ထီ အခြန္ ၃၁ ရာခိုင္ႏႈန္းသာ အစိုးရ ရရွိဟု ဘ႑ာအခြန္ ဒု၀န္ႀကီး ေျပာ

ထီ လက္မွတ္ ေရာင္းရေငြကေန အစိုးရက အခြန္ေငြ ၄၀ ရာခိုင္ႏႈန္း ရတာမဟုတ္ဘဲ ၃၁ ရာခိုင္ႏႈန္းသာ အမွန္တကယ္ရရွိေနတာ ျဖစ္တယ္လို႔ ဘ႑ာအခြန္၀န္ႀကီးဌာန ျပည္ေထာင္စုဒု၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ေျပာပါတယ္။

ဒီေန႔ က်င္းပျပဳလုပ္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္အတြင္း မိုးေမာက္ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္အမတ္ ဦး၀င္းေအာင္ရဲ႕ ေအာင္ဘာေလထီေရာင္းရေငြရဲ႕အခြန္ ၄၀ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းအား ေအာင္ဘာေလသိန္းထီဆုအျဖစ္ ထည့္သြင္းေပးၿပီး ထီေရာင္းရေငြမွ အခြန္ေငြ ၃၀ ရာခိုင္ႏႈန္းသာ ေကာက္ခံသင့္ေၾကာင္း အဆိုကို ျပန္လည္ရွင္းလင္း ေျဖၾကားရင္း ေျပာခဲ့တာပါ။

“ေအာင္ဘာေလထီ ေရာင္းရေငြရဲ႕အခြန္ ၄၀ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းကို ေအာင္ဘာေလ သိန္းဆုအျဖစ္ ထည့္သြင္းေပးၿပီး ထီေရာင္းရေငြမွ အခြန္ေငြ ၃၀ရာခိုင္ႏႈန္းသာ ေကာက္ခံ သင့္ေၾကာင္း အဆိုနဲ႔ ပတ္သက္ၿပီး အခြန္ ၄၀ ရာခိုင္ႏႈန္းဟု ဆိုေသာ္လည္း ႏိုင္ငံေတာ္မွ အခြန္ဘ႑ာေငြအျဖစ္ အမွန္ရရွိမႈဟာ ၃၁ ရာခိုင္ႏႈန္းသာ ျဖစ္ျခင္း၊ ႏိုင္ငံေတာ္ရဲ႕ အခြန္အေကာက္ရေငြဟာ ပတ္၀န္းက်င္ႏိုင္ငံမ်ားႏွင့္ ႏိႈင္းယွဥ္ပါက မ်ားစြာ နည္းပါးလ်က္ ရွိေနေသးျခင္းတို႔ေၾကာင့္ လက္ရွိအတိုင္း ၄၀ ရာခိုင္ႏႈန္းသာ ဆက္လက္ ထားရွိသင့္ပါတယ္။”

စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စုဒု၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ထီလက္မွတ္မ်ား ႐ုိက္ႏွိပ္ခ၊ သယ္ယူ ပို႔ေဆာင္စရိတ္နဲ႔ အာမခံေငြ ေပးသြင္းရမွု စတဲ့ စရိတ္ကုန္က်မႈေတြေၾကာင့္ အစိုးရက ေအာင္ဘာေလထီကေန အခြန္ေငြ ၄၀ ရာခိုင္ႏႈန္း အျပည့္မရတာလို႔ ေျပာသြားပါတယ္။

ေနာင္မွာ အင္တာနက္ အြန္လိုင္းကေန ထီထိုးလို႔ရေအာင္ ဥပေဒေရးဆြဲဖို႔ လုပ္ေနတယ္လို႔ သူက ေျပာပါတယ္။
အဆိုနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကတဲ့ ကိုယ္စားလွယ္တခ်ိဳ႔က ထီတေစာင္ ေရာင္းေစ်း က်ပ္ ၂၀၀ ဆိုေပမယ့္ တေစာင္ကို ၃၀၀၊ ၄၀၀ ေလာက္ေပးေနရတာေၾကာင့္ ကံစမ္းတာလား ဥာဏ္စမ္းတာလား လို႔ ေမးခြန္းထုတ္ ေဆြးေႏြးသြားၾကပါတယ္။

