အေၾကာ္ဆုိင္ကလာတဲ့ဂီတ

အဲဒီေကာင္
မာန္ေအာင္ကၽြန္းသား ရခုိင္ေလးက
ငါးမႈန္႔ေလးေတြ ေၾကာ္တယ္
ဘူးသီးေလးေတြလွီးၿပီး ေၾကာ္တယ္
ကုလားပဲေတြေထာင္းၿပီး
ဗယာေၾကာ္ ေၾကာ္ေရာင္းတယ္
ဒုိးလုံးတုိ႔ၿမိဳ႕နားက
သားငယ္ရဲ႕အေၾကာ္ဆုိင္ေလးက
ခုဆုိ ႏုိင္ငံေက်ာ္ေတာ့မွာေပါ့။
သားငယ္ေရ . .
မတတ္ရင္ သင္ေပးလုိ႔ရတယ္
မလွရင္ျပင္ေပးလုိ႔မရဘူးဆုိတဲ့ လူေတြၾကားထဲ
မလွေပမယ့္ ရုိးသားဟန္အျပည့္နဲ႔
ဖုိးပါႀကီးအေသးစားေလးကုိ
အစ္ကုိေတာ့ ႏွစ္ၿခိဳက္မိပါရဲ႕။
"Runner Band နဲ႔သီခ်င္းလုပ္ကုိလုပ္ႏုိင္ရမယ္
ကုိယ္ရူးသြပ္ရာ ကုိယ္လုပ္ခြင့္ရွိတယ္" တဲ့
ဒီစကားမင္းေျပာတုန္းက
မင္းကုိဘယ္သူမွ မသိေသးတဲ့
၂၀၁၆ မုိးရက္မ်ားတုန္းက။
"ေဝလနဲ႔တြဲဆုိခ်င္တယ္ က်ားေပါက္နဲ႔တြဲဆုိခ်င္တယ္
ဘယ္လုိဥာဏ္နီဥာဏ္နက္သုံးရမလဲ" လုိ႔
fbမွာမင္းေရးေတာ့ဟာသအလုပ္ခံရတာ
၂၀၁၆ မုိးရက္မ်ားတုန္းက။
ဟုတ္တယ္
၂၀၁၆ မုိးရက္ေတြတုန္းက
မင္းက ဘယ္သူမွမသိတဲ့
အေၾကာ္တဲေလးထဲက ဟုိေအာ္ဒီေအာ္လူငယ္တစ္ေယာက္
ခ်ဳိ႕ခ်ဳိ႕တဲ့တဲ့လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့
၂၀၁၇ မွာေတာ့
မင္းခုိက္တဲ့ Bandက
မင္းနဲ႔သီခ်င္းလုပ္ဖုိ႔ ေစာင့္ရေတာ့မွာေပါ့
ဒီႏွစ္သႀကၤန္မွာ သုိ႔မဟုတ္ ေနာက္ႏွစ္ေတြမွာ
က်ားေပါက္တုိ႔ ေဝလတုိ႔နဲ႔ တစ္စင္တည္းဆုိရေတာ့မွာေပါ့
သူတုိ႔လုိ လက္ခုပ္သံေတြရေတာ့မွာေပါ့
ဂုဏ္ယူပါတယ္ သားငယ္
ယုံလည္း ယုံၾကည္မိတယ္။
လူငယ္တစ္ေယာက္ဟာ
ေငြမရွိဘူး ရုပ္မေခ်ာဘူး
ဒါေပမဲ့ ႏုိင္ငံေက်ာ္ႏုိင္တယ္
ယုံၾကည္ရာေလၽွာက္ႏုိင္တယ္
လူတုိင္းရဲ႕ေမတၱာရႏုိင္တယ္
ေနတုိးကမင္းကုိႀကိဳက္တယ္
တင္ဇာေမာ္က ခ်စ္လုိက္တာဟယ္တဲ့
ထြန္းအိျႏၵာဗုိလ္က ၃၀voteၿပီးေနၿပီတဲ့
ေဖြးေဖြးက No2ပဲေဟ့တဲ့
ဂြမ္းပုံကလည္း သားငယ္ပဲတဲ့
အစ္ကုိကေတာ့
ေလယာဥ္တင္သေဘၤာႀကီးကုိ ေႂကြပါတယ္။
ညီေလးေရ . .
သခ်ႋဳင္းေစာင့္ဘဝကေန
ကမၻာေက်ာ္ခဲ့သူ ေရာ့စတီးဝပ္ကုိသြားသတိရတယ္
သီခ်င္းဆုိေကာင္းသူေတြေတာ့
ေနရာအႏွံ႔အျပားမွာ ရွိၾကမွာေပါ့
ပုိက္ဆံရွိသားသမီးဆုိရင္ေတာ့
သီခ်င္ေခြထုတ္လုိ႔ ရတာေပါ့ကြာ
သားငယ္ေရ . .
မင္းကုိအႀကိဳက္ဆုံးကေတာ့
မီးေတာက္ေပၚက ဒယ္အုိးမည္းမည္းႀကီးေဘးမွာ
အေၾကာ္ေၾကာ္ေနတဲ့ လူငယ္တစ္ေယာက္ကေန
ေရာ့ခ္စတားတစ္ေယာက္ျဖစ္လာတာကုိပဲ
မင္းဟာ မေအာင္ျမင္ေသးတဲ့လူငယ္ေတြရဲ႕
Real idol ပဲ
ဘဝတုိက္ပြဲဆင္ႏြဲေနဆဲ လူငယ္ေတြရဲ႕ဟီးရုိးပဲ။
ညီေလးေရ . .
ပန္းတုိင္ကအေရးႀကီးသလုိ
ခရီးကလည္း အေရးႀကီးတယ္**
ပန္းတုိင္ကုိျမင္ေနရၿပီမုိ႔
မင္းခရီးကုိ အမွားကင္းကင္းေလၽွာက္ႏုိင္ပါေစေၾကာင္း
ဒီကဗ်ာနဲ႔ ဆုေတာင္းေပးလုိက္တယ္ကြာ။
စုေမာင္ေမာင္
၂၄ ၂ ၁၇ မနက္ ၁နာရီ
** တရုပ္စကားပုံ


