ကမ႓ာႀကီးႏွစ္ျခမ္းကဲြတဲ့ စာေရးဆရာႏွင့္ အင္တာဗ်ဴ း

ကမၻာႀကီး ႏွစ္ျခမ္းကြဲတဲ့ကိစၥ ေမာင္လွမ်ိဳး(ခ်င္းေခ်ာင္းၿခံ) ေျပာၿပီ

ခုတေလာ လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ကမၻာႀကီး ႏွစ္ျခမ္းကြဲတဲ့ကိစၥက ပြက္ေလာညံေနသည္။ မင္းသား၊ မင္းသမီးအစ ဝန္ထမ္းႏွင့္ ေက်ာင္းသားအလယ္၊ အရပ္သူ၊ အရပ္သားအဆံုး အားလံုး ကမၻာႀကီး ႏွစ္ျခမ္းကြဲတဲ့ကိစၥအေပၚ ေမးခြန္းထုတ္ အျငင္းပြားေနၾကသည္။ ထိုကိစၥက လူၾကည့္မ်ား ေသာ Myanmar Idol အစီအစဥ္ထဲအထိ ေရာက္သြားသည္။ အကယ္စင္စစ္ ယင္းအေၾကာင္းအရာသည္ ကဗ်ာတစ္ပုဒ္မွ ျမစ္ဖ်ားခံ စီးဆင္းလာျခင္းျဖစ္သည္။ ကဗ်ာေရးသူမွာ ေမာင္လွမ်ဳိး(ခ်င္းေခ်ာင္းၿခံ) ျဖစ္သည္။ ဆရာေမာင္လွမ်ဳိး(ခ်င္းေခ်ာင္းၿခံ)သည္ အခ်စ္ဝတၴဳ၊ အခ်စ္ကဗ်ာမ်ားသာမက ႏုိင္ငံေရးႏွင့္ လူမႈဘဝ ဆုိင္ရာ ေဆာင္းပါးမ်ား၊ ကဗ်ာမ်ားကုိလည္း ေရးသားေနသူျဖစ္သည္။ အုတ္ေအာ္ေသာင္းတင္းျဖစ္သြားခဲ့ေသာ ကမၻာႀကီး ႏွစ္ျခမ္းကြဲသည့္ျဖစ္စဥ္ႏွင့္ ထိုကဗ်ာအေပၚ ဆရာေမာင္လွမ်ဳိး(ခ်င္းေခ်ာင္းၿခံ)အား ေစ့ငုၾကည့္ေသာ အခါ...
ထြဏ္းထြဏ္း ေတြ႕ဆံုေမးျမန္းသည္
ဆရာ့ရဲ႕ အဲဒီကဗ်ာက ေဖ့စ္ဘြတ္ခ္ေပၚမွာ ဘယ္လုိပ်ံ႕ႏွံ႔သြားတယ္ ဆုိတာက စေျပာၾကရေအာင္လား ဆရာ။
အမွန္က အဲဒါ ကြၽန္ေတာ့္ရဲ႕ 'ကုိယ္ရည္ေသြး'ဆုိတဲ့ ကဗ်ာ ရွည္ထဲက အပုိဒ္ေလးတစ္ပုိဒ္ပါ။ ကြၽန္ေတာ့္ပရိသတ္ လူငယ္ေလး တစ္ေယာက္က အဲဒီကဗ်ာထဲက သံုးေၾကာင္းပဲရွိတဲ့ အပုိဒ္ေလးကို ႀကိဳက္လုိ႔ ပန္းခ်ီပံုေလးေရးၿပီး သူ႔ေဖ့စ္ဘြတ္ခ္ေပၚမွာ ပုိ႔စ္တင္ပါရ ေစလုိ႔ ခြင့္ေတာင္းတာနဲ႔ ကြၽန္ေတာ္ခြင့္ျပဳလုိက္တာပါ။ ကဗ်ာသံုး ေၾကာင္းအေပၚက မေတာ္တဆဆုိတဲ့ စကားလံုးက သူ႔ဘာသာသူ ျဖည့္ခဲ့တာပါ။
ျဖစ္ခ်င္ေတာ့ ဆရာ့ကဗ်ာက ခ်စ္သူမ်ားေန႔နဲ႔လည္း တုိက္ဆုိင္သြား ေတာ့ Facebook User ေတြၾကားမွာ ေတာ္ေတာ္ေလး ေျပာစရာ၊ ဆုိစရာ၊ ကုိးကားစရာ ျဖစ္သြားခဲ့တယ္။ အဲဒီအေပၚမွာ ဆရာ တစ္ခုခု ေျပာေပးပါဦး။
(ထိုအေမးစကားအဆံုးတြင္ ဆရာေမာင္လွမ်ဳိးက ၿပံဳးသည္ ဆုိ႐ံုမွ်ကေလးသာ ၿပံဳး၍...) အမွန္ေတာ့ ဘယ္သူမွ မသိၾကေသး တဲ့ အေၾကာင္းခံက အဲဒီကဗ်ာဟာ အခ်စ္သက္သက္ ကဗ်ာမဟုတ္ ဘူး ဆုိတာပါပဲ။
