ကြတ္ခိုင္ေဒသခံ ၉၀ ခန္႔ကို ကခ်င္ဌာေနျပည္သူ႔စစ္ ဖမ္းဆီးေခၚေဆာင္

နန္းျမနဒီ

ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ေကာင္းခါးဌာေနျပည္သူ႔စစ္ (KDA)က ကြတ္ခိုင္ၿမိဳ႕ေပၚနဲ႔ အနီးနားေက်းရြာ ပတ္ဝန္းက်င္က  လူ ၉၀ ေလာက္ကို ဖမ္းဆီးသြားတယ္လို႔ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၂ ရက္ကစၿပီး ကြတ္ခိုင္နဲ႔ ေကာင္းခါးရြာၾကားရွိ ေနာင္ပစ္ရြာမွာ ေက်းရြာ ရန္ပံုေငြရွာပြဲက်င္းပစဥ္ ပြဲသြားတဲ့ လူငယ္တခ်ဳိ႕နဲ႔ လမ္းေပၚက လူတခ်ိဳ႕ကို ေကာင္း ခါးျပည္သူ႔စစ္ေတြက ဖမ္းေခၚသြားခဲ့တာလို႔ ေကာင္းခါး ေဒသခံ နန္းေဆာင္ကေျပာပါ တယ္။

“ပြဲသြားတဲ့လူေတြကို စဖမ္းတာ၊ တခ်ိဳ႔ကို လမ္းမွာဖမ္းတယ္၊ ကားနဲ႔သြားလာတဲ့ လူေတြကို သူတို႔တပ္ဖြဲ႔ေတြကို လိုက္ပို႔ေပးပါလို႔ေျပာၿပီး ျပန္မလႊတ္ေတာ့ဘူး။ အဲဒီညက အဖမ္းခံရ တာ ၈၀ ေက်ာ္၊ ေနာင္ပစ္ရြာသားေတြလည္းပါတယ္။ ဟိုနမ့္၊ ခိုလံု၊ မန္က်စ္က ရြာသားေတြလည္း ပါတယ္။ ေနာက္တေန႔က်ေတာ့ ကြတ္ခိုင္ၿမိဳ႕ထဲမွာ လူလာေကာက္တယ္၊ ၂၃ ရက္ေန႔က ၉ ေယာက္၊ ေနာက္ၿပီးေတာ့ ၂၅ ရက္ေန႔က ၈ ေယာက္၊   ညတိုင္းလိုဘဲ လာလာဖမ္းတယ္ က်မတို႔ အကိုလည္း ပါ သြားတယ္။ အကိုကေတာ့ အိမ္လာလည္တဲ့ဧည့္သည္ကို ေနာင္ပစ္ရြာဘက္လိုက္ပို႔ရင္းအျပန္က်ေတာ့ လမ္းမွာ အဖမ္းခံရတာ၊ ဒါေပမယ့္ က်မတို႔က ျပည္သူ႔စစ္အသိရွိေတာ့ သူတို႔ဆီကေန အကူအညီ ေတာင္းၿပီး ျပန္လႊတ္ေပးဖို႔ ေတာင္းပန္လို႔ မေန႔က ျပန္လြတ္လာၿပီ။ သူတို႔ျပည္သူ႔စစ္ခ်င္း မွားၿပီး ဖမ္းမိတဲ့ လူ ၄ ေယာက္နဲ႔ အတူတူ လြတ္လာတာ။”

ဖမ္းဆီးခံရသူေတြထဲမွာ ကြတ္ခိုင္ၿမိဳ႕  ရပ္ကြက္  ၈  က ၂၁ ဦး၊ ရပ္ကြက္ ၄ က  ၅ ဦး ပါ၀င္ေၾကာင္း၊ ရပ္ကြက္ ၈ က အဖမ္းခံရသူေတြထဲမွာ အသက္ ၁၀ ႏွစ္ေက်ာ္ ၅ တန္း နဲ႔ ၆ တန္း ေက်ာင္းသားေလး ၂ ေယာက္နဲ႔ ဟိုနမ့္ရြာက အသက္ ၁၀ ႏွစ္ရြယ္ ကေလးတေယာက္ပါ သြားတယ္လို႔ ဆိုပါတယ္။

