'" မောင် ချစ် ရောက်နေတယ် လမ်းထိပ်ကိုထွက်ခဲ့နော် "

'" မောင် ချစ် ရောက်နေတယ် လမ်းထိပ်ကိုထွက်ခဲ့နော် "
" ငါ မအားဘူး ပြန်လိုက်တော့ "
" မောင် ရယ် ခနလေးပါ ဟယ်လို ဟယ်လို "
0979. . .
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုံးမှာ သတ်မှတ်အချိန်တွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်. . ."
မောင်က ဖုံးတောင်မကိုင်တော့ဘူးပေါ့ မယုံနိုင်ခဲ့ပေမယ့် တကယ်ဖြစ်နေပါလား
မောင့်စိတ်တွေ ကျွန်မစီမှာမရှိတော့ဘူး
အတူတူထိုင်ခဲ့တဲ့ တံတားပေါ်မှာ တစ်ယောက်ထဲထိုင်ရင်း အရင်ကအကြောင်းတွေပြန်တွေးမိနေတယ်
" ဟိတ် အလန်းဇယားလေးပါလား လာလိုက်ခဲ့"
"ဟင် ရှင်တို့ကဘယ်သူတွေလဲ မနှောင့်ယှက်ပါနဲ့"
"ဟားဟား ဒါမျိုးတွေရိုးနေပြီ လာပါမူမနေနဲ့ လိုက်ခဲ့"
"မဟုတ်ဘူး ရှင်တို့မှားနေပြီ ကျွန်မက အဲလိုမျိုးမဟုတ်ဘူး "
" ညအချိန်မတော် ဒီနေရာမှာ တစ်ယောက်ထဲထိုင်နေတာတောင်ငြင်းနေသေးတယ် မင်းလေးက တော်တော်ဈေးကိုင်တာဘဲ လာခဲ့ပါ"
"မဟုတ်ဘူး . . ."
ကျွန်မ ဘာလုပ်ရမလဲ သူတို့ကြည့်ရတာကြောက်စရာကြီး အရက်တွေလဲမူးနေတယ် မောင့် စီ ဖုံးခေါ်ရမယ်
0970. . .
"လူကြီးမင်း ခေါ်ဆိုသော . . ."
မောင် ရယ် ဖုံးကိုင်ပါ please . . .
" လာပါကွာ မူမနေပါနဲ့ဆို "
" ရှင်တို့ ရှေ့မတိုးနဲ့နော် ရှေ့မတိုးနဲ့ အားးး"
"ဟာ ပြုတ်ကျသွားပြီ ဘယ်လိုလုပ်မလဲ ဒုက္ခဘဲ "
"ဘာမှလုပ်မနေနဲ့ ဟေ့ကောင်တွေ ဒီနေရာက အမြန်လစ်ကြစို့"
စိတ်ညစ်ညစ်နဲ့ တစ်ညလုံး ဂိမ်းဆိုင်မှာဘဲ ဂိမ်းဆော့ရင်းအချိန်ဖြုန်းလိုက်မိတယ်
ညက ချစ် ဖုံးဆက်တာကိုလဲ သိတယ်
အမြင်ကတ်လို့ မကိုင်ဘဲ ပစ်ထားလိုက်တယ်
ဘယ်နှယ့် တချိန်လုံး ရစ်နေတာ လူက နေစရာမရှိတော့ဘူး
အိမ်နဲ့အဆင်မပြေစိတ်ညစ်ရတဲ့အထဲ သူကတချိန်လုံးရစ်လိုက် ကောက်လိုက် သံသယတွေများလိုက်နဲ့
ကျွန်တော် သူ့ကိုချစ်တာကိုလဲ သူသိတယ်
သူ ကျွန်တော့်ကို ချစ်တာကိုလဲ ကျွန်တော်သိတယ်
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေကလွဲ အကျင့်စရိုက်တွေကမတူ တခါတလေတော့လဲစိတ်ညစ်လာတယ်
ဒါနဲ့ ညက ဘယ်လိုပြန်သွားလဲ မသိ အဆင်ရောပြေရဲ့လားမသိဘူး ဖုံးဆက်ကြည့်မှပါဘဲ
မောင် ရယ် ဖုံးကိုင်ပါ please . . .
မက်ဆေ့ ကိုဖတ်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားမိတယ်
094. .
