အငွါးမယား စနစ္ေတြ တြင္က်ယ္ လာတဲ့ မဟာရန္ကုန္ၿမိဳ႕က အငွါးမယားလိုက္သူ ေျပာျပခ်က္

ကြၽန္မ ဒီအလုပ္ကို လက္ခံတာ ႏွစ္ႀကိမ္ရွိၿပီ။ ပထမလက္ခံတဲ့လူက အသက္ ၃ဝ ေက်ာ္ပဲရွိတယ္။ သူက သေဘာေကာင္းေတာ့ ေနာက္တစ္ေယာက္ကိုပါ ထပ္လက္ခံလိုက္တာ
အသားျဖဴျဖဴႏွင့္ ငယ္ရြယ္ ပ်ိဳမ်စ္သည့္ အလွတရား မ်ားအား ပိုင္ဆိုင္ထားသူ အသက္ ၂၂ ႏွစ္ အရြယ္ မိန္းကေလး တစ္ဦး သူ၏ မ်က္ႏွာေပၚတြင္ တန္ဖိုးအသင့္အတင့္ ရွိသည့္ မိတ္ကပ္ကို လိမ္းျခယ္ထားၿပီး ၾကက္ေ သြးေရာင္ႏႈတ္ခမ္းနီကို ခပ္စိုစိုကေလး ဆိုးထားသည္။

ေက်ာလယ္ေလာက္အထိ ရွိသည့္ ဆံပင္မွာ ေျဖာင့္စင္းလ်က္။ သူဆင္ယင္ထားေသာ အဝတ္အစားမွာ ျမန္မာ ဆန္ဆန္ ရင္ဖံုး လက္ျပတ္ႏွင့္ စည္းလံုခ်ည္ေလးျဖစ္ သည္။

သို႔ေသာ္ သူ လက္ရွိ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရသည္မွာ အမ်ိဳးသားတစ္ဦးႏွင့္ တရားဝင္ လက္ထပ္ထားျခင္း မရွိဘဲ ရက္ရွည္ၾကာ ေပါင္းသင္းေနရသည့္ အငွားမိန္းမ ဘဝ ျဖစ္ေနသည္ ဆိုျခင္းကို မည္သူ ယံုႏိုင္ပါ မည္နည္း။

''ကြၽန္မ ဒီအလုပ္ ကို လက္ခံတာ ႏွစ္ႀကိမ္ ရွိၿပီ။ ပထမ လက္ခံတဲ့ လူက အသက္ ၃ဝ ေက်ာ္ပဲ ရွိတယ္။ သူက သေဘာေကာင္းေတာ့ ေနာက္တစ္ေယာက္ကိုပါ ထပ္လက္ခံလိုက္တာ''ဟု မဇာျခည္(အမည္လႊဲ)က ေျပာ သည္။ သူ လက္ခံသည္ ဆိုသည့္ အလုပ္မွာ အမ်ဳိးသား တစ္ဦးႏွင့္ တိုက္ခန္း တစ္ခန္းတြင္ တစ္လ တန္သည္၊ ႏွစ္လ တန္သည္ အတူေနေပးရသည့္ အငွားမယား ဟု ဆိုရမည္ျဖစ္သည္။

ျပည့္တန္ဆာမ်ားကို ညည့္ ငွက္၊ ေသြးသားေစ်းသယ္၊ ဇယား၊ လိင္ပိုင္းဆိုင္ရာကို အခေၾကး ေငြယူ၍ ေဖ်ာ္ေျဖသူ အစရွိသျဖင့္ ေခၚၾကၿပီး ထိုစကားလံုးမ်ား ထက္ ႏူးညံ့စြာ ျဖစ္ေပၚလာေသာ စကားမွာ အငွားမယားပင္ ျဖစ္ေလေတာ့ သည္။

လိႈင္ၿမိဳ႕နယ္ အတြင္း သန္႔ရွင္း သပ္ရပ္စြာ ျပင္ဆင္ ထားေသာ ေလးထပ္တိုက္ ခန္း တစ္ခု မွာ မဇာျခည္ တစ္ေယာက္ သူ႔ကို ေခၚ ေဆာင္ထားသူႏွင့္ အတူေနရျခင္းျဖစ္ၿပီး ပတ္ဝန္းက်င္၏ အျမင္မွာမူ လင္မယား ဟုပင္ သိထားၾကဟန္ရွိသည္။

