အလုပ္ခ်ိန္မွာ အိပ္ေပ်ာ္ ေနတဲ့၀န္ထမ္းကုိ ထူးဆန္းတဲ့နည္းနဲ႔ ဆုံးမလုိက္တဲ့ သူေဌးႀကီး


Richard Branson ဆုိတာ အဂၤလန္က ကမာၻသိ သူေဌးႀကီးတစ္ေယာက္ျဖစ္ပါတယ္။ သူ႔လုပ္ငန္းေတြကုိ လွည့္ပတ္စစ္ေဆးရင္း ၀န္ထမ္းတစ္ေယာက္ အိပ္ေနတာကို ေတြ႔ရွိသြားပါတယ္။ ပုံမွန္သူေဌးအမ်ားစု ဆုိရင္ ၀န္ထမ္းကုိ ခ်က္ခ်င္းႏႈိး ဆူ ႀကိမ္းေမာင္း ၿပီး အလုပ္ေတာင္ ထုတ္ခ်င္ထုတ္ပစ္မွာ အေသအခ်ာပါ။

ဒါေပမယ့္ ဒီသူေဌးႀကီးကေတာ့ အဲလုိမလုပ္ခဲ့ပါဘူး။ ၀န္ထမ္းကုိ ဆက္အိပ္ေစခဲ့ပါတယ္။ အိပ္ေနတဲ့ ၀န္ထမ္းနဲ႔ သူ႔ပုံကုိ တြဲရုိက္ၿပီး အင္တာနက္ေပၚ တင္ေပး လုိက္ပါတယ္။ ၿပီးေတာ့ ဒီပုံကို ပုိတုိေရွာ့နဲ႔
ႏွစ္သက္သလုိေျပာင္းလဲ ဖန္တီးႏုိင္ပါတယ္လုိ႔ ဖိတ္လုိက္ တဲ့အခါ ပုိတုိေရွာ့ဆရာေတြက ပုံမ်ဳိးစုံကုိ ဖန္တီးလုိက္ၾကပါ တယ္။ ၀န္ထမ္းႏုိးလာတဲ့အခါမွာေတာ့ သူ႔ကုိေနာက္ေျပာင္ထားတဲ့ ပုံရိပ္ေတြ
ဟာ အင္တာနက္ေပၚပ်ံ႕ေနပါၿပီ။ သူ႔ကုိမဆူမေျပာခဲ့တဲ့ သူေဌးႀကီးကုိ ပုိေလးစားသြား မွာျဖစ္ၿပီး
ေနာက္တစ္ခါခုိးအိပ္ရဲေတာ့မွာ မဟုတ္ပါဘူး။

တကယ္လုိ႔သာ ဆူပူက်ိမ္းေမာင္းလုိက္ရင္ စိတ္ပ်က္ဖုိ႔ေကာင္းတဲ့ အျဖစ္အပ်က္ျဖစ္သြားမွာျဖစ္ေပမယ့္ သူေဌးႀကီးကေတာ့ေပ်ာ္ရႊင္ဖြယ္ျဖစ္ရပ္အျဖစ္ေျပာင္းလဲ ေျဖရွင္းခဲ့ပါတယ္။ စြန္႔ဦးတီထြင္ေတြဟာ စီးပြားေရးတင္မက အျခားေနရာေတြမွာလည္း သူမ်ားနဲ႔မတူတဲ့ တမူထူးတဲ့နည္းလမ္းေတြကုိ သုံးတတ္ေၾကာင္း Richard Branson က ျပသသြားတာပါ။

Credit: သစ္ထူးလြင္
=====
Unicode
Richard Branson ဆိုတာ အင်္ဂလန်က ကမ္ဘာသိ သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်ငန်းတွေကို လှည့်ပတ်စစ်ဆေးရင်း ဝန်ထမ်းတစ်ယောက် အိပ်နေတာကို တွေ့ရှိသွားပါတယ်။ ပုံမှန်သူဌေးအများစု ဆိုရင် ဝန်ထမ်းကို ချက်ချင်းနှိုး ဆူ ကြိမ်းမောင်း ပြီး အလုပ်တောင် ထုတ်ချင်ထုတ်ပစ်မှာ အသေအချာပါ။

ဒါပေမယ့် ဒီသူဌေးကြီးကတော့ အဲလိုမလုပ်ခဲ့ပါဘူး။ ဝန်ထမ်းကို ဆက်အိပ်စေခဲ့ပါတယ်။ အိပ်နေတဲ့ ဝန်ထမ်းနဲ့ သူ့ပုံကို တွဲရိုက်ပြီး အင်တာနက်ပေါ် တင်ပေး လိုက်ပါတယ်။ ပြီးတော့ ဒီပုံကို ပိုတိုရှော့နဲ့
နှစ်သက်သလိုပြောင်းလဲ ဖန်တီးနိုင်ပါတယ်လို့ ဖိတ်လိုက် တဲ့အခါ ပိုတိုရှော့ဆရာတွေက ပုံမျိုးစုံကို ဖန်တီးလိုက်ကြပါ တယ်။ ဝန်ထမ်းနိုးလာတဲ့အခါမှာတော့ သူ့ကိုနောက်ပြောင်ထားတဲ့ ပုံရိပ်တွေ
ဟာ အင်တာနက်ပေါ်ပျံ့နေပါပြီ။ သူ့ကိုမဆူမပြောခဲ့တဲ့ သူဌေးကြီးကို ပိုလေးစားသွား မှာဖြစ်ပြီး
နောက်တစ်ခါခိုးအိပ်ရဲတော့မှာ မဟုတ်ပါဘူး။

တကယ်လို့သာ ဆူပူကျိမ်းမောင်းလိုက်ရင် စိတ်ပျက်ဖို့ကောင်းတဲ့ အဖြစ်အပျက်ဖြစ်သွားမှာဖြစ်ပေမယ့် သူဌေးကြီးကတော့ပျော်ရွှင်ဖွယ်ဖြစ်ရပ်အဖြစ်ပြောင်းလဲ ဖြေရှင်းခဲ့ပါတယ်။ စွန့်ဦးတီထွင်တွေဟာ စီးပွားရေးတင်မက အခြားနေရာတွေမှာလည်း သူများနဲ့မတူတဲ့ တမူထူးတဲ့နည်းလမ်းတွေကို သုံးတတ်ကြောင်း Richard Branson က ပြသသွားတာပါ။

Credit: သစ်ထူးလွင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...