လွည္း ေပၚကလူေတြကလည္း လမ္းၾကားက႐ုန္းထြက္ဘို႔ႀကိဳးစားရင္း ရထားႀကီးအနားေရာက္လာတာလဲျမင္ေရာ

 22-2-2017
အခါတိုင္းရက္ေတြထက္ပိုလို႔ မဂၤလာရွိတဲ့ရက္လို႔ပဲတင္စားခ်င္ပါေတာ့တယ္။ရထားလမ္းေပၚမွာတာဝန္ထမ္းေဆာင္ရင္း လူ,တိရိစၧန္ စတဲ့သတၱဝါေတြရဲအသက္
ကိုကယ္ခဲ့ဘူးတာမ်ားေရာေပါ့,
ဒါေပမယ့္ဒီေန႔ၾကံဳခဲ့ရ
တဲ့အျဖစ္ကေတာ့ပိုလို႔ရင္ခုန္ၾကည္ႏူးမိပါရဲ႕ဗ်ာ။
မနက္
ပိုင္းျမဴႏွင္းေတြေဝေနတာကိုဂ႐ုစိုက္ရင္းက်ေနာ္တို႔ဆ
ရာတပည့္ေတြေမာ္လူးဘူတာကိုေရာက္ခဲ့တယ္,ဆရာ
တပည့္ႏွစ္ေယာက္လမ္းရွင္းဖတ္,ဆရာ ကရထားထိန္းနဲအခ်က္ျပလဲလွည္ၿပီးရထားစထြက္တယ္,က်ေနာ္
ကလဲခရီးစဥ္မွတ္တမ္းမွာေရာက္ခ်ိန္,ထြက္ခ်ိန္ ေရးၿပီး
အထြက္ပြိဳင့္လမ္းမွန္,လမ္းမႊာမွ ထြက္ ဆိုၿပီးရထား
ထြက္ ဘူတာပြိဳင့္လြန္တဲ့အခ်ိန္အရွိန္လဲ စ ယူေရာေရွ႕
တရားမဝင္လမ္းကူးအလြန္မွာႏြားလွည္းတစီး ရထား
လမ္းၾကားညပ္ေနတာေတြ႕ပါေလေရာဗ်ာ။
က်ေနာ္က
သတိေပးဘို႔ ဆရာ လို႔ေအာ္တဲ့အခ်ိန္ ဆ ၿပီးလို႔ ရာ မ
ေရာက္ခင္မွာတင္ ဆရာ့ဆီက master controller
ပိတ္သံနဲ႔ vacuum brake ဆြဲတဲ့အသံတၿပိဳင္တည္း
ၾကားလိုက္ရတယ္,ရထား ကလဲ ႏြားလွည္းနဲ႔ ေပ ၂၀
ခန္႔မွာရပ္သြားပါေလေရာ.....
ဟူး...ေဆာင္းေအးေအးမွာေခၽြေတြကိုျပန္ေရာ,
လွည္း
ေပၚကလူေတြကလည္း လမ္းၾကားက႐ုန္းထြက္ဘို႔ႀကိဳးစားရင္း ရထားႀကီးအနားေရာက္လာတာလဲျမင္ေရာ ေၾကာင္လို႔ကိုေနေပါ့။ရထားေပၚပါလာတဲ့တြဲ
ထိန္းညီေလးေတြဝိုင္းကူလို႔ခဏတာအခ်ိန္အတြင္း
လမ္းရွင္းသြားပါတယ္။ေတာ္ေသးတယ္,ရထားေနာက္
က်လိုဆိုၿပီး လႊတ္ ေမာင္းလိုက္လို႔ကေတာ့ လည္းေပၚ
ကလူေတြေရာ,ႏြားေတြပါ...ဒက္ခၫြန္႔ ျဖစ္ၿပီပဲ။စက္
ေခါင္းေမာင္းေတြရဲ႕အထာက်ၿပီးသားေၾကာင့္သာအခု
လိုသက္သာရာရတာပါ။
ျမန္ဘို႔တခုတည္းအေရးထား
လိုက္ရင္ေတာ့......?ေတြ႕ေတာ္မူတဲ့အတိုင္းပဲေလ။
ဒါနဲ႔ ရထားဆက္ထြက္ရင္း ဆရာ့ ကိုေမးမိတယ္,ဆရာ
ဒီအေျခအေနမွာ ဘာလို႔ emergency မသံုးတာလဲလို႔ ဆိုေတာ့, ဆရာ က ငါ့ ရထား ရဲ႕brake power ကို ငါသိတယ္,မလိုေသးလို႔ေပါ့,မင္း ေျပာသလိုသံုး
လိုက္ရင္တြဲဆိုင္းမွာအခ်ိဳ႕တြဲေတြဟာေၾကာင္ၿပီးဘရိတ္ျပန္မလြက္ရင္ ခရီးသည္ေတြ ပိုၾကာသြားမွာေပါ့...
တဲ့....
ဝိုး....,ေတာ္လိုက္တဲ့ ဆရာ
လမ္းေပၚက သတၱဝါေတြအသက္ကို ငဲ့ သလို,ရထား
ေပၚကခရီးသည္ေတြအတြက္လဲစဥ္းစားၿပီးသား...
ဒီလိုဆရာမ်ိဳးနဲအတူတြဲၿပီးတာဝန္ထမ္းေဆာင္ခြင့္ရ
တာဘုရားေပးတဲ့ ဆု ပဲေပါဗ်ာ
ဒါနဲ႔ ေမ့လို႔,,,,,,
ေန႔စြဲက ေတာ့ ဒီေန႔ေပါ့
ရထား က ၅၇ အဆန္
ေနရာက ေမာ္လူး -နန္႔စီးေအာင္ ၾကား ၆၀၆/၁၃-၁၄
စက္ေခါင္းေမာင္း နာမည္ကေတာ့ ..ဦးလွမ်ိဳးတင့္ ပါ
ေက်းဇူးတင္ပါတယ္ဗ်ာ,,,,,,!
U Win Ko Ko
Sithu Soe

