အိမ္မက္ဆိုးေတြကေန ႏိုးထေပးၾကပါေတာ႔ ျမန္မာမိန္းကေလးေတြရယ္.. ရင္နာစရာေကာင္းလြန္းလို႔ပါ...။



*ေဟ႕ေကာင္ ငါေဆာ္ကို ငါက စင္ကာပူမွာလို႕ ေျပာထားတာကြ ။ ငါ႕ facebook မွာလည္း စင္ကာပူလို႕ဘဲ ေရးထားတယ္ ။ ဖုန္းဆက္ေနတဲ႕ စင္ကာပူက ေကာင္မေလးကလည္း လာလည္မယ္ေျပာတယ္ ။ လာလည္ရင္ေတာ႕ ေအးေဆးေဆး ဟိုတည္ဘဲ သြားတည္းေတာ႕မယ္ ။*

ပ်ံ႔လြင္႔လာတဲ႕ စကားသံေတြက ကိုယ္နဲ႔ မဆိုင္ေပမယ္႕ နားထဲေရာက္လာတာမို႕ ၾကားေနရတယ္ ။ ၾကားလိုက္မိေတာ႕ ရင္ေမာျပန္တယ္ ။ လူေတြ ရဲ႕ အေတြးေခၚ အယူဆေတြ ဘာေၾကာင္႕ ဒီေလာက္ထိ ေပါ႔တန္ သိမ္ဖ်င္းလာရသလဲ ။ တစ္ေန႕ တစ္ေန႕ မၾကားခ်င္လည္းၾကးေနရတယ္ ။ မျမင္ခ်င္လည္း ျမင္ေနရတဲ႕ ျမင္ကြင္းေတြ ၊ အသံေတြကို မုန္းလာသလိုထိ ရင္ထဲမွာ ခံစားလာရတယ္ဆို ပိုလိုက္တာလို႕ ေျပာၾကမလား မသိဘူးေနာ္ ။ ယေန႔ ေခတ္စားလာတဲ႔ ခ်က္တင္ ခ်စ္သူေတြ ၊ ဖုန္းခ်စ္သူေတြ အျဖစ္ေပါ႕ရွင္ ။ facebook မွာေရးထားတဲ႕ ကိုယ္ေရးအခ်က္လက္ေတြကို ၾကည္႕ၿပီး သူ႕ကိုေရးထားတာေတြကို အဟုတ္ေတြမွတ္ေနၾကတဲ႕ ျမန္မာမိန္းကေလးေတြ ။ ပညာေတြ သင္ထားတာ အလကားမွ မဟုတ္တာဘဲ ။ ေလ႔လာပါ ၊ ေတြးပါ ၊ ဆင္ျခင္ပါ လို႕ေျပာခ်င္မိတယ္ ။ေျပာတိုင္းယံုေနရေအာင္ ကၽြန္မတို႔ကို မိဘေမြးထဲက ဦးေႏွာက္ဆိုတာ ထည္႔ေပးထားတယ္ ။ ဒါအလကားထားဖို႕မွ မဟုတ္တာ ။ ေယာက်ာၤးတစ္ေယာက္ကို ေရြးခ်ယ္တဲ႕ ေနရာမွာ သူ႕ေရာက္ေနတဲ႕ ႏိုင္ငံေတြ ၊ သူ႕ပိုင္ဆိုင္မွဳေတြထက္ အဓိကထား ေရြးခ်ယ္ရမယ္႕ အခ်က္ေတြရွိပါတယ္ ။

၁.ေယာက်ာၤးတစ္ေယာက္ရဲ႕ အရည္ခ်င္း ၊
၂.မိမိခ်စ္သူအေပၚ စာနာေထာက္ထားတတ္မွဳ ၊
၃. မိမိခ်စ္သူအေပၚ သစၥာရွိမွဳ ၊
၄. မိမိအေပၚ ဦးေဆာင္ တတမွဳ ၊
၅.ႏွမခ်င္းစာနာစိတ္ရွိျခင္း
၆.ဘာသာတူညီျခင္း၊
၇.ကၽြန္မတို႕ ဘ၀ေတြကို ဘယ္ေလာက္ထိ လံုၿခၤဳမွဳေပးႏိုင္ျခင္း
ဆိုတဲ႕အခ်က္ေတြကို စံထားေရြးခ်ယ္ရမွာပါ ။

