ပန္းတစ္ပြင့္ အေၾကြေစာခဲ့ရသည့္အေၾကာင္း

(လူမႈကြန္ရက္တြင္ ေတြ႕ရွိ ခင္မင္ကြၽမ္းဝင္ရသူတိုင္း လိမ္လည္ သည္ဟု မဆိုႏိုင္ေသာ္လည္း အမ်ဳိးသမီးမ်ားအတြက္ အြန္လိုင္းမွ သိရသူကို ခ်စ္ကြၽမ္းဝင္မိလာပါက ဘက္ေပါင္းစံုမွ ေတြးေတာဆင္ျခင္ ၿပီးမွသာ လက္ခံသင့္သည္။ )
အခ်စ္သည္ တစ္ခါတစ္ရံ၌ အဆိပ္အေတာက္ျဖစ္ေစ၏

ျဖဴသစ္လြင္
၂၃ အရြယ္ မိန္းကေလးတစ္ဦး အဆိပ္ေသာက္၍ မိမိ ကိုယ္ကိုယ္ သတ္ေသသြားသည္ဆိုသည့္သတင္းမွာ တစ္ၿမိဳ႕နယ္လံုး၌ တစ္မဟုတ္ခ်င္း အုတ္အုတ္က်က္က်က္ ပ်ံ႕ႏွံ႔သြားသည္။ ဒီလိုလုပ္ရပ္မ်ဳိးကို ဘယ္လိုႀကံစည္မိၿပီး လုပ္ သြားသည္ဆိုတာကိုလည္း အားလံုးက စိတ္ဝင္စားေနၾကသည္။
ပန္းတစ္ပြင့္ အေၾ<ြကေစာခဲ့ရသည့္အေၾကာင္းကို အမ်ဳိးမ်ဳိး ေမးခြန္းထုတ္ေနရာမွ သူ၏အေလာင္း ေျမခ်မည့္ရက္တြင္လည္း သၿဂႋဳဟ္မည့္သုသာန္၌ အဆိုပါမိန္းကေလးႏွင့္ပတ္သက္ခဲ့သည့္ အမ်ဳိးသားကပါ အဆိပ္ေသာက္ကာ မိမိကိုယ္ကိုယ္သတ္ေသသြား ျပန္သည္ဟု ထပ္မံၾကားသိၾကရျပန္သည္။
''ေကာင္ေလးကလဲ တကယ္ခ်စ္ခဲ့တာေနမယ္''
''ေကာင္ေလးေၾကာင့္ ေကာင္မေလးက သူ႔ကိုယ္သူသတ္ေသ သြားတာဆိုေတာ့ အမႈပတ္ေတာ့မွာ သိမွာေပါ့။ ထြက္ေျပးလဲ မလြတ္ ေတာ့လို႔ သူလဲ သူ႔ကိုယ္သူ သတ္ေသသြားတာေနမယ္''ဟု ပတ္ဝန္း က်င္မွ ေဝဖန္မႈအမ်ဳိးမ်ဳိး ေပၚထြက္လာသည္။
အထက္ပါအျဖစ္အပ်က္မွာ ပဲခူးတိုင္းေဒသႀကီး(အေနာက္ ပိုင္း)တြင္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ၿပီး ေဒသခံ အသိမိတ္ေဆြတစ္ဦး၏ ေျပာျပခ်က္အရ ၄င္းတို႔ႏွစ္ဦးသည္ လူမႈကြန္ရက္တြင္ သိကြၽမ္းခဲ့ၿပီး ခ်စ္ကြၽမ္းခဲ့ေၾကာင္းႏွင့္ ေယာက်္ားေလး၏ေနာက္ ခိုးရာလိုက္သြား သည့္အခါမွ အမ်ဳိးသားမွာ ကေလးတစ္ဦးဖခင္ျဖစ္ေနေသာေၾကာင့္ မိန္းကေလးဘက္မွ ျပန္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ရက္အနည္းငယ္အၾကာတြင္ အထက္ပါအမ်ဳိးသား ဘက္မွ သူႏွင့္မေပါင္းလွ်င္ ဠငဘနမ၊ ေဖ့စ္ဘြတ္ခ္ စသည္တို႔တြင္ ပံုမ်ားတင္လိုက္မည္ဟု ၿခိမ္းေျခာက္ခဲ့ေသာေၾကာင့္ မိန္းကေလးမွ ရွက္ေၾကာက္သြားကာ ပဲေဆးျပားေသာက္ကာ ေသသြားခဲ့ေၾကာင္း ေဒသခံမ်ား၏ ေဝဖန္ေျပာၾကားခ်က္မ်ားအရ သိရသည္။