အဲ့ဒီေနာက္ အဆိုနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ မွတ္တမ္းအျဖစ္သာ ထားရွိဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

အစိုးရက မၾကာခင္မွာ ၂၀၀ က်ပ္တန္ ထီအျပင္ ၅၀၀ တန္ထီလက္မွတ္ေတြေရာင္းခ်ဖို႔ ျပင္ဆင္ေနၿပီး ေအာင္ဘာေလထီကို ၁၉၃၈ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ ေရာင္းခ်လာခဲ့တာ ျဖစ္ပါတယ္။

Credit: DVB
====
Unicode
ထီ လက်မှတ် ရောင်းရငွေကနေ အစိုးရက အခွန်ငွေ ၄၀ ရာခိုင်နှုန်း ရတာမဟုတ်ဘဲ ၃၁ ရာခိုင်နှုန်းသာ အမှန်တကယ်ရရှိနေတာ ဖြစ်တယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း မိုးမောက်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဝင်းအောင်ရဲ့ အောင်ဘာလေထီရောင်းရငွေရဲ့အခွန် ၄၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအား အောင်ဘာလေသိန်းထီဆုအဖြစ် ထည့်သွင်းပေးပြီး ထီရောင်းရငွေမှ အခွန်ငွေ ၃၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ကြောင်း အဆိုကို ပြန်လည်ရှင်းလင်း ဖြေကြားရင်း ပြောခဲ့တာပါ။

“အောင်ဘာလေထီ ရောင်းရငွေရဲ့အခွန် ၄၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို အောင်ဘာလေ သိန်းဆုအဖြစ် ထည့်သွင်းပေးပြီး ထီရောင်းရငွေမှ အခွန်ငွေ ၃ဝရာခိုင်နှုန်းသာ ကောက်ခံ သင့်ကြောင်း အဆိုနဲ့ ပတ်သက်ပြီး အခွန် ၄၀ ရာခိုင်နှုန်းဟု ဆိုသော်လည်း နိုင်ငံတော်မှ အခွန်ဘဏ္ဍာငွေအဖြစ် အမှန်ရရှိမှုဟာ ၃၁ ရာခိုင်နှုန်းသာ ဖြစ်ခြင်း၊ နိုင်ငံတော်ရဲ့ အခွန်အကောက်ရငွေဟာ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ နည်းပါးလျက် ရှိနေသေးခြင်းတို့ကြောင့် လက်ရှိအတိုင်း ၄၀ ရာခိုင်နှုန်းသာ ဆက်လက် ထားရှိသင့်ပါတယ်။”

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ထီလက်မှတ်များ ရိုက်နှိပ်ခ၊ သယ်ယူ ပို့ဆောင်စရိတ်နဲ့ အာမခံငွေ ပေးသွင်းရမှု စတဲ့ စရိတ်ကုန်ကျမှုတွေကြောင့် အစိုးရက အောင်ဘာလေထီကနေ အခွန်ငွေ ၄၀ ရာခိုင်နှုန်း အပြည့်မရတာလို့ ပြောသွားပါတယ်။

နောင်မှာ အင်တာနက် အွန်လိုင်းကနေ ထီထိုးလို့ရအောင် ဥပဒေရေးဆွဲဖို့ လုပ်နေတယ်လို့ သူက ပြောပါတယ်။
အဆိုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တချို့က ထီတစောင် ရောင်းစျေး ကျပ် ၂၀၀ ဆိုပေမယ့် တစောင်ကို ၃၀၀၊ ၄၀၀ လောက်ပေးနေရတာကြောင့် ကံစမ်းတာလား ဉာဏ်စမ်းတာလား လို့ မေးခွန်းထုတ် ဆွေးနွေးသွားကြပါတယ်။

အဲ့ဒီနောက် အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစိုးရက မကြာခင်မှာ ၂၀၀ ကျပ်တန် ထီအပြင် ၅၀၀ တန်ထီလက်မှတ်တွေရောင်းချဖို့ ပြင်ဆင်နေပြီး အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် ရောင်းချလာခဲ့တာ ဖြစ်ပါတယ်။

Credit: DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...