ကမာၻႀကီးမွာ အမွန္တကယ္လံုးျခင္းမရွိဘဲ အျပားႀကီးျဖစ္ေၾကာင္း

ကမာၻႀကီးမွာ အမွန္တကယ္လံုးျခင္းမရွိဘဲ အျပားႀကီးျဖစ္ေၾကာင္း သိပၸံပညာရွင္တစ္စု ေဖၚထုတ္။ ကမၻာႀကီး ႏွစ္ျခမ္းကြဲႏိုင္ေျခမရွိဟုလည္းဆို

ဘုရားမရွိတရားမရွိ ဘာသာမဲ့ သိပၸံပညာရွင္မ်ားျဖင့္ ဖြဲ႔စည္းထားသည့္ နာဆာေခၚ National Atheist Space Agency(NASA) သည္ ဘာသာေရးက်မ္းစာမ်ားမွ ကမာၻႀကီးျပားသည္ဟု ေဖၚျပေရးသားမႈမ်ားကို ဆန္႔က်င္ တိုက္ခိုက္ရန္ရည္ရြယ္ၿပီး ကမာၻႀကီးလံုးသည္ဟု လုပ္ၾကံလီဆယ္ၿပီး သတင္းလႊင့္ခဲ့ၾကသည္။ ကမာၻႀကီး လံုးသည့္ ဓါတ္ပံုအတုမ်ားကိုလည္း ဖိုသိုေရွာ(Photo Short) အတုျပဳလုပ္၍ လိမ္ညာခဲ့ၾကပါသည္။

ထိုအခ်က္မ်ားကို သံသယရွိေသာ မစၥတာ ရစ္ခ်က္ေဒၚကင္း ဦးေဆာင္ေသာ ဘာသာေရးကိုင္းရိႈင္းသည့္ သိပၸံပညာရွင္ တစ္စုက နာဆာသို႔ ဘာသာမဲ့မ်ားဟန္ေဆာင္၍ ထိုးေဖါက္ဝင္ေရာက္ ေထာက္လွမ္းခဲ့ရာ တကယ့္ၿဂိဳလ္တု ဓါတ္ပံုအစစ္မ်ားတြင္ ကမာၻႀကီးမွာ ျပား လွ်က္ရွိေၾကာင္း ေတြ႔ရပါသည္။ ၿဂိဳလ္တုဓါတ္ပံု တစ္ခုတြင္ ျမင့္မိုေတာင္ဟု ယူဆရေသာ ဓါတ္ပံုတစ္ခုလည္း ပါဝင္ခဲ့သည္။

"ကမာၻႀကီးက အလံုးႀကီးဆို လူေတြ ေခ်ာ္လဲၿပီးလိမ့္က်ကုန္မွာေပါ့ဗ်ာ၊ ကမာၻေအာက္ျခမ္းကလူေတြဆို ေဇာက္ထိုးႀကီးေတြ ျဖစ္ေနမွာေပါ့။ ကမာၻႀကီး ျပားလို႔သာ လူေတြအကုန္ မတ္မတ္ ရပ္ႏိုင္တာေပါ့။ အခုေတာ့ ကမာၻမွာ မလံုးေၾကာင္း သက္ေသအခိုင္အမာနဲ႔ ေဖၚထုတ္ႏိုင္ခဲ့ပါၿပီ" ဟု မစၥတာ ရစ္ခ်က္ေဒၚကင္းက ေျပာၾကားခဲ့ပါသည္။

လက္ရွိတြင္ လူေျပာမ်ားေနေသာ ကမာၻႀကီး ႏွစ္ျခမ္းကြဲသြားႏိုင္ေျခ ရွိမရွိ ေမးျမန္းခဲ့ရာ "ဒါကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ယူဆပါတယ္။ ပံုေတြထဲမွာ ကမာၻႀကီးက ေတာ္ေတာ္ထူပါတယ္။ နွစ္ျခမ္းမကြဲေလာက္ပါဘူး၊ ဘာသာေရး က်မ္းဂန္ေတြမွာလဲ ကြဲႏိုင္တယ္လို႔ ေဖၚျပထားတာ မရွိပါဘူး၊ ဒါေၾကာင့္ မစိုးရိမ္ပါနဲ႔" ဟု ေျဖၾကားသြားခဲ့ပါတယ္။
GigLy
Ref: http://blackbag.gawker.com/the-earth-is-flat-explained-1755…
 ကမ္ဘာကြီးမှာ အမှန်တကယ်လုံးခြင်းမရှိဘဲ အပြားကြီးဖြစ်ကြောင်း သိပ္ပံပညာရှင်တစ်စု ဖေါ်ထုတ်။ ကမ္ဘာကြီး နှစ်ခြမ်းကွဲနိုင်ခြေမရှိဟုလည်းဆို

