ဆယ်နှစ်အရွယ် မိန်းကလေး ကျောင်းမှာ ကလေးမီးဖွား.. နှိပ်ကြည့်လိုက်ပါ။

(၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး ဗိုက်နာမှုဖြစ်ပွားပြီးနောက် ကျောင်းမှာ ကလေးမွေးဖွားခဲ့ပါတယ်။ ဆရာ/မတွေက အမည်ဖော်လိုသူ အဲဒီကောင်မလေးကို ဆေးရုံပို့ပေးခဲ့ကြပါတယ်။ဒီလို အသက်အရွယ်လေး
နဲ့ ကိုယ်ဝန် (၇) လသားလွယ်ထားရတဲ့ကောင်မလေးဟာ ကလေးတော့ ကျန်းကျန်းမာမာ မွေးဖွားခဲ့ပါတယ်။
ယခုအချိန်မှာ သူကို ဘရာဇီးလ်နိုင်ငံအရှေ့တောင်ဘက်ရှိ ဆေးရုံမှာပြုစုစောင့်ရှောက်မှုပေးလျက်ရှိနေပါတယ်။

သူမရဲ့ ၄၀ နှစ်အရွယ် ပထွေးဟာ ကလေးအဓမ္မပြုကျင့်မှုတစ်ခုနဲ့ တရားမဝင် သေနတ်တွေ လက်ဝယ်ထား
ရှိခြင်းအမှု စတာတွေနဲ့ စွပ်စွဲခံခဲ့ရခြင်းဟာ ဒါ့ကြောင့်ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ဘရာဇီးလ်နိုင်ငံက
 ကောင်မလေး မိခင်က သူမမှာ ကိုယ်ဝန်ရှိကြောင်း သူမ မသိခဲ့ကြောင့်နဲ့ ကလေးရဲ့ ဗိုက်ဟာလည်း ပုံမှန်ထက် ပိုကြီးလာတာမျိုး သတိမမူမိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကောင်မလေးက လွန်ခဲ့သော အောက်တိုဘာလ ကတည်းက တသီးတသန့် ပိုနေထိုင်လာခဲ့ပြီး
 ကျောင်းစာကို အပြင်းအထန်ကြိုးစားလာခဲ့တာကိုတော့ သိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
တခြားမိသားစုဝင်တွေနဲ့ အတူ ကလေးမလေးရဲ့ သိုသိပ်စွာနေထိုင်ခြင်းကို စဉ်းစားပြီးနောက် သတိမပြုမိခဲ့ဘူးလို့ မိခင်က ဆိုကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့တယ်။

အဲ့ဒိနောက်မှာတော့ ကလေးမလေးက ဒီမတော် မတရားပြုမူခြင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါက ပထွေးဖြစ်သူက သူမမိခင်နဲ့ အစ်ကိုကို သတ်ပစ်မယ်လို့ သူမကို ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

Trend Myanmar

( ၁၀ နှစ် နဲ့ကလေးမွေးတာကို မယုံမရှိပါနဲ့၊ စံချိန်တင်ထားတဲ့ အသက်အငယ်ဆုံး မိခင်က ပီရူးက
 ၅ နှစ်အရွယ် Lina Medina ဖြစ်ပါတယ် )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...