောချင်တာကတော့ နိုင်ငံကြီးသားပီသချင်ရင် ငါ့အဝတ်တွေလည်းယူလေ.. ဟုတ်ပီလား.. ဟို.. တောက်တောက်ပြောင်ပြောင်ကြီးမို့လို့တို့ ဆိုဒ်ကြီးတွေက ပွနေတာတို့ ဆိုတာမျိုးတော့ မတွေးမိစေနဲ့ပေါ့ကွယ်.. ဟုတ်ဘူးလား.. တကယ်တန်းကိုယ်က ခိုးတော့မယ်ဆိုရင် ဘယ်အနေအထားမျိုးမှာပဲဖြစ်ဖြစ် ခိုးကိုခိုးသွားနိုင်ရမယ်.. ဒါကိုအန်ကယ့်အနေနဲ့ ပြောလိုတယ်.. ဟိုကွာ.. မင်းတို့ပြောပြောနေတဲ့ စီစီတီဗီဆိုလားဘာလား.. အဲ့ဒါကြီးရှိရှိမရှိရှိ ဒီကနေ့မှာ လုပ်ချင်တိုင်း လုပ်နေကြတာကိုလည်း အန်ကယ်တို့က တွေ့နေရတော့.. ဒါကို အထူးမပြောလိုတော့ပါဘူး.. ကောင်းပြီ နောက်ဆုံးအနေနဲ့ အန်ကယ့်အမြင်ပြောရရင်တော့ အန္တရာယ်မဖြစ်အောင်ခိုးပါ.. သူတစ်ပါးဘဝပျက်အောင် မခိုးပါနဲ့.. အန်ကယ့်ပစ္စည်းအသုံးအဆောင်တွေကို မဝတ်ရဲလို့ ထားခဲ့မယ်ဆိုရင်တော့ ”အန်ကယ်ကတော့ No ပါ”
ဟူးးးး... အတော်လည်းပြောနိုင်ကြတယ်နော်
😃😃😃
ဇဝသ။
မှတ်ချက် / ဟာသသဘော ဖြင့်သာဖတ်ပါ
Credit:ဇဝသ
Htet Aung
0 comments :
Post a Comment