၆ လကြာ ပျောက်ဆုံးနေတဲ့ ကလေး ပီနံအိပ်ခွံအတွင်း မေ့မြောနေလျှက်ပြန်တွေ့

*အုပ်ထိန်းသူများထံမှ ၆လကြာပျောက်ဆုံး သွားခဲ့သော
* လူပျောက်ကြော်ငြာဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရှာဖွေခဲ့သော်လည်း 
လုံးဝ ရှာဖွေ၍ မရခဲ့သော
*၆ လတာကာလအတွင်း တောင်တွင်းကြီး
မြို့ တွင်သောင်တင်နေခဲ့ပြီး ကလေးနှင့်
မမျှသော ဆင်းရဲဒုက္ခကို ခံစားခဲ့ရရှာ
သော
* မတရားခိုင်းစေမှုမှ လွတ်ကင်းအောင်
ထွက်ပြေးတိမ်းရှောင်ရင်း နေစရာ စားစရာ
အိပ်စရာမရှိမှုကြောင့် ချမ်းအေးလှသောဆောင်းရာသီ လမ်းဘေးတနေရာတွင် ပီနံအိတ်အ
ဟောင်းတလုံးထဲတွင် အိပ်စက်ရင်း သေ
လုမြောပါးဝေဒနာခံစားခဲ့ရှာသော 
ပဉ္စမတန်းကျောင်းသားလေး မောင်စွမ်းထက်ဇော်ကို တောင်တွင်းကြီးမြို့ မှ ပရဟိတ
အသင်းများရဲ့ ကြိုးစားမှုကြောင့် ၂ ရက်
အတွင်း ရန်ကုန်မြို့ မှ အုပ်ထိန်းသူများထံ
ပြန်လည် အပ်နှံနိုင်ခဲ့ပါပြီ။
 ကလေးငယ်လေးရဲ့ သတင်းကို အချိန်
နဲ့ တပြေးညီ သတင်းတင်ပေးခဲ့ပါသော
ကိုစိုးပြည့်အောင်။ကိုတင်ထွန်းအောင်။
ကိုသန့် စင် နဲ့ ကိုကျော်ဇေယျာ တို့ ကို၎င်း။
ဆေးရုံကို ပို့ ဆောင်ကူညီပေးခဲ့ပါသော
စိတ္တသုခ လူမှုကူညီရေးအသင်းနဲ့ တာဝန်
သိပြည်သူများကို၎င်း။
သတိလစ်မေ့မျောနေပြီး သေလုနီးပါး
အခြေအနေမှ ကလေးငယ်၏အသက်ကို
အစွမ်းကုန်ကယ်တင်ပေးခဲ့ပါသော တောင်
တွင်းဆေးရုံအုပ်ကြီ ဒေါက်တာအောင်ဇော်
မိုးနဲ့ ကျန်းမာရေးဝန်ထမ်းများကို၎င်း။
ကလေးငယ်ကို အုပ်ထိန်းသူများနဲ့ 
အဆက်အသွယ်ရရှိအောင် အစွမ်းကုန်
ကူညီပေးခဲ့ပါသော တောင်တွင်းကြီးမြို့ မ
ရဲစခန်းမှ တပ်ဖွဲ့ ဝင်များကို၎င်း။
ကျွန်တော်တို့ စန္ဒာ-သူရိယ ကျန်းမာ
ပညာ ကူညီရေးအသင်းမှ အုပ်ထိန်းသူ
များကိုယ်စား အထူးကျေးဇူးတင်ရှိပါ
ကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါ
တယ်။
 လုံးဝရှာမတွေ့ နိုင်တော့လို့ လက်
လျှော့ထားရတဲ့ ကလေးငယ်ကို မထင်မှတ်
ပဲ ပြန်ဆုံတွေ့ ရလို့ ဝမ်းနည်း ဝမ်းသာမျက်
ရည်များနဲ့ အုပ်ထိန်းသူများနဲ့ ကလေးရဲ့ 
တွေ့ ဆုံမှုကိုတွေ့ မြင်ရတော့ ကျွန်တော်တို့ အတွက်လည်း မဖော်ပြနိုင်လောက်အောင်
ကြည်နူးချမ်းမြေ့ မှုကို ခံစားရပါတယ်။

** ဒီနေ့  ကျွန်တော်တို့ တောင်တွင်းကြီး
အမွန်မြတ်ဆုံး ကုသိုလ်တခု စုပေါင်းပြု
နိုင်ခဲ့ကြပါပြီ။**
U Kyaw Swe


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...