''အဓိက တရားခံက ေဖ့စ္ဘြတ္ခ္လို႔ပဲ ေျပာရေတာ့မွာေပါ့။ သမီးက ေအးတယ္။ ေဆးဆိုင္မွာ အလုပ္လုပ္တာ။ ေဖ့စ္ဘြတ္ခ္ သံုးရင္းကေန သူ႔အေၾကာင္းကိုယ္မသိ၊ ကိုယ့္အေၾကာင္း သူေသခ်ာ မသိဘဲ ႀကိဳက္သြားၾကတာ။ လူလိမ္ဆိုတာ ဘယ္လိုလုပ္သိမွာလဲ။ အဲဒါေၾကာင့္ လိုင္းေပၚမွာေတြ႕တဲ့သူတိုင္းကို မယံုၾကပါနဲ႔လို႔ ေျပာခ်င္ တယ္။ အမ်ားႀကီးဆင္ျခင္သင့္ပါတယ္''ဟု ေသသြားသည့္ မိန္းကေလး ၏ဖခင္က သမီးအတြက္ ႏွေျမာတသစြာႏွင့္ေျပာသည္။
မိန္းကေလးဖခင္၏ ေျပာၾကားခ်က္အရ ''အမ်ဳိးသားသည္ အမွန္တကယ္ ခ်စ္ခင္စံုမက္၍ ခိုးယူေပါင္းသင္းခဲ့ျခင္းလည္းမဟုတ္ ခဲ့ဘဲ လမ္းခြဲၿပီးေနာက္ပိုင္းရက္မ်ားတြင္ သူ၏သမီးကို ဖုန္းျဖင့္ၿခိမ္း ေျခာက္မႈ ႀကိမ္ဖန္မ်ားစြာျပဳလုပ္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိန္းကေလး မွာ သူ၏ အရွက္၊ သိကၡာကို ထိပါးမည္ကို စိုးရိမ္ထိတ္လန္႔ကာ သတ္ေသသြားျခင္းသာျဖစ္ေၾကာင္း သိရသည္။
ယင္းအေနျဖင့္ သမီးေသဆံုးၿပီးေနာက္ လိမ္လည္၊ ၿခိမ္းေျခာက္ ေသြးေဆာင္ျဖားေယာင္းခဲ့ေသာ အမ်ဳိးသားကို သက္ဆိုင္ရာၿမိဳ႕နယ္ ရဲစခန္းတြင္ သြားေရာက္အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
''အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေကာင္မေလးဆံုးၿပီးလို႔ သူ႔အေဖက စခန္းကိုလာတိုင္မွ သိရတာ။ ေကာင္ေလးက ၂၉ ႏွစ္ပဲရွိေသးတယ္။ နတၱလင္းၿမိဳ႕နယ္၊ ကြၽန္းေတာရြာကပါ။ ေကာင္မေလးေသတဲ့ေန႔မွာ ေသမႈေသခင္းနဲ႔ အမႈလက္ခံေပးတာ။ ေနာက္တစ္ေန႔မွာပဲ သူလဲ ဆံုးသြားတာလို႔ သိရတာ''ဟု အဆိုပါရဲစခန္းမွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။
မိန္းကေလးငယ္ ေသဆံုးသည့္အခ်ိန္က သူႏွင့္ခ်စ္သူျဖစ္ခဲ့ သည့္ အမ်ဳိးသားအေပၚ ေဝဖန္မႈအမ်ဳိးမ်ဳိးရွိခဲ့ေသာ္လည္း ေဖေဖာ္ ဝါရီ ၁ဝ ရက္က ၄င္းကိုယ္တိုင္လည္း မိမိကိုယ္ကိုယ္ သတ္ေသသြား ျပန္သည္ဟု သိရွိလိုက္ၾကသည္ႏွင့္ ဒြိဟမ်ားစြာ ေပၚလာရျပန္သည္။
''အမႈဖြင့္လို႔ ေထာင္က်ရင္ ျပန္လြတ္ႏိုင္တာပဲေလ။ အခုက ေကာင္မေလးကိုသၿဂႋဳဟ္မယ့္သုသာန္မွာ သြားေစာင့္ၿပီး သူ႔ကိုယ္သူ သတ္ေသသြားတာ။ ေနာက္ၿပီး သူလည္း ေကာင္မေလးေသတဲ့နည္း အတိုင္းပဲ အဆိပ္ေသာက္ၿပီး ေသတာဆိုေတာ့ သူၿခိမ္းေျခာက္ခဲ့မိ တာက ေကာင္မေလးကို အရမ္းခ်စ္ေတာ့ လက္လြတ္မခံႏိုင္တာလဲ ျဖစ္ႏိုင္တာပဲေလ''ဟု ေဒသခံ မႏိုင္ႏိုင္ေမာ္က ဆိုသည္။
