သင့္ကေလးကို ပါရာစီတေမာ မတိုက္ခင္ သိထားရမယ့္အခ်က္မ်ား


မိမိရင္ေသြးငယ္ေလး ကိုယ္ေတြပူ၊ ဖ်ားနာၿပီး ေနမေကာင္းျဖစ္ေနတဲ့ ျမင္ကြင္းဟာ မိဘမ်ားအတြက္ မျမင္ခ်င္ဆုံးျမင္ကြင္း တစ္ခု ျဖစ္ပါတယ္။ ျဖစ္ေလ့ျဖစ္ထ ရိွတဲ့အတိုင္းပဲ အဖ်ားေသြးရိွၿပီဆိုတာနဲ႔ တစ္ခ်ိန္လုံး အီေနျခင္း၊ အစားမ၀င္ျခင္း၊ ေရဓာတ္ ဆုံးရံႈးျခင္း စတဲ့ေနာက္ဆက္တြဲေတြ ျဖစ္လာေလ့ရိွၿပီး ကေလးက ႏုံးေခြလာႏိုင္တဲ့အတြက္ အထူးသျဖင့္ အနီးကပ္ေနရတဲ့ မိခင္ေတြက ရင္ေတြပူရပါေတာ့တယ္။

သို႔ေပမယ့္ တတ္ကၽြမ္းနားလည္တဲ့ ဆရာ၀န္မ်ားကေတာ့ ကေလးမ်ား အဖ်ားတက္ျခင္းဟာ အဆိုးရြားႀကီး မဟုတ္တဲ့အတြက္ စိတ္ပူဖို႔ မလိုေၾကာင္းနဲ႔ ေရာဂါပိုးကို တုံ႔ျပန္ႏိုင္စြမ္းရိွ ေၾကာင္း ျပသတဲ့ လကၡဏာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ကေလးရဲ႕ ခုခံအားစနစ္ ေကာင္းမြန္ေၾကာင္း ျပသတယ္လို႔ လည္း ေျပာၾကပါတယ္။ သို႔ပါေသာ္လည္း ကေလးရဲ႕အဖ်ားဟာ 100 ဒီဂရီဖာရင္ဟိုက္နဲ႔အထက္ ရိွေနမယ္ဆိုရင္ေတာ့ ပါရာစီတေမာ တိုက္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။

ကေလးဖ်ားေနရင္ အိမ္မွာ ဘယ္လိုလုပ္ေပးရမလဲ

ကေလးအဖ်ားတက္ၿပီဆိုရင္ ပထမဆုံး လုပ္ေပးသင့္တာကေတာ့ ေရၾကက္သီးေႏြးနဲ႔ ေရခ်ိဳးေပးျခင္း သို႔မဟုတ္ ေရေအး၀တ္ တိုက္ေပးျခင္းပဲ ျဖစ္ပါတယ္။ တကယ္လုိ႔ အဖ်ားက ဆက္ရိွေနမယ္ဆိုရင္ေတာ့ ပါရာစီတေမာေဆးရည္ တိုက္ေကၽြးႏိုင္ပါတယ္။ ေဆးရဲ႕ dose (တစ္ခါေသာက္ပမာဏ)ကို မွန္ကန္စြာ တိုက္ေကၽြးႏိုင္ဖို႔အတြက္ သင္တိုက္ေကၽြး မယ့္ ပါရာစီတေမာေဆးရည္ရဲ႕ ျပင္းအားကို သိထားဖို႔ လိုအပ္ပါတယ္။ အမ်ားအားျဖင့္ ပါရာစီတေမာဟာ ျပင္းအားႏွစ္မ်ိဳးနဲ႔ လာပါတယ္။ 120mg/5ml နဲ႔ 250mg/5ml ဆိုၿပီး ရိွပါတယ္။

ကေလးအဖ်ားတက္ျခင္းကို သက္သာေစဖို႔အတြက္ ပါရာစီတေမာ တိုက္ေကၽြးႏိုင္တယ္လို႔ ဆရာ၀န္မ်ားက ေျပာၾကားထား ေပမယ့္လည္း သင္သိထားသင့္တဲ့ အခ်က္ေတြ ရိွပါေသးတယ္။

