အြန္လိုင္းေပၚမွာ ျပန္႔ေနတဲ့ ေက်ာ္ထူးက ေျပတီဦးကို တရားစြဲမယ္ဆိုတဲ့ စကားလံုး

ဟာသသရုပ္ေဆာင္ ေက်ာ္ထူးက အကယ္ဒမီေျပတီဦးကို တရားစြဲမယ္ဆိုတဲ့ စကားလံုးကေတာ့ လတ္တေလာအြန္လိုင္းေပၚမွာ ျပန္႕ေနပါတယ္။ ဒါဟာတကယ္ေတာ့ ျမန္မာေပါကားမ်ားရပ္ဆိုတဲ့ ဇာတ္လမ္းထဲက အျဖစ္တစ္ခု ျဖစ္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ဒါကို အမွန္ထင္ၿပီး ဘယ္လိုအေၾကာင္းအရာေၾကာင့္တရားစြဲမယ္ဆုိတာကို သိခ်င္ေနၾကပါတယ္။
အဲ့ဒီ တရားစြဲမယ္ဆိုတဲ့ ကိစၥကေတာ့ ဒါရုိက္တာ မိုက္တီး ရိုက္ကူးေနတဲ့ ျမန္မာေပါကားေတြရပ္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာ ပါဝင္တဲ့ ဒိုင္ယာေလာ့ေတြသာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားမွာ ေျပတီဦးကလည္း ေျပတီဦးဆိုတဲ့ နာမည္အရင္းကို အသံုးျပဳၿပိး ေက်ာ္ထူးကလည္း ေက်ာ္ထူးဆိုတဲ့ အျပင္နာမည္ကိုသာဇာတ္ေကာင္ရဲ႕နာမည္အျဖစ္ အသံုးျပဳ ရိုက္ကူးတာ ျဖစ္တယ္လို႕လည္း သိရပါတယ္။ ဒါကို ပရိသတ္ေတြက တကယ္အစစ္ဆုိၿပီး ထင္သြားမွာစိုးတယ္လို႕ ေက်ာ္ထူးက ဆုိပါတယ္။ ဘာလို႕တရားစြဲမလဲဆုိတာကေတာ့ ဇာတ္ဝင္ခန္းျဖစ္တဲ့အတြက္ ေျပာျပလို႕ မရဘူးလို႕ ဆုိပါတယ္။  ျမန္မာေပါကားေတြရပ္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားကေတာ့ ေဇာ္ရုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ပထမဆံုးပြဲဦးထြက္ ဇာတ္ကားျဖစ္ၿပီး အဲ့ဒီဇာတ္ကားကို ေဖေဖာ္ဝါရီ(၁၄)ရက္ေန႕က ကန္ေတာ့ပြဲေပး စတင္ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားကို ဇာတ္လမ္းဇာတ္ညႊန္းကိုေတာ့ ေဂါက္ႀကီးက ေရးသားထားၿပီး သရုပ္ေဆာင္ လင္းဇာနည္ေဇာ္တို႕ရဲ႕ ထုတ္လုပ္ေရးကေန ရိုက္ကူးတာ  ျဖစ္ပါတယ္။အရိုင္း၊ ေက်ာ္ထူး၊ ခင္လိႈင္၊ ေက်ာ္သူ၊ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္တို႕နဲ႕ အျခားေသာ အႏုပညာရွင္မ်ားစြာ ပါဝင္ထားတ့ဲ အဲ့ဒီဇာတ္ကားကေတာ့ ရယ္စရာ ညစ္စရာေလးေတြကို ေပ်ာ္စရာ ခ်စ္စရာေလးေတြ ျဖစ္ေအာင္ ရုပ္ရွင္အျဖစ္ရိုက္ကူးသြားမယ္လို႕ ဒါရိုက္တာ မိုက္တီးက သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေျပာဖူးပါတယ္။

Source : Popular News
=========

Unicode>>>
ဟာသသရုပ်ဆောင် ကျော်ထူးက အကယ်ဒမီပြေတီဦးကို တရားစွဲမယ်ဆိုတဲ့ စကားလုံးကတော့ လတ်တလောအွန်လိုင်းပေါ်မှာ ပြန့်နေပါတယ်။ ဒါဟာတကယ်တော့ မြန်မာပေါကားများရပ်ဆိုတဲ့ ဇာတ်လမ်းထဲက အဖြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒါကို အမှန်ထင်ပြီး ဘယ်လိုအကြောင်းအရာကြောင့်တရားစွဲမယ်ဆိုတာကို သိချင်နေကြပါတယ်။
အဲ့ဒီ တရားစွဲမယ်ဆိုတဲ့ ကိစ္စကတော့ ဒါရိုက်တာ မိုက်တီး ရိုက်ကူးနေတဲ့ မြန်မာပေါကားတွေရပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ဒိုင်ယာလော့တွေသာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ ပြေတီဦးကလည်း ပြေတီဦးဆိုတဲ့ နာမည်အရင်းကို အသုံးပြုပြိး ကျော်ထူးကလည်း ကျော်ထူးဆိုတဲ့ အပြင်နာမည်ကိုသာဇာတ်ကောင်ရဲ့နာမည်အဖြစ် အသုံးပြု ရိုက်ကူးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကို ပရိသတ်တွေက တကယ်အစစ်ဆိုပြီး ထင်သွားမှာစိုးတယ်လို့ ကျော်ထူးက ဆိုပါတယ်။ ဘာလို့တရားစွဲမလဲဆိုတာကတော့ ဇာတ်ဝင်ခန်းဖြစ်တဲ့အတွက် ပြောပြလို့ မရဘူးလို့ ဆိုပါတယ်။  မြန်မာပေါကားတွေရပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဇော်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံးပွဲဦးထွက် ဇာတ်ကားဖြစ်ပြီး အဲ့ဒီဇာတ်ကားကို ဖေဖော်ဝါရီ(၁၄)ရက်နေ့က ကန်တော့ပွဲပေး စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်းကိုတော့ ဂေါက်ကြီးက ရေးသားထားပြီး သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ ထုတ်လုပ်ရေးကနေ ရိုက်ကူးတာ  ဖြစ်ပါတယ်။အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်၊ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နဲ့ အခြားသော အနုပညာရှင်များစွာ ပါဝင်ထားတဲ့ အဲ့ဒီဇာတ်ကားကတော့ ရယ်စရာ ညစ်စရာလေးတွေကို ပျော်စရာ ချစ်စရာလေးတွေ ဖြစ်အောင် ရုပ်ရှင်အဖြစ်ရိုက်ကူးသွားမယ်လို့ ဒါရိုက်တာ မိုက်တီးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောဖူးပါတယ်။

Source : Popular News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...