ေသဆံုးသူႏွစ္ဦးပတ္သက္ခဲ့သည့္ သံေယာဇဥ္အတိုင္းအတာ ကို မည္သူမွ သိႏိုင္မည္မဟုတ္ေခ်။ သို႔ေသာ္ အမ်ဳိးသားမွ အမွန္ တကယ္ ခ်စ္ခင္မိခဲ့လွ်င္ပင္ လူပ်ဳိလူလြတ္ဟု လိမ္လည္ျခင္းမျပဳလုပ္ သင့္ဟု ၄င္းက ဆက္လက္ေျပာဆိုသည္။
ျမန္မာႏိုင္ငံတြင္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ကို တြင္တြင္က်ယ္ က်ယ္ အသံုးျပဳၿပီးေနာက္ပိုင္းကာလမ်ား၌ ထိုကဲ့သို႔ေသာအျဖစ္ အပ်က္မ်ားကို မၾကာခဏ ၾကားသိေနရသည္။
ၿပီးခဲ့သည့္ ၂ဝ၁၆ ခုႏွစ္ ဇြန္လအတြင္းက ေရႊျပည္သာၿမိဳ႕နယ္ တြင္ ေနထိုင္သည့္ ၁၄ ႏွစ္အရြယ္ နဝမတန္းေက်ာင္းသူကို အြန္လိုင္း မွခ်စ္ႀကိဳက္ခဲ့သည့္ ၁၈ ႏွစ္အရြယ္ လူငယ္က ႏွစ္ညခန္႔ေပါင္းသင္း ၿပီး ျပန္လႊတ္ခဲ့သည့္ အဓမၼျပဳက်င့္မႈ၊ အလားတူ ၂ဝ၁၆ ခုႏွစ္ စက္ တင္ဘာလကလည္း လူမႈကြန္ရက္မွတစ္ဆင့္ ခ်စ္ႀကိဳက္ခဲ့သည့္ ကမာရြတ္ၿမိဳ႕နယ္ေန ၁၅ ႏွစ္အရြယ္ နဝမတန္းေက်ာင္းသူကို အေအးတိုက္၍ တည္းခိုခန္းသို႔ ေခၚေဆာင္ သားမယားျပဳက်င့္မႈ စသည္တို႔ႏွင့္ ႏိႈင္းယွဥ္သံုးသပ္လိုက္လွ်င္ အဆိုပါျဖစ္စဥ္မ်ားသည္ အြန္လိုင္းေပၚတြင္ ေရေရရာရာ ဘာမွမသိဘဲ ခ်စ္ႀကိဳက္ခဲ့သည့္ အတြက္ လက္ေတြ႕တြင္ဘဝႏွင့္ ရင္းၿပီးေပးလိုက္ရသည့္ အမည္းစက္ မ်ားပင္ ျဖစ္ေပသည္။
လူမႈကြန္ရက္တြင္ ေတြ႕ရွိ ခင္မင္ကြၽမ္းဝင္ရသူတိုင္း လိမ္လည္ သည္ဟု မဆိုႏိုင္ေသာ္လည္း အမ်ဳိးသမီးမ်ားအတြက္ အြန္လိုင္းမွ သိရသူကို ခ်စ္ကြၽမ္းဝင္မိလာပါက ဘက္ေပါင္းစံုမွ ေတြးေတာဆင္ျခင္ ၿပီးမွသာ လက္ခံသင့္သည္။
''အြန္လိုင္းမွာ ေတြ႕တဲ့သူတိုင္းကို မယံုသင့္ဘူး။ အထူးသျဖင့္ ကိုယ့္အရပ္ေဒသကမဟုတ္တဲ့သူကို သူေျပာတိုင္း အယံုမလြယ္နဲ႔ ေပါ့။ ဘယ္ေလာက္ႀကီးဆင္းရဲေနလဲ သူမ်ားတိုက္ကို ဓာတ္ပံု႐ိုက္ၿပီး သူ႔အပိုင္ပါလို႔ လိမ္လို႔ရေနတာပဲေလ။ ကိုယ့္႐ုပ္အမွန္ကိုမျပဘဲ သူမ်ား ပံုယူသံုးၿပီး လိမ္တဲ့သူေတြလဲ အမ်ားႀကီး''ဟု ရန္ကုန္မွ မေအးသူစံ က ေထာက္ျပေျပာျပန္သည္။
ထိုသို႔မဟုတ္ဘဲ အယံုလြယ္မိပါက မိမိတို႔၏ အရွက္၊ သိကၡာ ႏွင့္ ယွဥ္လာေသာအခါ အသက္ကိုပါ ကိုယ္တိုင္စေတးလိုက္မိသည့္ အျဖစ္အပ်က္မ်ဳိးေပါင္းမ်ားစြာ ရွိေနၾကလိမ့္ဦးမည္သာျဖစ္ေၾကာင္း သတိေပးေရးသားလိုက္ရပါသည္။

#Edkza@NewsStory