ပါရာစီတေမာဟာ နတ္ေဆး မဟုတ္ဘူးဆိုတာ သိထားပါ။ ဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ျခင္းေၾကာင့္ ဖ်ားတယ္ဆိုပါက သင့္ကေလးရဲ႕ ကိုယ္တြင္းက ခုခံအားစနစ္ေတြ ျပန္လည္ ဖြံ႕ၿဖိဳးေကာင္းမြန္လာတဲ့အထိ အဖ်ားေသြးဟာ အနည္းဆုံးသုံးရက္ကေန ငါးရက္ခန္႔အထိ ၾကာတတ္ပါတယ္။

အဖ်ားျပန္တက္လာတဲ့အခါမွာလည္း ေဆးကို ပမာဏ ပိုမတုိက္လိုက္ပါနဲ႔။ ပမာဏပိုတိုက္လိုက္ရုံနဲ႔ အဖ်ားမေပ်ာက္သြားပါဘူး။ လိုအပ္တဲ့ ပမာဏထက္ ပါရာစီတေမာကို ပိုတိုက္ျခင္းက သင့္ကေလးကို အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။

 တကယ္လို႔ သင့္ကေလးဟာ လသားအရြယ္ကေလးဆိုရင္ေတာ့ ဘယ္လိုေဆးမ်ိဳး တိုက္ေကၽြးရမည္ျဖစ္ေစ၊ ဆရာ၀န္နဲ႔ ဦးစြာ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ အသက္သုံးလေအာက္ ကေလးငယ္မ်ားကို ဆရာ၀န္ရဲ႕ ညႊန္ၾကားခ်က္မပါဘဲ မည္သည့္ေဆး၀ါးမွ တိုက္ေကၽြးခြင့္ မျပဳထားပါဘူး။

ေဆးတုိက္တဲ့အခါတိုင္း သတိႀကီးစြာထားပါ။ ဘယ္လို ေဆးမ်ိဳးမဆို တိုက္ခါနီးတိုင္းမွာ ကေလးရဲ႕အပူခ်ိန္ကို အရင္တိုင္းပါ။ တကယ္လို႔ ကေလးအဖ်ားက 100 ဒီဂရီဖာရင္ဟိုက္ေအာက္ ေရာက္ေနၿပီး ကိုယ္ေငြ႕ေငြ႕ပဲ ပူေနတယ္ ဆိုရင္ ပါရာစီတေမာ မတိုက္ပါနဲ႔။

အျခားပါရာစီတေမာပါ၀င္တဲ့ ေဆးေတြ တိုက္ထားမိေသးလားဆိုတာ စစ္ေဆးပါ။ အခ်ိဳ႕ေသာ ေဆးေတြမွာ ပါရာစီတေမာ ပါ၀င္ၿပီးသား ျဖစ္တဲ့အတြက္ ထပ္တိုက္မိရင္ ေဆးလြန္ျခင္းေတြ ျဖစ္ႏိုင္ပါတယ္။



ပါရာစီတေမာ တုိက္ေတာ့မယ္ဆိုရင္ ကေလးရဲ႕ ကိုယ္အေလးခ်ိန္နဲ႔ ေဆးရဲ႕ျပင္းအားေပၚ မူတည္ၿပီး ေဆးပမာဏကို ခ်ိန္ဆတိုကေ္ကၽြးသင့္ပါတယ္။ အေကာင္းဆုံးကေတာ့ မိမိသေဘာနဲ႔ ထင္တဲ့ပမာဏအတိုင္း တိုက္ေကၽြးျခင္းထက္ ဆရာ၀န္ညႊန္ၾကားခ်က္ ရယူၿပီး ညႊန္ၾကားတဲ့အတိုင္း တိုက္ေကၽြးျခင္းပဲ ျဖစ္ပါတယ္။ တကယ္လို႔ သင့္ကေလးငယ္က ၅ကီလိုဂရမ္ထက္ ေလ်ာ႔နည္းမယ္ သို႔မဟုတ္ ရိွသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ ညွပ္ေနမယ္ဆုိရင္ ကိုယ့္သေဘာနဲ႔ ကိုယ္ ပါရာစီတေမာတိုက္ေကၽြးျခင္းကို လုံး၀ေရွာင္က်ဥ္သင့္ပါတယ္။

ကာကြယ္ေဆးေတြ ထိုးၿပီးတ့ဲအခါ အဖ်ားတက္လာေလ့ ရိွပါတယ္။ ထုိအခ်ိန္မွာ ပါရာစီတေမာ တိုက္ေကၽြးျခင္းဟာ ကာကြယ္ေဆးရဲ႕ အစြမ္းထက္မႈကို ျပယ္ေလ်ာ႔ေစႏိုင္တဲ့အတြက္ လုံး၀မတိုက္ေကၽြးသင့္ပါဘူး။

