ဘုန္းႀကီးေတြကို ဘီးဘယ္လုိေရာင္းလဲ..။ အျပည့္အစံုၾကည့္ရန္ ႏွိပ္ပါ။

"ဘုန္းၾကီးကို ဘီးဘယ္လိုေရာင္းမလဲ"
တစ္ခါတုန္းက Company အၾကီးၾကီးတစ္ခုမွာ Sales
(အေရာင္းဝန္ထမ္း) ရာထူးအတြက္ အလုပ္ေလွ်ာက္တဲ့
ဝန္ထမ္း(၃)ဦးရွိခဲ့ပါတယ္။ သူတို႔၃ေယာက္လံုးဟာ ရာထူး
ေနရာအတြက္ သင့္ေတာ္သူေတြမို႔ အင္တာဗ်ဴးေမးတဲ့
သူက ေခါင္းခဲလာပါတယ္။ ေနာက္ေတာ့ အၾကံရျပီး
သူတို႔သံုးေယာက္လံုးကို အလုပ္တစ္ခု ေစခိုင္းခဲ့ပါ
တယ္။
ခိုင္းလိုက္တဲ့ အလုပ္ကေတာ့ ေတာင္ကုန္းေပၚမွာရွိတဲ့
ဘုန္းၾကီးေတြဆီကို ဘီးသြားေရာင္းခိုင္းျခင္းပဲ ျဖစ္ပါ
တယ္။ ၃ရက္အခ်ိန္ေပးလိုက္ျပီး အေရာင္းရဆံုးသူကို
အလုပ္ခန္႔မယ္လိုု႔ ေျပာလိုက္ပါတယ္။ ၃ရက္ကုန္ဆံုး
သြားတဲ့ အခါမွာေတာ့ သူတို႔(၃)ေယာက္လံုး အင္တာဗ်ဴး
ေမးတဲ့ဆီကိုု ျပန္ေရာက္လာၾကပါတယ္။
➡️ပထမလူက "ကြ်န္ေတာ္ဘီးတစ္ေခ်ာင္းပဲ ေရာင္းထြက္
ခဲ့ပါတယ္။ ဘုန္းၾကီးဆူတာလဲ ခံလိုက္ရေသးတယ္ဗ်ာ။
ကြ်န္ေတာ္က သူ႔ကိုေလွာင္ပါတယ္ဆိုျပီး ေတာ္ေတာ္
ေဒါသထြက္လာလို႔ ကြ်န္ေတာ္ စိတ္ပ်က္လက္ပ်က္နဲ႔
လွည့္ျပန္လာရတယ္။ ျပန္တဲ့လမ္းမွာ ကိုရင္ေလးတစ္ပါး
ေခါင္းကိုေတာက္ေလွ်ာက္ကုတ္ေနတာေတြ႔လို႔ သူ႕ကို
ဘီးနဲ႔ကုတ္ရင္ ဘယ္ေလာက္သက္သာမယ္ျဖစ္ေၾကာင္း
ရွင္းျပခဲ့ပါတယ္။ အဲ့ဒီဘီးတစ္ေခ်ာင္းပဲ ေရာင္းထြက္ခဲ့
ပါတယ္" လို႔ အင္တာဗ်ဴးေမးသူကိုျပန္ေျပာျပပါတယ္။
➡️ဒုတိယလူက "မင္းေတာ္ပါတယ္ကြ၊ ဒါေပမယ့္
ငါက ပိုေတာ္တယ္ကြ။ ငါက ဘီး၁၀ေခ်ာင္းေတာင္
ေရာင္းထြက္ခဲ့တယ္။" အင္တာဗ်ဴးေမးတဲ့သူကလည္း
"မင္းဘယ္လိုမ်ားေရာင္းခဲ့တာလဲ?"လို႔ စိတ္ဝင္တစား
ေမးတဲ့အခါမွာေတာ့ ဒုတိယလူက"ေတာင္ေပၚက
ဘုန္းၾကီးေက်ာင္းကိုလာတဲ့ သူေတြဟာ ေလတိုက္တဲ့
ဒဏ္ေၾကာင့္ ဆံပင္ေတြ ဖရိုဖရဲျဖစ္ေနတာကို
ကြ်န္ေတာ္ သတိထားမိခဲ့ပါတယ္။ ဒါနဲ႔ကြ်န္ေတာ္လည္း
ဘုန္းၾကီးတစ္ပါးကို ကပ္ျပီး အကယ္၍ ဘုုန္းၾကီးေက်ာင္း
မွာဘီးသာရွိရင္ လာေရာက္သူေတြအေနနဲ႔ သူတို႔ကို
သူတို႔ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္ႏိုုင္ျပီး
ဘုန္းၾကီးေတြကိုရွိခိုးတဲ့ အခါမွာလည္း ပိုမိုုေလးစားရာ
ေရာက္လိမ့္မယ္ ျဖစ္ေၾကာင္းရွင္းျပလိုက္တယ္ေလ။
ဒါနဲ႔ဘုန္းၾကီးလည္း ဘီး၁၀ေခ်ာင္းဝယ္ထားလိုုက္
တယ္။" လို႔ အင္တာဗ်ဴးေမးသူကိုု ရွင္းျပပါတယ္။
➡️တတိယလူက "သိပ္လည္း အလ်င္မလိုၾကပါနဲ႔အံုုး
ဗ်၊ သူတုုိ႔၂ေယာက္လံုးထက္ပိုေရာင္းခဲ့တဲ့ ကြ်န္ေတာ္
ရွိပါေသးတယ္" လို႔ ဆိုလာပါတယ္။ အင္တာဗ်ဴးေမး
သူကလည္း စိတ္ဝင္စားလာျပီး "မင္း ဘယ္ႏွစ္ေခ်ာင္း
ေတာင္ေရာင္းႏိုင္ခဲ့တာလဲ"လို႔ ေမးေတာ့ တတိယလူက
"အေခ်ာင္း ၁၀၀၀ ေရာင္းႏိုုင္ခဲ့ပါတယ္"လိုု႔ ဆိုလာပါ
တယ္။ အင္တာဗ်ဴးေမးသူလည္း အံ့ၾသသြားျပီး
"အားပါးပါး..မင္းဘယ္လိုမ်ား အဲ့ေလာက္ေတာင္
ေရာင္းရေအာင္ လုုပ္ခဲ့တာလဲ"ကြလို႔ ေမးလာပါတယ္။
တတိယလူက "ကြ်န္ေတာ္ အရင္ဆံုးေတာင္ကုန္းေပၚ
က ဘုန္းၾကီးေက်ာင္းေတြထဲက အၾကီးဆံုး ဘုန္းၾကီး
ေက်ာင္းကိုေရြးလိုက္ပါတယ္။ ေနာက္ေတာ့ ေက်ာင္းထိုင္