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုံးမှာစက်ပိတ်ထားပါတယ်ရှင်
ကျွန်တော်တနေ့လုံး ထပ်ခါထပ်ခါခေါ်နေပေမယ့် ဖုံးက စက်ပိတ်ထဲမြဲပင် ။
သူ ကျွန်တော့်ကို စိတ်ဆိုးသွားလားမသိ။
သူ့ရဲ့အလုပ်ကို လိုက်သွားတော့လဲ
ချစ် ဒီနေ့အလုပ်ကို မလာဘူးတဲ့
ကျွန်တော် အရမ်းစိုးရိမ်သွားမိတယ်။
ဘယ်ကိုသွားရှာလို့ရှာရမှန်းလဲမသိ။
သူ့အကြောင်းဆိုရင်လဲ နယ်ကနေ ရန်ကုန်မှာအဆောင်နေပြီးအလုပ်လုပ်နေတာကလွဲ တခြားဘာအကြောင်းမှလဲ ကျွန်တော်မသိ။
နောက်နေ့တွေ အလုပ်ကိုထပ်သွားရှာတော့လဲ
ချစ် အလုပ်ကို လုံးဝမလာတော့ဘူးတဲ့။
နောက်ဆုံး ဘယ်လိုမှစုံစမ်းလို့မရ လက်လျှော့လိုက်ရတယ်။
သူ ကျွန်တော့်ကိုစိတ်နာပြီး နယ်ကိုပြန်သွားပြီထင်ပါရဲ့။
ခုချိန်လောက်ဆို သူ့အိမ်က သဘောတူတဲ့လယ်ပိုင်ရှင် ဒါမှမဟုတ် သူကြီးသားနဲ့အိမ်ထောင်ကျနေလောက်ပြီထင်ပါရဲ့။သူတခါ ကျွန်တော့်ကိုပြောဖူးပါတယ်
နယ်မှာမိဘတွေသဘောတူထားတဲ့သူရှိတယ်ဆိုတဲ့အကြောင်း။
"ကိုကို ဘာတွေစဉ်းစားနေလဲ "
"အော် သဲသဲ ဘာမှမစဉ်းစားပါဘူး ဟိုဟိုဒီဒီပါ"
"ဟင် ဟုတ်လို့လား ကိုကို့ အချစ်ဦးအကြောင်းစဉ်းစားနေတာမလား"
"ကဲပါ သဲသဲရယ် ကို့ကို အစ်မနေနဲ့ ကိုက ရစ်တာတွေ အစ်တာတွေမကြိုက်ဘူး ခု ဘယ်သွားမလဲ မုန့်သွားစားကြမလား"
"ဟင့်အင်း တံတားပေါ်သွားထိုင်ကြမယ်လေ ကိုကိုနဲ့ စတွဲထဲက တံတားပေါ် လမ်းမလျှောက်ဖူးသေးဘူး"
"ညဘက်တံတားပေါ်သွားလို့မကောင်းပါဘူး သဲရယ် တခြားနေရာသွားရအောင်"
"ဟင့်အင်းမရပါဘူး ကိုကိုက ကိုကို့အချစ်ဦးနဲ့အမြဲအဲတံတားပေါ်မှာထိုင်နေကြဆို ခုသဲနဲ့ကျတော့ မသွားချင်ဘူးဆိုတော့ အဟင့်"
"ဟာ သဲ မငိုနဲ့ ဒုက္ခပါဘဲကွာ ကဲကဲ တံတားပေါ်သွားချင်တာမလား ပြီးရောကွာ"
လေပြေတချက်တချက်တိုက်တိုင်း ကျွန်တော့်ရင်တွေ အေးစက်သွားတယ်။
ဆောင်းရာသီမို့လားမသိ ချမ်းလိုက်တာမှခိုက်ခိုက်တုန်။
အရင်က သူမ နဲ့လာတဲ့အချိန်တွေတုံးကတော့ အနွေးထည်တစ်ထည်ကို နှစ်ယောက်အတူတူခြုံရင်း နွေးထွေးခဲ့တယ်။
သူကျွန်တော်ကိုထားသွားတာ ဘာလိုလိုနဲ့တစ်နှစ်တောင်ရှိပြီလေ။
ကျွန်တော် ဘာတွေတွေးနေပါလိမ့်
လက်ရှိချစ်သူကိုဘေးမှာထားပြီး အချစ်ဦးကိုသတိရနေမိတယ်။
ဒီချိန်လောက်ဆို သူကျွန်တော့်ကိုမေ့ပြီးပျော်နေလောက်ပါပြီ။
"ကိုကို ဒီမှာထိုင်ရအောင်လေ"
အော် နေရာကို ဒီလောက်တိကျအောင် ရွေးတတ်ပါလား သဲသဲရယ်လို့ စိတ်ထဲကပြောလိုက်မိတယ်။
ဒီနေရာလေးက သူမ နဲ့ထိုင်နေကျ နေရာလေး။
"ကိုကို .."