ပါရာစီတေမာဟာ အဖ်ားအတြက္သာ မဟုတ္ဘဲ နာက်င္မႈ ေ၀ဒနာ သက္သာေစရန္အတြက္လည္း အသုံးျပဳတယ္ ဆိုတာ သတိရပါ။ ကေလးက အဖ်ားေၾကာင့္ ကိုယ္လက္မအီမသာ ျဖစ္မေနဘူးဆိုရင္ ပါရာစီတေမာ တိုက္စရာ မလိုပါ။

တကယ္လို႔ သုံးရက္ေလာက္ ပါရာစီတေမာ တိုက္ၿပီးလို႔မွ ကေလးက အဖ်ားမက်ေသးဘူးဆိုရင္ေတာ့ ကေလးရဲ႕ က်န္းမာေရးကို ဆရာ၀န္နဲ႔ ေသခ်ာစြာ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

Credit:ShweMom

Unicode

မိမိရင်သွေးငယ်လေး ကိုယ်တွေပူ၊ ဖျားနာပြီး နေမကောင်းဖြစ်နေတဲ့ မြင်ကွင်းဟာ မိဘများအတွက် မမြင်ချင်ဆုံးမြင်ကွင်း တစ်ခု ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်းပဲ အဖျားသွေးရှိပြီဆိုတာနဲ့ တစ်ချိန်လုံး အီနေခြင်း၊ အစားမဝင်ခြင်း၊ ရေဓာတ် ဆုံးရှုံးခြင်း စတဲ့နောက်ဆက်တွဲတွေ ဖြစ်လာလေ့ရှိပြီး ကလေးက နုံးခွေလာနိုင်တဲ့အတွက် အထူးသဖြင့် အနီးကပ်နေရတဲ့ မိခင်တွေက ရင်တွေပူရပါတော့တယ်။

သို့ပေမယ့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များကတော့ ကလေးများ အဖျားတက်ခြင်းဟာ အဆိုးရွားကြီး မဟုတ်တဲ့အတွက် စိတ်ပူဖို့ မလိုကြောင်းနဲ့ ရောဂါပိုးကို တုံ့ပြန်နိုင်စွမ်းရှိ ကြောင်း ပြသတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးရဲ့ ခုခံအားစနစ် ကောင်းမွန်ကြောင်း ပြသတယ်လို့ လည်း ပြောကြပါတယ်။ သို့ပါသော်လည်း ကလေးရဲ့အဖျားဟာ 100 ဒီဂရီဖာရင်ဟိုက်နဲ့အထက် ရှိနေမယ်ဆိုရင်တော့ ပါရာစီတမော တိုက်နိုင်တယ်လို့ ဆိုကြပါတယ်။



ကလေးဖျားနေရင် အိမ်မှာ ဘယ်လိုလုပ်ပေးရမလဲ

ကလေးအဖျားတက်ပြီဆိုရင် ပထမဆုံး လုပ်ပေးသင့်တာကတော့ ရေကြက်သီးနွေးနဲ့ ရေချိုးပေးခြင်း သို့မဟုတ် ရေအေးဝတ် တိုက်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ အဖျားက ဆက်ရှိနေမယ်ဆိုရင်တော့ ပါရာစီတမောဆေးရည် တိုက်ကျွေးနိုင်ပါတယ်။ ဆေးရဲ့ dose (တစ်ခါသောက်ပမာဏ)ကို မှန်ကန်စွာ တိုက်ကျွေးနိုင်ဖို့အတွက် သင်တိုက်ကျွေး မယ့် ပါရာစီတမောဆေးရည်ရဲ့ ပြင်းအားကို သိထားဖို့ လိုအပ်ပါတယ်။ အများအားဖြင့် ပါရာစီတမောဟာ ပြင်းအားနှစ်မျိုးနဲ့ လာပါတယ်။ 120mg/5ml နဲ့ 250mg/5ml ဆိုပြီး ရှိပါတယ်။

ကလေးအဖျားတက်ခြင်းကို သက်သာစေဖို့အတွက် ပါရာစီတမော တိုက်ကျွေးနိုင်တယ်လို့ ဆရာဝန်များက ပြောကြားထား ပေမယ့်လည်း သင်သိထားသင့်တဲ့ အချက်တွေ ရှိပါသေးတယ်။

