ျမန္မာရဲ႕ တစ္နာရီလုပ္အားခကို ကမၻာနဲ႔ယွဥ္လိုက္ေသာအခါ

ျမန္မာရဲ႕ တစ္နာရီလုပ္အားခကို ကမၻာနဲ႔ယွဥ္လိုက္ေသာအခါ
~ကိုယ့္ရဲ႕တစ္နာရီဝင္ေငြ ဘယ္ေလာက္ရွိလဲဆိုတာကို တြက္ၾကည့္ဖူးရဲ႕လား။
တစ္လကို ၂ သိိိန္းေလာက္ရတဲ့သူဆိုရင္ေတာ့ စေန၊ တနဂၤေႏြကိုဖယ္လုိက္ရင္ တစ္လကိုရက္ႏွစ္ဆယ္ အလုပ္လုပ္ရပါမယ္။
အဲ့ဒါဆို တစ္ရက္လုပ္ခ ၁ ေသာင္းေပါ့။
တစ္ေန႔ကို အလုပ္ခ်ိန္က ရွစ္နာရီဆိုေတာ့ တစ္နာရီကို ၁၂၅၀ က်ပ္ရပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ အေျခခံအလုပ္သမားေတြအတြက္ အနည္းဆံုးလုပ္အားခကို တစ္ရက္ကို ၃၆၀၀ က်ပ္ဆုိၿပီး သတ္မွတ္ေပးထားပါတယ္။
တစ္နာရီကို ၄၅၀ ေပါ့ေလ။
အခု ကမၻာမွာ တစ္နာရီလုပ္ခႏႈန္းထားေတြ ဘယ္လိုရွိလဲဆိုတာကို ေျပာျပပါမယ္။
ဒီစာရင္းကိုေတာ့ Economic Cooperation and Development (OECD) က ႏိုင္ငံေပါင္း ၃၄ ႏိုင္ငံမွာေလ့လာမႈလုပ္ၿပီး ထုတ္ျပန္ထားတာပါ။
ဒီစာရင္းမွာေတာ့ ၾသစေတးလ် နဲ႔ လူဇင္ဘတ္တို႔ကဦးေဆာင္ေနၿပီး တစ္နာရီကို ၉ ေဒၚလာေက်ာ္ (၃၆၄၅၀ – က်ပ္နီးပါး) ရပါတယ္။
မကၠဆီကို နဲ႔ လတ္ဗီးယားကေတာ့ တစ္နာရီကို ႏွစ္ေဒၚလာ (၂၇၀၀ – က်ပ္) ေအာက္သာ ရပါတယ္။
အေမရိကန္မွာ ဖက္ဒရယ္အစိုးရသတ္မွတ္ေပးထားတာကေတာ့ တစ္နာရီကို ၇.၂၅ ေဒၚလာပါ။
အခြန္္အခကိုႏုတ္လိုက္မယ္ဆိုရင္ေတာ့ ၆.၂၆ ေဒၚလာ ( ၈၄၅၁ က်ပ္) ရမွာ ျဖစ္ပါတယ္။
OECD ရဲ႕ဇယားမွာေတာ့ အေမရိကန္က အဆင့္(၁၁) ေနရာမွာ ရွိေနပါတယ္။
ဒါေပမယ့္အနည္းဆံုးလုပ္ခသတ္မွတ္ခ်က္က ျပည္နယ္တစ္ခုနဲ႔တစ္ခုတူညီမႈမရွိပါဘူး။
ဝါရွင္တန္လိုၿမိဳ႕မ်ိဳးမွာဆိုရင္ တစ္နာရီကို ၉.၀၅ ေဒၚလာ ( ၁၂၂၁၇.၅ က်ပ္) ရႏိုင္ၿပီး ေဂ်ာ္ဂ်ီယာလိုျပည္နယ္မွာဆိုရင္ေတာ့ ၅.၁၅ ေဒၚလာ ( ၆၉၅၂.၅ က်ပ္) ပဲရမွာပါ။
ဒါေပမယ့္ စိတ္ပူစရာမရွိပါဘူး။
အေမရိကန္အစိုးရက ဝင္ေငြနည္းပါးတဲ့အလုပ္သမားေတြအတြက္ တစ္ႏွစ္ကို လူမႈဖူလံုေရးေထာက္ပံ့ေငြ ၁၅၂.၈ ဘီလီေဒၚလာကိုသံုးစြဲ ေနပါတယ္။
စာရင္းထဲမွာအာရွႏိုင္ငံေတြအေနနဲ႔ေတာ့ ဂ်ပန္နဲ႔ ကိုရီးယားတို႔ပဲပါဝင္လာၿပီး ဂ်ပန္က တစ္နာရီကို ၅.၅၂ ေဒၚလာ ( ၇၄၅၂ က်ပ္) နဲ႔ ကိုရီးယားကေတာ့ ၅.၈၅ ေဒၚလာ ( ၇၈၉၇.၅ က်ပ္) ပါ။
တြက္ရလြယ္ကူေအာင္ ေဒၚလာတန္ဖိုးကိုေတာ့ တစ္ေဒၚလာကို ၁၃၅၀ က်ပ္နဲ႔တြက္ျပထားပါတယ္။
အခရာပရိသတ္ႀကီးလည္း ကုိယ့္ရဲ႕တစ္နာရီဝင္ေငြဘယ္ေလာက္ရွိလဲဆိုတာ တြက္ၾကည့္လုိက္ပါဦးေနာ္။
ကမၻာရဲ႕ႏႈန္းထားေတြကိုလည္း ေအာက္မွာ ဇယားနဲ႔ျပထားပါတယ္။

