ကားဘီးႏွင္႔ ကားကုိယ္မ်ားကုိ ေသနတ္ႏွင့္ပစ္ ကားေသာ႔မ်ားယူေဆာင္ ေငြေၾကးေတာင္းခံ

"ကြတ္ခုိင္ႏွင့္ နမ့္ဖက္ကာလမ္းပိုင္းတြင္ ကားငါးစီးထက္မနည္း
တားဆီးခံရၿပီးကားကိုယ္ထည္ႏွင့္ ဘီးမ်ား ေသနတ္ႏွင့္ပစ္ခတ္ခံရ"
ျပည္ေထာင္စုလမ္းမႀကီး ကြတ္ခိုင္ႏွင္႔ နမ့္ဖက္ကာ လမ္းပုိင္းတြင္ လက္နက္ကုိင္အဖြဲ႔မ်ားက ကားမ်ားကုိ တားဆီးေငြေၾကး
ေတာင္းယူျပီး ကားဘီးမ်ားကုိ ေသနတ္ႏွင့္ပစ္ေဖာက္သြားေၾကာင္း
ေဒသတြင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိသည္။ကြတ္ခိုင္ႏွင္႔ နမ့္ဖက္ကာႀကား
ခိုမုန္းရြာႏွင့္ပန္ကုိင္ရြာအနီးတြင္ ယေန႔(မတ္ ၁၆)နံနက္ ၄ နာရီခန္႕က
ျဖစ္ပြားခဲ႔ျခင္းျဖစ္သည္။ TNLA၊KIA ၊MNDAAႏွင္႔ AA ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ယင္းကဲ႔သုိ႕ လုပ္ေဆာင္သြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ႏွင္႔ ေဒသခံမ်ားကေျပာသည္။ ခရီးသည္တင္ ကားတစ္စီး
အပါအဝင္ ကားငါးစီးထက္ မနည္းကုိ တားဆီး၍ ကားဘီးႏွင္႔ ကားကုိယ္မ်ားကုိ ေသနတ္ႏွင့္ပစ္ကာ ကားေသာ႔မ်ားကုိလည္း
ယူေဆာင္သြားေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။ယင္းကဲ့သို႔
ကားမ်ားကို ေငြေၾကးေတာင္းခံမႈမ်ားမွာ မတ္လ ၁၄ရက္မွစကာ
ျဖစ္ပြားေနျပီး တုိက္ပြဲမ်ားလည္း တစ္ေက်ာ႔ျပန္ ျဖစ္ပြားလ်က္ရွိသည္။
ယင္းျဖစ္စဥ္အား TNLA အဖြဲ႔ထံ ဆက္သြယ္ေမးျမန္းရာ ဖုန္းကုိင္ေဆာင္သူက ေနာက္ထပ္ဖုန္းတစ္လုံးကုိ လႊဲေျပာင္းေပး၍
ယင္းဖုန္းနံပါတ္အား ထပ္မံေခၚဆုိခဲ႔ေသာ္လည္း ကုိင္ေဆာင္ျခင္းမရွိေပ။
photo - Lashio Media


7Day News Journal
 "ကွတ်ခိုင်နှင့် နမ့်ဖက်ကာလမ်းပိုင်းတွင် ကားငါးစီးထက်မနည်း
တားဆီးခံရပြီးကားကိုယ်ထည်နှင့် ဘီးများ သေနတ်နှင့်ပစ်ခတ်ခံရ"
ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်နှင့် နမ့်ဖက်ကာ လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များက ကားများကို တားဆီးငွေကြေး
တောင်းယူပြီး ကားဘီးများကို သေနတ်နှင့်ပစ်ဖောက်သွားကြောင်း
ဒေသတွင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား
ခိုမုန်းရွာနှင့်ပန်ကိုင်ရွာအနီးတွင် ယနေ့(မတ် ၁၆)နံနက် ၄ နာရီခန့်က
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ TNLA၊KIA ၊MNDAAနှင့် AA ပါဝင်သော ပူးပေါင်းအဖွဲ့က ယင်းကဲ့သို့ လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများကပြောသည်။ ခရီးသည်တင် ကားတစ်စီး
အပါအဝင် ကားငါးစီးထက် မနည်းကို တားဆီး၍ ကားဘီးနှင့် ကားကိုယ်များကို သေနတ်နှင့်ပစ်ကာ ကားသော့များကိုလည်း
ယူဆောင်သွားကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ယင်းကဲ့သို့
ကားများကို ငွေကြေးတောင်းခံမှုများမှာ မတ်လ ၁၄ရက်မှစကာ
ဖြစ်ပွားနေပြီး တိုက်ပွဲများလည်း တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။
ယင်းဖြစ်စဉ်အား TNLA အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ဆောင်သူက နောက်ထပ်ဖုန်းတစ်လုံးကို လွှဲပြောင်းပေး၍
ယင်းဖုန်းနံပါတ်အား ထပ်မံခေါ်ဆိုခဲ့သော်လည်း ကိုင်ဆောင်ခြင်းမရှိပေ။
photo - Lashio Media
7Day News Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...