ဘာမဟုတ္တဲ႕ အရာေတြနဲ႕ မဟုတ္တဲ႕ ဂုဏ္ပကာသနေတြကို မက္ေမာမိရင္ ရလာဒ္ေတြက အလိမ္အညာေတြနဲ႕ဘဲ ေတြ႕ဆံုေနၾကရပါလိမ္႔မယ္ ။ စင္ကာပူမွာ ရွိရွိ အဂၤလန္မွာ ရွိွရွိ ဒါေတြက အေရးမၾကီးပါဘူး ။ အေပၚက အခ်က္ေတြနဲ႕ ကိုက္ညီမွဳရွိဖို႕ ပိုအေရးၾကီးပါတယ္ ။ ႏိုင္ငံျခားဆိုတိုင္း အထင္မၾကီးၾကပါနဲ႕ ျမန္မာမိနး္ကေလးေတြရယ္။ မဟုတ္တဲ႕ဆိုဒ္မွာ ညီမေလးတို႕ မမတို႕ vzo ပံုေတြ ပလူပ်ံေနတာ သက္ေသပါဘဲ ။ ေသခ်ာဘာမွ မသိတဲ႕ ေယာက်ာၤးေတြ အေပၚ ခ်စ္မိသြားလို႔ပါဆိုတဲ႕ အေၾကာင္းျပခ်က္ေလး တစ္ခုနဲ မိမိတို႕ ဘ၀ေတြကို နင္းေျခမခံမိၾကပါေစနဲ႔ကြယ္။ လူုျဖစ္ရတဲ႕ ဘ၀ေလးမွာ လူျဖစ္ရက်ိဳးနက္ဖို႕ဆိုတာ သိကၡာရွိေအာင္ေနတတ္ဖို႕ သိပ္အေရးၾကီးပါတယ္ ။ အြန္လိုင္းေပၚက စကားေတြဟာ ယံုတမ္းစကားေတြလား အမွန္တမ္းစကားေတြလားဆိုတာကို ေ၀ဖန္ခြဲျခားႏိုင္ျခင္း မျပဳႏိုင္ခင္မွာ ဘာကိုမွ မရက္ေရာတာ အေကာင္းဆံုးပါ ။ ဒါဆို ေမးစရာရွိတယ္ ။ အြန္းလိုင္းခ်စ္သူတိုင္းကို မယံုရေတာ႔ဘူးလားလို႕ ။ မဆိုလိုပါဘူး ။ တကယ္ေမတၱာစစ္နဲ႕ ခ်စ္ၿပီး ဘ၀ကို လက္တြဲသြားၾကတဲ႕ သူေတြ တပံုတပင္ပါဘဲ ။ ဒီလို လက္တြဲသြားတဲ႔အထိ ျဖစ္တဲ႕ေနရာမွာ ဆံုးျဖတ္ခ်က္ေတြ မွန္ကန္ဖို႕ ေရြးခ်ယ္တတ္ဖို႕ေတာ႕ လိုတယ္ ။ အြန္လိုင္းမွာ ခ်စ္သူျဖစ္ၿပီး တာနဲ႕ ပံုေတြတင္ၾကေတာ႕တာလည္း ေခတ္စားလာသလိုဘဲ ။စကား စပ္မိတုနး္ေလး ေျပာခ်င္ေသးတယ္ ။ မိမိခ်စ္သူကို ခ်စ္လို႕ ကိုယ္ပိုင္တယ္ဆိုတာကို လူသိေအာင္ လုပ္ေပမယ္႕ တကယ္တမ္းမယူျဖစ္တဲ႕ အခါမွာ နစ္နာသြားတာ ကၽြန္မတို႕ မိနး္ကေလးေတြပါပဲ ။ ေနာက္တစ္ခု ခ်စ္သူျဖစ္ၿပီဆိုတာနဲ႔ အေကာင္႔ password ေတြကိုေတာင္းတတ္ၾကတာလည္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ တူညီတဲ႔ အခ်က္ပါပဲ ။ ေတာင္းတာကို ကၽြန္မ အျပစ္မဆိုပါဘူး ။

