လူၾကည္႔မ်ားေနတဲ႔ ဂ်ပန္ေရာက္ နဝရတ္ရဲ႕ ဓါတ္ပုံမ်ား


နဝရတ္ကေတာ့ လက္ရွိမွာ ဂ်ပန္ကုိ ေရာက္ေနရပါတယ္။ ဂ်ပန္ကိုေရာက္ေနတဲ့ နဝရတ္တစ္ေယာက္ သူငယ္ခ်င္းေတြရဲ႕ ေဆးထုိးျခင္းကို ခံလုိက္ရပါေသးတယ္။အ့ဲဒါကေတာ့ သူမကို ညစာလိုက္ေကၽြးတဲ့ ဆိုင္က ထူးဆန္းလို႕ပါပဲ။ ညစာသြားစားတဲ့ ဆုိင္က သရဲအိမ္ပံုစံမ်ိဳး ျပင္ဆင္ထားတာ ျဖစ္ၿပီး သူမရိုက္ထားတဲ့ ဓာတ္ပံုေတြထဲမွာေတာ့ ေတာ္ေတာ္ကို ေၾကာက္ဖုိ႕ ေကာင္းတာလဲ ေတြ႕ရပါတယ္။
"၅တန္းထဲကခင္ခဲ့ရတဲ့စူးစူးနဲ ့သားေခ်ာတို ့လိုက္ေကၽြးတဲ့dinner ကိုေၾကာက္၂နဲ ့စားခဲ့ရတဲ့ညေပါ့..ဂ်ပန္မွာဆိုင္အဲ့ေလာက္ေတာင္ရွားလားသူငယ္ခ်င္းရယ္" ဆိုၿပီး ေတာ့လည္း နဝရတ္က ေရးသားထားပါေသးတယ္။နဝရတ္ပံုၾကည့္ရတာလည္း အဲ့မွာ ညစာသြားစားရတာ ေၾကာက္ေနပံုရပါတယ္။ ပရိသတ္ေတြ အတြက္ သူမရဲ႕ ဓာတ္ပံုေလးေတြကိုလည္း ေဖာ္ျပေပးလုိက္ပါတယ္။
နဝရတ္ကေတာ့ ယခုေနာက္ပိုင္းမွာ ဇာတ္ကားရိုက္ကူးမႈေတြ မရွိေတာ့ပါဘူး။ ျပင္ဦးလြင္မွာ မိသားစုနဲ႕အတူ အခ်ိန္ေပးျဖစ္ ေနၿပီး ခရီးေတြသြားေနတာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမဲ့ သူမရဲ႕ ပရိသတ္ေတြနဲ႕ေတာ့ အဆက္အသြယ္ မျပတ္သြားပါဘူး။ ေဖ့စ္ဘြတ္ကေနတစ္ဆင့္ ပရိသတ္ေတြနဲ႕ အၿမဲတမ္း ဆက္သြယ္ေနတာကို ေတြ႕ရပါတယ္။စီးပြားေရးဘက္ကို အခ်ိန္ေပး လုပ္ျဖစ္ေနတဲ့ နဝရတ္ကိုလည္း ပရိသတ္ေတြက ပိတ္ကားေပၚမွာ ျမင္ခ်င္ေသးတယ္ဆုိတဲ့ ေတာင္းဆိုတာေလးေတြလည္း ရွိေနပါတယ္။
Photo : နဝရတ္ ေဖ့စ္ဘြတ္
Duwun
Unicode
နဝရတ်ကတော့ လက်ရှိမှာ ဂျပန်ကို ရောက်နေရပါတယ်။ ဂျပန်ကိုရောက်နေတဲ့ နဝရတ်တစ်ယောက် သူငယ်ချင်းတွေရဲ့ ဆေးထိုးခြင်းကို ခံလိုက်ရပါသေးတယ်။အဲ့ဒါကတော့ သူမကို ညစာလိုက်ကျွေးတဲ့ ဆိုင်က ထူးဆန်းလို့ပါပဲ။ ညစာသွားစားတဲ့ ဆိုင်က သရဲအိမ်ပုံစံမျိုး ပြင်ဆင်ထားတာ ဖြစ်ပြီး သူမရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ တော်တော်ကို ကြောက်ဖို့ ကောင်းတာလဲ တွေ့ရပါတယ်။
"၅တန်းထဲကခင်ခဲ့ရတဲ့စူးစူးနဲ ့သားချောတို ့လိုက်ကျွေးတဲ့dinner ကိုကြောက်၂နဲ ့စားခဲ့ရတဲ့ညပေါ့..ဂျပန်မှာဆိုင်အဲ့လောက်တောင်ရှားလားသူငယ်ချင်းရယ်" ဆိုပြီး တော့လည်း နဝရတ်က ရေးသားထားပါသေးတယ်။နဝရတ်ပုံကြည့်ရတာလည်း အဲ့မှာ ညစာသွားစားရတာ ကြောက်နေပုံရပါတယ်။ ပရိသတ်တွေ အတွက် သူမရဲ့ ဓာတ်ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
နဝရတ်ကတော့ ယခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ မရှိတော့ပါဘူး။ ပြင်ဦးလွင်မှာ မိသားစုနဲ့အတူ အချိန်ပေးဖြစ် နေပြီး ခရီးတွေသွားနေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ ပရိသတ်တွေနဲ့တော့ အဆက်အသွယ် မပြတ်သွားပါဘူး။ ဖေ့စ်ဘွတ်ကနေတစ်ဆင့် ပရိသတ်တွေနဲ့ အမြဲတမ်း ဆက်သွယ်နေတာကို တွေ့ရပါတယ်။စီးပွားရေးဘက်ကို အချိန်ပေး လုပ်ဖြစ်နေတဲ့ နဝရတ်ကိုလည်း ပရိသတ်တွေက ပိတ်ကားပေါ်မှာ မြင်ချင်သေးတယ်ဆိုတဲ့ တောင်းဆိုတာလေးတွေလည်း ရှိနေပါတယ်။
Photo : နဝရတ် ဖေ့စ်ဘွတ်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...