ပါရာစီတမောဟာ နတ်ဆေး မဟုတ်ဘူးဆိုတာ သိထားပါ။ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်းကြောင့် ဖျားတယ်ဆိုပါက သင့်ကလေးရဲ့ ကိုယ်တွင်းက ခုခံအားစနစ်တွေ ပြန်လည် ဖွံ့ဖြိုးကောင်းမွန်လာတဲ့အထိ အဖျားသွေးဟာ အနည်းဆုံးသုံးရက်ကနေ ငါးရက်ခန့်အထိ ကြာတတ်ပါတယ်။

အဖျားပြန်တက်လာတဲ့အခါမှာလည်း ဆေးကို ပမာဏ ပိုမတိုက်လိုက်ပါနဲ့။ ပမာဏပိုတိုက်လိုက်ရုံနဲ့ အဖျားမပျောက်သွားပါဘူး။ လိုအပ်တဲ့ ပမာဏထက် ပါရာစီတမောကို ပိုတိုက်ခြင်းက သင့်ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။



တကယ်လို့ သင့်ကလေးဟာ လသားအရွယ်ကလေးဆိုရင်တော့ ဘယ်လိုဆေးမျိုး တိုက်ကျွေးရမည်ဖြစ်စေ၊ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အသက်သုံးလအောက် ကလေးငယ်များကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ မည်သည့်ဆေးဝါးမှ တိုက်ကျွေးခွင့် မပြုထားပါဘူး။

ဆေးတိုက်တဲ့အခါတိုင်း သတိကြီးစွာထားပါ။ ဘယ်လို ဆေးမျိုးမဆို တိုက်ခါနီးတိုင်းမှာ ကလေးရဲ့အပူချိန်ကို အရင်တိုင်းပါ။ တကယ်လို့ ကလေးအဖျားက 100 ဒီဂရီဖာရင်ဟိုက်အောက် ရောက်နေပြီး ကိုယ်ငွေ့ငွေ့ပဲ ပူနေတယ် ဆိုရင် ပါရာစီတမော မတိုက်ပါနဲ့။

အခြားပါရာစီတမောပါဝင်တဲ့ ဆေးတွေ တိုက်ထားမိသေးလားဆိုတာ စစ်ဆေးပါ။ အချို့သော ဆေးတွေမှာ ပါရာစီတမော ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ထပ်တိုက်မိရင် ဆေးလွန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။



ပါရာစီတမော တိုက်တော့မယ်ဆိုရင် ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ဆေးရဲ့ပြင်းအားပေါ် မူတည်ပြီး ဆေးပမာဏကို ချိန်ဆတိုကေ်ကျွးသင့်ပါတယ်။ အကောင်းဆုံးကတော့ မိမိသဘောနဲ့ ထင်တဲ့ပမာဏအတိုင်း တိုက်ကျွေးခြင်းထက် ဆရာဝန်ညွှန်ကြားချက် ရယူပြီး ညွှန်ကြားတဲ့အတိုင်း တိုက်ကျွေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်က ၅ကီလိုဂရမ်ထက် လျော့နည်းမယ် သို့မဟုတ် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ညှပ်နေမယ်ဆိုရင် ကိုယ့်သဘောနဲ့ ကိုယ် ပါရာစီတမောတိုက်ကျွေးခြင်းကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။

ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ အဖျားတက်လာလေ့ ရှိပါတယ်။ ထိုအချိန်မှာ ပါရာစီတမော တိုက်ကျွေးခြင်းဟာ ကာကွယ်ဆေးရဲ့ အစွမ်းထက်မှုကို ပြယ်လျော့စေနိုင်တဲ့အတွက် လုံးဝမတိုက်ကျွေးသင့်ပါဘူး။

ပါရာစီတမောဟာ အဖျားအတွက်သာ မဟုတ်ဘဲ နာကျင်မှု ဝေဒနာ သက်သာစေရန်အတွက်လည်း အသုံးပြုတယ် ဆိုတာ သတိရပါ။ ကလေးက အဖျားကြောင့် ကိုယ်လက်မအီမသာ ဖြစ်မနေဘူးဆိုရင် ပါရာစီတမော တိုက်စရာ မလိုပါ။

တကယ်လို့ သုံးရက်လောက် ပါရာစီတမော တိုက်ပြီးလို့မှ ကလေးက အဖျားမကျသေးဘူးဆိုရင်တော့ ကလေးရဲ့ ကျန်းမာရေးကို ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...