လိုအပ္တာထက္ ပိုတဲ႕ ပိုင္စိုးခ်င္တဲ႕ စိတ္ေတြက အခ်ိန္တန္ေတာ႕ ကိုယ္ကိုဘဲ ဒုကၡုျပန္ေပးတတ္တယ္ဆိုတာကို ေျပာျပခ်င္တယ္ ။ ဟုတ္ၿပီ password ရၿပီ။ ဖြင္႕ၾကည္႔မယ္ ။ ဒီေလာက္ဆို လံုေလာက္ၿပီေလ ။ ဒီထက္ပိုၿပီး သူစာမ်က္ႏွာမွာ ကိုယ္ပံုေတြတင္တယ္ ။ သူအေနနဲ႕ ကုိယ္ကစကားေတြ ၀င္ေျပာတာမ်ိဳးၾကေတာ႕ အခြင္႕ေရးကို အလြဲသံုးစားလုပ္တာနဲ႔ တူပါတယ္ ။ တဖက္လူကလည္း ခုစကားေျပာေနတာ အေကာင္႔ပိုင္ရွင္ ဟုတ္မဟုတ္ဆိုတာကို သိပါတယ္ ။ ဒီေတာ႕ တေျဖးေျဖး မိတ္ပ်က္စရာေတြ ျဖစ္လာတတ္တယ္ ။ အေကာင္႕ဆိုတာ ၾကိဳက္သေလာက္ ထပ္ဖြင္႕ရတယ္ဆုိတာကို ေမ႔မထားေစခ်င္ဘူး ။ ေပးသိထားတဲ႕ အေကာင္႔ကို လိုအပ္တာထက္ ပိုခ်ဳပ္ကိုင္လာတဲ႔ အခါေတြမွာ အသစ္ေတြ ထပ္ဖြင္႔သံုးၾကေတာ႔တာပါပဲ ။ ဒီေတာ႕ ဘာေတြ လုပ္တယ္ဆိုတာ သိခ်င္လို႕ password ေတာင္းတယ္ ။ ေနာက္အသစ္ထပ္ဖြင္႕သံုးေတာ႕ အလကားျဖစ္ေနၿပီေပါ႔ ။ သူေပးတာကို လိုအပ္တဲ႕ အခါေလးပါဘဲ ဖြင
ေျပာခ်င္တဲ႔ စိတ္ကို ခ်ဳပ္ထိန္းလိုက္ရတာ တစ္ကိုယ္လံုးမွာ ရွိိတဲ႕ အာရံုေၾကာေတြ ေခတၱခဏမွ် တံု႕ဆိုင္းသြားသလားထင္ရပါတယ္ ။ အေတြးေခၚေတြ တေျဖးေျဖး ဆင္းရဲလာတဲ႔ ျမန္မာမိန္းကေလးေတြ အတြက္ပါ ။ ဘာကိုမွ အေလးနက္မရွိတဲ႕ ခပ္ေပါ႔ေပါ႔လူစားေတြကေတာ႕ သူကို အထင္ၾကီးခ်င္ၾကီးေနၾကမွာေပါ။ ေခတ္ကာလ ျမန္မာမိန္းကေလးေတြရဲ႕ အေတြးမွာ အယူဆမွားေတြကို သန္႕စင္သြားေအာင္ ဘယ္အရာနဲ႔ ေဆးေၾကာေပးရမလဲလို႔ အခါခါေတြးမိတယ္ ။ ရခဲလွတဲ႕ လူ႕ဘ၀ၾကီးမွာ အႏွစ္သာရ ရွိစြာေနထိုင္ဖို႕ဆိုတာ ဆင္းရဲေတာ၊ ခ်မ္းသာေတာ ၊ ေတာ္တာ ၊ ညံ႔တာနဲ႕ မဆိုင္ပါ ။ ကၽြန္မတို႕ တေတြ လူျဖစ္ၿပီး လူပီတေအာင္ ေနတတ္ဖို႕ အေရးၾကီးပါတယ္ ။ ေၾကာက္ရမယ္႔ အရာကို ေၾကာက္ကိုေၾကာက္တတ္ရမယ္ ။ ရွက္ရမယ္႔ အရာကို ရွက္တတ္ရမယ္ ။ ထိန္းသိမ္းရမယ္႕ လူက်င္႕၀တ္ေတြကို ထိန္းသိမ္းႏိုင္ရမယ္ ။ ဒါမွ လူပီတသူလို႕ သတ္မွတ္ႏိုင္မွာပါ ။ အက်င္႕ သီလ ဂုဏ္ေက်းဇူးတို႕ႏွင္႔ ျပည္႕စံုေသာ မိန္းမေကာင္းေလးေတြ မိသားစုတိုင္းမွာ ရွိေနပါလွ်င္ အိမ္သာ၏ ။ သီလသတီ = ကိုယ္က်င္႕သီလႏွင္႕ျပည္႕စံုျခင္း ၊ ေမဓ၀ိနီ = အေျမာ္အျမင္ ဆင္ျခင္ဥာဏ္ ပညာအလိမၼာႏွင္႕ ျပည္႕စံုျခင္း ဆိုတဲ႕ မိန္းမေကာင္းက်င္႔၀တ္တရားေလးေတြကို မေမ႔မေလ်ာ႔ ႏွလံုးသြင္း ဆင္ျခင္နိုင္ၾကပါေစ ။