Credit-  မင္းသုခ (အခရာ)
============

မြန်မာရဲ့ တစ်နာရီလုပ်အားခကို ကမ္ဘာနဲ့ယှဉ်လိုက်သောအခါ
~ကိုယ့်ရဲ့တစ်နာရီဝင်ငွေ ဘယ်လောက်ရှိလဲဆိုတာကို တွက်ကြည့်ဖူးရဲ့လား။
တစ်လကို ၂ သိိိန်းလောက်ရတဲ့သူဆိုရင်တော့ စနေ၊ တနင်္ဂနွေကိုဖယ်လိုက်ရင် တစ်လကိုရက်နှစ်ဆယ် အလုပ်လုပ်ရပါမယ်။
အဲ့ဒါဆို တစ်ရက်လုပ်ခ ၁ သောင်းပေါ့။
တစ်နေ့ကို အလုပ်ချိန်က ရှစ်နာရီဆိုတော့ တစ်နာရီကို ၁၂၅၀ ကျပ်ရပါတယ်။
မြန်မာနိုင်ငံမှာတော့ အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးလုပ်အားခကို တစ်ရက်ကို ၃၆၀၀ ကျပ်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။
တစ်နာရီကို ၄၅၀ ပေါ့လေ။
အခု ကမ္ဘာမှာ တစ်နာရီလုပ်ခနှုန်းထားတွေ ဘယ်လိုရှိလဲဆိုတာကို ပြောပြပါမယ်။
ဒီစာရင်းကိုတော့ Economic Cooperation and Development (OECD) က နိုင်ငံပေါင်း ၃၄ နိုင်ငံမှာလေ့လာမှုလုပ်ပြီး ထုတ်ပြန်ထားတာပါ။
ဒီစာရင်းမှာတော့ သြစတေးလျ နဲ့ လူဇင်ဘတ်တို့ကဦးဆောင်နေပြီး တစ်နာရီကို ၉ ဒေါ်လာကျော် (၃၆၄၅၀ – ကျပ်နီးပါး) ရပါတယ်။
မက္ကဆီကို နဲ့ လတ်ဗီးယားကတော့ တစ်နာရီကို နှစ်ဒေါ်လာ (၂၇၀၀ – ကျပ်) အောက်သာ ရပါတယ်။
အမေရိကန်မှာ ဖက်ဒရယ်အစိုးရသတ်မှတ်ပေးထားတာကတော့ တစ်နာရီကို ၇.၂၅ ဒေါ်လာပါ။
အခွန််အခကိုနုတ်လိုက်မယ်ဆိုရင်တော့ ၆.၂၆ ဒေါ်လာ ( ၈၄၅၁ ကျပ်) ရမှာ ဖြစ်ပါတယ်။
OECD ရဲ့ဇယားမှာတော့ အမေရိကန်က အဆင့်(၁၁) နေရာမှာ ရှိနေပါတယ်။
ဒါပေမယ့်အနည်းဆုံးလုပ်ခသတ်မှတ်ချက်က ပြည်နယ်တစ်ခုနဲ့တစ်ခုတူညီမှုမရှိပါဘူး။
ဝါရှင်တန်လိုမြို့မျိုးမှာဆိုရင် တစ်နာရီကို ၉.၀၅ ဒေါ်လာ ( ၁၂၂၁၇.၅ ကျပ်) ရနိုင်ပြီး ဂျော်ဂျီယာလိုပြည်နယ်မှာဆိုရင်တော့ ၅.၁၅ ဒေါ်လာ ( ၆၉၅၂.၅ ကျပ်) ပဲရမှာပါ။
ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။
အမေရိကန်အစိုးရက ဝင်ငွေနည်းပါးတဲ့အလုပ်သမားတွေအတွက် တစ်နှစ်ကို လူမှုဖူလုံရေးထောက်ပံ့ငွေ ၁၅၂.၈ ဘီလီဒေါ်လာကိုသုံးစွဲ နေပါတယ်။
စာရင်းထဲမှာအာရှနိုင်ငံတွေအနေနဲ့တော့ ဂျပန်နဲ့ ကိုရီးယားတို့ပဲပါဝင်လာပြီး ဂျပန်က တစ်နာရီကို ၅.၅၂ ဒေါ်လာ ( ၇၄၅၂ ကျပ်) နဲ့ ကိုရီးယားကတော့ ၅.၈၅ ဒေါ်လာ ( ၇၈၉၇.၅ ကျပ်) ပါ။
တွက်ရလွယ်ကူအောင် ဒေါ်လာတန်ဖိုးကိုတော့ တစ်ဒေါ်လာကို ၁၃၅၀ ကျပ်နဲ့တွက်ပြထားပါတယ်။
အခရာပရိသတ်ကြီးလည်း ကိုယ့်ရဲ့တစ်နာရီဝင်ငွေဘယ်လောက်ရှိလဲဆိုတာ တွက်ကြည့်လိုက်ပါဦးနော်။
ကမ္ဘာရဲ့နှုန်းထားတွေကိုလည်း အောက်မှာ ဇယားနဲ့ပြထားပါတယ်။

Credit-  မင်းသုခ (အခရာ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...