ဒါဆုိရင္ေတာ့ စိတ္ဝင္စားစရာ ေကာင္းသြားၿပီဆရာ။ အားလံုးက အခ်စ္ကဗ်ာလုိ႔ ထင္ထားၾကခ်ိန္မွာ ဆရာက အခ်စ္သက္သက္ ကဗ်ာမဟုတ္ဘူးလုိ႔ ေျပာလုိက္ေတာ့ေလ။
ဒီကဗ်ာက၂ဝဝ၉ ခုႏွစ္က ဖြဲ႕ထားရတဲ့ ကဗ်ာဆုိေတာ့ ကာလ ေဒသကို တြက္စစ္ၾကည့္ရင္ မလြတ္လပ္ေသးတဲ့ ကာလ။ ဒါေၾကာင့္ အခ်စ္ေယာင္ေဆာင္ထားရတဲ့ ကဗ်ာမ်ားစြာထဲက တစ္ပုဒ္လုိ႔ပဲ ဆုိ ပါေတာ့။
အခ်စ္ေယာင္ေဆာင္ထားရတဲ့ ကဗ်ာဆုိေတာ့ ကြၽန္ေတာ့္အေနနဲ႔ ဆရာဝွက္ထားတဲ့ကဗ်ာရဲ႕အနက္ကို လွန္ၾကည့္ခ်င္စိတ္ ျဖစ္မိတယ္။ ဆရာ့အေနနဲ႔ နည္းနည္းေလာက္ျဖစ္ျဖစ္ ျမင္သာေအာင္ လွပ္ျပေပး ေစခ်င္ပါတယ္။
လူေတြထင္ေန၊ ေျပာေနၾကသလုိ ကမၻာလံုးႀကီး ႏွစ္ျခမ္းကြဲ သြားမွာကို ဆုိလုိတာ မဟုတ္ပါဘူး။ ယံုၾကည္ခံယူခ်က္ ႏွစ္ျခမ္းကြဲ ၾကတာကို ဆုိလုိတာပါ။ ၿပီးေတာ့ အဲဒီလုိ ႏွစ္စု၊ ႏွစ္ဖြဲ႕၊ ႏွစ္ျခမ္းကြဲ ၾကမယ့္အခါ ကုိယ္လုိလားသူဘက္မွာသာ ေနထုိင္ ရွင္သန္ခ်င္တယ္ လို႔ ဆုိလုိတာပါ။ ကဗ်ာဆုိတာ လြတ္လပ္စြာ ခံစားရတဲ့ အႏုပညာ မို႔ ေရးဖြဲ႕သူအေနနဲ႔ ဒီေလာက္ပဲ ေျပာျပသင့္ပါတယ္။
ဟုတ္ကဲ့ပါဆရာ။ ဒါနဲ႔ အဲဒီကဗ်ာအေပၚ Myanmar Idol အစီ အစဥ္မွာ ဦးသိန္းတန္(ျမန္မာျပည္သိန္းတန္)က အဝိဇၨာဆုိၿပီး ေဝဖန္ ေျပာဆုိခဲ့တဲ့အေပၚမွာ ဆရာ့သေဘာထားကို သိခ်င္ပါတယ္။
ဦးသိန္းတန္က ကဗ်ာကို မဖတ္ဖူးဘဲ မွန္းေျပာတာ ျဖစ္မွာပါ။ ကမၻာႏွစ္ျခမ္းကြဲတယ္ဆုိတာ ကမၻာအလံုးႀကီး ႏွစ္ျခမ္းကြဲတယ္လုိ႔ ျမင္သြားတယ္ ထင္ပါရဲ႕။ အဝိဇၨာကင္းကင္းနဲ႔ ပညာဗဟုသုတ ေျပာ ျပရရင္ ကမၻာႏွစ္ျခမ္းကြဲကြဲ၊ ကမၻာပ်က္ပ်က္ အဲဒီလုိပ်က္ၿပီဆုိတာ နဲ႔ ကမၻာေပၚမွာ ဘယ္သက္ရွိမွ မရွိေတာ့ပါဘူး။ သက္ဆုိင္ရာ သတၱ ဝါအားလံုး ကံအတုိင္း လားၿပီး ဘံုအသီးသီးမွာ ရွိေနၾကရတယ္လို႔ ၾကားနာဖူးပါတယ္။ ဦးသိန္းတန္ေျပာတဲ့ မဂၤလာမရွိဘူးဆုိတာ မွန္ ပါလိမ့္မယ္။ ႏွစ္ျခမ္းကြဲတယ္ဆုိရင္ ဘယ္ေလာကျဖစ္ျဖစ္ အနိဌာ႐ုံ ပါပဲ။ ကြၽန္ေတာ္ကေတာ့ ဗုဒၶဘာသာဝင္ ျဖစ္တဲ့အတြက္ ၃၈ ျဖာ မဂၤလာနဲ႔ မညီရင္ အားလံုးဟာ မဂၤလာတရားေတာ္နဲ႔ မညီတဲ့ အေန အထုိင္ေတြပဲလို႔ စကားျဖည့္ေျပာပါရေစ။

