အုပ္စုဖြဲ႕အဓမၼက်င့္ခံခဲ့ရတဲ့ (၁၅)ႏွစ္အရြယ္ေက်ာင္းသူရဲ႕ သူငယ္ခ်င္းေတြအတြက္ ရင္နင့္ဖြယ္ ေနာက္ဆုံးစာ

အုပ္စုဖြဲ႕အဓမၼက်င့္ခံခဲ့ရတဲ့ (၁၅)ႏွစ္အရြယ္ေက်ာင္းသူရဲ႕ သူငယ္ခ်င္းေတြအတြက္ ေနာက္ဆုံးစာ

Cassidy Trevan လုိ႔ အမည္ရတဲ့ အသက္ 15 ႏွစ္အရြယ္ ေကာင္မေလးဟာ အုပ္စုဖြဲ႕အႏုိင္က်င့္ခံရၿပီးေနာက္ မိမိကိုယ္ကုိ သတ္ေသသြားခဲ့ပါတယ္။ သူမရဲ႕ မိခင္ Linda ရဲ႕ ေျပာၾကားခ်က္အရ Trevan ဟာ ေက်ာင္းေနဘက္ ေကာင္မေလးေတြရဲ႕ အုပ္စုဖြဲ႕ႏွိက္စက္ျခင္းကို ေက်ာင္းတြင္းေက်ာင္းျပင္မွာ ခဏခဏ ခံခဲ့ရပါတယ္။
အဲဒီေနာက္မွာေတာ့ အိမ္တစ္လုံးဆီကို အတင္းေခၚေဆာင္သြားခံခဲ့ရပါတယ္။ ၎အိမ္ထဲမွာ ဆယ္ေက်ာ္သက္ ေက်ာင္းသားႏွစ္ေယာက္ရဲ႕ အဓမၼက်င့္ျခင္းကို ခံခဲ့ရၿပီး၊ ေနာက္ဆုံးမွာ မိမိကိုယ္ကို ေသေၾကာင္းႀကံသြားခဲ့တာပါ။ သူမ ေရးခဲ့တဲ့ စာထဲမွာ ေက်ာင္းတြင္းေက်ာင္းျပင္ အနုိင္က်င့္ႏွိက္စက္မႈေတြ ရပ္တန္႔ၾကဖုိ႔ ေတာင္းပန္ထားပါတယ္။
အဆုိပါစာကို သူမရဲ႕ လက္ပ္ေတာ့ထဲမွာ ေတြ႕ခဲ့ရတာပါ။ စာထဲမွာ ေဖာ္ျပထားခ်က္ကေတာ့ ” ကၽြန္မက Cassidy Trevan ပါ .. ကၽြန္မ အဓမၼက်င့္ျခင္း ခံခဲ့ရပါတယ္ … ရွင့္ကိုတစ္စုံတစ္ေယာက္က ဒီလုိ မက်ဴးလြန္ႏုိင္ဘူးလုိ႔ မထင္ပါနဲ႔ … ကၽြန္မ
ရဲ႕ အျဖစ္အပ်က္ကုိသာ ၾကည့္ပါ … ဒီလုိမဟုတ္ရင္ ကၽြန္မ သြားတဲ့လမ္းကို သြားရမွာပါပဲ … ဂ႐ုတစုိက္ ေနၾကပါ၊ သတိအၿမဲရွိပါ၊ ေဘးကင္းၾကပါေစ “လုိ႔ စသျဖင့္ ေရးသားထားပါတယ္။
READ
ပါကစၥတန္မုဒိမ္းသမား ျပစ္ဒဏ္က်ခံၿပီးရင္ ၿဗိတိန္မွ ျပည္ႏွင္ဒဏ္ထပ္ေပးမည္
