--------------- ရှိုင်း ----------------
မူရင်း - 
AKonThi 
 ''နု'' ဆိုတဲ့ဆေးကြောင့် လှပနုပျိုနေတာပါဆိုတဲ့မြန်မာပြည်သိန်းတန်
--------------- ရှိုင်း ----------------
အဝတ်အစား Fashion ပိုင်း၊ ကျန်းမာရေးပိုင်းကအစ သီချင်းချစ်သူ (ဇနီး ) ကအစစအရာရာ ဂရုစိုက်ပြင်ဆင်ပေးပြီး သေချာဂရုစိုက်ပေးတဲ့အတွက်နုပျို
ကျန်းမာပြီးလှပနေခြင်းဖြစ်ကြောင်း အဆိုတော်မြန်မာပြည်သိန်းတန်က အကုန်သိသတင်းဌာနကို အခုလိုပြောပါတယ်။ ''ကျွန်တော်က ကျွန်တော့်မိန်းမကိုမိန်းမလို့ခေါ်တာထက် အချစ်ဆုံးတေးချစ်သူလို့ခေါ်တာ ပိုသဘောကြတယ်။ ကျွန်တော်နုပျိုလှပပြီး အရွယ်တင်နေတာဆေးသောက်လို့ပါ။ ဘာဆေးလည်းဆိုတော့ ''နု'' ဆိုတဲ့ဆေးပါ။ ကျွန်တော်လှပမူက ကျွန်တေ်ာ့ရဲ့ အချစ်ဆုံးတေးချစ်သူကြောင့်ပါ။ ကျွန်တော်ရဲ့တေးချစ်သူက မေ့ဆေးဆရာဝန်လေ သူကကျန်းမာရေးနဲ့ပတ်သတ်ပြီး အရာရာသိနေတော့ ကျွန်တော်ရဲ့ကျန်း မာရေးကအစ အကုန်လုံး သူက ဂရုစိုက်ပေးတယ်။ ဒါကြောင့်နုပျိုလှပနေတာပါ။ နောက်ပြီး ကျွန်တော်ရဲ့အချစ်ဆုံးတေးချစ်သူနဲ့တွဲဖက်ပြီး။''အဆိုတော်တို့နေတဲ့ရွာ''ဆိုတဲ့ ဇာတ်ကားကြီးရိုက်ဖို့ရှိတယ်။ မတ်လအတွင်းရိုက်ဖြစ်မယ်လို့အဆိုတော်မြန်မာပြည်သိန်းတန်းက ပြောသည်။
photo- မြန်မာပြည်သိန်းတန်းPage
မူရင်း -
AKonThi
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...