ေျမေပြး ခါးပိုက္ ပိုက္မိေလျခင္း


ယခုတေလာ ဘုရားေပၚတြင္ အတင္႔ရဲလာၾကေသာ စံုတြဲမ်ား ၊ အေ၀းေျပးကားမ်ားေပၚတြင္ အေနရဲလာၾကသည္႔ စံုတြဲမ်ား ၊ ရုပ္ရွင္ရံုမ်ား ႏွင္႔ ပန္းျခံမ်ားတြင္ အေနအထိုင္ မဆင္ျခင္ၾကေသာ စံုတြဲမ်ား၏ အေၾကာင္းအား ၾကားေန ၊ ျမင္ေန ၊ ဖတ္ေနရပါသည္ ။ သားရွင္လည္းျဖစ္ ၊ သမီးရွင္ပါ ျဖစ္သည္႔ ကၽြန္မအတြက္ ထိုသတင္းမ်ားသည္ လြန္စြာထိတ္လန္႔ စိုးရိမ္စရာေကာင္းေနပါေတာ႔သည္ ။
ဦးစြာပထမ ကၽြန္မ ေတြးမိသည္မွာ မိန္းကေလးမ်ားသည္ မိမိတို႔ခ်စ္သူမ်ားအား ယခုေလာက္အထိ အဘယ္ေၾကာင္႔ လိုက္ေလ်ာၾကရသနည္း ။
ဘယ္အေၾကာင္းအရာကိုပဲ ေတြးေတြး ကၽြန္မ လက္ရွိေရာက္ေနသည္႔ အသက္အရြယ္ႏွင္႔ မည္သည္႔အခါမွ မေတြးပါ ။ ကၽြန္မေတြးေနသည္႔ ကိစၥသည္ ဆယ္ေက်ာ္သက္အရြယ္ႏွင္႔ သက္ဆိုင္ေနလ်ွင္ ငါဆယ္ေက်ာ္သက္အရြယ္တုန္းကဆိုရင္ ဆိုသည္႔ အေတြးႏွင္႔ ယခုလက္ရွိ ေရာက္ေနေသာ အသက္အရြယ္၏ အေတြးတို႔ကို ေပါင္းစပ္ေတြးေတာပါသည္ ။
ဆယ္ေက်ာ္သက္ ရင္ခုန္တတ္စအရြယ္မွာ ခ်စ္သူႏွင္႔ ခ်ိန္းေတြ႔ၾကျပီဆိုလ်ွင္ လူေျခတိတ္မည္႔ ေနရာအား ေရြးခ်ယ္တတ္ၾကသည္ ။ ခ်ိန္းေတြ႔မည္႔သူကလည္း ကိုယ္ခ်စ္သူျဖစ္ေနျခင္းေၾကာင္႔ ခ်စ္သူအလိုက် လိုက္ေလ်ာမိရန္ ရာခိုင္ႏွဳန္းမ်ားႏိုင္ပါ၏ ။ ထိုအခါ မျဖစ္သင္႔သည္မ်ား
ျဖစ္လာႏိုင္သည္ ။ ထိုအေတြးအား ကၽြန္မဆယ္ေက်ာ္သက္အရြယတြင္ ေကာင္းစြာ ေတြးတတ္ ခဲ႔ေသာေၾကာင္႔ ခ်စ္သူျဖင္႔ ခ်ိန္းေတြ႔ျခင္းကိစၥအား ကၽြန္မ ေရွာင္ပါသည္ ။
ယခုအသက္အရြယ္သို႔ ေရာက္လာေသာအခါ ထိုအေတြးထက္ ပို၍ေလးနက္ေသာ အေတြးမ်ိဳး
ေတြးတတ္လာသည္ ။ ခ်စ္သူႏွင္႔ ခ်ိန္းေတြ႔မည္ ။ ဟုတ္ျပီ ။ ပန္းျခံ ၊ ဘုရား စသည္႔
ေနရာမ်ားအား ေရြးခ်ယ္ၾကျပီ ။ ခ်စ္သူသဘာ၀ လက္ကေလးကိုင္ ပါးကေလးနမ္း အဆင္႔ထက္ ေက်ာ္လြန္၍ ေယာက်ာ္းေလးဖက္မွ တဆင္႔တက္ျပီး ေတာင္းဆိုလာျပီဆိုလ်ွင္ ကၽြန္မတို႔ မိန္းကေလးမ်ား စဥ္းစားသင္႔ပါျပီ ။ ထိုသူသည္ ကၽြန္မတို႔ တစ္ဘ၀လံုးစာအတြက္ ရည္ရြယ္ထားသူဆိုလ်ွင္ ပိုျပီးပင္ စဥ္းစားသင္႔ပါသည္ ။ လက္မထပ္ရေသးဘဲ အတူေနၾကျခင္း ကိစၥသည္ ျမန္မာ႔ယဥ္ေက်းမွု႔ အသိုင္းအ၀ိုင္းတြင္ လက္သင္႔မခံႏိုင္ၾကေသးေသာ ကိစၥတစ္ခုျဖစ္သည္ ။