မဇာျခည္မွာ မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္၍ အထည္ခ်ဳပ္ စက္႐ံု တစ္႐ံု တြင္ ေလးႏွစ္ နီးပါး အလုပ္ လုပ္ကိုင္ေနသူ တစ္ဦးျဖစ္သည္။ သူသည္ မိသားစု စားဝတ္ေနေရး အေျခအေန ေၾကာင့္ ဆယ္တန္းအထိသာ ပညာ ဆည္းပူးခဲ့ရၿပီး ညီအစ္မ ဝမ္းကြဲ ၏ အကူအညီျဖင့္ ေရႊျပည္သာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္ စက္႐ံု တစ္႐ံုတြင္ ပထမဆံုး ဝင္ေရာက္လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ၎ ရရွိသည့္ လစာကို မိသားစုထံ ျပန္မပို႔ႏိုင္႐ံုသာ မက အေဆာင္လခ၊ ဝမ္းစာႏွင့္ပင္ လံုးလည္ လိုက္ေနေသာေၾကာင့္ အဝတ္အထည္ ကိုပင္ လူတန္းေစ့ ဝတ္ဆင္ႏိုင္ရန္ မနည္း ႐ုန္းကန္ ရသည္ဟု ဆိုသည္။

''အထည္ခ်ဳပ္မွာ လုပ္တုန္းကဆို ဇက္ေၾကာေတြက တက္၊ ခြဲတမ္း မၿပီးရင္ Leader တြက ေအာ္ဟစ္ၿပီး ဆဲေတာ့တာ။ တစ္လကို ဝင္ဝင္ခ်င္း တုန္းက ခုနစ္ေသာင္း၊ ေနာက္ႏွစ္ေတြက်မွ တစ္သိန္း ေလာက္ပဲ ရတာ၊ ပင္ ပန္းသေလာက္ လစာ မရခဲ့ဘူး''ဟု သူ ရပ္တည္ခဲ့ရပံုကို ေျပာျပသည္။

အဆိုပါ စက္႐ံုတြင္ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ရာမွ ယခုကဲ့သို႔ ဘဝမ်ိဳးထဲတြင္ က်င္လည္တတ္ရန္ ေခၚေဆာင္ေပးခဲ့သူမွာ အတူအလုပ္ လုပ္ေနသည့္ ဝန္ထမ္းထဲမွ အမ်ိဳးသမီးတစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ယင္းက ''အလုပ္ထဲက သူငယ္ခ်င္း တစ္ေယာက္က ေယာက်္ားနဲ ႔မိန္းမျဖစ္တာ ဘာဆန္းလဲ။ ဒီမွာပဲ ဆက္ၿပီး အလုပ္ လုပ္ေနရင္ ဘာမွျဖစ္မလာ ဘူး။ နင္က ႐ုပ္ လွေတာ့ သူက (ငွားရမ္းသည့္လူ) အတည္ တစ္က်ေတာင္ လက္ထပ္ခ်င္ လက္ထပ္မွာ ဆိုတာနဲ႔ ဒီအလုပ္ကို လုပ္ျဖစ္သြားတာပါ'' ဟုဆိုသည္။

ပထမဆံုး လက္ခံခဲ့သည့္ အမ်ိဳးသားက စက္႐ံု တစ္ခုတြင္ မန္ေနဂ်ာအဆင့္ ရွိကာ သူ႔ကို ခေရပင္လမ္းခြဲ သို႔ လာေရာက္ေခၚ ေဆာင္ၿပီး မရမ္းကုန္းၿမိဳ႕နယ္ရွိ တိုက္ခန္း တစ္ခုတြင္ အတူေနထိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုစဥ္အခါကလည္း တိုက္ခန္း ငွားရမ္းစဥ္က လင္ မယားဟု ေျပာၾကားထားဟန္ရွိေၾကာင္း သူက ဆက္လက္ေျပာျပသည္။

အငွားမယား အျဖစ္ စတင္ေနေပးခ်ိန္က ပထမဆံုး လစာအ ေနျဖင့္ တစ္လ ငါးသိန္းေပးၿပီး စားေသာက္ စရိတ္၊ မီတာခ၊ စုစု ေပါင္း ငါးသိန္းေပးထားေၾကာင္း၊ အသံုးစရိတ္မွာ ငါးသိန္း အထိ မကုန္လွ်င္ ပိုသည့္ေငြ ကို ျပန္မယူေတာ့ဘဲ သူ႔ကိုေပးတတ္ေၾကာင္း သိရသည္။

ယခု ငွားရမ္းသည္ကို လက္ခံသည့္ အခါတြင္မူ သူ႔မွာ အပ်ဳိ မစစ္ေတာ့ေသာေၾကာင့္ တစ္လ သံုးသိန္းသာ ရေတာ့ၿပီး အဆို ပါ အမ်ိဳးသားထံ လာေရာက္သည့္ သူငယ္ခ်င္းမ်ား ကိုပါ ဧည့္ခံေပးရေၾကာင္း သူက ဆိုသည္။