 (လူမှုကွန်ရက်တွင် တွေ့ရှိ ခင်မင်ကျွမ်းဝင်ရသူတိုင်း လိမ်လည် သည်ဟု မဆိုနိုင်သော်လည်း အမျိုးသမီးများအတွက် အွန်လိုင်းမှ သိရသူကို ချစ်ကျွမ်းဝင်မိလာပါက ဘက်ပေါင်းစုံမှ တွေးတောဆင်ခြင် ပြီးမှသာ လက်ခံသင့်သည်။ )
အချစ်သည် တစ်ခါတစ်ရံ၌ အဆိပ်အတောက်ဖြစ်စေ၏

ဖြူသစ်လွင်
၂၃ အရွယ် မိန်းကလေးတစ်ဦး အဆိပ်သောက်၍ မိမိ ကိုယ်ကိုယ် သတ်သေသွားသည်ဆိုသည့်သတင်းမှာ တစ်မြို့နယ်လုံး၌ တစ်မဟုတ်ချင်း အုတ်အုတ်ကျက်ကျက် ပျံ့နှံ့သွားသည်။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုကြံစည်မိပြီး လုပ် သွားသည်ဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေကြသည်။
ပန်းတစ်ပွင့် အေြ<ွကစောခဲ့ရသည့်အကြောင်းကို အမျိုးမျိုး မေးခွန်းထုတ်နေရာမှ သူ၏အလောင်း မြေချမည့်ရက်တွင်လည်း သင်္ဂြိုဟ်မည့်သုသာန်၌ အဆိုပါမိန်းကလေးနှင့်ပတ်သက်ခဲ့သည့် အမျိုးသားကပါ အဆိပ်သောက်ကာ မိမိကိုယ်ကိုယ်သတ်သေသွား ပြန်သည်ဟု ထပ်မံကြားသိကြရပြန်သည်။
''ကောင်လေးကလဲ တကယ်ချစ်ခဲ့တာနေမယ်''
''ကောင်လေးကြောင့် ကောင်မလေးက သူ့ကိုယ်သူသတ်သေ သွားတာဆိုတော့ အမှုပတ်တော့မှာ သိမှာပေါ့။ ထွက်ပြေးလဲ မလွတ် တော့လို့ သူလဲ သူ့ကိုယ်သူ သတ်သေသွားတာနေမယ်''ဟု ပတ်ဝန်း ကျင်မှ ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်လာသည်။
အထက်ပါအဖြစ်အပျက်မှာ ပဲခူးတိုင်းဒေသကြီး(အနောက် ပိုင်း)တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ အသိမိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ၄င်းတို့နှစ်ဦးသည် လူမှုကွန်ရက်တွင် သိကျွမ်းခဲ့ပြီး ချစ်ကျွမ်းခဲ့ကြောင်းနှင့် ယောကျ်ားလေး၏နောက် ခိုးရာလိုက်သွား သည့်အခါမှ အမျိုးသားမှာ ကလေးတစ်ဦးဖခင်ဖြစ်နေသောကြောင့် မိန်းကလေးဘက်မှ ပြန်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ရက်အနည်းငယ်အကြာတွင် အထက်ပါအမျိုးသား ဘက်မှ သူနှင့်မပေါင်းလျှင် ဠငဘနမ၊ ဖေ့စ်ဘွတ်ခ် စသည်တို့တွင် ပုံများတင်လိုက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် မိန်းကလေးမှ ရှက်ကြောက်သွားကာ ပဲဆေးပြားသောက်ကာ သေသွားခဲ့ကြောင်း ဒေသခံများ၏ ဝေဖန်ပြောကြားချက်များအရ သိရသည်။