ဟုတ္ကဲ့ဆရာ... ဒါနဲ႔စကားမစပ္ ဗီဒီယုိသတင္းရပ္ကြက္ကေန ကြၽန္ေတာ္ၾကားထားရတာ တစ္ခုရွိေသးတယ္။ ဆရာ့ရဲ႕ အဲဒီကဗ်ာ ကို ဗီဒီယုိ႐ုိက္မယ္ဆုိတာ ဟုတ္လား။ ဆရာ့ဝတၴဳ ေတာ္ေတာ္မ်ား မ်ားက ဗီဒီယုိ႐ုိက္ထားဖူးတာဆုိေတာ့ေလ။
ကြၽန္ေတာ့္ရဲ႕ တျခားဇာတ္တစ္ခုကို အဲဒီကဗ်ာ နာမည္ေပးၿပီး ေတာ့ ႐ုိက္မွာပါ။ အဆုိေတာ္ ဂ်က္ျမေသာင္းက သီခ်င္းေရးမွာပါ။
အခုေလာေလာဆယ္ ဆရာဘာေတြလုပ္ေနလဲဆုိတာလည္း သိပါ ရေစ။
ေလာေလာဆယ္ေတာ့ ေဒသဖြံ႕ၿဖိဳးမႈဆုိင္ရာ ပရဟိတလုပ္ငန္း မွာ လုပ္အားေပး ဝင္လုပ္ျဖစ္ေနတယ္။
ဆရာ့ရဲ႕ အသစ္ထြက္မယ့္ စာအုပ္ေလးေတြရွိရင္လည္း ပရိသတ္ ကို သတင္းစကား ေဝမွ်ေပးေစခ်င္ပါတယ္။
ကြၽန္ေတာ့္ရဲ႕ ေနာက္ထြက္မယ့္ စာအုပ္ႏွစ္အုပ္က 'ရန္သူတည္ တဲ့ဘုရားႏွင့္ ရင္တြင္းဖြဲ႕ဝါက်မ်ား' နဲ႔ 'ကြၽန္ေတာ္ကဲ့သုိ႔ လူမုိက္မ်ား' ျဖစ္ပါတယ္။
ဟုတ္ကဲ့။ အခုလိုေျဖၾကားေပးတဲ့အတြက္ ဆရာ့ကို ေက်းဇူးတင္ပါ တယ္။
ကိုယ္ရည္ေသြး
****************
ေမာင္လွမ်ဳိး (ခ်င္းေခ်ာင္းၿခံ)
ခ်စ္တယ္...လို႔
ေျပာလိုက္ကတည္းက
ကမၻာတစ္ဝွမ္းလံုးမွာရွိတဲ့
ျမတ္ႏိုးစရာ အလံုးစံုကို
မင္းအတြက္
ေပးဆပ္လိုက္တာပါ။
ဘယ္သူ႔ဆီမွာမွ
ဦးမၫြြတ္ခဲ့တဲ့ ခ်စ္ျခင္း
ဘယ္သူ႔ထံမွာမွ
မေတာင္းခံခဲ့တဲ့...ေမွ်ာ္လင့္ျခင္း
ဘယ္သူ႔အတြက္မွ
မထြင္းထုခဲ့တဲ့..ႀကိဳးပမ္းျခင္း
အားလံုးရဲ႕ အစုအစည္းနဲ႔
မင္းကို ေပးဆပ္ခဲ့တာပါ။
ကမၻာႏွစ္ျခမ္း ကြဲသြားခဲ့ရင္ေတာင္
မင္းရွိတဲ့ဘက္ျခမ္းမွာသာ
ငါ...ရွင္သန္ပါရေစ
သစ္ရြက္မေၾကြဖို႔ ေႏြကိုတားဆီးလို႔မရ
မိုးစက္မေျခြဖို႔ ေကာင္းကင္ကိုတားဆီးလို႔မရ
ႏွင္းပြင့္မေဝဖို႔ ေဆာင္းကိုတားဆီးလို႔မရ
ရနံ႔မသင္းဖုိ႔ ပန္းကိုပိတ္ပင္လို႔မရသလိုမ်ဳိး
ျမတ္ႏိုးလြန္းတဲ့ ငါ့ခ်စ္ျခင္း
ဘာနဲ႔ ပစ္ခြင္းမလဲ...မင္း။
ကမၻာပ်က္သုဥ္းခဲ့ရင္ေတာင္
ခ်စ္ျခင္းရဲ႕
အေငြ႕အသက္ အရွိန္အဟုန္နဲ႔
ေနာက္ထပ္ ကမၻာသစ္တစ္ခု
(သဘာဝတရားက)
အလိုလို ထြင္းထုႏိုင္ဦးမယ္။
ယံုပါ
အခ်စ္နဲ႔ကင္းလြတ္တဲ့ လူ႔ကမၻာ
ဘယ္ဆီမွာမွ...မရွိ။
#YangonMediaGroup #YangonTimesJournal
ကမ္ဘာကြီး နှစ်ခြမ်းကွဲတဲ့ကိစ္စ မောင်လှမျိုး(ချင်းချောင်းခြံ) ပြောပြီ
********************************************************************