ဘုန္းၾကီးနဲ႔ေတြ႔ျပီး လူေပါင္းမ်ားစြာကို ေအးခ်မ္းမႈေပး
တဲ့အတြက္ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ေက်ာင္းထိုင္
ဘုုန္းၾကီးက သေဘာေကာင္းတဲ့ ဘုန္းၾကီးတစ္ပါးျဖစ္ျပီး
သူလည္းသူ႕ဆီလာေရာက္တဲ့သူေတြကို ဘယ္လိုမ်ိဳး
ေက်းဇူးတင္ေၾကာင္း ျပသရမွန္းမသိျဖစ္ေနေၾကာင္း
ကြ်န္ေတာ့္ကိုေျပာျပခဲ့ပါတယ္။ ေက်းဇူးတင္ေၾကာင္း
ျပသဖို႔အေကာင္းဆံုး နည္းလမ္းက ဗုဒၶရဲ့အဆံုးအမေတြ
ပါတဲ့ လက္ေဆာင္ပစၥည္းတစ္မ်ိဳးမ်ိဳးေပးတာေကာင္းမည္
ျဖစ္ေၾကာင္း၊ ေန႔တိုင္းအသံုုးျပဳတဲ့ ပစၥည္းမ်ိဳးျဖစ္ရင္
ပိုေကာင္းေၾကာင္း ျပန္လည္ရွင္းျပလိုက္ပါတယ္။
ေနာက္ေတာ့ ကြ်န္ေတာ္ သစ္သားထြင္းျပီး ဗုဒၶအဆံုုးအမ
ေတြေရးထားတဲ့ ဘီးတစ္ေခ်ာင္းကို ဘုန္းၾကီးကို
ထုတ္ျပလိုုက္ပါတယ္။ လူေတြဟာ ဘီးကိုု ေန႔တိုုင္း
အသံုးျပဳျပီး ဒီဘီးကိုျမင္တိုင္း ဗုုဒၶအဆံုးအမေတြကို
သတိရေနမည္ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။ ေက်ာင္းထိုင္
ဘုန္းၾကီးလည္း သေဘာက်ျပီး ဘီး၁၀၀၀ မွာယူခဲ့ပါ
တယ္။"လို႔ အင္တာဗ်ဴးေမးသူကို ျပန္ေျပာျပခဲ့ပါတယ္။
အျခား၂ေယာက္ထဲက တစ္ေယာက္က "မင္းကံေကာင္း
သြားတာပါကြာ"လို႔ ေျပာတဲ့အခ်ိန္မွာေတာ့ အင္တာဗ်ဴး
ေမးသူက "မဟုတ္ဘူး။ သူကံေကာင္းတာမဟုတ္ဘူး။
သူက အစတည္းက Planရွိတာ။ အဲ့ဒါေၾကာင့္ စာသား
ထြင္းထားတဲ့ဘီးကို သူယူသြားတာေပါ့။ အကယ္၍ အဲ့ဒီ
ဘုန္းၾကီးေက်ာင္းက မလိုခ်င္ရင္ေတာင္ အျခားေက်ာင္း
တစ္ခုက လိုခ်င္မွာအေသအခ်ာပဲ" လို႔ ေျပာလာပါတယ္။
တတိယလူက "ဒါတင္မကေသးဘူးဗ်။ ေနာက္ေန႔
ကြ်န္ေတာ္ျပန္သြားျပီး အဆင္ေျပရဲ့လား သြားေမးတဲ့
အခ်ိန္မွာဘုန္းၾကီးက သူ႔ေက်ာင္းကိုလာတဲ့သူေတြဟာ
ဒီဘီးအေၾကာင္း ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္းေတြကို
ေျပာျပျပီး ဒီဘီးသတင္းဟာ နာမည္ၾကီးေနျပီျဖစ္ေၾကာင္း၊
ဘုန္းၾကီးေက်ာင္းလာသူေတြလည္း ပိုမိုုမ်ားျပားလာေၾကာင္း၊
လူတိုုင္းကလည္း ဘီးအေၾကာင္းပဲေမးေနေၾကာင္း၊
တစ္လအတြင္း ဘီးေတြကုန္သြားေတာ့မွာမို႔ ေနာက္ထပ္
ထပ္ျပီးမွာမည္ျဖစ္ေၾကာင္း ကြ်န္ေတာ့္ကို ေျပာခဲ့ပါေသး
တယ္"လိုု႔ ေျပာျပလာပါတယ္။
➡️သင္ခန္းစာယူသင့္သည္မ်ား
အလုပ္ေလွ်ာက္သူ အားလံုုးဟာ မတူညီတဲ့ အရည္အခ်င္း
ကို ျပသခဲ့ပါတယ္။
➡️ ပထမလူက ဝယ္သူရဲ့ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္
ျခင္းဆိုတဲ့ အေျခခံအက်ဆံုး အခ်က္ကို အသံုးခ်ႏိုုင္ခဲ့ပါတယ္။
ေခါင္းကုတ္ေနတဲ့ကိုရင္ေလးကိုုပဲ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
➡️ဒုတိယလူကေတာ့ ပထမလူထက္ အဆင့္နည္းနည္းျမင့္ပါ
တယ္။ ဘုန္းၾကီးက ဘီးမလိုတာကို သူသိပါတယ္။ ဒါေပမယ့္
ဘုန္းၾကီးအတြက္ ဘီးက အျခားတစ္ေနရာရာမွာ ဘယ္လိုု
အသံုုးဝင္ႏိုုင္ေၾကာင္း ေထာက္ျပႏိုုင္ခဲ့ပါတယ္။
➡️တတိယလူကေတာ့ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို
ျပသခဲ့ပါတယ္။ တစ္ခါတည္းေတာင္မဟုတ္ဘူး၊ ထပ္ခါ
ထပ္ခါေရာင္းရမယ့္ အေနအထားကို သူဖန္တီးႏိုုင္ခဲ့ပါ