''အဓိက တရားခံက ဖေ့စ်ဘွတ်ခ်လို့ပဲ ပြောရတော့မှာပေါ့။ သမီးက အေးတယ်။ ဆေးဆိုင်မှာ အလုပ်လုပ်တာ။ ဖေ့စ်ဘွတ်ခ် သုံးရင်းကနေ သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်း သူသေချာ မသိဘဲ ကြိုက်သွားကြတာ။ လူလိမ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ အဲဒါကြောင့် လိုင်းပေါ်မှာတွေ့တဲ့သူတိုင်းကို မယုံကြပါနဲ့လို့ ပြောချင် တယ်။ အများကြီးဆင်ခြင်သင့်ပါတယ်''ဟု သေသွားသည့် မိန်းကလေး ၏ဖခင်က သမီးအတွက် နှမြောတသစွာနှင့်ပြောသည်။
မိန်းကလေးဖခင်၏ ပြောကြားချက်အရ ''အမျိုးသားသည် အမှန်တကယ် ချစ်ခင်စုံမက်၍ ခိုးယူပေါင်းသင်းခဲ့ခြင်းလည်းမဟုတ် ခဲ့ဘဲ လမ်းခွဲပြီးနောက်ပိုင်းရက်များတွင် သူ၏သမီးကို ဖုန်းဖြင့်ခြိမ်း ခြောက်မှု ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် မိန်းကလေး မှာ သူ၏ အရှက်၊ သိက္ခာကို ထိပါးမည်ကို စိုးရိမ်ထိတ်လန့်ကာ သတ်သေသွားခြင်းသာဖြစ်ကြောင်း သိရသည်။
ယင်းအနေဖြင့် သမီးသေဆုံးပြီးနောက် လိမ်လည်၊ ခြိမ်းခြောက် သွေးဆောင်ဖြားယောင်းခဲ့သော အမျိုးသားကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
''အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်မလေးဆုံးပြီးလို့ သူ့အဖေက စခန်းကိုလာတိုင်မှ သိရတာ။ ကောင်လေးက ၂၉ နှစ်ပဲရှိသေးတယ်။ နတ္တလင်းမြို့နယ်၊ ကျွန်းတောရွာကပါ။ ကောင်မလေးသေတဲ့နေ့မှာ သေမှုသေခင်းနဲ့ အမှုလက်ခံပေးတာ။ နောက်တစ်နေ့မှာပဲ သူလဲ ဆုံးသွားတာလို့ သိရတာ''ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မိန်းကလေးငယ် သေဆုံးသည့်အချိန်က သူနှင့်ချစ်သူဖြစ်ခဲ့ သည့် အမျိုးသားအပေါ် ဝေဖန်မှုအမျိုးမျိုးရှိခဲ့သော်လည်း ဖေဖော် ဝါရီ ၁ဝ ရက်က ၄င်းကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် သတ်သေသွား ပြန်သည်ဟု သိရှိလိုက်ကြသည်နှင့် ဒွိဟများစွာ ပေါ်လာရပြန်သည်။
''အမှုဖွင့်လို့ ထောင်ကျရင် ပြန်လွတ်နိုင်တာပဲလေ။ အခုက ကောင်မလေးကိုသင်္ဂြိုဟ်မယ့်သုသာန်မှာ သွားစောင့်ပြီး သူ့ကိုယ်သူ သတ်သေသွားတာ။ နောက်ပြီး သူလည်း ကောင်မလေးသေတဲ့နည်း အတိုင်းပဲ အဆိပ်သောက်ပြီး သေတာဆိုတော့ သူခြိမ်းခြောက်ခဲ့မိ တာက ကောင်မလေးကို အရမ်းချစ်တော့ လက်လွတ်မခံနိုင်တာလဲ ဖြစ်နိုင်တာပဲလေ''ဟု ဒေသခံ မနိုင်နိုင်မော်က ဆိုသည်။