အဖမ္းခံရသူေတြထဲက ကြတ္ခိုင္ၿမိဳ႕သား ၂ ေယာက္ကေတာ့ ေငြ က်ပ္သိန္း ၅၀ စီေပးၿပီး ၿပီးခဲ့တဲ့ ၂၅ ရက္ေန႔က တေယာက္၊ ၂၆ ရက္ေန႔က တေယာက္ ျပန္လြတ္လာၿပီလို႔ နန္းေဆာင္က ဆက္ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လႊတ္ေတာ္ အမတ္ စိုင္း၀မ္းလိႈင္းခမ္းကို ရြာသားေတြက ဖုန္းဆက္ၿပီး တိုင္ၾကားထားတယ္လို႔ ဆိုပါတယ္။

ရွမ္းပါတီအေနနဲ႔ ဆက္လက္ေဆာင္ရြက္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ လႊတ္ေတာ္အမတ္ကိုေတာ့ ဆက္သြယ္လို႔ မရေသးပါဘူး။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေကာင္းခါးဌာေနျပည္သူ႔စစ္က အမည္မေဖာ္လိုသူ အရာရွိတဦးကေတာ့ စစ္သားစုေဆာင္းတာမွန္ကန္ေၾကာင္း၊ ဒါဟာ ျပည္သူေတြအေနနဲ႔ အေရးၾကံဳရင္ ကိုယ့္ရပ္ကိုယ့္ေျမ ကာကြယ္ဖို႔ စစ္သင္တန္းေပးရတာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ၀န္ထမ္းေတြ၊ ေက်ာင္း သားေတြမပါဘဲ အနည္းဆံုး အသက္ ၁၈ ႏွစ္မွ ၅၀ ႏွစ္တြင္းရွိသူေတြကိုသာ ေခၚယူတယ္လို႔  ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ ကိုယ့္ေဒသကိုယ္ကာကြယ္ဖို႔ ေဒသခံေတြကို က်ေနာ္တို႔ စုေဆာင္းပါတယ္၊ ဒါေပမယ့္ လုပ္သင့္တဲ့လူေတြမလုပ္သင့္တဲ့လူေတြ ေသခ်ာျပန္စိစစ္ၿပီးေတာ့မွ တခ်ိဳ႔က်ေတာ့ က်န္းမာေရး မေကာင္းတာတို႔၊ ၀န္ထမ္းသားသမီးတို႔ အဲလိုမ်ိဳးေတြစိစစ္ၿပီးေတာ့ ျပန္လႊတ္တာေပါ့။ ၿပီးေတာ့ အသက္ ၁၈ ႏွစ္နဲ႔ ၅၀ ၾကားကလူေတြဘဲ ေခၚတယ္။ သင္တန္းၿပီးရင္ ကိုယ့္ရပ္ရြာ ကိုယ္ျပန္ေန၊ လို အပ္ရင္ျပန္ေခၚသံုးတယ္ အဲလိုမ်ိဳးေပါ့၊ ပိုက္ဆံယူၿပီး ျပန္လႊတ္ေပးတယ္ဆိုတာ မရွိပါဘူး၊  ဆယ္ႏွစ္ရြယ္ကေလးေတြ ေက်ာင္းသားေလးေတြေခၚတာလည္း မဟုတ္ပါဘူး။”

၂၂ ရက္ေန႔က ေနာင္ပစ္ရြာမွာ လူ ၈၀ ေက်ာ္ ဖမ္းဆီးခဲ့တဲ့ကိစၥမွာလည္း အဲဒီမွာ ေလာင္း ကစား၀ိုင္းရွိလို႔ ေလာင္းကစားသမားေတြ၊ အရက္ေသာက္၊ မူးယစ္ေဆး၀ါးသံုးတဲ့လူေတြ လိုက္ဖမ္း တာ လို႔ သူကေျပာပါတယ္။