မေလးရွားေရာက္ ျမန္မာေတြရဲ႕ လူေနမွဳ ပံုစံေလးကို ေျပာခ်င္ပါေသးတယ္ ။ ဒီေနရာမွာ ခိုင္ေလး အေၾကာင္းေလး နည္းနည္း ေျပာျပခ်င္ပါတယ္ ။ ခိုင္ေလး မေလးရွားမွာ ခုလက္ရွိေနပါတယ္ ။ အမ်ိဳးသားနဲ႔ တူတူေနပါတယ္ ။ တူတူေနတယ္ဆို မေလးရွားေရာက္ ျမန္မာစတိုင္လို မယူရေသးဘဲ တူတူေနေနတာမ်ိဳး မဟုတ္ပါ ။ တရား၀င္လက္ထပ္ၿပီး လို္က္ေနျခင္းမ်ိဳးပါ ။ ခိုင္ေလး အမ်ိဳးသားရွိလို႕သာ လိုက္ေနရေပမယ္႕ မေလးရွားမွာ ေနေနတာကို ခိုင္ေလးမိဘေတြက လံုး၀ သေဘာမက်ပါဘူး ။ ခိုင္ေလးတို႕ အိမ္မွာ လုပ္စရာ အလုပ္ေတြ အျပည္႕ပါပဲ ။ အိမ္ေထာင္ရွင္ ေယာက်ာၤးတစ္ေယာက္ကို အေ၀းမွာ ၾကာၾကာ တစ္ေယာက္ထဲ ထားဖို႕ မသင္႕ဘူးလို႕ မွတ္ယူတာမို႕ သူနဲ႕ တူတူလိုက္ေနရျခင္းပါ ။ မေလးရွားေရာက္တဲ႕အခါ ခိုင္ေလး အလုပ္လုပ္မယ္လို႕ ေျပာပါတယ္ ။ အမ်ိဳးသားက ေပးမလုပ္ပါဘူး။ သူမ်ားဆီမွာ တစ္ခါမွ အလုပ္အလုပ္ဘူးဘဲ အဆင္ေျပမွာ မဟုတ္ဘူးတဲ႕ ။ လုပ္တတ္မွာလည္း မဟုတ္ဘူးဆိုၿပီး အိမ္မွာဘဲေနခိုင္းပါတယ္ ။ ဒီေတာ႕ တစ္ေန႕ တစ္ေန႕ အိမ္မွဳကိစၥေလးေတြလုပ္ ၿပီးတာနဲ႕ စာေတြဖတ္ သတင္းေတြဖတ္ ၊ စာေရး ဒါခိုင္ေလး အလုပ္ပါပဲ ။ ခိုင္ေလးမွာ အက်င္႕တစ္ခုရွိတယ္ ။ သိခ်င္တဲ႕ အရာတစ္ခုကို ေသခ်ာေလ႔လာတတ္တာပါပဲ ။ မေလးရွားကို ေရာက္ၿပီး မေလးရွားေရာက္တဲ႕ ျမန္မာေတြ အေၾကာင္းကို ေလ႔လာျဖစ္တယ္ ။ အေသးစိတ္ကို ေလ႕လာမိပါတယ္ ။

တျခားႏိုင္ငံေတြကို ေရာက္ဖူးေပမယ္႕ ခုေလာက္ ၾကာၾကာမေနဘူးတာမို႕ မေလးရွားေရာက္ ျမန္မာေတြ အေၾကာင္းေလာက္ေတာ႕ မသိခဲ႔ပါဘူး ။ မေလးရွားကို ေရာက္ေနတဲ႕ ျမန္မာ ေယာက်ာၤးေလးေတြ အေၾကာင္းကို အရင္ေျပာခ်င္တယ္ ။ အိမ္ေထာင္ရွိသူေတြ ျဖစ္လင္႔ကစား မေလးရွားေရာက္တာနဲ႔ *အင္ဒိုနီးရွား*မေတြနဲ႕ တူတူေနၾကတယ္ ။ ျမန္မာခ်င္းၾကိဳက္ၾကတယ္ ။ ခ်စ္သူျဖစ္ၿပီဆိုတာနဲ႔ တူတူအိပ္ၾကေတာ႕တာပဲ။ ကြဲသြားၾကလည္း ဘာမွထူးေထြ မခံစားၾကရသလိုဘဲရွင္ ။ အတြဲ တစ္တြဲဆို တစ္ၿမိဳ႕ထဲ သားေတြပါ ။ ႏွစ္ေယာက္စလံုး အိမ္ေထာင္ေတြပါပဲ ။ မေလးရွားကို ေရာက္ေတာ႕ ေဖာက္ျပန္ၾကတယ္ ။ တူတူေနေနၾကတယ္ ။ ျမန္မာျပည္က မိသားစုေတြကေတာ႕ ဒါေတြကို ျပန္သိမွာ မဟုတ္ပါဘူး ။ သိပ္ကို စိတ္ပ်က္စရာေကာင္းလွတဲ႕ အျဖစ္ေတြေပါ႔ ။ လူေတြ လူေတြ ဘာလို႔ သိရက္နဲ႔ မိုက္မဲေနၾကတာလဲ။ ဒီေမးခြန္းကို ကၽြန္မ ရင္ထဲမွာ အထပ္ထပ္ကို ေမးေနမိတယ္။အခ်စ္ဆိုတာ တစ္ကယ္ကို သိမ္ေမြ႔ႏူးညံ႕ၿပီး တန္ဖိုးရွိပါတဲ႔ ခံစားမွဳေလးတစ္ခုပါ ။ ဒီခံစားမွဳေလးကို လူေတြက မဟုတ္တဲ႔ ေနရာမွာ အသံုးခ်ေနတာကေတာ႕ လံုး၀ကို မျဖစ္သင္႔ပါဘူး ။ အိမ္ေထာင္ေရးတိုင္းမွာ အတြင္းက်ိတ္ ျပသနာေလးေတြ ရွိေနတတ္ၾကပါတယ္။ ဒီလို ျပသနာေတြ ျဖစ္က်တဲ႔ ေနရာမွာ ေယာက်ာၤးေလး ေကာ မိန္းကေလးေတြပါ ေအးေဆးစြာ ေျဖရွင္းတဲ႔ နည္းလမ္းက အေကာင္းဆံုး နဲ႔ အျဖစ္သင္႕ဆံုးပါပဲ ။ ဒါေပမယ္႕ ျပသနာတက္ခ်ိန္မွာ ဘယ္သူက ေအးေအးေဆးေဆး ေျဖရွင္း ႏိုင္မွာလဲ လို႕ ေတြးမိၾကပါလိမ္႔မယ္။ မွန္ပါတယ္ ဒါေပမယ္႕ အတတ္ႏိုင္ဆံုးေတာ႕ ေသြးေအးေအးထားေစခ်င္တယ္ ။ ဒီေနရာမွာ ျဖစ္တတ္တာေလးေတြကို တင္ျပခ်င္ပါတယ္ ။