ခုတလော လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကမ္ဘာကြီး နှစ်ခြမ်းကွဲတဲ့ကိစ္စက ပွက်လောညံနေသည်။ မင်းသား၊ မင်းသမီးအစ ဝန်ထမ်းနှင့် ကျောင်းသားအလယ်၊ အရပ်သူ၊ အရပ်သားအဆုံး အားလုံး ကမ္ဘာကြီး နှစ်ခြမ်းကွဲတဲ့ကိစ္စအပေါ် မေးခွန်းထုတ် အငြင်းပွားနေကြသည်။ ထိုကိစ္စက လူကြည့်များ သော Myanmar Idol အစီအစဉ်ထဲအထိ ရောက်သွားသည်။ အကယ်စင်စစ် ယင်းအကြောင်းအရာသည် ကဗျာတစ်ပုဒ်မှ မြစ်ဖျားခံ စီးဆင်းလာခြင်းဖြစ်သည်။ ကဗျာရေးသူမှာ မောင်လှမျိုး(ချင်းချောင်းခြံ) ဖြစ်သည်။ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)သည် အချစ်ဝတ္ထု၊ အချစ်ကဗျာများသာမက နိုင်ငံရေးနှင့် လူမှုဘဝ ဆိုင်ရာ ဆောင်းပါးများ၊ ကဗျာများကိုလည်း ရေးသားနေသူဖြစ်သည်။ အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သော ကမ္ဘာကြီး နှစ်ခြမ်းကွဲသည့်ဖြစ်စဉ်နှင့် ထိုကဗျာအပေါ် ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)အား စေ့ငုကြည့်သော အခါ...