''သူ အရက္ေသာက္မယ္ဆို အရက္ ငွဲ႔ေပးရတယ္။ နင္းေပး၊ ႏွိပ္ေပးရတယ္။ သူက ျမစ္သာ ဘက္ကလို႔ ေျပာတယ္။ ဒီမွာၾကာၾကာ မေနရဘူး။ သေဘၤာ ျပန္ တက္ရမွာနဲ႔ အိမ္ျပန္ဖို႔လဲ အဆင္မေျပလို႔ ခုလိုပဲ အိမ္ငွားၿပီး မိန္းမပါ အငွားယူတာလို႔ ေျပာတယ္''ဟု မဇာ ျခည္က ခပ္ေပါ့ေပါ့ ဆိုျပန္ေသးသည္။

မဇာျခည္ ကဲ့သို႔ပင္ တစ္ခ်ဳိ႕ စက္႐ံု ဝန္ထမ္းသမေလးမ်ားသည္ သေဘၤာ သား၊ စက္႐ံု၊ ကုမၸဏီမ်ားမွ ရာထူးအဆင့္ တစ္ခု ရွိေနသူ မ်ားႏွင့္ အငွားမယား အျဖစ္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနၾကသလို တစ္ခ်ဳိ႕ အိမ္ အကူမ်ားႏွင့္ ျပည့္တန္ဆာမ်ားသည္လည္း ႏိုင္ငံ ျခားသားမ်ားႏွင့္ အတူေနထိုင္ ကာ ထို အလုပ္မ်ဳိး လုပ္ ကိုင္ေနၾက ေၾကာင္း သိရသည္။

ျပည္တြင္း၌ လာေရာက္ ဖြင့္လွစ္သည့္ ႏိုင္ငံျခား ကုမၸဏီမ်ားမွ ႏိုင္ငံျခားသား သို႔မဟုတ္ စက္႐ံု၊ ကုမၸဏီမ်ားရွိ ႏိုင္ငံျခားသား အ မ်ားစုတြင္ အငွားမယား ျမန္မာ မိန္းကေလးမ်ား ရွိေနၿပီး မ်ားေသာ အားျဖင့္ ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယား အစရွိသည့္ အာရွႏိုင္ငံသားမ်ားက ပိုမို ငွားရမ္းေၾကာင္း သိရသည္။

အထက္ေဖာ္ျပပါ အေျခအေနမ်ားထက္ ပိုဆိုးသည့္ အေၾကာင္း အရာ တစ္ခုမွာ ေခ်ာေမာလွပသည့္ အမ်ိဳးသမီးငယ္မ်ားကို လူမႈကြန္ ရက္တြင္ စတင္မိတ္ဆက္ၿပီး ခ်စ္ႀကိဳက္လာသည့္ အခါ လစာမေပးဘဲ အတူေနသည့္ ႏိုင္ငံျခားသားမ်ား၊ ကုမၸဏီမ်ားမွ အရာရွိမ်ားရွိ ေနျခင္းျဖစ္သည္။

''သူနဲ႔ ကြၽန္မ က We Chat မွာ ေတြ႕တာ။ အျပင္မွာ ႏွစ္ခါ ခ်ိန္း ေတြ႕ၿပီး သူက တိုက္ခန္း ဝယ္ၿပီး အတူေနဖို႔ ေတာင္းဆိုတယ္။ အ ေဆာင္မွာ စိတ္မခ်ေတာ့ဘူး။ ဒါေပမဲ့ အခု လက္ထပ္ဖို႔က အဆင္ မေျပႏိုင္ေသးလို႔ ေနာက္ႏွစ္ လက္ထပ္မွာလို႔လဲ ေျပာခဲ့တာ'' ဟု ကုမၸဏီတစ္ခု တြင္ ဒါ႐ိုက္တာ အဖြဲ႕ဝင္ျဖစ္ေသာ ရွမ္းတ႐ုတ္ လူမ်ိဳးတစ္ ဦးႏွင့္ အတူေနထိုင္ခဲ့သူ မခိုင္ခိုင္ (အမည္လႊဲ)က ေျပာသည္။

မခိုင္ခိုင္က အိမ္တြင္ ၄င္းတို႔ႏွစ္ေယာက္စာ ခ်က္ျပဳတ္စား ေသာက္ရန္ တစ္လ ငါးသိန္းေပးၿပီး စတင္ေနထိုင္စဥ္က ေငြက်ပ္ ၁ဝ သိန္း ကိုလည္း သီးသန္႔စုေဆာင္းရန္ဟု ဆိုကာ ေပးခဲ့ေၾကာင္း သိရသည္။

အတူေနၿပီး ရက္အနည္းငယ္အၾကာတြင္ ထိုသူမွာ အလြန္ ဇီဇာေၾကာင္ၿပီး အိမ္ အတြင္း ဖုန္ တစ္မႈန္႔တင္တာ ေတြ႕သည္ဆို သည္ႏွင့္ ႀကိမ္းေမာင္းေျပာဆို တတ္ေၾကာင္း၊ သူ ေနမေကာင္းျဖစ္လွ်င္လည္း ဂ႐ုမစိုက္သည့္ အျပင္ အိမ္ တြင္ သူ႔ကို ထားခဲ့ကာ ဟိုတယ္ ၌ တစ္ေယာက္တည္း သြားေရာက္ တည္းခိုေနတတ္ေၾကာင္း သူက ဆက္ေျပာျပသည္။