ရိုးသြားတတ္တယ္ အိမ္ေထာင္သက္ၾကာလာတာနဲ႔ အမွ် ရိုးသြားတယ္လို႔ မဟုတ္ေပမယ္႕ အေျပာင္းလဲဆိုတာေတာ႔ ရွိလာတတ္ပါတယ္။လူတစ္ေယာက္က ေန႔တိုင္း ၾကက္သားဟင္းကို စားေနရေပမယ္႔ တစ္ခါတစ္ရံမွာ ငပိရည္တို႔စရာေလးကိုေတာ႔ စားခ်င္တဲ႔စိတ္ေတြ ၀င္လာတတ္ၾကတယ္ ။ အိမ္ရွင္မေတြအေနနဲ႔ ၾကက္သားဟင္းကို ေၾကာ္တာေလးကတမ်ိဳး၊ ခ်က္တာေလးကတစ္ဖံု။သုတ္ေပးတာေလးက တသြယ္ စားခ်င္စဖြယ္ျဖစ္ေအာင္ေတာ႕ ေျပာင္းလဲမွဳေလးေတြ ရွိေပးသင္႔ပါတယ္ ။ တခါတရံ စားခ်င္လာတတ္တဲ႔ငပိရည္ဆိုတာ စားမိရင္ မ်က္ႏွာမွာ အဖုေတြ ထြက္လာတတ္သလို ၊ ဘ၀မွာလဲ အမည္းစက္ အဖုေတြ ထြက္လာတယ္ဆိုတာကိုနား၀င္ေအာင္ ႏူးညံ႕တဲ႕ နည္းလမ္းေလးေတြနဲ႔ ေျပာျပေျဖရွင္းသင္႔တယ္။ သစၥာမဲ႕ျခင္းဆိုတာကို တရား၀င္ခ်ိဳးေဖာက္မိၾကျခင္း အိမ္ေထာင္တစ္ခုကို ထူေထာင္တဲ႔ ေနရာမွာ မိဘေပးစားလို႕ဘဲ ျဖစ္ျဖစ္ ကိုယ္တိုင္ခ်စ္ခင္စံုမက္လို႔ဘဲ ျဖစ္ျဖစ္၊ ဘယ္လို အက်ိဳးေၾကာင္းတရားေတြ ရွိေနပါေစ ကိုယ္ကို တိုင္ လက္မွတ္ထိုး ေပးမွ တရား၀င္ အၾကင္လင္မယားျဖစ္ၾကရတဲ႕အတြက္ ကိုယ္တိုင္ စိတ္နဲ႔ လက္ထပ္ျဖစ္ၾကရတာပါပဲ ။ ညွိဳႏွိဳင္းလို႔ ဘယ္လိုမွ ကို မရေတာ႔ဘူး ၊ မျဖစ္ႏိုင္ဘူးဆိုရင္လဲ ကြာရွင္းလိုက္ တာက သိကၡာရွိပါေသးတယ္ ။ မေျပလည္တဲ႔ အိမ္ေထာင္ေရးကို အေၾကာင္းေတြျပ ဒီဘက္လဲ မရွင္း ၊ ဟိုဘက္မွာလဲ ဇာတ္လမ္းေတြ ရွာေနၾကတဲ႔ သူေတြေတာ္ေတာ္ မ်ားမ်ားကို မေလးရွားမွာ ေတြ႔ေနရပါတယ္။ လက္ရွိ အိမ္ေထာင္ေရးမေျပလည္မွဳမွာ ကိုယ္ဘက္က မွန္ခ်င္မွန္ေနေပမယ္႕ အိမ္ေထာင္ေရးမေျပလည္လို႔ပါဆိုတဲ႕ အေၾကာင္းျပခ်က္နဲ႕ ေဖာ္ျပန္တာေတာ႕ သိကၡာမရွိႏိုင္ပါဘူး ။ တရား၀င္ ကြာရွင္းၿပတ္ဆဲျခင္းမရွိဘဲ ဒီလိုက်ဴးလြန္မိလိုက္တာဟာ မွန္ခဲ႔တယ္ဆိုတဲ႔ ကိုယ္အမွန္တရားေတြပါ အလကားျဖစ္ကုန္တာပါပဲ ။ ကိုယ္ ဂုဏ္သိကၡာေတြ ၊ ကိုယ္က်င္႔တရားေတြ ပ်က္စီးခဲ႔ရင္ ဘယ္ပညာ ၊ ဘယ္ခ်မ္းသာမွဳ ကမွ မကယ္ႏိုင္ပါဘူး။ အဲဒီလို အခါမ်ိဳးေတြမွာ မွန္ေရွ႔မွာ ရွင္ ရပ္လိုက္ပါ ။ မွန္ထဲမွာ ေပၚေနတဲ႔ ကိုယ္ပံုရိပ္က ရွင္ကို လက္ညွိဳးေငါက္ေငါက္ထိုးၿပီး အျပစ္တင္ေနသလို ရွင္ ခံစားရပါလိမ္႕မယ္။ အခ်ိန္မွီေနပါေသးတယ္ ရွင္ အျမန္ဆံုး သိကၡာရွိတဲ႔ လုပ္ရပ္ကို အျမန္ဆံုး ျပဳျပင္ ေျပာင္းလဲလိုက္ပါ ။