"အင်း ပြောလေ သဲ"
"ဒီမှာထိုင်ရတာ အရမ်းချမ်းတာဘဲ သဲ ကြက်သီးတွေတောင်ထတယ်"
"ဒါဆိုလဲ ပြန်ကြမလား"
"နေပါအုံး ကိုကို ရဲ့ ပြန်မယ်ဆိုတာကြီးဘဲ ကိုကိုကလေ သဲကို မချစ်သလိုဘဲ"
"မဟုတ်ပါဘူးသဲရယ် သဲ ချမ်းတယ်ဆိုလို့ပါ ကဲ ကိုကို ဖက်ထားပေးမယ်နော်"
"ဟုတ် "
သဲ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်တဲ့အချိန် မြင်လိုက်ရတဲ့သူမမျက်နှာကြောင့် ရုတ်တရက်လန့်သွားလေသည်။
"ချစ် ချစ်"
"ဟင် ကိုကို ဘာဖြစ်တာလဲ"
"ဘာ ဘာမှမဖြစ်ပါဘူး သဲ "
ဘာမှမဖြစ်ဘူးသာ ပြောလိုက်ရပေမယ့်
ကျွန်တော့်စိတ်ထဲစနိုးစနောက်ဖြစ်မိတယ်။
သူမ ကိုသတိရလို့ အမြင်မှားတာနေမှာပါလေ။
"ဟေ့ကောင် ကျော်ကြီး မင်းညီမ ကို ဘဲကြီးတစ်ယောက်နဲ့ တံတားပေါ်မှာတွေ့လိုက်တယ်"
"ဘာကွ မင်းသေချာလို့လား ဗလ"
"သေချာပါတယ် ငါ့မျက်စိနဲ့သေချာတွေ့တာအဲဒါမင်းကိုလာခေါ်တာ"
"မိသဲမိသဲ နှစ်ကောင်လုံးတွေ့ကြသေးတာပါကွာ"
"ကိုကို ကြွက်ပုတ်နံ့မရဘူးလား "
"ဟုတ်လား ကိုကိုက နှာပိတ်နေလို့ "
"အရမ်းနံတာဘဲ"
"ဒါဆိုလဲ ပြန်ကြရအောင်လေ"
"ဟုတ်"
"မိသဲ "
"ဟင် ကိုကိုကြီး ဒီကိုဘယ်လိုလုပ်"
"ညည်း လာစမ်း ဟေ့ကောင် မင်းက ဘာကောင်လဲ"
"ကျွန်တော်က သဲသဲ ရဲ့ ချစ်သူပါ"
"ဘာကွ မင်းသေချင်နေပြီလား တွေ့ကြသေးပေါ့ကွ"
"ဟာ ကိုကိုကြီး မလုပ်နဲ့"
အခြေအနေတွေရုန်းရင်းဆန်ခက်ပင်။
ကိုကိုကြီးက ကိုကို့ ကို ထိုးမလို့လုပ်နေချိန် သဲသဲကဝင်ဆွဲ
ကိုကိုကြီးက သဲသဲကို တွန်းဖယ်လိုက်သည်။
ခွပ်. .
အား
"ဟာ မိသဲ "
သဲသဲခေါင်းမှာတံတားသံဘောင်နှင့်ထိမိပြီး
အမြင်တွေဝေဝါးးးးရင်း
"သတ်မယ် နင်တို့ကိုသတ်မယ်"
"အ အ မိသဲ ညီမလေး "
"နင်တို့လူယုတ်မာတွေ"
သဲသဲမှာ မျက်လုံးများနီရဲလျှက် ကိုကိုကြီးအားလည်ပင်းညစ်ရင်း တံတားပေါ်မှတွန်းချရန်ကြံစည်နေသည်။
"သဲ ဘာဖြစ်တာလဲ သဲ"
"မောင် . ."
နူးညံ့သိမ်မွေ့စွာ ခေါ်လိုက်တဲ့နာမ်စားလေး
ဒါ ဒါ သူမ.