''သူ ကြၽန္မကို ခ်စ္လို႔ အတူေနေနတာ လို႔ပဲ ထင္ခဲ့တာ။ ေနာက္ ပိုင္း သူ ႔လုပ္ရပ္ေတြ ကို ၾကည့္ ၿပီးေတာ့ တစ္ၿဖည္းျဖည္း ရိပ္မိလာတယ္။ လက္ထဲမွာ သီးသန္႔ အပ္ထားတဲ့ေငြ ကိုလဲ အလုပ္မွာ ပိုတိုး ေအာင္ လုပ္ေပးမယ္။ ရလာတဲ့ အျမတ္ကို မင္းပဲ ရမွာဆိုၿပီး ျပန္ ေတာင္းတယ္။ ေနာက္ၿပီး သူ ႔အလုပ္က ဝန္ထမ္းထဲ က အရမ္းေတာ္တဲ့ ေကာင္မေလး ဆိုၿပီး မိန္းကေလး တစ္ေယာက္ဆီကို ည တိုင္း ဖုန္းဆက္တယ္။ ေမးရင္လဲ ေနာက္တာလို႔ပဲ ျပန္ေျဖတယ္။

သူ႔ ဖုန္းကို ေပး မၾကည့္ဘူး''ဟု မခိုင္ခိုင္ က ရင္ဖြင့္သည္။ ေနာက္ပိုင္းတြင္ ယင္းအမ်ိဳးသား ၌ မယားႀကီး ရွိၿပီး ထိုအမ်ိဳး သမီးမွာ ၎တို႔၏ ႏိုင္ငံျခား ႐ံုးခြဲ၌ ဦးေဆာင္လ်က္ ရွိေၾကာင္းကို ဖြင့္ဟေျပာဆိုလာသည္။ ''သူက လူပ်ိဳပါ ဆိုၿပီး ေျပာခဲ့တာ။ သူ႔မွာ အိမ္ေထာင္ရွိမွန္း မသိခဲ့ဘူး။ ေနာက္ပိုင္းမွ သူကိုယ္တိုင္ ဖြင့္ေျပာၿပီး ပထမအိမ္ေထာင္ကုိ ကြာေပးမယ္။ ႏွစ္ႏွစ္ေလာက္ ထပ္ေစာင့္ပါတဲ့။

ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ။ သူ တစ္ကယ္ ယူမွာ မဟုတ္ဘူးလို႔ ကြၽန္မ ခံစားလာရတယ္။ အေမ့ ကို လွမ္းတိုင္ပင္ေတာ့ တရားေတြ ဘာေတြလဲ စြဲမေနနဲ႔ တစ္ ရွက္ကေန ႏွစ္ရွက္ျဖစ္ရမွာတဲ့' 'ဟု သူကေျပာသည္။ ထို႔ေၾကာင့္ သူ၏ ဘဝ မွာ ဆုပ္လည္းစူး၊ စားလည္း႐ူးဆိုသလို အငွားမယား ဆန္ဆန္ ျဖစ္ေနေသာ္လည္း တစ္ဖက္လွည့္ ခံေနရသည္ကို သိသိႀကီးႏွင့္ မည္သည့္ တံု႔ျပန္မႈမွ မလုပ္ႏိုင္သည့္ အေနအထားသို႔ ေရာက္ရွိေနျခင္းျဖစ္သည္။

လက္ရွိတြင္ သူ၏ ဇာတိျဖစ္ေသာ ဟိုပုံးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိ သြားၿပီျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕တြင္း၌ ရွိေနသည့္ အငွားမယား အမ်ားစုသည္ နယ္ အသီးသီးမွ အိမ္အကူ အျဖစ္ လာေရာက္ လုပ္ကိုင္ရာမွ ထိုဘဝကို ေရာက္ရွိ သြားျခင္းျဖစ္ၿပီး တစ္ခ်ဳိ႕ စက္႐ံုမ်ားမွ ယင္းကဲ့သို႔ ျဖစ္လာ သူမ်ားကိုမူ ပတ္ဝန္းက်င္မွ အနည္း အက်င္းမွ်သာ သိေနၾကသည္။