ဒီေခတ္ ဘာဆန္းလို႔လည္း ဟု ဆင္ျခင္ေပးခ်င္သူမ်ားလည္း ရွိႏိုင္ပါသည္ ။ ဟုတ္ျပီ ။ အတူေနျခင္းသည္ ဘာဆန္းလို႔လည္း ဟု ေတြးေနသူမ်ားအတြက္ စဥ္းစားစရာမ်ား ရွိသည္ ။ ခ်စ္သူဘ၀မွာ ကာမဆက္ဆံရန္ အမ်ိဳးသားမွ ေတာင္းဆိုလာျပီ ။ မိန္းကေလးအေနႏွင္႔ မိမိခ်စ္သူျဖစ္ေနေသာေၾကာင္႔ လိုက္ေလ်ာမိတယ္ထားပါ ။ အတူေနၾကရန္ မည္သည္႔ေနရာအား ေရြးခ်ယ္မည္နည္း ။ တည္းခိုခန္း ၊ ေဟာ္တည္ တစ္ခုခုအား ေရြးခ်ယ္ၾကရမည္ ။
ေဟာ္တည္သို႔ မသြားႏိုင္ဘူး ထားပါ ။ တည္းခိုခန္းေလာက္ သြားႏိုင္ရမည္ ။ ထိုမ်ွေလာက္ ကုန္က်စရိတ္ကိုပင္ အကုန္မခံခ်င္ေသာ ၊ အကုန္မခံႏိုင္ေသာ ခ်စ္သူအမ်ိဳးသားသည္ မိမိခ်စ္သူ မိန္းကေလးအား လူျမင္ကြင္းမ်ားျဖစ္ၾကေသာ ပန္းျခံ ၊ ဘုရားေပၚ ၊ အေ၀းေျပးကားေပၚ ႏွင္႔ ရုပ္ရွင္ရံု အစရွိသည္႔ ေနရာမ်ားတြင္ အေနရဲခ်င္သူမ်ားအား သမီးတို႔ ၊ ညီမတို႔ ၊ အစ္မတို႔ အေနႏွင္႔ ဘယ္လိုအေတြးမ်ိဳးႏွင္႔ လိုက္ေလ်ာမိၾကသလဲ ဟု အျပစ္တင္ပါရေစ ။ သမီးတို႔ ၊ ညီမတို႔ ၊ အစ္မတို႔ ဘ၀တစ္သက္စာအတြက္ ဒီလိုလူမ်ိဳးအား မည္ကဲ႔သို႔ိုယံုၾကည္၊ အားကိုးၾကမည္နည္း ။ ကၽြန္မတို႔ မိမိကိုယ္မိမိ ခ်စ္တတ္ရန္ လိုသည္ ။ မိမိကိုယ္မိမိ တန္ဖိုးထားတတ္ရန္လည္း လိုအပ္ပါသည္ ။ မိမိကိုယ္မိမိ ခ်စ္တတ္ျခင္း ၊ တန္ဖိုးထားတတ္ျခင္းသည္ မိမိ၏ ျငိမ္းခ်မ္းျခင္းကို ရရွိျခင္းပါ ။
ေနာက္တစ္ခု စဥ္းစားစရာရွိသည္က အိမ္ေထာင္ျပဳျခင္းဆိုသည္မွာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခင္စံုဖက္ယံုတင္ မကဘဲ မိမိတို႔ဘ၀တစ္သက္စာ လံုျခံဳစိတ္ခ်လိုျခင္း ၊ အားကိုးလိုျခင္း အစရွိေသာအခ်က္မ်ားပါ ပါ၀င္ေနသည္ ။ ဘ၀တစ္သက္စာ လံုျခံဳဖို႔မေျပာႏွင္႔ မိမိ္ခ်စ္သူမိန္းကေလး၏ အရွက္ ႏွင္႔ ဂုဏ္သိကၡာကိုပင္ အကာအကြယ္ မေပးႏိုင္ေသာ ခ်စ္သူမ်ိဳး ေရြးခ်ယ္ထားမိျခင္းသည္
ေၾကာက္စရာအေကာင္းဆံုး ေျမြေပြးတစ္ေကာင္အား မိမိတို႔၏ ခါးပိုက္ေထာင္ထဲ ထည္႔ထားျခင္းႏွင္႔ အတူတူျဖစ္ေနေၾကာင္း ေစတနာေရွ႔ထား၍ သတိေပးလိုက္ခ်င္ ပါေတာ႔သည္ ။
ခိုင္ေလး ( ေရႊေတာင္ )
===============

