ခြေထောက်ကလေးတွေ အလှမပျက်ရအောင်နှိပ်ကြည့်လိုက်နော် ..

ဖနောင့် တအားအက်ကွဲသွားပြီဆိုရင် လမ်းတောင်မလျှောက်နိုင်ကြပါဘူး။ ဒီ့အတွက် နည်းလမ်းရှိပါတယ်။

ဆောင်းတွင်းရောက်လာတဲ့အခါ အသားတွေပပ်တာအပြင် ဖနောင့်ကွဲတဲ့ဒဏ်ကိုပါ ခံကြရပါတယ်။ တအားအက်ကွဲသွားပြီဆိုရင် လမ်းတောင်မလျှောက်နိုင်ကြပါဘူး။ ဒီ့အတွက်နည်းလမ်းရှိပါတယ်။

– ဇလုံထဲခြေဖနောင့်မြှပ်တဲ့ထိ ရေနွေးထည့်ပါ။ ဆား ၃-၄ ဇွန်းကို ထမင်းစားဇွန်းနဲ့ထည့်ပါ။ နောက်တော့ ခြေထောက်ကို မိနစ် ၃၀ စိမ်ပါ။

– မိနစ် ၃၀ ကြာလာတဲ့အခါ ဖနောင့်နေရာက မာပြီးကြမ်းရှနေတဲ့နေရာတွေကို ကြေးတွန်းကျောက် ဒါမှမဟုတ် အဝတ်ကြမ်းနဲ့ပွတ်တိုက်ပေးပါ။ တအားကြီးပွတ်တိုက်စရာ မလိုပါဘူး။
– အတော်အသင့် ပွတ်တိုက်ပြီးသွားတဲ့အခါ ခြေထောက်ကို အဝတ်စနဲ့ခြောက်အောင်သုပ်ပါ။ သံလွင်ဆီ ဒါမှမဟုတ် အလှဆီလိမ်းပြီး အဝတ်နဲ့ တစ်နာရီခန့်ပြန်ပတ်ထားပါ။

– ဒီနည်းအတိုင်း လေးငါးခါလောက်လုပ်လိုက်တဲ့အခါ သက်သာပျောက်ကင်းလာပါလိမ့်မယ်။ ဒါပေမဲ့ သံလွင်ဆီကိုတော့ ဆက်ထည့်ပေးသင့်ပါတယ်။

***ခြေဖဝါးတအားအက်နေရင် ဆားမထည့်ဘဲစိမ်ပါ။

Source: Health Digest
Credit:Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...