အဆိုပါ မိန္းကေလး အမ်ားစုသည္ အသက္ ၂ဝ ႏွင့္ ၃ဝ ၾကား ဆင္းရဲသည့္ မိန္းကေလး မ်ားျဖစ္ၾကၿပီး မိသားစု စားဝတ္ေနေရးအ တြက္ေၾကာင့္သာ ယခုကဲ့သို႔ ဇာတ္ျမႇဳပ္လိုက္ၾကရျခင္း ျဖစ္သည္။ ပညာ မတတ္သူမ်ားကို အိမ္အကူ ဆိုေသာ္လည္း လစာေကာင္းသည္ဟု သိမ္းသြင္းခဲ့သူမ်ားမွာ မိမိတို႔ အက်ဳိးအျမတ္ကိုသာ ေရွး႐ႈသည့္ အိမ္ေဖာ္ ပြဲစားမ်ားျဖစ္ၿပီး လက္ခံခဲ့ေသာ အိမ္ အကူမ်ားအ ေနျဖင့္ အလုပ္ရွင္ ႏိုင္ ငံျခားသားမ်ားမွ အႏိုင္အထက္၊ အဓမၼျပဳမႈ ခံရသည့္အခါ ဆင္း ရဲလြန္းသျဖင့္ မျငင္းသာေတာ့ဘဲ သေဘာတူလိုက္ရျခင္းမ်ားရွိေၾကာင္း သိရသည္။

ထိုျဖစ္စဥ္မ်ားသည္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး အက္ဥပေဒႏွင့္ ၿငိစြန္းလ်က္ ရွိသည္။ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒ (၅/၂ဝဝ၅) အခန္း (၁)၊ အပုဒ္ (၃) အရ လူတစ္ဦးကို သူ၏သေဘာတူညီခ်က္ရွိသည္ျဖစ္ ေစ၊ မရွိသည္ျဖစ္ေစ ေခါင္းပုံျဖတ္ရန္အလို႔ငွာ သိမ္းသြင္း စုေဆာင္း ျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ လႊဲေျပာင္းေရာင္းခ်၊ ဝယ္ယူငွားရမ္း ျခင္း၊ ခိုလႈံခြင့္ေပးျခင္းတို႔မွာ လူကုန္ကူးမႈ ေျမာက္သည္။

'' တိုင္လို႔ရတယ္ ဆိုေတာ့လဲ ကြၽန္မတို႔ အတြက္က ဘာမွမထူး ေတာ့ဘူး။ ဒီအလုပ္ က ဝင္ေငြလဲေကာင္းေနတာပဲ။ အငွားမယား မလုပ္နဲ႔ ဆိုရင္ ဘယ္သူက ဘယ္လို တာဝန္ယူေပးမလဲေပါ့။ ဆင္းရဲ တြင္းထဲမွာ ေနတာထက္ စာရင္ မထူးဇာတ္ပဲ ဆက္ခင္းပါရေစေတာ့'' ဟု မဇာျခည္က မဲ့ၿပံဳးၿပံဳး၍ ေျပာ သည္။

သူတို႔လို မိန္းမသားမ်ား အား မိသားစု စီးပြားေရး အေျခအေန၊ အလုပ္အကိုင္ အခြင့္ အလမ္းႏွင့္ ဝင္ေငြ နည္းပါးျခင္းမ်ားက လမ္း ေၾကာင္းအမွား တစ္ခုသို႔ တြန္း ပို႔လိုက္ေသာေၾကာင့္ ယခုလို လိင္ ေက်းကြၽန္ဘဝ သို႔ ေရာက္ရွိလာရျခင္း ျဖစ္သည္။

အငွားမယားမ်ား အေနျဖင့္ ျပည့္တန္ဆာ လိုပင္ ဥပေဒ အကာအကြယ္မဲ့ေသာ၊ အႏၲရာယ္ မ်ားလြန္းသည့္ တရားမဝင္ အလုပ္ တစ္ခုကို စီးပြားေရး အဆင္မေျပႏိုင္ေသးသမွ် အျခားေရြးခ်ယ္စရာ မရွိသူမ်ားအတြက္ ထို ဘဝမ်ိဳးျဖင့္သာ ဆက္လက္ က်င္လည္ေနရဦးမည္ျဖစ္သည္။

ျဖဴသစ္လြင္

===========

Unicode>>>
အသားဖြူဖြူနှင့် ငယ်ရွယ် ပျိုမျစ်သည့် အလှတရား များအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ် အရွယ် မိန်းကလေး တစ်ဦး သူ၏ မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့် ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။

ကျောလယ်လောက်အထိ ရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာ ဆန်ဆန် ရင်ဖုံး လက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။

သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်း မရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမ ဘဝ ဖြစ်နေသည် ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။

''ကျွန်မ ဒီအလုပ် ကို လက်ခံတာ နှစ်ကြိမ် ရှိပြီ။ ပထမ လက်ခံတဲ့ လူက အသက် ၃ဝ ကျော်ပဲ ရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ''ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။ သူ လက်ခံသည် ဆိုသည့် အလုပ်မှာ အမျိုးသား တစ်ဦးနှင့် တိုက်ခန်း တစ်ခန်းတွင် တစ်လ တန်သည်၊ နှစ်လ တန်သည် အတူနေပေးရသည့် အငှားမယား ဟု ဆိုရမည်ဖြစ်သည်။

ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားစျေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများ ထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။