တယ္။ သူလုပ္ခဲ့တဲ့ ျဖစ္စဥ္မွာ ဘုန္းၾကီး၊ လာေရာက္
ေသာဧည့္သည္မ်ား၊သူကိုုယ္တိုင္၊ အင္တာဗ်ဴးသူ စတဲ့
သူေတြအားလံုးကို ေကာင္းက်ိဳးေပးႏိုုင္ခဲ့ပါတယ္။ မိမိရဲ့
ေဖာက္သည္ကို ဘယ္ေတာ့မွ တစ္ခါသံုုးေဖာက္သည္
အျဖစ္ မၾကည့္သင့္ပါဘူး။ ေစတနာပါပါ ၾကိဳတင္ျပင္ဆင္
မႈရွိရွိနဲ႔ မိမိရဲ့ေဖာက္သည္အျပင္ ထိုေဖာက္သည္ရဲ့
အသိုင္းအဝိုုင္း တစ္ခုလံုး အက်ိဳးရွိမယ့္ အလုပ္မ်ိဳး
လုပ္ႏိုုင္ရင္ မိမိလည္း စိတ္ခ်မ္းသာႏိုုင္မည္ျဖစ္ေၾကာင္း
ကို သူက ျပသခဲ့ပါတယ္။ မိမိရဲ့အက်ိဳးေက်းဇူး တစ္ခု
တည္းနဲ႔ စတင္လို႔မရပါဘူး။ မိမိပစၥည္း အသံုးျပဳသူရဲ့
အသံုးဝင္မႈ၊ စိတ္ခ်မ္းသာမႈေတြကို ထည့္တြက္သင့္ပါ
တယ္။
➡️မျဖစ္ႏိုုင္ဘူးဆိုတာမရွိဘူး။ အျမဲနည္းလမ္းရွိတယ္။
ေခါင္းေအးေအးနဲ႔ စဥ္းစားဖို႔ေတာ့ လိုအပ္ပါတယ္။
#မိုးရွင္း (I.M.T) ဘာသာျပန္သည္။
Source: LinkedIn
=============

Unicode>>>
"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ"
တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales
(အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့
ဝန်ထမ်း(၃)ဦးရှိခဲ့ပါတယ်။ သူတို့၃ယောက်လုံးဟာ ရာထူး
နေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့
သူက ခေါင်းခဲလာပါတယ်။ နောက်တော့ အကြံရပြီး
သူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါ
တယ်။
ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့
ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါ
တယ်။ ၃ရက်အချိန်ပေးလိုက်ပြီး အရောင်းရဆုံးသူကို
အလုပ်ခန့်မယ်လိုု့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံး
သွားတဲ့ အခါမှာတော့ သူတို့(၃)ယောက်လုံး အင်တာဗျူး
မေးတဲ့ဆီကိုု ပြန်ရောက်လာကြပါတယ်။
➡️ပထမလူက "ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်
ခဲ့ပါတယ်။ ဘုန်းကြီးဆူတာလဲ ခံလိုက်ရသေးတယ်ဗျာ။
ကျွန်တော်က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်
ဒေါသထွက်လာလို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့
လှည့်ပြန်လာရတယ်။ ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး
ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို
ဘီးနဲ့ကုတ်ရင် ဘယ်လောက်သက်သာမယ်ဖြစ်ကြောင်း
ရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့
ပါတယ်" လို့ အင်တာဗျူးမေးသူကိုပြန်ပြောပြပါတယ်။
➡️ဒုတိယလူက "မင်းတော်ပါတယ်ကွ၊ ဒါပေမယ့်
ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁ဝချောင်းတောင်
ရောင်းထွက်ခဲ့တယ်။" အင်တာဗျူးမေးတဲ့သူကလည်း
"မင်းဘယ်လိုများရောင်းခဲ့တာလဲ?"လို့ စိတ်ဝင်တစား
မေးတဲ့အခါမှာတော့ ဒုတိယလူက"တောင်ပေါ်က
ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့
ဒဏ်ကြောင့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာကို
ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း
ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုုန်းကြီးကျောင်း
မှာဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို
သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုုင်ပြီး
ဘုန်းကြီးတွေကိုရှိခိုးတဲ့ အခါမှာလည်း ပိုမိုုလေးစားရာ
ရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။
ဒါနဲ့ဘုန်းကြီးလည်း ဘီး၁ဝချောင်းဝယ်ထားလိုုက်
တယ်။" လို့ အင်တာဗျူးမေးသူကိုု ရှင်းပြပါတယ်။
➡️တတိယလူက "သိပ်လည်း အလျင်မလိုကြပါနဲ့အုုံး
ဗျ၊ သူတုုိ့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်
ရှိပါသေးတယ်" လို့ ဆိုလာပါတယ်။ အင်တာဗျူးမေး
သူကလည်း စိတ်ဝင်စားလာပြီး "မင်း ဘယ်နှစ်ချောင်း
တောင်ရောင်းနိုင်ခဲ့တာလဲ"လို့ မေးတော့ တတိယလူက
"အချောင်း ၁၀၀၀ ရောင်းနိုုင်ခဲ့ပါတယ်"လိုု့ ဆိုလာပါ
တယ်။ အင်တာဗျူးမေးသူလည်း အံ့သြသွားပြီး
"အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင်
ရောင်းရအောင် လုုပ်ခဲ့တာလဲ"ကွလို့ မေးလာပါတယ်။
တတိယလူက "ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်
က ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီး
ကျောင်းကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်
ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေး
တဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကျောင်းထိုင်
ဘုုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး
သူလည်းသူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုး
ကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း
ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်း
ပြသဖို့အကောင်းဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေ
ပါတဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးမျိုးပေးတာကောင်းမည်
ဖြစ်ကြောင်း၊ နေ့တိုင်းအသုုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင်
ပိုကောင်းကြောင်း ပြန်လည်ရှင်းပြလိုက်ပါတယ်။
နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး ဗုဒ္ဓအဆုုံးအမ
တွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်းကြီးကို
ထုတ်ပြလိုုက်ပါတယ်။ လူတွေဟာ ဘီးကိုု နေ့တိုုင်း
အသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုုဒ္ဓအဆုံးအမတွေကို
သတိရနေမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်
ဘုန်းကြီးလည်း သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါ
တယ်။"လို့ အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။
အခြား၂ယောက်ထဲက တစ်ယောက်က "မင်းကံကောင်း
သွားတာပါကွာ"လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူး
မေးသူက "မဟုတ်ဘူး။ သူကံကောင်းတာမဟုတ်ဘူး။
သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသား
ထွင်းထားတဲ့ဘီးကို သူယူသွားတာပေါ့။ အကယ်၍ အဲ့ဒီ
ဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်း
တစ်ခုက လိုချင်မှာအသေအချာပဲ" လို့ ပြောလာပါတယ်။
တတိယလူက "ဒါတင်မကသေးဘူးဗျ။ နောက်နေ့
ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့
အချိန်မှာဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ
ဒီဘီးအကြောင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကို
ပြောပြပြီး ဒီဘီးသတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊
ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုုများပြားလာကြောင်း၊
လူတိုုင်းကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊
တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက်ထပ်
ထပ်ပြီးမှာမည်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေး
တယ်"လိုု့ ပြောပြလာပါတယ်။
➡️သင်ခန်းစာယူသင့်သည်များ
အလုပ်လျှောက်သူ အားလုုံးဟာ မတူညီတဲ့ အရည်အချင်း
ကို ပြသခဲ့ပါတယ်။
➡️ ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်
ခြင်းဆိုတဲ့ အခြေခံအကျဆုံး အချက်ကို အသုံးချနိုုင်ခဲ့ပါတယ်။
ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုုပဲ ရောင်းချနိုင်ခဲ့ပါတယ်။
➡️ဒုတိယလူကတော့ ပထမလူထက် အဆင့်နည်းနည်းမြင့်ပါ
တယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့်
ဘုန်းကြီးအတွက် ဘီးက အခြားတစ်နေရာရာမှာ ဘယ်လိုု
အသုုံးဝင်နိုုင်ကြောင်း ထောက်ပြနိုုင်ခဲ့ပါတယ်။
➡️တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို
ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါ
ထပ်ခါရောင်းရမယ့် အနေအထားကို သူဖန်တီးနိုုင်ခဲ့ပါ
တယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်
သောဧည့်သည်များ၊သူကိုုယ်တိုင်၊ အင်တာဗျူးသူ စတဲ့
သူတွေအားလုံးကို ကောင်းကျိုးပေးနိုုင်ခဲ့ပါတယ်။ မိမိရဲ့
ဖောက်သည်ကို ဘယ်တော့မှ တစ်ခါသုုံးဖောက်သည်
အဖြစ် မကြည့်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်
မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထိုဖောက်သည်ရဲ့
အသိုင်းအဝိုုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုး
လုပ်နိုုင်ရင် မိမိလည်း စိတ်ချမ်းသာနိုုင်မည်ဖြစ်ကြောင်း
ကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့အကျိုးကျေးဇူး တစ်ခု
တည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့
အသုံးဝင်မှု၊ စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါ
တယ်။
➡️မဖြစ်နိုုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။
#မိုးရှင်း (I.M.T) ဘာသာပြန်သည်။
Source: LinkedIn

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...