"ဒုတိယဗိုလ္မႉးႀကီးေဟာင္းေအာင္၀င္းခိုင္ အတြက္ ဗိုလ္ႀကီးေဟာင္းေနမ်ိဳးဇင္ေရးလာတဲ့စာ"

ကိုေအာင္၀င္းခိုင္ အတြက္ စိတ္မေကာင္း။
ထိုးေၾကြးခံရသည္ ဆိုလ်င္ ပိုလို႕ ၀မ္းနည္းသည္။
လက္စတံုး ေဖ်ာက္ဖ်က္ျခင္း မခံရေစရန္ အထူး ဆုေတာင္းပါသည္။

တိုင္းျပည္ ႏွင့္ လူမ်ဳိး အမွန္တရား အတြက္ သစၥာရွိစြာျဖင့္ သတ္ျဖတ္ရန္ အမွန္တကယ္ ေစခိုင္းခဲ့သူ ရွိခဲ့ပါက ေဖၚထုတ္ရန္ ႏွင့္ သိန္းတစ္ေထာင္ကို မည္သူက မည္သည္႕ အတြက္ ေပးခဲ့သလဲ။

သို႕မဟုတ္ ကိုေအာင္၀င္းခိုင္ ဘယ္က ေန ဒီေငြကို ရခဲ့သလဲ မျဖစ္မေန ေျဖရွင္းေပးေစခ်င္ပါသည္။

စစ္တကၠသိုလ္ ၾကီး ၏ ဂုဏ္သိကၡာ ကို ေက်ာင္းေတာ္ဆင္းမ်ား အေနျဖင့္ ေလးနက္ တည္ၾကည္စြာ ထိန္းသိမ္းသင့္ပါသည္။

စစ္တကၠသိုလ္ဆင္း မ်ား ထဲတြင္ အမွန္တရား အတြက္ ျပတ္သား ရဲ၀ံ႕သူမ်ားရွိခဲ့ပါေၾကာင္း ကိုေအာင္၀င္းခိုင္ အေနျဖင့္ ေဆာင္ရြက္ႏိုင္စြမ္း ရွိသည္ဟု ယံုၾကည္ပါသည္။

ယခု ႏိုင္ငံေတာ္ သမၼတရံုးမွ ထုတ္ျပန္ေသာ ေၾကျငာစာသည္ ကိုေအာင္၀င္းခိုင္ အပါအ၀င္ စစ္တကၠသိုလ္ဆင္း ညီအကိုအားလံုး (အာဏာရွင္ဘက္ေတာ္သားအခ်ဳိ႕ မပါ) အတြက္ ၀မ္းနည္းေၾကကြဲစရာျဖစ္ပါသည္။ လူသတ္ျခင္းသည္ မေကာင္း၊ အခေၾကးေငြေပးျပီး တပါးသူကို သတ္ခိုင္းသည္ ဆိုသည္မွာ စစ္သားလုပ္ခဲ့ဖူးသူ မ်ား အတြက္ ပိုလို႕ပင္ ဂုဏ္သိကၡာကင္းမဲ့ေစသည္။ လစာေလးမွ က်ပ္သိန္းဂဏန္း အနည္းငယ္သာ ရခဲ့ဖူးသူ တပ္မေတာ္ အရာရွိ တေယာက္က က်ပ္သိန္း ေထာင္ဂဏန္းကို သံုးႏိုင္သည္ဆိုသည္မွာ ရိုးသားေသာ ၀န္ထမ္းေလာက အတြက္ ဆိုးရြားသည္႕ ေဖါက္ျပန္မႈမ်ား ၾကီးထြားခဲ့သည္ဟု အထုပ္ေျဖျပသလို ျဖစ္ေနသည္မွာ လည္း ခံျပင္းစဖြယ္ျဖစ္ေနေစသည္။

ထို႕ေၾကာင့္ ကိုေအာင္၀င္းခိုင္ စစ္တကၠသိုလ္ဆင္း ပီသလ်င္ ရဲ၀ံ့စြာျဖင့္ အမွန္တရား အတြက္ ရင္ဆိုင္ေျဖရွင္းေပးပါ။

