သိရသမွ် ဦးေအာင္ဝင္းခိုင္ ေနာက္ေၾကာင္း

သိရသမွ် ဦးေအာင္ဝင္းခိုင္ ေနာက္ေၾကာင္း

By ဧရာဝတီ 16 February 2017
တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံရန္ ေငြေပးခိုင္းေစသူဟာ တပ္မေတာ္မွ ဒုဗိုလ္မႉးႀကီး ရာထူးျဖင့္ ႏႈတ္ထြက္ခဲ့သူ (ဦး) ေအာင္ဝင္းခိုင္  ဆိုသူျဖစ္ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံးက မေန႕က  ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဧရာဝတီက လိုက္လံေမးျမန္းစုံစမ္းသမွ် သူဟာ စစ္တကၠသိုလ္ အပတ္စဥ္ (DSA) အပတ္စဥ္ ၃၆ ကို ၁၉၉၁ ခုႏွစ္ ဧၿပီလကေန ၁၉၉၅ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႕အထိ တက္ေရာက္ခဲ့သူတဦး ျဖစ္ေၾကာင္း သိရပါတယ္။

ေက်ာင္းဆင္းၿပီးေနာက္ ရာထူးအဆင့္ဆင့္တိုးလို႔ မေကြးတိုင္း ေခ်ာက္ၿမိဳ႕မွာ ခလရ ၁၃ မွာ ဗိုလ္မႉးဘဝနဲ႕ တပ္ခြဲမႉး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

၂၀၁၀ ခုႏွစ္မွာ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးမွာ ခလရ ၃၂ ယာယီတပ္ရင္းမႉး ျဖစ္လာခဲ့တယ္။ ၂၀၁၁ မွာ ဒုတိယ ဗိုလ္မႉးႀကီးအဆင့္ ရာထူးတိုးခံရၿပီး ခလရ ၃၂ မွာပဲ တပ္ရင္းမႉးျဖစ္လာတယ္။

၂၀၁၄ မွာ တပ္မေတာ္ကေန အၿငိမ္းစား မယူခင္ ကယားျပည္နယ္ လြိုင္ေကာ္မွာ ရွိတဲ့ အမွတ္ ၁၄ တပ္မေတာ္ တန္းျမင့္ ေလ့က်င့္ေရး သင္တန္းေက်ာင္း နည္းျပအရာရွိ တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။

အမည္မေဖာ္လိုတဲ့ ဗိုလ္မႉးႀကီးတဦးက“သူက က်ေနာ္တို႔ အပတ္စဥ္ကပါ။ ဒုတပ္ရင္မႉးသင္တန္းလည္း အတူတူ တက္ခဲ့ဖူးတယ္။ က်ေနာ္သိတဲ့ ေအာင္ဝင္းခိုင္ ဆိုရင္ေတာ့ ဦးကိုနီေက့စ္မွာ ပါေနတာက ေတာ္ေတာ္ ထူးဆန္းတယ္။ အံၾသဖို႔ေကာင္းတယ္။ ဒါေပမယ့္ က်ေနာ္တို႔ မသိတဲ့ အေၾကာင္းတရားေတြလည္း ရွိေနနိုင္တယ္”လို႔ ဧရာဝတီကို ေျပာပါတယ္။

အပတ္စဥ္ ၃၆ ဆင္း အျခားတဦးကလည္း  “၃၆ ေတြ ဆုံတဲ့အခါေတြမွာ လာတယ္။ Gathering ေပါ့။ စီးပြားေရး လုပ္ေနတယ္လို႔ ၾကားတယ္။ သူက ေအးေဆးသမား။ ေျပာရရင္ ဘုရားတရား လုပ္တဲ့သူ။ ၾကမ္းၾကမ္းတမ္းတမ္းထဲက မဟုတ္ဘူး။ ဒီသတင္းၾကားေတာ့ ေတာ္ေတာ္ အံၾသေနတာ”လို႔ ေျပာပါတယ္။ ဒါေပမယ့္ ဘာစီးပြားေရးေတြ လုပ္ေနလဲဆိုတာေတာ့ မေျပာနိုင္ပါဘူး။

(ဦး) ေအာင္ဝင္းခိုင္ဟာ စစ္ကိုင္းတိုင္း တိုင္းမႉးနဲ႕ ဝန္ႀကီးခ်ဳပ္ လုပ္ခဲ့ဖူးတဲ့ ဦးသာေအးရဲ႕ ကိုယ္ေရးအရာရွိ လုပ္ဖူးတယ္ဆိုၿပီး ေကာလဟလေတြ ဆိုရွယ္မီဒီယာမွာ ျပန႔္ေနပါတယ္။ ဒါကို ဧရာဝတီအေနနဲ႕ အတည္မျပဳနိုင္ေသးပါဘူး။

(ဦး) ေအာင္ဝင္းခိုင္ရဲ႕ အကိုျဖစ္သူလည္း ျဖစ္၊ ဦးကိုနီသတ္မႈမွာ ပူးေပါင္းႀကံစည္သူလည္းျဖစ္တဲ့ (ဦး) ေအာင္ဝင္းေဇာ္ကလည္း တပ္မေတာ္အရာရွိေဟာင္းတဦးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ထဲထဲဝင္ဝင္ စစ္ေဆးေဖာ္ထုတ္နိုင္ပါ့မလားဆိုတဲ့ ေမးခြန္းကလည္း အမ်ားျပည္သူေတြၾကား ေမးေနၾကပါတယ္။

သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးကေတာ့ “ဒီေက့စ္ကို ျပည္ထဲေရးက စစ္ေပမယ့္ ေၾကညာခ်က္ေတြကို သမၼတ႐ုံး ထုတ္ေနတာဟာ ျဖစ္စဥ္ တခုလုံးကို သမၼတ႐ုံးက ကိုင္တြယ္ေနတဲ့ သေဘာပါပဲ”လို႔ ဆိုပါတယ္။
ဧရာဝတီ
မူရင္း - https://burma.irrawaddy.com
==========

Unicode>>>
သိရသမျှ ဦးအောင်ဝင်းခိုင် နောက်ကြောင်း

By ဧရာဝတီ 16 February 2017
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် ငွေပေးခိုင်းစေသူဟာ တပ်မတော်မှ ဒုဗိုလ်မှူးကြီး ရာထူးဖြင့် နှုတ်ထွက်ခဲ့သူ (ဦး) အောင်ဝင်းခိုင်  ဆိုသူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့က  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဧရာဝတီက လိုက်လံမေးမြန်းစုံစမ်းသမျှ သူဟာ စစ်တက္ကသိုလ် အပတ်စဉ် (DSA) အပတ်စဉ် ၃၆ ကို ၁၉၉၁ ခုနှစ် ဧပြီလကနေ ၁၉၉၅ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ တက်ရောက်ခဲ့သူတဦး ဖြစ်ကြောင်း သိရပါတယ်။

ကျောင်းဆင်းပြီးနောက် ရာထူးအဆင့်ဆင့်တိုးလို့ မကွေးတိုင်း ချောက်မြို့မှာ ခလရ ၁၃ မှာ ဗိုလ်မှူးဘဝနဲ့ တပ်ခွဲမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ ခလရ ၃၂ ယာယီတပ်ရင်းမှူး ဖြစ်လာခဲ့တယ်။ ၂၀၁၁ မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ရာထူးတိုးခံရပြီး ခလရ ၃၂ မှာပဲ တပ်ရင်းမှူးဖြစ်လာတယ်။

၂၀၁၄ မှာ တပ်မတော်ကနေ အငြိမ်းစား မယူခင် ကယားပြည်နယ် လွိုင်ကော်မှာ ရှိတဲ့ အမှတ် ၁၄ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း နည်းပြအရာရှိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ဗိုလ်မှူးကြီးတဦးက“သူက ကျနော်တို့ အပတ်စဉ်ကပါ။ ဒုတပ်ရင်မှူးသင်တန်းလည်း အတူတူ တက်ခဲ့ဖူးတယ်။ ကျနော်သိတဲ့ အောင်ဝင်းခိုင် ဆိုရင်တော့ ဦးကိုနီကေ့စ်မှာ ပါနေတာက တော်တော် ထူးဆန်းတယ်။ အံသြဖို့ကောင်းတယ်။ ဒါပေမယ့် ကျနော်တို့ မသိတဲ့ အကြောင်းတရားတွေလည်း ရှိနေနိုင်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။

အပတ်စဉ် ၃၆ ဆင်း အခြားတဦးကလည်း  “၃၆ တွေ ဆုံတဲ့အခါတွေမှာ လာတယ်။ Gathering ပေါ့။ စီးပွားရေး လုပ်နေတယ်လို့ ကြားတယ်။ သူက အေးဆေးသမား။ ပြောရရင် ဘုရားတရား လုပ်တဲ့သူ။ ကြမ်းကြမ်းတမ်းတမ်းထဲက မဟုတ်ဘူး။ ဒီသတင်းကြားတော့ တော်တော် အံသြနေတာ”လို့ ပြောပါတယ်။ ဒါပေမယ့် ဘာစီးပွားရေးတွေ လုပ်နေလဲဆိုတာတော့ မပြောနိုင်ပါဘူး။

(ဦး) အောင်ဝင်းခိုင်ဟာ စစ်ကိုင်းတိုင်း တိုင်းမှူးနဲ့ ဝန်ကြီးချုပ် လုပ်ခဲ့ဖူးတဲ့ ဦးသာအေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ဖူးတယ်ဆိုပြီး ကောလဟလတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။ ဒါကို ဧရာဝတီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

(ဦး) အောင်ဝင်းခိုင်ရဲ့ အကိုဖြစ်သူလည်း ဖြစ်၊ ဦးကိုနီသတ်မှုမှာ ပူးပေါင်းကြံစည်သူလည်းဖြစ်တဲ့ (ဦး) အောင်ဝင်းဇော်ကလည်း တပ်မတော်အရာရှိဟောင်းတဦးဖြစ်ပါတယ်။ ဒါ့ကြောင့် ထဲထဲဝင်ဝင် စစ်ဆေးဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကလည်း အများပြည်သူတွေကြား မေးနေကြပါတယ်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ “ဒီကေ့စ်ကို ပြည်ထဲရေးက စစ်ပေမယ့် ကြေညာချက်တွေကို သမ္မတရုံး ထုတ်နေတာဟာ ဖြစ်စဉ် တခုလုံးကို သမ္မတရုံးက ကိုင်တွယ်နေတဲ့ သဘောပါပဲ”လို့ ဆိုပါတယ်။
ဧရာဝတီ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...