လှိုင်မြို့နယ် အတွင်း သန့်ရှင်း သပ်ရပ်စွာ ပြင်ဆင် ထားသော လေးထပ်တိုက် ခန်း တစ်ခု မှာ မဇာခြည် တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏ အမြင်မှာမူ လင်မယား ဟုပင် သိထားကြဟန်ရှိသည်။

မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ် စက်ရုံ တစ်ရုံ တွင် လေးနှစ် နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာ ဆည်းပူးခဲ့ရပြီး ညီအစ်မ ဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်း ရရှိသည့် လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည် လိုက်နေသောကြောင့် အဝတ်အထည် ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်း ရုန်းကန် ရသည်ဟု ဆိုသည်။

''အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်း မပြီးရင် Leader တွက အော်ဟစ်ပြီး ဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်း တုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲ ရတာ၊ ပင် ပန်းသလောက် လစာ မရခဲ့ဘူး''ဟု သူ ရပ်တည်ခဲ့ရပုံကို ပြောပြသည်။

အဆိုပါ စက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

ယင်းက ''အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က ယောကျ်ားနဲ ့မိန်းမဖြစ်တာ ဘာဆန်းလဲ။ ဒီမှာပဲ ဆက်ပြီး အလုပ် လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ် လှတော့ သူက (ငှားရမ်းသည့်လူ) အတည် တစ်ကျတောင် လက်ထပ်ချင် လက်ထပ်မှာ ဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ'' ဟုဆိုသည်။

ပထမဆုံး လက်ခံခဲ့သည့် အမျိုးသားက စက်ရုံ တစ်ခုတွင် မန်နေဂျာအဆင့် ရှိကာ သူ့ကို ခရေပင်လမ်းခွဲ သို့ လာရောက်ခေါ် ဆောင်ပြီး မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်း တစ်ခုတွင် အတူနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုစဉ်အခါကလည်း တိုက်ခန်း ငှားရမ်းစဉ်က လင် မယားဟု ပြောကြားထားဟန်ရှိကြောင်း သူက ဆက်လက်ပြောပြသည်။

အငှားမယား အဖြစ် စတင်နေပေးချိန်က ပထမဆုံး လစာအ နေဖြင့် တစ်လ ငါးသိန်းပေးပြီး စားသောက် စရိတ်၊ မီတာခ၊ စုစု ပေါင်း ငါးသိန်းပေးထားကြောင်း၊ အသုံးစရိတ်မှာ ငါးသိန်း အထိ မကုန်လျှင် ပိုသည့်ငွေ ကို ပြန်မယူတော့ဘဲ သူ့ကိုပေးတတ်ကြောင်း သိရသည်။

ယခု ငှားရမ်းသည်ကို လက်ခံသည့် အခါတွင်မူ သူ့မှာ အပျို မစစ်တော့သောကြောင့် တစ်လ သုံးသိန်းသာ ရတော့ပြီး အဆို ပါ အမျိုးသားထံ လာရောက်သည့် သူငယ်ချင်းများ ကိုပါ ဧည့်ခံပေးရကြောင်း သူက ဆိုသည်။

''သူ အရက်သောက်မယ်ဆို အရက် ငှဲ့ပေးရတယ်။ နင်းပေး၊ နှိပ်ပေးရတယ်။ သူက မြစ်သာ ဘက်ကလို့ ပြောတယ်။ ဒီမှာကြာကြာ မနေရဘူး။ သင်္ဘော ပြန် တက်ရမှာနဲ့ အိမ်ပြန်ဖို့လဲ အဆင်မပြေလို့ ခုလိုပဲ အိမ်ငှားပြီး မိန်းမပါ အငှားယူတာလို့ ပြောတယ်''ဟု မဇာ ခြည်က ခပ်ပေါ့ပေါ့ ဆိုပြန်သေးသည်။

မဇာခြည် ကဲ့သို့ပင် တစ်ချို့ စက်ရုံ ဝန်ထမ်းသမလေးများသည် သင်္ဘော သား၊ စက်ရုံ၊ ကုမ္ပဏီများမှ ရာထူးအဆင့် တစ်ခု ရှိနေသူ များနှင့် အငှားမယား အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေကြသလို တစ်ချို့ အိမ် အကူများနှင့် ပြည့်တန်ဆာများသည်လည်း နိုင်ငံ ခြားသားများနှင့် အတူနေထိုင် ကာ ထို အလုပ်မျိုး လုပ် ကိုင်နေကြ ကြောင်း သိရသည်။

ပြည်တွင်း၌ လာရောက် ဖွင့်လှစ်သည့် နိုင်ငံခြား ကုမ္ပဏီများမှ နိုင်ငံခြားသား သို့မဟုတ် စက်ရုံ၊ ကုမ္ပဏီများရှိ နိုင်ငံခြားသား အ များစုတွင် အငှားမယား မြန်မာ မိန်းကလေးများ ရှိနေပြီး များသော အားဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိသည့် အာရှနိုင်ငံသားများက ပိုမို ငှားရမ်းကြောင်း သိရသည်။