ဘုရားမရှိတရားမရှိ ဘာသာမဲ့ သိပ္ပံပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် နာဆာခေါ် National Atheist Space Agency(NASA) သည် ဘာသာရေးကျမ်းစာများမှ ကမ္ဘာကြီးပြားသည်ဟု ဖေါ်ပြရေးသားမှုများကို ဆန့်ကျင် တိုက်ခိုက်ရန်ရည်ရွယ်ပြီး ကမ္ဘာကြီးလုံးသည်ဟု လုပ်ကြံလီဆယ်ပြီး သတင်းလွှင့်ခဲ့ကြသည်။ ကမ္ဘာကြီး လုံးသည့် ဓါတ်ပုံအတုများကိုလည်း ဖိုသိုရှော(Photo Short) အတုပြုလုပ်၍ လိမ်ညာခဲ့ကြပါသည်။

ထိုအချက်များကို သံသယရှိသော မစ္စတာ ရစ်ချက်ဒေါ်ကင်း ဦးဆောင်သော ဘာသာရေးကိုင်းရှိုင်းသည့် သိပ္ပံပညာရှင် တစ်စုက နာဆာသို့ ဘာသာမဲ့များဟန်ဆောင်၍ ထိုးဖေါက်ဝင်ရောက် ထောက်လှမ်းခဲ့ရာ တကယ့်ဂြိုလ်တု ဓါတ်ပုံအစစ်များတွင် ကမ္ဘာကြီးမှာ ပြား လျှက်ရှိကြောင်း တွေ့ရပါသည်။ ဂြိုလ်တုဓါတ်ပုံ တစ်ခုတွင် မြင့်မိုတောင်ဟု ယူဆရသော ဓါတ်ပုံတစ်ခုလည်း ပါဝင်ခဲ့သည်။

"ကမ္ဘာကြီးက အလုံးကြီးဆို လူတွေ ချော်လဲပြီးလိမ့်ကျကုန်မှာပေါ့ဗျာ၊ ကမ္ဘာအောက်ခြမ်းကလူတွေဆို ဇောက်ထိုးကြီးတွေ ဖြစ်နေမှာပေါ့။ ကမ္ဘာကြီး ပြားလို့သာ လူတွေအကုန် မတ်မတ် ရပ်နိုင်တာပေါ့။ အခုတော့ ကမ္ဘာမှာ မလုံးကြောင်း သက်သေအခိုင်အမာနဲ့ ဖေါ်ထုတ်နိုင်ခဲ့ပါပြီ" ဟု မစ္စတာ ရစ်ချက်ဒေါ်ကင်းက ပြောကြားခဲ့ပါသည်။

လက်ရှိတွင် လူပြောများနေသော ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားနိုင်ခြေ ရှိမရှိ မေးမြန်းခဲ့ရာ "ဒါကတော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ ပုံတွေထဲမှာ ကမ္ဘာကြီးက တော်တော်ထူပါတယ်။ နှစ်ခြမ်းမကွဲလောက်ပါဘူး၊ ဘာသာရေး ကျမ်းဂန်တွေမှာလဲ ကွဲနိုင်တယ်လို့ ဖေါ်ပြထားတာ မရှိပါဘူး၊ ဒါကြောင့် မစိုးရိမ်ပါနဲ့" ဟု ဖြေကြားသွားခဲ့ပါတယ်။
GigLy
Ref: http://blackbag.gawker.com/the-earth-is-flat-explained-1755…


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...