ယူဆခ်က္ေတြအရ Trevan ဟာ ေက်ာင္းတြင္းရွိ မနာလုိသူေတြရဲ႕ အၾကမ္းဖက္ခံခဲ့ရၿပီး၊ ဒီလူေတြကပဲ သူမကို အဓမၼက်င့္တဲ့အထိ ေရာက္ေအာင္ စီစဥ္ေဆာင္ရြက္ခဲ့တာလုိ႔ ေကာက္ခ်က္ခ်ေနၾကပါတယ္။ သမီးျဖစ္သူရဲ႕ စာကို မိခင္ Linda က လူမႈကြန္ယက္မွာ ျဖန္႔ေ၀ခဲ့ပါတယ္။ မိခင္ Linda ဟာ ၾသစေတးလ်ႏုိင္ငံ မဲလ္ဘုန္းမွာ လက္ရွိအခ်ိန္ထိ ေနထုိင္ဆဲပါ။
မိခင္ Linda က ” သမီးအတြက္ လက္စားေခ်ခ်င္ပါတယ္ .. ဒါေပမယ့္ သမီးရဲ႕ဆႏၵကို မျပည့္၀ေစခဲ့ပါဘူး .. သမီးဟာ မ်က္ႏွာကို ႏွစ္ႀကိမ္ကေန သုံးႀကိမ္အထိ ႐ုိက္တာ ခံခဲ့ရပါတယ္ … သမီးကို တုိက္ခုိက္လုိသူေတြက လူမႈကြန္ယက္ေန တုိက္ခုိက္တယ္ … ေနာက္ ေစ်းေတြအထိ ေျခရာခံလုိက္တယ္ .. ၿပီးေတာ့ အိမ္ကုိလည္း လာေခ်ာင္းေလ့ရွိပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
Trevan ဟာ ေက်ာင္းတြင္းအနုိင္က်င့္ႏွိက္စက္မႈေတြေၾကာင့္ ေက်ာင္းကို တစ္ႏွစ္နားခဲ့ပါတယ္။ ျပန္တက္တဲ့ႏွစ္မွာပဲ ပါတီတစ္ခုကို ဖိတ္ၾကားခံခဲ့ရၿပီး၊ တကယ္ေတာ့ အဓမၼက်င့္ဖုိ႔အတြက္ ေသြးေဆာင္ေခၚယူျခင္းသာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕တာ၀န္ရွိသူေတြနဲ႔ ေက်ာင္းတာ၀န္ရွိသူေတြကို အေၾကာင္းၾကားခဲ့ေပမယ့္ ထိေရာက္တဲ့ ေျဖရွင္းမႈ မရွိခဲ့ပါဘူး။
ဒါ့အျပင္ Victoria Police’s Sexual Offence and Child Abuse Investigation Team အဖြဲ႕က Trevan ေသဆုံးၿပီးေနာက္ပုိင္းမွာ မိခင္ Linda နဲ႔ အႀကိမ္ 20 ေလာက္ လာေရာက္ေဆြးေႏြးခဲ့ၿပီး သက္ေသမခိုင္လုံလုိ႔ အမႈပိတ္ေပးဖုိ႔ ဖိအားေပးခဲ့တယ္လုိ႔ မိခင္ Linda က ဖြင့္ဟခဲ့ပါတယ္။ ဒါေပမယ့္ မိခင္ Linda ကေတာ့ တရားမွ်တမႈ ရတဲ့အထိ တုိက္ပြဲ၀င္သြားမယ္လုိ႔ ဆုိပါတယ္။
မဒီေလး (Shwemom)
source : thesun.co.uk
============