ထွဏ်းထွဏ်း တွေ့ဆုံမေးမြန်းသည်

ဆရာ့ရဲ့ အဲဒီကဗျာက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘယ်လိုပျံ့နှံ့သွားတယ် ဆိုတာက စပြောကြရအောင်လား ဆရာ။
အမှန်က အဲဒါ ကျွန်တော့်ရဲ့ 'ကိုယ်ရည်သွေး'ဆိုတဲ့ ကဗျာ ရှည်ထဲက အပိုဒ်လေးတစ်ပိုဒ်ပါ။ ကျွန်တော့်ပရိသတ် လူငယ်လေး တစ်ယောက်က အဲဒီကဗျာထဲက သုံးကြောင်းပဲရှိတဲ့ အပိုဒ်လေးကို ကြိုက်လို့ ပန်းချီပုံလေးရေးပြီး သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တင်ပါရ စေလို့ ခွင့်တောင်းတာနဲ့ ကျွန်တော်ခွင့်ပြုလိုက်တာပါ။ ကဗျာသုံး ကြောင်းအပေါ်က မတော်တဆဆိုတဲ့ စကားလုံးက သူ့ဘာသာသူ ဖြည့်ခဲ့တာပါ။

ဖြစ်ချင်တော့ ဆရာ့ကဗျာက ချစ်သူများနေ့နဲ့လည်း တိုက်ဆိုင်သွား တော့ Facebook User တွေကြားမှာ တော်တော်လေး ပြောစရာ၊ ဆိုစရာ၊ ကိုးကားစရာ ဖြစ်သွားခဲ့တယ်။ အဲဒီအပေါ်မှာ ဆရာ တစ်ခုခု ပြောပေးပါဦး။
(ထိုအမေးစကားအဆုံးတွင် ဆရာမောင်လှမျိုးက ပြုံးသည် ဆိုရုံမျှကလေးသာ ပြုံး၍...) အမှန်တော့ ဘယ်သူမှ မသိကြသေး တဲ့ အကြောင်းခံက အဲဒီကဗျာဟာ အချစ်သက်သက် ကဗျာမဟုတ် ဘူး ဆိုတာပါပဲ။

ဒါဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းသွားပြီဆရာ။ အားလုံးက အချစ်ကဗျာလို့ ထင်ထားကြချိန်မှာ ဆရာက အချစ်သက်သက် ကဗျာမဟုတ်ဘူးလို့ ပြောလိုက်တော့လေ။
ဒီကဗျာက၂ဝဝ၉ ခုနှစ်က ဖွဲ့ထားရတဲ့ ကဗျာဆိုတော့ ကာလ ဒေသကို တွက်စစ်ကြည့်ရင် မလွတ်လပ်သေးတဲ့ ကာလ။ ဒါကြောင့် အချစ်ယောင်ဆောင်ထားရတဲ့ ကဗျာများစွာထဲက တစ်ပုဒ်လို့ပဲ ဆို ပါတော့။

အချစ်ယောင်ဆောင်ထားရတဲ့ ကဗျာဆိုတော့ ကျွန်တော့်အနေနဲ့ ဆရာဝှက်ထားတဲ့ကဗျာရဲ့အနက်ကို လှန်ကြည့်ချင်စိတ် ဖြစ်မိတယ်။ ဆရာ့အနေနဲ့ နည်းနည်းလောက်ဖြစ်ဖြစ် မြင်သာအောင် လှပ်ပြပေး စေချင်ပါတယ်။
လူတွေထင်နေ၊ ပြောနေကြသလို ကမ္ဘာလုံးကြီး နှစ်ခြမ်းကွဲ သွားမှာကို ဆိုလိုတာ မဟုတ်ပါဘူး။ ယုံကြည်ခံယူချက် နှစ်ခြမ်းကွဲ ကြတာကို ဆိုလိုတာပါ။ ပြီးတော့ အဲဒီလို နှစ်စု၊ နှစ်ဖွဲ့၊ နှစ်ခြမ်းကွဲ ကြမယ့်အခါ ကိုယ်လိုလားသူဘက်မှာသာ နေထိုင် ရှင်သန်ချင်တယ် လို့ ဆိုလိုတာပါ။ ကဗျာဆိုတာ လွတ်လပ်စွာ ခံစားရတဲ့ အနုပညာ မို့ ရေးဖွဲ့သူအနေနဲ့ ဒီလောက်ပဲ ပြောပြသင့်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ဒါနဲ့ အဲဒီကဗျာအပေါ် Myanmar Idol အစီ အစဉ်မှာ ဦးသိန်းတန်(မြန်မာပြည်သိန်းတန်)က အဝိဇ္ဇာဆိုပြီး ဝေဖန် ပြောဆိုခဲ့တဲ့အပေါ်မှာ ဆရာ့သဘောထားကို သိချင်ပါတယ်။
ဦးသိန်းတန်က ကဗျာကို မဖတ်ဖူးဘဲ မှန်းပြောတာ ဖြစ်မှာပါ။ ကမ္ဘာနှစ်ခြမ်းကွဲတယ်ဆိုတာ ကမ္ဘာအလုံးကြီး နှစ်ခြမ်းကွဲတယ်လို့ မြင်သွားတယ် ထင်ပါရဲ့။ အဝိဇ္ဇာကင်းကင်းနဲ့ ပညာဗဟုသုတ ပြော ပြရရင် ကမ္ဘာနှစ်ခြမ်းကွဲကွဲ၊ ကမ္ဘာပျက်ပျက် အဲဒီလိုပျက်ပြီဆိုတာ နဲ့ ကမ္ဘာပေါ်မှာ ဘယ်သက်ရှိမှ မရှိတော့ပါဘူး။ သက်ဆိုင်ရာ သတ္တ ဝါအားလုံး ကံအတိုင်း လားပြီး ဘုံအသီးသီးမှာ ရှိနေကြရတယ်လို့ ကြားနာဖူးပါတယ်။ ဦးသိန်းတန်ပြောတဲ့ မင်္ဂလာမရှိဘူးဆိုတာ မှန် ပါလိမ့်မယ်။ နှစ်ခြမ်းကွဲတယ်ဆိုရင် ဘယ်လောကဖြစ်ဖြစ် အနိဌာရုံ ပါပဲ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် ၃၈ ဖြာ မင်္ဂလာနဲ့ မညီရင် အားလုံးဟာ မင်္ဂလာတရားတော်နဲ့ မညီတဲ့ အနေ အထိုင်တွေပဲလို့ စကားဖြည့်ပြောပါရစေ။