အထက်ဖော်ပြပါ အခြေအနေများထက် ပိုဆိုးသည့် အကြောင်း အရာ တစ်ခုမှာ ချောမောလှပသည့် အမျိုးသမီးငယ်များကို လူမှုကွန် ရက်တွင် စတင်မိတ်ဆက်ပြီး ချစ်ကြိုက်လာသည့် အခါ လစာမပေးဘဲ အတူနေသည့် နိုင်ငံခြားသားများ၊ ကုမ္ပဏီများမှ အရာရှိများရှိ နေခြင်းဖြစ်သည်။

''သူနဲ့ ကျွန်မ က We Chat မှာ တွေ့တာ။ အပြင်မှာ နှစ်ခါ ချိန်း တွေ့ပြီး သူက တိုက်ခန်း ဝယ်ပြီး အတူနေဖို့ တောင်းဆိုတယ်။ အ ဆောင်မှာ စိတ်မချတော့ဘူး။ ဒါပေမဲ့ အခု လက်ထပ်ဖို့က အဆင် မပြေနိုင်သေးလို့ နောက်နှစ် လက်ထပ်မှာလို့လဲ ပြောခဲ့တာ'' ဟု ကုမ္ပဏီတစ်ခု တွင် ဒါရိုက်တာ အဖွဲ့ဝင်ဖြစ်သော ရှမ်းတရုတ် လူမျိုးတစ် ဦးနှင့် အတူနေထိုင်ခဲ့သူ မခိုင်ခိုင် (အမည်လွှဲ)က ပြောသည်။

မခိုင်ခိုင်က အိမ်တွင် ၄င်းတို့နှစ်ယောက်စာ ချက်ပြုတ်စား သောက်ရန် တစ်လ ငါးသိန်းပေးပြီး စတင်နေထိုင်စဉ်က ငွေကျပ် ၁ဝ သိန်း ကိုလည်း သီးသန့်စုဆောင်းရန်ဟု ဆိုကာ ပေးခဲ့ကြောင်း သိရသည်။

အတူနေပြီး ရက်အနည်းငယ်အကြာတွင် ထိုသူမှာ အလွန် ဇီဇာကြောင်ပြီး အိမ် အတွင်း ဖုန် တစ်မှုန့်တင်တာ တွေ့သည်ဆို သည်နှင့် ကြိမ်းမောင်းပြောဆို တတ်ကြောင်း၊ သူ နေမကောင်းဖြစ်လျှင်လည်း ဂရုမစိုက်သည့် အပြင် အိမ် တွင် သူ့ကို ထားခဲ့ကာ ဟိုတယ် ၌ တစ်ယောက်တည်း သွားရောက် တည်းခိုနေတတ်ကြောင်း သူက ဆက်ပြောပြသည်။

''သူ ကျွန်မကို ချစ်လို့ အတူနေနေတာ လို့ပဲ ထင်ခဲ့တာ။ နောက် ပိုင်း သူ ့လုပ်ရပ်တွေ ကို ကြည့် ပြီးတော့ တစ်ဖြည်းဖြည်း ရိပ်မိလာတယ်။ လက်ထဲမှာ သီးသန့် အပ်ထားတဲ့ငွေ ကိုလဲ အလုပ်မှာ ပိုတိုး အောင် လုပ်ပေးမယ်။ ရလာတဲ့ အမြတ်ကို မင်းပဲ ရမှာဆိုပြီး ပြန် တောင်းတယ်။ နောက်ပြီး သူ ့အလုပ်က ဝန်ထမ်းထဲ က အရမ်းတော်တဲ့ ကောင်မလေး ဆိုပြီး မိန်းကလေး တစ်ယောက်ဆီကို ည တိုင်း ဖုန်းဆက်တယ်။ မေးရင်လဲ နောက်တာလို့ပဲ ပြန်ဖြေတယ်။