Unicode>>>
အုပ်စုဖွဲ့အဓမ္မကျင့်ခံခဲ့ရတဲ့ (၁၅)နှစ်အရွယ်ကျောင်းသူရဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံးစာ

Cassidy Trevan လို့ အမည်ရတဲ့ အသက် 15 နှစ်အရွယ် ကောင်မလေးဟာ အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ သူမရဲ့ မိခင် Linda ရဲ့ ပြောကြားချက်အရ Trevan ဟာ ကျောင်းနေဘက် ကောင်မလေးတွေရဲ့ အုပ်စုဖွဲ့နှိက်စက်ခြင်းကို ကျောင်းတွင်းကျောင်းပြင်မှာ ခဏခဏ ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အိမ်တစ်လုံးဆီကို အတင်းခေါ်ဆောင်သွားခံခဲ့ရပါတယ်။ ၎င်းအိမ်ထဲမှာ ဆယ်ကျော်သက် ကျောင်းသားနှစ်ယောက်ရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပြီး၊ နောက်ဆုံးမှာ မိမိကိုယ်ကို သေကြောင်းကြံသွားခဲ့တာပါ။ သူမ ရေးခဲ့တဲ့ စာထဲမှာ ကျောင်းတွင်းကျောင်းပြင် အနိုင်ကျင့်နှိက်စက်မှုတွေ ရပ်တန့်ကြဖို့ တောင်းပန်ထားပါတယ်။
အဆိုပါစာကို သူမရဲ့ လက်ပ်တော့ထဲမှာ တွေ့ခဲ့ရတာပါ။ စာထဲမှာ ဖော်ပြထားချက်ကတော့ ” ကျွန်မက Cassidy Trevan ပါ .. ကျွန်မ အဓမ္မကျင့်ခြင်း ခံခဲ့ရပါတယ် … ရှင့်ကိုတစ်စုံတစ်ယောက်က ဒီလို မကျူးလွန်နိုင်ဘူးလို့ မထင်ပါနဲ့ … ကျွန်မ
ရဲ့ အဖြစ်အပျက်ကိုသာ ကြည့်ပါ … ဒီလိုမဟုတ်ရင် ကျွန်မ သွားတဲ့လမ်းကို သွားရမှာပါပဲ … ဂရုတစိုက် နေကြပါ၊ သတိအမြဲရှိပါ၊ ဘေးကင်းကြပါစေ “လို့ စသဖြင့် ရေးသားထားပါတယ်။
READ
ပါကစ္စတန်မုဒိမ်းသမား ပြစ်ဒဏ်ကျခံပြီးရင် ဗြိတိန်မှ ပြည်နှင်ဒဏ်ထပ်ပေးမည်
ယူဆချက်တွေအရ Trevan ဟာ ကျောင်းတွင်းရှိ မနာလိုသူတွေရဲ့ အကြမ်းဖက်ခံခဲ့ရပြီး၊ ဒီလူတွေကပဲ သူမကို အဓမ္မကျင့်တဲ့အထိ ရောက်အောင် စီစဉ်ဆောင်ရွက်ခဲ့တာလို့ ကောက်ချက်ချနေကြပါတယ်။ သမီးဖြစ်သူရဲ့ စာကို မိခင် Linda က လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။ မိခင် Linda ဟာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမှာ လက်ရှိအချိန်ထိ နေထိုင်ဆဲပါ။
မိခင် Linda က ” သမီးအတွက် လက်စားချေချင်ပါတယ် .. ဒါပေမယ့် သမီးရဲ့ဆန္ဒကို မပြည့်ဝစေခဲ့ပါဘူး .. သမီးဟာ မျက်နှာကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ရိုက်တာ ခံခဲ့ရပါတယ် … သမီးကို တိုက်ခိုက်လိုသူတွေက လူမှုကွန်ယက်နေ တိုက်ခိုက်တယ် … နောက် စျေးတွေအထိ ခြေရာခံလိုက်တယ် .. ပြီးတော့ အိမ်ကိုလည်း လာချောင်းလေ့ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။
Trevan ဟာ ကျောင်းတွင်းအနိုင်ကျင့်နှိက်စက်မှုတွေကြောင့် ကျောင်းကို တစ်နှစ်နားခဲ့ပါတယ်။ ပြန်တက်တဲ့နှစ်မှာပဲ ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပြီး၊ တကယ်တော့ အဓမ္မကျင့်ဖို့အတွက် သွေးဆောင်ခေါ်ယူခြင်းသာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ကျောင်းတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု မရှိခဲ့ပါဘူး။
ဒါ့အပြင် Victoria Police’s Sexual Offence and Child Abuse Investigation Team အဖွဲ့က Trevan သေဆုံးပြီးနောက်ပိုင်းမှာ မိခင် Linda နဲ့ အကြိမ် 20 လောက် လာရောက်ဆွေးနွေးခဲ့ပြီး သက်သေမခိုင်လုံလို့ အမှုပိတ်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ မိခင် Linda က ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် မိခင် Linda ကတော့ တရားမျှတမှု ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
မဒီလေး (Shwemom)
source : thesun.co.uk

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...