အကြော်ဆိုင်ကလာတဲ့ဂီတ

အဲဒီကောင်
မာန်အောင်ကျွန်းသား ရခိုင်လေးက
ငါးမှုန့်လေးတွေ ကြော်တယ်
ဘူးသီးလေးတွေလှီးပြီး ကြော်တယ်
ကုလားပဲတွေထောင်းပြီး
ဗယာကြော် ကြော်ရောင်းတယ်
ဒိုးလုံးတို့မြို့နားက
သားငယ်ရဲ့အကြော်ဆိုင်လေးက
ခုဆို နိုင်ငံကျော်တော့မှာပေါ့။

သားငယ်ရေ . .
မတတ်ရင် သင်ပေးလို့ရတယ်
မလှရင်ပြင်ပေးလို့မရဘူးဆိုတဲ့ လူတွေကြားထဲ
မလှပေမယ့် ရိုးသားဟန်အပြည့်နဲ့
ဖိုးပါကြီးအသေးစားလေးကို
အစ်ကိုတော့ နှစ်ခြိုက်မိပါရဲ့။

"Runner Band နဲ့သီချင်းလုပ်ကိုလုပ်နိုင်ရမယ်
ကိုယ်ရူးသွပ်ရာ ကိုယ်လုပ်ခွင့်ရှိတယ်" တဲ့
ဒီစကားမင်းပြောတုန်းက
မင်းကိုဘယ်သူမှ မသိသေးတဲ့
၂၀၁၆ မိုးရက်များတုန်းက။

