အတင္းတုပ္ျခင္း၏ အက်ိဳးေက်းဇူးမ်ား......


အတင္းတုပ္တယ္ဆိုတာ မိန္းကေလးတိုင္းရဲ႕ဘဝမွာ လုပ္ဖူးပါတယ္။ ကုိယ္သေဘာက်တဲ့ ေကာင္ေလးအေၾကာင္း ဘယ္သူ႕ကိုေတာ့ ၾကည့္မရဘူးဆိုတဲ့အေၾကာင္း အဲ့ဒီဇာတ္ကားက ဘယ္ေလာက္ေကာင္းတာ ဆိုတဲ့အေၾကာင္း စသျဖင့္ေပါ့။

တကယ္ေတာ့ အတင္းတုပ္တယ္ဆိုတာ ေယာက္်ားေလးေတြလည္းတုပ္ၾကပါတယ္။ မိန္းကေလးေတြေလာက္ေတာ့ မတုပ္ဘူးေပါ့ေနာ္။ 😛

 အတင္းတုပ္တာက အက်ိဳးေက်းဇူးေတြအမ်ားႀကီး ရွိတယ္သိလား။

ပ်ိဳေမတို႕အတင္းတုပ္ေလေလ အက်ိဳးေတြရေလေလေပါ့။

တုပ္လိုက္ၾကစို႕ ပ်ိဳေမတို႕ေရ။ 😛

 1) အရမ္းအပ်င္းေျပ။

ဒါကေတာ့ အမ်ားသိၿပီးေပါ့။ ပ်င္းလို႕ ထိုင္တုပ္ၾကတာေလ။ အရည္မရအဖတ္မရေတြ။ (အရည္ေရာအဖတ္ေရာရခ်င္ မုန္႕လက္ေဆာင္းေသာက္ေပါ့ 😛 )

ကုိယ့္အတြက္ေပ်ာ္ရႊင္မွဳတစ္မ်ိဳးတိုးေစတာေပါ့။

 2) ရင္းႏွီးမွဳပိုရ။

သူငယ္ခ်င္းေတြၾကားမွာ အတင္းတုပ္ရတာဟာ ရင္းႏွီးေစပါတယ္။ ပိုလို႕လည္း ခင္မင္ေစပါတယ္။ စိတ္တူကုိယ္တူျဖစ္ေၾကာင္း သက္ေသေပါ့။ 😛

 3) ဥာဏ္ပိိုေကာင္း။

ျဖတ္ထိုးဥာဏ္နဲ႕ တင္စားတတ္တဲ့ဥာဏ္ကို ေျပာတာပါ။ ဥပမာ – အဲ့ေကာင္ေလးက ေခ်ာလိုက္တာဟယ္လို႕ မေျပာေတာ့ဘူး။ လီမင္ဟိုနဲ႕ နိုင္နိုင္းမ်ား ေပါင္းထားသလားမွတ္ရတယ္ ဆိုတာမ်ိဳး။ ဟိုေကာင္မေလးၾကည့္ပါဦး ႏွဳတ္ခမ္းနီႀကီးက အရဲႀကီး ဆိုတာထက္ တရုတ္မဖင္ ဓားရွသလိုပဲေတာ္ ဆိုတာမ်ိဳးေတြ။

(တရုတ္မေလးေတြ စိတ္မဆိုးရဘူး :* )

 4) အခ်က္အလက္စံုလင္။

တစ္ေယာက္မသိတာကို တစ္ေယာက္ေျပာရင္း ကုိယ့္ဆီမွာ data ေတြ စံုကုန္တာေပါ့။ ကုိယ္က တျခားသူကိုေတာင္ ဗဟုသုတ ရစရာအျဖစ္ ျပန္ေျပာျပလို႕ရေသး။

 5) တက္တက္ၾကြၾကြရွိ။

အတင္းတုပ္သူ ပ်ိဳေမတို႕ဟာ အတင္းတုပ္ရာမွာအျပင္ တျခားေသာ ကိစၥေတြမွာလည္း သြက္လက္မွဳရွိပါတယ္။

စကားေျပာသြက္သူေတြျဖစ္လို႕ ေစ့စပ္ညွိႏွိဳင္း ေဆြးေႏြးတဲ့ေနရာမွာလည္း ထူးခြ်န္သူပ်ိဳေမေတြပါ။

 6) သတိထားဆင္ျခင္ဖို႕။

အတင္းတုပ္တယ္ဆိုရာမွာ အပ်င္းေျပ ေပ်ာ္ရံုရႊင္ရံုသာ ေကာင္းပါတယ္။ တျခားသူကို နစ္နစ္နာနာထိခိုက္ေစတဲ့စကားမ်ိဳးနဲ႕ မုန္းတီးတဲ့စကားမ်ိဳး မျဖစ္ရေအာင္ေတာ့ သတိထားရပါမယ္။ အတင္းတုပ္ရင္ တုပ္ၿပီးၿပီးေရာသာ ထားရပါမယ္။ တဆင့္စကားနဲ႕ ဆက္မသယ္သြားတာ အေကာင္းဆံုးပါ။ ကုိယ့္အေၾကာင္းကို သြားပုပ္ေလလြင့္ေျပာခံရရင္လည္း ဘယ္သူက ႀကိဳက္မွာလဲ ေနာ့္။