ရွင္ကို ကံတရားက တစ္ႀကိမ္ေတာ႔ ျပင္ဆင္ခြင္႕ ေပးပါလိမ္႔မယ္။ ေဖာက္ျပန္တယ္လို႔ နာမည္တပ္ခံရတာကိုက လူတစ္ေယာက္လံုးကို ရစရာမရွိေအာင္ သိမ္ငယ္သြားေစပါတယ္ ။ မေလးရွားမွာ ေျပာေနတတ္ၾကလြန္းလို႔ပါ ။ ျမန္မာျပည္က မိန္းက ဘယ္လိုမေကာင္းတာ ၊ ျမန္မာျပည္က ေယာက်ာၤးက ဘယ္လို ဆိုးတာ စံုေနတာပါပဲ ။ ဟုတ္ၿပီ မေကာင္းဘူး ၊ ဘယ္လိုမွ ညွိႏွိုဳင္းမရဘူးဆိုရင္ ကြာရွင္းလိုက္ပါ ။ ဒီလို မဟုတ္ဘဲ မေကာင္းတာေတြ ဆိုးတာေတြကို အေၾကာင္းျပၿပီး လက္ရွိ အိမ္ေထာင္အေပၚ ေဖာက္ျပန္ေနျခင္းကေတာ႕ ရုပ္ဆိုးလြန္းပါတယ္ ။ ဆင္ျခင္ႏိုင္ၾကပါေ၀လို႕ ဆုေတာင္းမိပါတယ္ ။ မိန္းကေလးေတြ အေနနဲ႕လည္း ပိုက္ဆံလာရွာတာ မွန္ေပမယ္႕ မွန္ကန္တဲ႔ နည္းမွန္လမ္းမွန္ေတြနဲ႕ဘဲ ရွာေစခ်င္ပါတယ္ ။ ခ်စ္သူျဖစ္ၿပီဆိုတာနဲ႔ တူတူလိုက္အိပ္ေနရမယ္ဆိုတဲ႕ ေအာက္တန္းက်တဲ႕ ပံုေသနည္းၾကီးကို ကၽြန္မတို႕ ျမန္မာမိန္းကေလးေတြ ထိန္းသိမ္းရမယ္႕ ကိုယ္က်င္႕တရားဆိုတာနဲ႔ တြန္းလွန္တိုင္ထုတ္ျပစ္ၾကရေအာင္ ။ ခုဆို ေယာက်ာၤးေတာ္ေတာ္မ်ားမ်ားေျပာေနၾကတဲ႔စကားရွိပါတယ္ ။ ျမန္မာမေတြလည္း အင္ဒိုမေတြနဲ႕ ဘာမွ မထူးေတာ႕ဘူးတဲ႕ ။ သိပ္္ကို ရင္နာစရာေကာင္းပါတယ္ ။ ျမန္မာျပည္ျပန္သြားတဲ႕ လူုတိုင္းလိုလိုက ႏိုင္ငံျခားေကာင္းေၾကာင္းေတြကိုသာ စီကာပတ္ကာေျပာတတ္ၾကေပမယ္႕ ဆိုးက်ိဴးေတြကို ခ်န္လွပ္ထားၾကတာလဲ လူးသားမပီသ မွဳတစ္ခုပါပဲ ။ အသက္ၾကီးသူက ငယ္သူကို ထိန္းဖို႕မေျပာပါနဲ႕ ၾကီးသူေတြကိုယ္တိုင္ကိုက ထိန္းမႏိုင္ သိမ္းမႏိုင္ေအာင္ ျဖစ္ေနၾကတာ ယိုသူမရွက္ ျမင္သူရွက္ဆိုသလိုပါပဲ ။