ယခုတလော ဘုရားပေါ်တွင် အတင့်ရဲလာကြသော စုံတွဲများ ၊ အဝေးပြေးကားများပေါ်တွင် အနေရဲလာကြသည့် စုံတွဲများ ၊ ရုပ်ရှင်ရုံများ နှင့် ပန်းခြံများတွင် အနေအထိုင် မဆင်ခြင်ကြသော စုံတွဲများ၏ အကြောင်းအား ကြားနေ ၊ မြင်နေ ၊ ဖတ်နေရပါသည် ။ သားရှင်လည်းဖြစ် ၊ သမီးရှင်ပါ ဖြစ်သည့် ကျွန်မအတွက် ထိုသတင်းများသည် လွန်စွာထိတ်လန့် စိုးရိမ်စရာကောင်းနေပါတော့သည် ။ 
ဦးစွာပထမ ကျွန်မ တွေးမိသည်မှာ မိန်းကလေးများသည် မိမိတို့ချစ်သူများအား ယခုလောက်အထိ အဘယ်ကြောင့် လိုက်လျောကြရသနည်း ။ 
ဘယ်အကြောင်းအရာကိုပဲ တွေးတွေး ကျွန်မ လက်ရှိရောက်နေသည့် အသက်အရွယ်နှင့် မည်သည့်အခါမှ မတွေးပါ ။ ကျွန်မတွေးနေသည့် ကိစ္စသည် ဆယ်ကျော်သက်အရွယ်နှင့် သက်ဆိုင်နေလျှင် ငါဆယ်ကျော်သက်အရွယ်တုန်းကဆိုရင် ဆိုသည့် အတွေးနှင့် ယခုလက်ရှိ ရောက်နေသော အသက်အရွယ်၏ အတွေးတို့ကို ပေါင်းစပ်တွေးတောပါသည် ။
ဆယ်ကျော်သက် ရင်ခုန်တတ်စအရွယ်မှာ ချစ်သူနှင့် ချိန်းတွေ့ကြပြီဆိုလျှင် လူခြေတိတ်မည့် နေရာအား ရွေးချယ်တတ်ကြသည် ။ ချိန်းတွေ့မည့်သူကလည်း ကိုယ်ချစ်သူဖြစ်နေခြင်းကြောင့် ချစ်သူအလိုကျ လိုက်လျောမိရန် ရာခိုင်နှုန်းများနိုင်ပါ၏ ။ ထိုအခါ မဖြစ်သင့်သည်များ
ဖြစ်လာနိုင်သည် ။ ထိုအတွေးအား ကျွန်မဆယ်ကျော်သက်အရွယတွင် ကောင်းစွာ တွေးတတ် ခဲ့သောကြောင့် ချစ်သူဖြင့် ချိန်းတွေ့ခြင်းကိစ္စအား ကျွန်မ ရှောင်ပါသည် ။ 
ယခုအသက်အရွယ်သို့ ရောက်လာသောအခါ ထိုအတွေးထက် ပို၍လေးနက်သော အတွေးမျိုး
တွေးတတ်လာသည် ။ ချစ်သူနှင့် ချိန်းတွေ့မည် ။ ဟုတ်ပြီ ။ ပန်းခြံ ၊ ဘုရား စသည့်
နေရာများအား ရွေးချယ်ကြပြီ ။ ချစ်သူသဘာဝ လက်ကလေးကိုင် ပါးကလေးနမ်း အဆင့်ထက် ကျော်လွန်၍ ယောကျာ်းလေးဖက်မှ တဆင့်တက်ပြီး တောင်းဆိုလာပြီဆိုလျှင် ကျွန်မတို့ မိန်းကလေးများ စဉ်းစားသင့်ပါပြီ ။ ထိုသူသည် ကျွန်မတို့ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားသူဆိုလျှင် ပိုပြီးပင် စဉ်းစားသင့်ပါသည် ။ လက်မထပ်ရသေးဘဲ အတူနေကြခြင်း ကိစ္စသည် မြန်မာ့ယဉ်ကျေးမှု့ အသိုင်းအဝိုင်းတွင် လက်သင့်မခံနိုင်ကြသေးသော ကိစ္စတစ်ခုဖြစ်သည် ။