ဒါေပမယ့္ သူ႔အေနနဲ႔ ဖမ္းဆီးတဲ့အဖြဲ႔ထဲမွာ မပါလို႔ ဘယ္ႏွစ္ေယာက္ဖမ္းၿပီး ဘယ္ႏွစ္ေယာက္ ျပန္လႊတ္ေပးတယ္ဆိုတာေတာ့ မသိရေၾကာင္း၊ ျပန္ၿပီးစိစစ္ေမးျမန္းရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဦးမထုေနာ္ ေခါင္းေဆာင္တဲ့ ေကာင္းခါးဌာေနျပည္သူ႔စစ္ (ကခ်င္အမ်ဳိးသား ကာကြယ္ေရး ႏွင့္လံုျခံဳေရး  Kachin Defene Army-KDA ) အဖြဲ႔ဟာ ေကအိုင္အို ခြဲထြက္အဖြဲ႔ တဖြဲ႔ျဖစ္ၿပီး  ၁၉၉၁ ခုႏွစ္က န၀တအစိုးရနဲ႔ ၿငိမ္းခ်မ္းေရးယူကာ ၂၀၀၉ မွာ ဌာေနျပည္သူ႔စစ္အသြင္ ေျပာင္းခဲ့တာ ျဖစ္ပါတယ္။

http://burmese.dvb.no/archives/191903
============
နန်းမြနဒီ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ကောင်းခါးဌာနေပြည်သူ့စစ် (KDA)က ကွတ်ခိုင်မြို့ပေါ်နဲ့ အနီးနားကျေးရွာ ပတ်ဝန်းကျင်က  လူ ၉၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကစပြီး ကွတ်ခိုင်နဲ့ ကောင်းခါးရွာကြားရှိ နောင်ပစ်ရွာမှာ ကျေးရွာ ရန်ပုံငွေရှာပွဲကျင်းပစဉ် ပွဲသွားတဲ့ လူငယ်တချို့နဲ့ လမ်းပေါ်က လူတချို့ကို ကောင်း ခါးပြည်သူ့စစ်တွေက ဖမ်းခေါ်သွားခဲ့တာလို့ ကောင်းခါး ဒေသခံ နန်းဆောင်ကပြောပါ တယ်။

“ပွဲသွားတဲ့လူတွေကို စဖမ်းတာ၊ တချို့ကို လမ်းမှာဖမ်းတယ်၊ ကားနဲ့သွားလာတဲ့ လူတွေကို သူတို့တပ်ဖွဲ့တွေကို လိုက်ပို့ပေးပါလို့ပြောပြီး ပြန်မလွှတ်တော့ဘူး။ အဲဒီညက အဖမ်းခံရ တာ ၈၀ ကျော်၊ နောင်ပစ်ရွာသားတွေလည်းပါတယ်။ ဟိုနမ့်၊ ခိုလုံ၊ မန်ကျစ်က ရွာသားတွေလည်း ပါတယ်။ နောက်တနေ့ကျတော့ ကွတ်ခိုင်မြို့ထဲမှာ လူလာကောက်တယ်၊ ၂၃ ရက်နေ့က ၉ ယောက်၊ နောက်ပြီးတော့ ၂၅ ရက်နေ့က ၈ ယောက်၊   ညတိုင်းလိုဘဲ လာလာဖမ်းတယ် ကျမတို့ အကိုလည်း ပါ သွားတယ်။ အကိုကတော့ အိမ်လာလည်တဲ့ဧည့်သည်ကို နောင်ပစ်ရွာဘက်လိုက်ပို့ရင်းအပြန်ကျတော့ လမ်းမှာ အဖမ်းခံရတာ၊ ဒါပေမယ့် ကျမတို့က ပြည်သူ့စစ်အသိရှိတော့ သူတို့ဆီကနေ အကူအညီ တောင်းပြီး ပြန်လွှတ်ပေးဖို့ တောင်းပန်လို့ မနေ့က ပြန်လွတ်လာပြီ။ သူတို့ပြည်သူ့စစ်ချင်း မှားပြီး ဖမ်းမိတဲ့ လူ ၄ ယောက်နဲ့ အတူတူ လွတ်လာတာ။”