ဟုတ်ကဲ့ဆရာ... ဒါနဲ့စကားမစပ် ဗီဒီယိုသတင်းရပ်ကွက်ကနေ ကျွန်တော်ကြားထားရတာ တစ်ခုရှိသေးတယ်။ ဆရာ့ရဲ့ အဲဒီကဗျာ ကို ဗီဒီယိုရိုက်မယ်ဆိုတာ ဟုတ်လား။ ဆရာ့ဝတ္ထု တော်တော်များ များက ဗီဒီယိုရိုက်ထားဖူးတာဆိုတော့လေ။
ကျွန်တော့်ရဲ့ တခြားဇာတ်တစ်ခုကို အဲဒီကဗျာ နာမည်ပေးပြီး တော့ ရိုက်မှာပါ။ အဆိုတော် ဂျက်မြသောင်းက သီချင်းရေးမှာပါ။

အခုလောလောဆယ် ဆရာဘာတွေလုပ်နေလဲဆိုတာလည်း သိပါ ရစေ။
လောလောဆယ်တော့ ဒေသဖွံ့ဖြိုးမှုဆိုင်ရာ ပရဟိတလုပ်ငန်း မှာ လုပ်အားပေး ဝင်လုပ်ဖြစ်နေတယ်။

ဆရာ့ရဲ့ အသစ်ထွက်မယ့် စာအုပ်လေးတွေရှိရင်လည်း ပရိသတ် ကို သတင်းစကား ဝေမျှပေးစေချင်ပါတယ်။
ကျွန်တော့်ရဲ့ နောက်ထွက်မယ့် စာအုပ်နှစ်အုပ်က 'ရန်သူတည် တဲ့ဘုရားနှင့် ရင်တွင်းဖွဲ့ဝါကျများ' နဲ့ 'ကျွန်တော်ကဲ့သို့ လူမိုက်များ' ဖြစ်ပါတယ်။

ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါ တယ်။

ကိုယ်ရည်သွေး
****************
မောင်လှမျိုး (ချင်းချောင်းခြံ)

ချစ်တယ်...လို့
ပြောလိုက်ကတည်းက
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ။

ဘယ်သူ့ဆီမှာမှ
ဦးမညွတ်ခဲ့တဲ့ ချစ်ခြင်း
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့...မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့..ကြိုးပမ်းခြင်း
အားလုံးရဲ့ အစုအစည်းနဲ့
မင်းကို ပေးဆပ်ခဲ့တာပါ။

ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ဘက်ခြမ်းမှာသာ
ငါ...ရှင်သန်ပါရစေ

သစ်ရွက်မကြွေဖို့ နွေကိုတားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကိုတားဆီးလို့မရ
နှင်းပွင့်မဝေဖို့ ဆောင်းကိုတားဆီးလို့မရ
ရနံ့မသင်းဖို့ ပန်းကိုပိတ်ပင်လို့မရသလိုမျိုး
မြတ်နိုးလွန်းတဲ့ ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ...မင်း။

ကမ္ဘာပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက် အရှိန်အဟုန်နဲ့
နောက်ထပ် ကမ္ဘာသစ်တစ်ခု
(သဘာဝတရားက)
အလိုလို ထွင်းထုနိုင်ဦးမယ်။

ယုံပါ
အချစ်နဲ့ကင်းလွတ်တဲ့ လူ့ကမ္ဘာ
ဘယ်ဆီမှာမှ...မရှိ။

#YangonMediaGroup #YangonTimesJournal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...