ကဲ ကၽြန္မတို႕ ဘယ္လို ထိန္းၾကမလဲ လူတစ္ဦးခ်င္း တစ္ေယာက္ခ်င္းဆီက မိမိတို႕ကိုယ္ကို တန္ဖိုးတတ္ျခင္းေတြနဲ႕ ထိန္းမယ္ ။ မိဘေတြ အေနနဲ႔လည္း မိမိတို႕ သမီးရတနာေလးေတြကို ေငြမ်က္ႏွာတစ္ခုထဲကို မၾကည္႕ဘဲ ႏိုင္ငံျခားကိုလြတ္ ေငြရွာခိုင္းျခင္းေတြကို ေသခ်ာဆင္ျခင္ေတြးေတာမယ္ ။ တကယ္လိုအပ္တယ္ လြတ္ရမယ္ဆိုရင္ေတာင္ မိမိတို႕ သားသမီးကို ေသခ်ာ ေလ႔လာပါ ။ မိမိရင္ေသြးငယ္ဟာ ကိုယ္ကိုကိုယ္ အမွန္တကယ္ ထိန္းသိမ္းႏိုင္ၿပီလားဆိုတာကို ေလ႔လာၿပီးမွသာ လြတ္သင္႕ပါတယ္ ။ အေကာင္းဆံုးနည္းလမ္းကေတာ႕ မိမိကိုယ္ကို ဂုဏ္သိကၡာရွိေအာင္ ေနတတ္ျခင္းဘဲ ျဖစ္ပါတယ္ ။ ဒီနည္းလမ္းဟာ အေကာင္းဆံုးနဲ႕ အျဖစ္သင္႕ဆံုးပါပဲ ။ ေနာက္ဆံုးအေနနဲ႕ ေျပာခ်င္တာကေတာ႕ ယဥ္ေက်းတဲ႕ ေခတ္တစ္ေခတ္ျဖစ္ေအာင္ ကၽြန္မတို႕ေတြ လက္တြဲညီညီ တည္ေဆာက္ၾကပါစို႕ ။ သူႈဖက္ ကိုယ္ဖက္မွ်တစြာ စဥ္းစားတတ္ၿပီး ကိုယ္ခ်င္းစာတရားကို လက္ကိုင္ထားတတ္ေသာ ၊ ႏွမခ်င္းစာနာစိတ္ေမြးျမဴတတ္ေသာ အမ်ိဳးေကာင္းသားေတြ ေပၚေပါက္ပါေစ ။ ဘုရားဂုဏ္ ၊ တရားဂုဏ္၊ သံဃာ႕ ဂုဏ္တို႕ကို အထူးမွတ္ရွဴတတ္ကာ ေမတၱာပြားမ်ားႏိုင္ေသာ အမ်ိဳးေကာင္းသမီးမ်ားသြာ ေပၚေပါက္လာၾကပါေစ ။ အိမ္မက္ဆိုးေတြကေန ႏိုးထေပးၾကပါေတာ႔ ျမန္မာမိန္းကေလးေတြရယ္လို႕ လွဳပ္ႏွိဳးရင္း ေဆာင္းပါးေလးကို အဆံုးသတ္လိုက္ရပါေတာ႕တယ္ ။

ခိုင္ေလး(ေရႊေတာင္)
www.apannpyay.com
===========

*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*

ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၄. မိမိအပေါ် ဦးဆောင် တတမှု ၊
၅.နှမချင်းစာနာစိတ်ရှိခြင်း
၆.ဘာသာတူညီခြင်း၊
၇.ကျွန်မတို့ ဘဝတွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။

ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိှရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိနး်ကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘဝတွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့ ဘဝလေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘဝကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုနး်လေး ပြောချင်သေးတယ် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိနး်ကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။

လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။ ဒီထက်ပိုပြီး သူစာမျက်နှာမှာ ကိုယ်ပုံတွေတင်တယ် ။ သူအနေနဲ့ ကိုယ်ကစကားတွေ ဝင်ပြောတာမျိုးကြတော့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါတယ် ။ တဖက်လူကလည်း ခုစကားပြောနေတာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိပါတယ် ။ ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။ အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ဘူး ။ ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးပါဘဲ ဖွင
ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါတယ် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို အထင်ကြီးချင်ကြီးနေကြမှာပေါ။ ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိတယ် ။ ရခဲလှတဲ့ လူ့ဘဝကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါတယ် ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမယ် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမယ် ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမယ် ။ ဒါမှ လူပီတသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓဝိနီ = အမြော်အမြင် ဆင်ခြင်ဉာဏ် ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။

မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးတယ် ။ ဒီနေရာမှာ ခိုင်လေး အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ် ။ ခိုင်လေး မလေးရှားမှာ ခုလက်ရှိနေပါတယ် ။ အမျိုးသားနဲ့ တူတူနေပါတယ် ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါ ။ တရားဝင်လက်ထပ်ပြီး လို်က်နေခြင်းမျိုးပါ ။ ခိုင်လေး အမျိုးသားရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးတို့ အိမ်မှာ လုပ်စရာ အလုပ်တွေ အပြည့်ပါပဲ ။ အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ ခိုင်လေး အလုပ်လုပ်မယ်လို့ ပြောပါတယ် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းပါတယ် ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါခိုင်လေး အလုပ်ပါပဲ ။ ခိုင်လေးမှာ အကျင့်တစ်ခုရှိတယ် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာတတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်တယ် ။ အသေးစိတ်ကို လေ့လာမိပါတယ် ။