ဒီခေတ် ဘာဆန်းလို့လည်း ဟု ဆင်ခြင်ပေးချင်သူများလည်း ရှိနိုင်ပါသည် ။ ဟုတ်ပြီ ။ အတူနေခြင်းသည် ဘာဆန်းလို့လည်း ဟု တွေးနေသူများအတွက် စဉ်းစားစရာများ ရှိသည် ။ ချစ်သူဘဝမှာ ကာမဆက်ဆံရန် အမျိုးသားမှ တောင်းဆိုလာပြီ ။ မိန်းကလေးအနေနှင့် မိမိချစ်သူဖြစ်နေသောကြောင့် လိုက်လျောမိတယ်ထားပါ ။ အတူနေကြရန် မည်သည့်နေရာအား ရွေးချယ်မည်နည်း ။ တည်းခိုခန်း ၊ ဟော်တည် တစ်ခုခုအား ရွေးချယ်ကြရမည် ။
ဟော်တည်သို့ မသွားနိုင်ဘူး ထားပါ ။ တည်းခိုခန်းလောက် သွားနိုင်ရမည် ။ ထိုမျှလောက် ကုန်ကျစရိတ်ကိုပင် အကုန်မခံချင်သော ၊ အကုန်မခံနိုင်သော ချစ်သူအမျိုးသားသည် မိမိချစ်သူ မိန်းကလေးအား လူမြင်ကွင်းများဖြစ်ကြသော ပန်းခြံ ၊ ဘုရားပေါ် ၊ အဝေးပြေးကားပေါ် နှင့် ရုပ်ရှင်ရုံ အစရှိသည့် နေရာများတွင် အနေရဲချင်သူများအား သမီးတို့ ၊ ညီမတို့ ၊ အစ်မတို့ အနေနှင့် ဘယ်လိုအတွေးမျိုးနှင့် လိုက်လျောမိကြသလဲ ဟု အပြစ်တင်ပါရစေ ။ သမီးတို့ ၊ ညီမတို့ ၊ အစ်မတို့ ဘဝတစ်သက်စာအတွက် ဒီလိုလူမျိုးအား မည်ကဲ့သိို့ုယုံကြည်၊ အားကိုးကြမည်နည်း ။ ကျွန်မတို့ မိမိကိုယ်မိမိ ချစ်တတ်ရန် လိုသည် ။ မိမိကိုယ်မိမိ တန်ဖိုးထားတတ်ရန်လည်း လိုအပ်ပါသည် ။ မိမိကိုယ်မိမိ ချစ်တတ်ခြင်း ၊ တန်ဖိုးထားတတ်ခြင်းသည် မိမိ၏ ငြိမ်းချမ်းခြင်းကို ရရှိခြင်းပါ ။
နောက်တစ်ခု စဉ်းစားစရာရှိသည်က အိမ်ထောင်ပြုခြင်းဆိုသည်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံဖက်ယုံတင် မကဘဲ မိမိတို့ဘဝတစ်သက်စာ လုံခြုံစိတ်ချလိုခြင်း ၊ အားကိုးလိုခြင်း အစရှိသောအချက်များပါ ပါဝင်နေသည် ။ ဘဝတစ်သက်စာ လုံခြုံဖို့မပြောနှင့် မိမိ်ချစ်သူမိန်းကလေး၏ အရှက် နှင့် ဂုဏ်သိက္ခာကိုပင် အကာအကွယ် မပေးနိုင်သော ချစ်သူမျိုး ရွေးချယ်ထားမိခြင်းသည်
ကြောက်စရာအကောင်းဆုံး မြွေပွေးတစ်ကောင်အား မိမိတို့၏ ခါးပိုက်ထောင်ထဲ ထည့်ထားခြင်းနှင့် အတူတူဖြစ်နေကြောင်း စေတနာရှေ့ထား၍ သတိပေးလိုက်ချင် ပါတော့သည် ။
ခိုင်လေး ( ရွှေတောင် )

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...