သေဆုံးသူနှစ်ဦးပတ်သက်ခဲ့သည့် သံယောဇဉ်အတိုင်းအတာ ကို မည်သူမှ သိနိုင်မည်မဟုတ်ချေ။ သို့သော် အမျိုးသားမှ အမှန် တကယ် ချစ်ခင်မိခဲ့လျှင်ပင် လူပျိုလူလွတ်ဟု လိမ်လည်ခြင်းမပြုလုပ် သင့်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို တွင်တွင်ကျယ် ကျယ် အသုံးပြုပြီးနောက်ပိုင်းကာလများ၌ ထိုကဲ့သို့သောအဖြစ် အပျက်များကို မကြာခဏ ကြားသိနေရသည်။
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက ရွှေပြည်သာမြို့နယ် တွင် နေထိုင်သည့် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူကို အွန်လိုင်း မှချစ်ကြိုက်ခဲ့သည့် ၁၈ နှစ်အရွယ် လူငယ်က နှစ်ညခန့်ပေါင်းသင်း ပြီး ပြန်လွှတ်ခဲ့သည့် အဓမ္မပြုကျင့်မှု၊ အလားတူ ၂ဝ၁၆ ခုနှစ် စက် တင်ဘာလကလည်း လူမှုကွန်ရက်မှတစ်ဆင့် ချစ်ကြိုက်ခဲ့သည့် ကမာရွတ်မြို့နယ်နေ ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူကို အအေးတိုက်၍ တည်းခိုခန်းသို့ ခေါ်ဆောင် သားမယားပြုကျင့်မှု စသည်တို့နှင့် နှိုင်းယှဉ်သုံးသပ်လိုက်လျှင် အဆိုပါဖြစ်စဉ်များသည် အွန်လိုင်းပေါ်တွင် ရေရေရာရာ ဘာမှမသိဘဲ ချစ်ကြိုက်ခဲ့သည့် အတွက် လက်တွေ့တွင်ဘဝနှင့် ရင်းပြီးပေးလိုက်ရသည့် အမည်းစက် များပင် ဖြစ်ပေသည်။
လူမှုကွန်ရက်တွင် တွေ့ရှိ ခင်မင်ကျွမ်းဝင်ရသူတိုင်း လိမ်လည် သည်ဟု မဆိုနိုင်သော်လည်း အမျိုးသမီးများအတွက် အွန်လိုင်းမှ သိရသူကို ချစ်ကျွမ်းဝင်မိလာပါက ဘက်ပေါင်းစုံမှ တွေးတောဆင်ခြင် ပြီးမှသာ လက်ခံသင့်သည်။
''အွန်လိုင်းမှာ တွေ့တဲ့သူတိုင်းကို မယုံသင့်ဘူး။ အထူးသဖြင့် ကိုယ့်အရပ်ဒေသကမဟုတ်တဲ့သူကို သူပြောတိုင်း အယုံမလွယ်နဲ့ ပေါ့။ ဘယ်လောက်ကြီးဆင်းရဲနေလဲ သူများတိုက်ကို ဓာတ်ပုံရိုက်ပြီး သူ့အပိုင်ပါလို့ လိမ်လို့ရနေတာပဲလေ။ ကိုယ့်ရုပ်အမှန်ကိုမပြဘဲ သူများ ပုံယူသုံးပြီး လိမ်တဲ့သူတွေလဲ အများကြီး''ဟု ရန်ကုန်မှ မအေးသူစံ က ထောက်ပြပြောပြန်သည်။
ထိုသို့မဟုတ်ဘဲ အယုံလွယ်မိပါက မိမိတို့၏ အရှက်၊ သိက္ခာ နှင့် ယှဉ်လာသောအခါ အသက်ကိုပါ ကိုယ်တိုင်စတေးလိုက်မိသည့် အဖြစ်အပျက်မျိုးပေါင်းများစွာ ရှိနေကြလိမ့်ဦးမည်သာဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါသည်။

#Edkza@NewsStory

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...