ဖမ်းဆီးခံရသူတွေထဲမှာ ကွတ်ခိုင်မြို့  ရပ်ကွက်  ၈  က ၂၁ ဦး၊ ရပ်ကွက် ၄ က  ၅ ဦး ပါဝင်ကြောင်း၊ ရပ်ကွက် ၈ က အဖမ်းခံရသူတွေထဲမှာ အသက် ၁၀ နှစ်ကျော် ၅ တန်း နဲ့ ၆ တန်း ကျောင်းသားလေး ၂ ယောက်နဲ့ ဟိုနမ့်ရွာက အသက် ၁၀ နှစ်ရွယ် ကလေးတယောက်ပါ သွားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေထဲက ကွတ်ခိုင်မြို့သား ၂ ယောက်ကတော့ ငွေ ကျပ်သိန်း ၅၀ စီပေးပြီး ပြီးခဲ့တဲ့ ၂၅ ရက်နေ့က တယောက်၊ ၂၆ ရက်နေ့က တယောက် ပြန်လွတ်လာပြီလို့ နန်းဆောင်က ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် အမတ် စိုင်းဝမ်းလှိုင်းခမ်းကို ရွာသားတွေက ဖုန်းဆက်ပြီး တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ရှမ်းပါတီအနေနဲ့ ဆက်လက်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ လွှတ်တော်အမတ်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းခါးဌာနေပြည်သူ့စစ်က အမည်မဖော်လိုသူ အရာရှိတဦးကတော့ စစ်သားစုဆောင်းတာမှန်ကန်ကြောင်း၊ ဒါဟာ ပြည်သူတွေအနေနဲ့ အရေးကြုံရင် ကိုယ့်ရပ်ကိုယ့်မြေ ကာကွယ်ဖို့ စစ်သင်တန်းပေးရတာဖြစ်ကြောင်း၊ ဒါပေမယ့် ဝန်ထမ်းတွေ၊ ကျောင်း သားတွေမပါဘဲ အနည်းဆုံး အသက် ၁၈ နှစ်မှ ၅၀ နှစ်တွင်းရှိသူတွေကိုသာ ခေါ်ယူတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကိုယ့်ဒေသကိုယ်ကာကွယ်ဖို့ ဒေသခံတွေကို ကျနော်တို့ စုဆောင်းပါတယ်၊ ဒါပေမယ့် လုပ်သင့်တဲ့လူတွေမလုပ်သင့်တဲ့လူတွေ သေချာပြန်စိစစ်ပြီးတော့မှ တချို့ကျတော့ ကျန်းမာရေး မကောင်းတာတို့၊ ဝန်ထမ်းသားသမီးတို့ အဲလိုမျိုးတွေစိစစ်ပြီးတော့ ပြန်လွှတ်တာပေါ့။ ပြီးတော့ အသက် ၁၈ နှစ်နဲ့ ၅၀ ကြားကလူတွေဘဲ ခေါ်တယ်။ သင်တန်းပြီးရင် ကိုယ့်ရပ်ရွာ ကိုယ်ပြန်နေ၊ လို အပ်ရင်ပြန်ခေါ်သုံးတယ် အဲလိုမျိုးပေါ့၊ ပိုက်ဆံယူပြီး ပြန်လွှတ်ပေးတယ်ဆိုတာ မရှိပါဘူး၊  ဆယ်နှစ်ရွယ်ကလေးတွေ ကျောင်းသားလေးတွေခေါ်တာလည်း မဟုတ်ပါဘူး။”

၂၂ ရက်နေ့က နောင်ပစ်ရွာမှာ လူ ၈၀ ကျော် ဖမ်းဆီးခဲ့တဲ့ကိစ္စမှာလည်း အဲဒီမှာ လောင်း ကစားဝိုင်းရှိလို့ လောင်းကစားသမားတွေ၊ အရက်သောက်၊ မူးယစ်ဆေးဝါးသုံးတဲ့လူတွေ လိုက်ဖမ်း တာ လို့ သူကပြောပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဖမ်းဆီးတဲ့အဖွဲ့ထဲမှာ မပါလို့ ဘယ်နှစ်ယောက်ဖမ်းပြီး ဘယ်နှစ်ယောက် ပြန်လွှတ်ပေးတယ်ဆိုတာတော့ မသိရကြောင်း၊ ပြန်ပြီးစိစစ်မေးမြန်းရမှာဖြစ်ကြောင်း ပြောပါတယ်။

ဦးမထုနော် ခေါင်းဆောင်တဲ့ ကောင်းခါးဌာနေပြည်သူ့စစ် (ကချင်အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး  Kachin Defene Army-KDA ) အဖွဲ့ဟာ ကေအိုင်အို ခွဲထွက်အဖွဲ့ တဖွဲ့ဖြစ်ပြီး  ၁၉၉၁ ခုနှစ်က နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူကာ ၂၀၀၉ မှာ ဌာနေပြည်သူ့စစ်အသွင် ပြောင်းခဲ့တာ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/191903

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...