"ဝေလနဲ့တွဲဆိုချင်တယ် ကျားပေါက်နဲ့တွဲဆိုချင်တယ်
ဘယ်လိုဉာဏ်နီဉာဏ်နက်သုံးရမလဲ" လို့
fbမှာမင်းရေးတော့ဟာသအလုပ်ခံရတာ
၂၀၁၆ မိုးရက်များတုန်းက။

ဟုတ်တယ်
၂၀၁၆ မိုးရက်တွေတုန်းက
မင်းက ဘယ်သူမှမသိတဲ့
အကြော်တဲလေးထဲက ဟိုအော်ဒီအော်လူငယ်တစ်ယောက်
ချို့ချို့တဲ့တဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့
၂၀၁၇ မှာတော့
မင်းခိုက်တဲ့ Bandက
မင်းနဲ့သီချင်းလုပ်ဖို့ စောင့်ရတော့မှာပေါ့
ဒီနှစ်သင်္ကြန်မှာ သို့မဟုတ် နောက်နှစ်တွေမှာ
ကျားပေါက်တို့ ဝေလတို့နဲ့ တစ်စင်တည်းဆိုရတော့မှာပေါ့
သူတို့လို လက်ခုပ်သံတွေရတော့မှာပေါ့
ဂုဏ်ယူပါတယ် သားငယ်
ယုံလည်း ယုံကြည်မိတယ်။

လူငယ်တစ်ယောက်ဟာ
ငွေမရှိဘူး ရုပ်မချောဘူး
ဒါပေမဲ့ နိုင်ငံကျော်နိုင်တယ်
ယုံကြည်ရာလျှောက်နိုင်တယ်
လူတိုင်းရဲ့မေတ္တာရနိုင်တယ်
နေတိုးကမင်းကိုကြိုက်တယ်
တင်ဇာမော်က ချစ်လိုက်တာဟယ်တဲ့
ထွန်းအိန္ဒြာဗိုလ်က ၃၀voteပြီးနေပြီတဲ့
ဖွေးဖွေးက No2ပဲဟေ့တဲ့
ဂွမ်းပုံကလည်း သားငယ်ပဲတဲ့
အစ်ကိုကတော့
လေယာဉ်တင်သင်္ဘောကြီးကို ကြွေပါတယ်။

ညီလေးရေ . .
သချႋုင်းစောင့်ဘဝကနေ
ကမ္ဘာကျော်ခဲ့သူ ရော့စတီးဝပ်ကိုသွားသတိရတယ်
သီချင်းဆိုကောင်းသူတွေတော့
နေရာအနှံ့အပြားမှာ ရှိကြမှာပေါ့
ပိုက်ဆံရှိသားသမီးဆိုရင်တော့
သီချင်ခွေထုတ်လို့ ရတာပေါ့ကွာ
သားငယ်ရေ . .
မင်းကိုအကြိုက်ဆုံးကတော့
မီးတောက်ပေါ်က ဒယ်အိုးမည်းမည်းကြီးဘေးမှာ
အကြော်ကြော်နေတဲ့ လူငယ်တစ်ယောက်ကနေ
ရော့ခ်စတားတစ်ယောက်ဖြစ်လာတာကိုပဲ
မင်းဟာ မအောင်မြင်သေးတဲ့လူငယ်တွေရဲ့
Real idol ပဲ
ဘဝတိုက်ပွဲဆင်နွဲနေဆဲ လူငယ်တွေရဲ့ဟီးရိုးပဲ။

ညီလေးရေ . .
ပန်းတိုင်ကအရေးကြီးသလို
ခရီးကလည်း အရေးကြီးတယ်**
ပန်းတိုင်ကိုမြင်နေရပြီမို့
မင်းခရီးကို အမှားကင်းကင်းလျှောက်နိုင်ပါစေကြောင်း
ဒီကဗျာနဲ့ ဆုတောင်းပေးလိုက်တယ်ကွာ။

စုမောင်မောင်
၂၄ ၂ ၁၇ မနက် ၁နာရီ
** တရုပ်စကားပုံ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...