 22-2-2017
အခါတိုင်းရက်တွေထက်ပိုလို့ မင်္ဂလာရှိတဲ့ရက်လို့ပဲတင်စားချင်ပါတော့တယ်။ရထားလမ်းပေါ်မှာတာဝန်ထမ်းဆောင်ရင်း လူ,တိရိစၧန် စတဲ့သတ္တဝါတွေရဲအသက်
ကိုကယ်ခဲ့ဘူးတာများရောပေါ့,
ဒါပေမယ့်ဒီနေ့ကြုံခဲ့ရ
တဲ့အဖြစ်ကတော့ပိုလို့ရင်ခုန်ကြည်နူးမိပါရဲ့ဗျာ။
မနက်
ပိုင်းမြူနှင်းတွေဝေနေတာကိုဂရုစိုက်ရင်းကျနော်တို့ဆ
ရာတပည့်တွေမော်လူးဘူတာကိုရောက်ခဲ့တယ်,ဆရာ
တပည့်နှစ်ယောက်လမ်းရှင်းဖတ်,ဆရာ ကရထားထိန်းနဲအချက်ပြလဲလှည်ပြီးရထားစထွက်တယ်,ကျနော်
ကလဲခရီးစဉ်မှတ်တမ်းမှာရောက်ချိန်,ထွက်ချိန် ရေးပြီး
အထွက်ပွိုင့်လမ်းမှန်,လမ်းမွှာမှ ထွက် ဆိုပြီးရထား
ထွက် ဘူတာပွိုင့်လွန်တဲ့အချိန်အရှိန်လဲ စ ယူရောရှေ့
တရားမဝင်လမ်းကူးအလွန်မှာနွားလှည်းတစီး ရထား
လမ်းကြားညပ်နေတာတွေ့ပါလေရောဗျာ။
ကျနော်က
သတိပေးဘို့ ဆရာ လို့အော်တဲ့အချိန် ဆ ပြီးလို့ ရာ မ
ရောက်ခင်မှာတင် ဆရာ့ဆီက master controller
ပိတ်သံနဲ့ vacuum brake ဆွဲတဲ့အသံတပြိုင်တည်း
ကြားလိုက်ရတယ်,ရထား ကလဲ နွားလှည်းနဲ့ ပေ ၂၀
ခန့်မှာရပ်သွားပါလေရော.....
ဟူး...ဆောင်းအေးအေးမှာချေွတွေကိုပြန်ရော,
လှည်း
ပေါ်ကလူတွေကလည်း လမ်းကြားကရုန်းထွက်ဘို့ကြိုးစားရင်း ရထားကြီးအနားရောက်လာတာလဲမြင်ရော ကြောင်လို့ကိုနေပေါ့။ရထားပေါ်ပါလာတဲ့တွဲ
ထိန်းညီလေးတွေဝိုင်းကူလို့ခဏတာအချိန်အတွင်း
လမ်းရှင်းသွားပါတယ်။တော်သေးတယ်,ရထားနောက်
ကျလိုဆိုပြီး လွှတ် မောင်းလိုက်လို့ကတော့ လည်းပေါ်
ကလူတွေရော,နွားတွေပါ...ဒက်ခညွန့် ဖြစ်ပြီပဲ။စက်
ခေါင်းမောင်းတွေရဲ့အထာကျပြီးသားကြောင့်သာအခု
လိုသက်သာရာရတာပါ။
မြန်ဘို့တခုတည်းအရေးထား
လိုက်ရင်တော့......?တွေ့တော်မူတဲ့အတိုင်းပဲလေ။
ဒါနဲ့ ရထားဆက်ထွက်ရင်း ဆရာ့ ကိုမေးမိတယ်,ဆရာ
ဒီအခြေအနေမှာ ဘာလို့ emergency မသုံးတာလဲလို့ ဆိုတော့, ဆရာ က ငါ့ ရထား ရဲ့brake power ကို ငါသိတယ်,မလိုသေးလို့ပေါ့,မင်း ပြောသလိုသုံး
လိုက်ရင်တွဲဆိုင်းမှာအချို့တွဲတွေဟာကြောင်ပြီးဘရိတ်ပြန်မလွက်ရင် ခရီးသည်တွေ ပိုကြာသွားမှာပေါ့...
တဲ့....
ဝိုး....,တော်လိုက်တဲ့ ဆရာ
လမ်းပေါ်က သတ္တဝါတွေအသက်ကို ငဲ့ သလို,ရထား
ပေါ်ကခရီးသည်တွေအတွက်လဲစဉ်းစားပြီးသား...
ဒီလိုဆရာမျိုးနဲအတူတွဲပြီးတာဝန်ထမ်းဆောင်ခွင့်ရ
တာဘုရားပေးတဲ့ ဆု ပဲပေါဗျာ
ဒါနဲ့ မေ့လို့,,,,,,
နေ့စွဲက တော့ ဒီနေ့ပေါ့
ရထား က ၅၇ အဆန်
နေရာက မော်လူး -နန့်စီးအောင် ကြား ၆၀၆/၁၃-၁၄
စက်ခေါင်းမောင်း နာမည်ကတော့ ..ဦးလှမျိုးတင့် ပါ
ကျေးဇူးတင်ပါတယ်ဗျာ,,,,,,!
U Win Ko Ko
Sithu Soe

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...