"မောင် ချစ် အပေါ် ရက်စက်တယ်"
"ချစ် ချစ် လားဟင်"
"ဟုတ်ပါတယ် မောင် ""
"မောင် နားမလည်ဘူး ဘယ်လိုဖြစ်ရတာလဲ ချစ် ရယ်"
"ဒင်းတို့ လူယုတ်မာတွေ ဒင်းတို့ကိုသတ်မယ်"
"ညီမလေး စိတ်ထိန်းပါ "
"အော် နင်တို့က နင်တို့ညီမကိုတော့ စိုးရိမ်တယ်ပေါ့ ဟားဟား အတော်ဘဲ ငါကလဲလူစားလဲဖို့စောင့်နေရတာ"
သဲသဲမှာ တံတားလက်တန်းပေါ်မှ ကျော်တက်လိုက်ရင်း
"ဟာ ညီမလေး "
"နင်တို့ တစ်ယောက်မှရှေ့တိုးမလာနဲ့"
"ချစ် ချစ်မလုပ်ပါနဲ့"
"ဘာ မောင် မောင်က သူ့ကိုစိုးရိမ်နေတာလား ချစ် သူတို့ကြောင့်သေခဲ့ရတာ မောင်နဲ့ဝေးခဲ့ရတာအဲဒါမောင်သိလား"
"မောင် မသိခဲ့ဘူး ချစ် မောင်တကယ်မသိခဲ့ဘူး မောင်တောင်းပန်ပါတယ် ချစ်ရယ်
မောင် မသိဘဲချစ်ကိုသစ္စာဖောက်ခဲ့မိတယ်"
"ငါသေသလို နင်တို့ညီမလဲ သေစေရမယ်"
"ချစ် မလုပ်ပါနဲ့ "
"မောင် . .မောင်က "
"မောင့်ကိုအထင်မလွဲပါနဲ့ချစ်ရယ် မောင်ခုလိုပြောတာချစ်ကိုစိုးရိမ်လို့ပါ
ဝဋ်ကြွေးတွေနောက်သံသရာတွေထိ ချစ်ကိုမပါစေချင်ဘူး ခွင့်လွှတ်လိုက်ပါ ချစ်ရယ်
သူတို့ကိုတရားဥပဒေလက်ထဲထည့်ပြီး ချစ်အတွက်ကောင်းရာလမ်းကိုရွေးချယ်ပါ နော် ချစ် "
မောင်ကတော့ မျက်ရည်တွေစီးကျရင်းတောင်းပန်နေသည်။
ဒီမျက်ရည်တွေက ကျွန်မအတွက်ကျတဲ့မျက်ရည်တွေဆိုတာ ကျွန်မ အကြွင်းမဲ့ယုံကြည်ပါတယ်မောင်ရယ်။
ကျွန်မဆုံးဖြတ်ချက်ကိုချလိုက်ရင်း
တံတားအတွင်းဘက်သို့ပြန်ဝင်ခဲ့လိုက်သည်။
"နင်တို့ညီမကို ငါလွှတ်ပေးလိုက်မယ် နင်တို့အပြစ်တွေကို တရားဥပဒေအရ ခံယူလိုက်ကြပါ မောင် ချစ် သွားတော့မယ်"
"ချစ် ချစ် "
"အား မူးးလိုက်တာ"
"သဲသဲ ညီမလေး သတိရလာပြီလား ညီမလေးရယ်"
ခွပ်
ဟာ ကိုကိုမလုပ်နဲ့
"လူယုတ်မာတွေ မင်းတို့ ငါချစ်သူကို ဘာလုပ်ခဲ့ကြတာလဲ"
"ငါတို့မှားခဲ့ပါတယ်ကွာ ငါတို့အပြစ်ကိုဝန်ခံပြီး အပြစ်ခံယူပါ့မယ်"
"အီးဟီးးဟီး ချစ် ရယ် ချစ်. ."
(ဇာတ်သိမ်း)
အပြစ်ရှိသူတွေကတော့ အပြစ်ကိုခံယူသွားကြပေမယ့်
သူမကတော့ ကျွန်တော့်စီပြန်မလာနိုင်တော့ဘူးလေ
ဒီမြစ်ကြီးထဲမှာ ချစ်ရှိနေတုံးလား
ဒါဆို အရမ်းချမ်းနေမှာဘဲ ချစ်ရယ်
မောင့်ကြောင့်ဖြစ်ခဲ့ရတာ
မောင်သာ အဲဒီနေ့က ချစ်ကို ထွက်တွေ့ခဲ့ရင်ခုလို အဖြစ်မျိုးတွေဖြစ်မှာမဟုတ်ဘူး
"ကိုကို အရမ်းခံစားနေရလားဟင်"
"ဟုတ်တယ် သဲ ခုကိစ္စတွေမှာ သဲနဲ့မဆိုင်ပေမယ့်. .ကို လက်မခံနိုင်ဘူး"
"သဲ နားလည်ပါတယ် ကိုကို ဒါပေမယ့် ကိုကို
သဲစီပြန်လာမယ့်အချိန်ကိုစောင့်နေပါ့မယ်"
"ကို ကတော့ မစောင့်စေချင်ဘူး သဲ"
"ဒါကတော့ သဲ သဘောပါ သဲ သွားတော့မယ် ကိုကို ကျန်းမာရေးဂရုစိုက်ပါ"
သဲသဲ စိတ်မကောင်းပါဘူး
ကို မင်းစီဘယ်တော့မှပြန်မလာတော့ဘူး
ကျွန်တော့်အချစ်တွေကို သူမ နဲ့အတူ ဒီမြစ်ကြီးထဲမျောချပစ်ခဲ့လိုက်ပါပြီ။
T.T.S
သက်သက်စံ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...