တခြားနိုင်ငံတွေကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာမနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှားကို ရောက်နေတဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်းကို အရင်ပြောချင်တယ် ။ အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြတယ် ။ မြန်မာချင်းကြိုက်ကြတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှထူးထွေ မခံစားကြရသလိုဘဲရှင် ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြတယ် ။ တူတူနေနေကြတယ် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက်စရာကောင်းလှတဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြတာလဲ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိတယ်။အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေးတိုင်းမှာ အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါပဲ ။ ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့ သွေးအေးအေးထားစေချင်တယ် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြချင်ပါတယ် ။

ရိုးသွားတတ်တယ် အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါတယ်။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ဝင်လာတတ်ကြတယ် ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ ချက်တာလေးကတစ်ဖုံ။သုတ်ပေးတာလေးက တသွယ် စားချင်စဖွယ်ဖြစ်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိပေးသင့်ပါတယ် ။ တခါတရံ စားချင်လာတတ်တဲ့ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘဝမှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ်ဆိုတာကိုနားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်တယ်။ သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသေးတယ် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါတယ်။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မယ်။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။

ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေပါတယ် ။ မလေးရှားမှာ ပြောနေတတ်ကြလွန်းလို့ပါ ။ မြန်မာပြည်က မိန်းက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည်က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုုင်းမရဘူးဆိုရင် ကွာရှင်းလိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါတယ် ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းမိပါတယ် ။ မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီးကို ကျွန်မတို့ မြန်မာမိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန်တိုင်ထုတ်ပြစ်ကြရအောင် ။ ခုဆို ယောကျာင်္းတော်တော်များများပြောနေကြတဲ့စကားရှိပါတယ် ။ မြန်မာမတွေလည်း အင်ဒိုမတွေနဲ့ ဘာမှ မထူးတော့ဘူးတဲ့ ။ သိပ််ကို ရင်နာစရာကောင်းပါတယ် ။ မြန်မာပြည်ပြန်သွားတဲ့ လူုတိုင်းလိုလိုက နိုင်ငံခြားကောင်းကြောင်းတွေကိုသာ စီကာပတ်ကာပြောတတ်ကြပေမယ့် ဆိုးကျိူးတွေကို ချန်လှပ်ထားကြတာလဲ လူးသားမပီသ မှုတစ်ခုပါပဲ ။ အသက်ကြီးသူက ငယ်သူကို ထိန်းဖို့မပြောပါနဲ့ ကြီးသူတွေကိုယ်တိုင်ကိုက ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်နေကြတာ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ ။

ကဲ ကျွန်မတို့ ဘယ်လို ထိန်းကြမလဲ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီက မိမိတို့ကိုယ်ကို တန်ဖိုးတတ်ခြင်းတွေနဲ့ ထိန်းမယ် ။ မိဘတွေ အနေနဲ့လည်း မိမိတို့ သမီးရတနာလေးတွေကို ငွေမျက်နှာတစ်ခုထဲကို မကြည့်ဘဲ နိုင်ငံခြားကိုလွတ် ငွေရှာခိုင်းခြင်းတွေကို သေချာဆင်ခြင်တွေးတောမယ် ။ တကယ်လိုအပ်တယ် လွတ်ရမယ်ဆိုရင်တောင် မိမိတို့ သားသမီးကို သေချာ လေ့လာပါ ။ မိမိရင်သွေးငယ်ဟာ ကိုယ်ကိုကိုယ် အမှန်တကယ် ထိန်းသိမ်းနိုင်ပြီလားဆိုတာကို လေ့လာပြီးမှသာ လွတ်သင့်ပါတယ် ။ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ်ကို ဂုဏ်သိက္ခာရှိအောင် နေတတ်ခြင်းဘဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းဟာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါပဲ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယဉ်ကျေးတဲ့ ခေတ်တစ်ခေတ်ဖြစ်အောင် ကျွန်မတို့တွေ လက်တွဲညီညီ တည်ဆောက်ကြပါစို့ ။ သူှုဖက် ကိုယ်ဖက်မျှတစွာ စဉ်းစားတတ်ပြီး ကိုယ်ချင်းစာတရားကို လက်ကိုင်ထားတတ်သော ၊ နှမချင်းစာနာစိတ်မွေးမြူတတ်သော အမျိုးကောင်းသားတွေ ပေါ်ပေါက်ပါစေ ။ ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တို့ကို အထူးမှတ်ရှူတတ်ကာ မေတ္တာပွားများနိုင်သော အမျိုးကောင်းသမီးများသွာ ပေါ်ပေါက်လာကြပါစေ ။ အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်လို့ လှုပ်နှိုးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့တယ် ။

ခိုင်လေး(ရွှေတောင်)
www.apannpyay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...