သူ့ ဖုန်းကို ပေး မကြည့်ဘူး''ဟု မခိုင်ခိုင် က ရင်ဖွင့်သည်။ နောက်ပိုင်းတွင် ယင်းအမျိုးသား ၌ မယားကြီး ရှိပြီး ထိုအမျိုး သမီးမှာ ၎င်းတို့၏ နိုင်ငံခြား ရုံးခွဲ၌ ဦးဆောင်လျက် ရှိကြောင်းကို ဖွင့်ဟပြောဆိုလာသည်။ ''သူက လူပျိုပါ ဆိုပြီး ပြောခဲ့တာ။ သူ့မှာ အိမ်ထောင်ရှိမှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှ သူကိုယ်တိုင် ဖွင့်ပြောပြီး ပထမအိမ်ထောင်ကို ကွာပေးမယ်။ နှစ်နှစ်လောက် ထပ်စောင့်ပါတဲ့။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ တစ်ကယ် ယူမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားလာရတယ်။ အမေ့ ကို လှမ်းတိုင်ပင်တော့ တရားတွေ ဘာတွေလဲ စွဲမနေနဲ့ တစ် ရှက်ကနေ နှစ်ရှက်ဖြစ်ရမှာတဲ့' 'ဟု သူကပြောသည်။ ထို့ကြောင့် သူ၏ ဘဝ မှာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလို အငှားမယား ဆန်ဆန် ဖြစ်နေသော်လည်း တစ်ဖက်လှည့် ခံနေရသည်ကို သိသိကြီးနှင့် မည်သည့် တုံ့ပြန်မှုမှ မလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် သူ၏ ဇာတိဖြစ်သော ဟိုပုံးမြို့သို့ ပြန်လည်ရောက်ရှိ သွားပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ ရှိနေသည့် အငှားမယား အများစုသည် နယ် အသီးသီးမှ အိမ်အကူ အဖြစ် လာရောက် လုပ်ကိုင်ရာမှ ထိုဘဝကို ရောက်ရှိ သွားခြင်းဖြစ်ပြီး တစ်ချို့ စက်ရုံများမှ ယင်းကဲ့သို့ ဖြစ်လာ သူများကိုမူ ပတ်ဝန်းကျင်မှ အနည်း အကျင်းမျှသာ သိနေကြသည်။

အဆိုပါ မိန်းကလေး အများစုသည် အသက် ၂ဝ နှင့် ၃ဝ ကြား ဆင်းရဲသည့် မိန်းကလေး များဖြစ်ကြပြီး မိသားစု စားဝတ်နေရေးအ တွက်ကြောင့်သာ ယခုကဲ့သို့ ဇာတ်မြှုပ်လိုက်ကြရခြင်း ဖြစ်သည်။ ပညာ မတတ်သူများကို အိမ်အကူ ဆိုသော်လည်း လစာကောင်းသည်ဟု သိမ်းသွင်းခဲ့သူများမှာ မိမိတို့ အကျိုးအမြတ်ကိုသာ ရှေးရှုသည့် အိမ်ဖော် ပွဲစားများဖြစ်ပြီး လက်ခံခဲ့သော အိမ် အကူများအ နေဖြင့် အလုပ်ရှင် နိုင် ငံခြားသားများမှ အနိုင်အထက်၊ အဓမ္မပြုမှု ခံရသည့်အခါ ဆင်း ရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ သဘောတူလိုက်ရခြင်းများရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်များသည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေနှင့် ငြိစွန်းလျက် ရှိသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ (၅/၂ဝဝ၅) အခန်း (၁)၊ အပုဒ် (၃) အရ လူတစ်ဦးကို သူ၏သဘောတူညီချက်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန်အလို့ငှာ သိမ်းသွင်း စုဆောင်း ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းရောင်းချ၊ ဝယ်ယူငှားရမ်း ခြင်း၊ ခိုလှုံခွင့်ပေးခြင်းတို့မှာ လူကုန်ကူးမှု မြောက်သည်။

'' တိုင်လို့ရတယ် ဆိုတော့လဲ ကျွန်မတို့ အတွက်က ဘာမှမထူး တော့ဘူး။ ဒီအလုပ် က ဝင်ငွေလဲကောင်းနေတာပဲ။ အငှားမယား မလုပ်နဲ့ ဆိုရင် ဘယ်သူက ဘယ်လို တာဝန်ယူပေးမလဲပေါ့။ ဆင်းရဲ တွင်းထဲမှာ နေတာထက် စာရင် မထူးဇာတ်ပဲ ဆက်ခင်းပါရစေတော့'' ဟု မဇာခြည်က မဲ့ပြုံးပြုံး၍ ပြော သည်။

သူတို့လို မိန်းမသားများ အား မိသားစု စီးပွားရေး အခြေအနေ၊ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေ နည်းပါးခြင်းများက လမ်း ကြောင်းအမှား တစ်ခုသို့ တွန်း ပို့လိုက်သောကြောင့် ယခုလို လိင် ကျေးကျွန်ဘဝ သို့ ရောက်ရှိလာရခြင်း ဖြစ်သည်။

အငှားမယားများ အနေဖြင့် ပြည့်တန်ဆာ လိုပင် ဥပဒေ အကာအကွယ်မဲ့သော၊ အန္တရာယ် များလွန်းသည့် တရားမဝင် အလုပ် တစ်ခုကို စီးပွားရေး အဆင်မပြေနိုင်သေးသမျှ အခြားရွေးချယ်စရာ မရှိသူများအတွက် ထို ဘဝမျိုးဖြင့်သာ ဆက်လက် ကျင်လည်နေရဦးမည်ဖြစ်သည်။


ဖြူသစ်လွင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...