 ကဲ For Her ရဲ႕ ပ်ိဳေမေလးေတြ အတင္းတုပ္ရင္း ဗဟုသုတတိုးပြားနိုင္ၾကပါေစ။

 Verte (For Her Myanmar)
=======
 Unicode
အတင်းတုပ်တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ဘဝမှာ လုပ်ဖူးပါတယ်။ ကိုယ်သဘောကျတဲ့ ကောင်လေးအကြောင်း ဘယ်သူ့ကိုတော့ ကြည့်မရဘူးဆိုတဲ့အကြောင်း အဲ့ဒီဇာတ်ကားက ဘယ်လောက်ကောင်းတာ ဆိုတဲ့အကြောင်း စသဖြင့်ပေါ့။

တကယ်တော့ အတင်းတုပ်တယ်ဆိုတာ ယောက်ျားလေးတွေလည်းတုပ်ကြပါတယ်။ မိန်းကလေးတွေလောက်တော့ မတုပ်ဘူးပေါ့နော်။ 😛

 အတင်းတုပ်တာက အကျိုးကျေးဇူးတွေအများကြီး ရှိတယ်သိလား။

ပျိုမေတို့အတင်းတုပ်လေလေ အကျိုးတွေရလေလေပေါ့။

တုပ်လိုက်ကြစို့ ပျိုမေတို့ရေ။ 😛

 1) အရမ်းအပျင်းပြေ။

ဒါကတော့ အများသိပြီးပေါ့။ ပျင်းလို့ ထိုင်တုပ်ကြတာလေ။ အရည်မရအဖတ်မရတွေ။ (အရည်ရောအဖတ်ရောရချင် မုန့်လက်ဆောင်းသောက်ပေါ့ 😛 )

ကိုယ့်အတွက်ပျော်ရွှင်မှုတစ်မျိုးတိုးစေတာပေါ့။

 2) ရင်းနှီးမှုပိုရ။

သူငယ်ချင်းတွေကြားမှာ အတင်းတုပ်ရတာဟာ ရင်းနှီးစေပါတယ်။ ပိုလို့လည်း ခင်မင်စေပါတယ်။ စိတ်တူကိုယ်တူဖြစ်ကြောင်း သက်သေပေါ့။ 😛

 3) ဉာဏ်ပိိုကောင်း။

ဖြတ်ထိုးဉာဏ်နဲ့ တင်စားတတ်တဲ့ဉာဏ်ကို ပြောတာပါ။ ဥပမာ – အဲ့ကောင်လေးက ချောလိုက်တာဟယ်လို့ မပြောတော့ဘူး။ လီမင်ဟိုနဲ့ နိုင်နိုင်းများ ပေါင်းထားသလားမှတ်ရတယ် ဆိုတာမျိုး။ ဟိုကောင်မလေးကြည့်ပါဦး နှုတ်ခမ်းနီကြီးက အရဲကြီး ဆိုတာထက် တရုတ်မဖင် ဓားရှသလိုပဲတော် ဆိုတာမျိုးတွေ။

(တရုတ်မလေးတွေ စိတ်မဆိုးရဘူး :* )

 4) အချက်အလက်စုံလင်။

တစ်ယောက်မသိတာကို တစ်ယောက်ပြောရင်း ကိုယ့်ဆီမှာ data တွေ စုံကုန်တာပေါ့။ ကိုယ်က တခြားသူကိုတောင် ဗဟုသုတ ရစရာအဖြစ် ပြန်ပြောပြလို့ရသေး။

 5) တက်တက်ကြွကြွရှိ။

အတင်းတုပ်သူ ပျိုမေတို့ဟာ အတင်းတုပ်ရာမှာအပြင် တခြားသော ကိစ္စတွေမှာလည်း သွက်လက်မှုရှိပါတယ်။

စကားပြောသွက်သူတွေဖြစ်လို့ စေ့စပ်ညှိနှိုင်း ဆွေးနွေးတဲ့နေရာမှာလည်း ထူးချွန်သူပျိုမေတွေပါ။

 6) သတိထားဆင်ခြင်ဖို့။

အတင်းတုပ်တယ်ဆိုရာမှာ အပျင်းပြေ ပျော်ရုံရွှင်ရုံသာ ကောင်းပါတယ်။ တခြားသူကို နစ်နစ်နာနာထိခိုက်စေတဲ့စကားမျိုးနဲ့ မုန်းတီးတဲ့စကားမျိုး မဖြစ်ရအောင်တော့ သတိထားရပါမယ်။ အတင်းတုပ်ရင် တုပ်ပြီးပြီးရောသာ ထားရပါမယ်။ တဆင့်စကားနဲ့ ဆက်မသယ်သွားတာ အကောင်းဆုံးပါ။ ကိုယ့်အကြောင်းကို သွားပုပ်လေလွင့်ပြောခံရရင်လည်း ဘယ်သူက ကြိုက်မှာလဲ နော့်။

 ကဲ For Her ရဲ့ ပျိုမေလေးတွေ အတင်းတုပ်ရင်း ဗဟုသုတတိုးပွားနိုင်ကြပါစေ။

 Verte (For Her Myanmar)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...