အကိုၾကီးျဖစ္ခဲ့သူ ကိုေအာင္၀င္းခိုင္ ေၾကာင့္ စစ္တကၠသိုလ္ ဂုဏ္သိကၡာ မက်ဆင္းေစလိုပါ။ အမိစစ္တကၠသိုလ္သည္ အမွန္တရား အတြက္ ရင္မဆိုင္ရဲသူ သူရဲေဘာေၾကာင္သူမ်ား ေမြးထုတ္ေပးခဲ့ျခင္း မရွိဟု က်ေနာ္ ခံယူပါသည္။

ယခုပို႕စ္ေၾကာင့္ က်ေနာ္ ေနမ်ဳိးဇင္ ၊ စစ္တကၠသိုလ္ ဗိုလ္ေလာင္း အမွတ္ (၄၆၇၆) ျပန္တမ္း၀င္ အမွတ္ ၾကည္း။ ၂၉၄၄၄ အား

ေၾကာင္းက်ဳိးမဲ့ေသာ ပုတ္ခတ္မႈမ်ားျဖင့္ ၀င္ေရာက္ ေ၀ဖန္မည္႕ မည္သည္႕ အဆင့္ မည္သည္႕ အပြင့္

မည္သည္႕ တိုက္ခိုက္သူကိုမဆို၊

အၾကမ္းဖက္မႈအား ေထာက္ခံသည္႕ မည္သူ မဆို အား

အြန္လိုင္းေပၚမွ လက္သီးပုန္း ပုဆိုးျခံဳသည္႕ ဆဲဆို တိုက္ခိုက္မႈမ်ား ျပဳလုပ္မည္႕ အစား အျပင္ေလာကတြင္ အခ်ိန္ မေရြး ဆံုေတြ႕ ေျဖရွင္း ေမးျမန္း ေဆြးေႏြး ေ၀ဖန္ ႏိုင္ပါေၾကာင္း
စစ္တကၠသိုလ္ၾကီး၏ ဂုဏ္သိကၡာကို ျမတ္ႏိုးသူ ကိုယ္က်င့္ သိကၡာ ေနာက္ေၾကာင္း သမိုင္းလံုသည္႕ စစ္သားေဟာင္း က်ေနာ္က စိန္ေခၚလိုပါသည္။

ေနမ်ဳိးဇင္
ဖုန္း 09450058276
အမွတ္ (၆၁၃) စည္ပင္လမ္း၊ (၁၉) ရပ္ကြက္။ ေတာင္ဒဂံု။ ရန္ကုန္ျမိဳ႕
===========

Unicode>>>
ကိုအောင်ဝင်းခိုင် အတွက် စိတ်မကောင်း။
ထိုးကြွေးခံရသည် ဆိုလျင် ပိုလို့ ဝမ်းနည်းသည်။
လက်စတုံး ဖျောက်ဖျက်ခြင်း မခံရစေရန် အထူး ဆုတောင်းပါသည်။

တိုင်းပြည် နှင့် လူမျိုး အမှန်တရား အတွက် သစ္စာရှိစွာဖြင့် သတ်ဖြတ်ရန် အမှန်တကယ် စေခိုင်းခဲ့သူ ရှိခဲ့ပါက ဖေါ်ထုတ်ရန် နှင့် သိန်းတစ်ထောင်ကို မည်သူက မည်သည့် အတွက် ပေးခဲ့သလဲ။

သို့မဟုတ် ကိုအောင်ဝင်းခိုင် ဘယ်က နေ ဒီငွေကို ရခဲ့သလဲ မဖြစ်မနေ ဖြေရှင်းပေးစေချင်ပါသည်။

စစ်တက္ကသိုလ် ကြီး ၏ ဂုဏ်သိက္ခာ ကို ကျောင်းတော်ဆင်းများ အနေဖြင့် လေးနက် တည်ကြည်စွာ ထိန်းသိမ်းသင့်ပါသည်။

စစ်တက္ကသိုလ်ဆင်း များ ထဲတွင် အမှန်တရား အတွက် ပြတ်သား ရဲဝံ့သူများရှိခဲ့ပါကြောင်း ကိုအောင်ဝင်းခိုင် အနေဖြင့် ဆောင်ရွက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ပါသည်။

ယခု နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော ကြေငြာစာသည် ကိုအောင်ဝင်းခိုင် အပါအဝင် စစ်တက္ကသိုလ်ဆင်း ညီအကိုအားလုံး (အာဏာရှင်ဘက်တော်သားအချို့ မပါ) အတွက် ဝမ်းနည်းကြေကွဲစရာဖြစ်ပါသည်။ လူသတ်ခြင်းသည် မကောင်း၊ အခကြေးငွေပေးပြီး တပါးသူကို သတ်ခိုင်းသည် ဆိုသည်မှာ စစ်သားလုပ်ခဲ့ဖူးသူ များ အတွက် ပိုလို့ပင် ဂုဏ်သိက္ခာကင်းမဲ့စေသည်။ လစာလေးမှ ကျပ်သိန်းဂဏန်း အနည်းငယ်သာ ရခဲ့ဖူးသူ တပ်မတော် အရာရှိ တယောက်က ကျပ်သိန်း ထောင်ဂဏန်းကို သုံးနိုင်သည်ဆိုသည်မှာ ရိုးသားသော ဝန်ထမ်းလောက အတွက် ဆိုးရွားသည့် ဖေါက်ပြန်မှုများ ကြီးထွားခဲ့သည်ဟု အထုပ်ဖြေပြသလို ဖြစ်နေသည်မှာ လည်း ခံပြင်းစဖွယ်ဖြစ်နေစေသည်။

ထို့ကြောင့် ကိုအောင်ဝင်းခိုင် စစ်တက္ကသိုလ်ဆင်း ပီသလျင် ရဲဝံ့စွာဖြင့် အမှန်တရား အတွက် ရင်ဆိုင်ဖြေရှင်းပေးပါ။

အကိုကြီးဖြစ်ခဲ့သူ ကိုအောင်ဝင်းခိုင် ကြောင့် စစ်တက္ကသိုလ် ဂုဏ်သိက္ခာ မကျဆင်းစေလိုပါ။ အမိစစ်တက္ကသိုလ်သည် အမှန်တရား အတွက် ရင်မဆိုင်ရဲသူ သူရဲဘောကြောင်သူများ မွေးထုတ်ပေးခဲ့ခြင်း မရှိဟု ကျနော် ခံယူပါသည်။

ယခုပို့စ်ကြောင့် ကျနော် နေမျိုးဇင် ၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ် (၄၆၇၆) ပြန်တမ်းဝင် အမှတ် ကြည်း။ ၂၉၄၄၄ အား

ကြောင်းကျိုးမဲ့သော ပုတ်ခတ်မှုများဖြင့် ဝင်ရောက် ဝေဖန်မည့် မည်သည့် အဆင့် မည်သည့် အပွင့်

မည်သည့် တိုက်ခိုက်သူကိုမဆို၊

အကြမ်းဖက်မှုအား ထောက်ခံသည့် မည်သူ မဆို အား

အွန်လိုင်းပေါ်မှ လက်သီးပုန်း ပုဆိုးခြုံသည့် ဆဲဆို တိုက်ခိုက်မှုများ ပြုလုပ်မည့် အစား အပြင်လောကတွင် အချိန် မရွေး ဆုံတွေ့ ဖြေရှင်း မေးမြန်း ဆွေးနွေး ဝေဖန် နိုင်ပါကြောင်း
စစ်တက္ကသိုလ်ကြီး၏ ဂုဏ်သိက္ခာကို မြတ်နိုးသူ ကိုယ်ကျင့် သိက္ခာ နောက်ကြောင်း သမိုင်းလုံသည့် စစ်သားဟောင်း ကျနော်က စိန်ခေါ်လိုပါသည်။

နေမျိုးဇင်
ဖုန်း 09450058276
အမှတ် (၆၁၃) စည်ပင်လမ်း၊ (၁၉) ရပ်ကွက်။ တောင်ဒဂုံ။ ရန်ကုန်မြို့

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...