ဖခင္ဘက္မွ ဘႀကီးေတာ္သူ တစ္ဦး ႐ွိပါသည္။ သူ႔အမည္မွာ ဦးနီ ျဖစ္ၿပီး ဇနီးျဖစ္သူမွာ ေဒၚၿမိဳင္ ျဖစ္သည္။ ကြၽန္ေတာ္တုိ႔က `အပါနီ´ႏွင့္ `အေမၿမိဳင္´ ဟု ေခၚၾကသည္။
သူတုိ႔ ၂ေယာက္သည္ တကယ့္ဆုိမွ တကယ့္ ငယ္လင္ ငယ္မယား စစ္စစ္ေတြ ျဖစ္ၾကသည္။ ဘႀကီးႏွင့္ စတင္ အေၾကာင္းပါခဲ့စဥ္က အေမၿမိဳင္သည္ ၁၅ ႏွစ္ခန္႔သာ ႐ွိေသးသည္ဟု သိရပါသည္။ သူတုိ႔သည္ သား,သမီး မထြန္းကားဘဲ ႏွစ္ေပါင္းမ်ားစြာ ေပါင္းသင္း ေနခဲ့ၾကပါသည္။
အိမ္ေထာင္သက္ ႏွစ္ ၂၀ ေက်ာ္ ႐ွိေသာအခါတြင္ အျဖစ္အပ်က္ တစ္ခု ေပၚေပါက္လာခဲ့ ေလသည္။
အေမၿမိဳင္သည္ အိမ္တြင္ ဝင္ထြက္ သြားလာေနၿပီး အပါနီက လက္တုိလက္ေတာင္း ခုိင္းေစေနသည့္ တပည့္တစ္ဦးႏွင့္ ၿငိစြန္းကာ လုိက္ေျပး သြားခဲ့ေလသည္။
ထုိအခ်ိန္က စ၍ အပါနီသည္ အေမၿမိဳင္ အေၾကာင္းကုိ စကားစပ္၍ပင္ မေျပာေတာ့။ လုိက္လည္း မ႐ွာ။ ျပန္လည္း မေခၚေတာ့ေခ်။
သုိ႔ရာတြင္ .....
ထုိစဥ္က ညတုိင္က်လွ်င္ အရက္ကုိ မူးေအာင္ေသာက္ၿပီး ၿခံဝင္းထဲ၌ သီခ်င္းေတြ တစ္ပုဒ္ၿပီး တစ္ပုဒ္ ေအာ္ဟစ္ ေနတတ္သည့္ အပါနီ႔ကုိ မွတ္မိေနပါသည္။
ေနာင္ ၁ ႏွစ္ ေက်ာ္ေက်ာ္ေလာက္ ႐ွိေသာအခါ အပါနီသည္ အိမ္ေထာင္သစ္ တစ္ခုကုိ ထူေထာင္လုိက္ ပါသည္။ ဒုတိယ ဇနီးႏွင့္ သား,သမီး ၅ ေယာက္ ရ႐ွိၿပီး ျဖစ္ေနခ်ိန္တြင္ ျဖစ္သည္။
တစ္ေန႔ .....
ကြၽန္ေတာ္ႏွင့္ အပါနီ ကိစၥတစ္ခုျဖင့္ ေျမနီကုန္း ေဈးဘက္သုိ႔ အလာ၊ ရတနာပုံ ႐ုပ္႐ွင္႐ုံ ေ႐ွ႕နား အလြန္တြင္ လုံးဝ မေမွ်ာ္လင့္ မထင္မွတ္ဘဲ အေမၿမိဳင္ႏွင့္ ဘြားခနဲ မ်က္ႏွာခ်င္းဆုိင္ ဆုံမိၾကေလသည္။
သူတုိ႔သည္ တစ္ေယာက္ကုိ တစ္ေယာက္ စကၠန္႔ေပါင္း မ်ားစြာ ေငးေၾကာင္၍ ၾကည့္ေနၾကေသးသည္။ ထုိ႔ေနာက္ အေမၿမိဳင္က စတင္၍ လႈပ္႐ွားလာခဲ့သည္။
"ကုိကုိ ... ကုိကုိရယ္ ... ၿမိဳင့္ကုိ ခြင့္လႊတ္ပါ"
"ျဖန္း"
အပါနီ၏ ညာလက္ဝါးသည္ ေျမာက္တက္သြားၿပီး အေမၿမိဳင္၏ မ်က္ႏွာေပၚသုိ႔ ျပင္းထန္ေသာ အ႐ွိန္ျဖင့္ က်ေရာက္သြားခဲ့ေလသည္။
အေမၿမိဳင္သည္ ၾကံဳလွီေသာ ခႏၶာကုိယ္ေလးကုိ ယိမ္းယုိင္သြားရာမွ ႀကိဳးစား၍ တည့္မတ္လုိက္သည္။ ငုိခ်လုိက္ေတာ့မည္ဟု ထင္ေသာ္လည္း လုံးဝ မငုိခဲ့ေခ်။ အပါနီ႔ မ်က္ႏွာကုိ မ်က္ေတာင္မခတ္ စူးစုိက္၍ ၾကည့္ေနေလသည္။ ႏႈတ္ခမ္းေထာင့္မွ ယုိစီးက်ေနေသာ ေသြးေတြကုိ ေထြးလည္း မထုတ္။ သုတ္လည္း မပစ္ဘဲ အပါနီ႔ မ်က္ႏွာကုိသာ အငမ္းမရ စူးစူးစုိက္စုိက္ ေငးၾကည့္ ေနခဲ့ေလသည္။
အပါနီကလည္း ေမးေၾကာႀကီးေတြ ေထာင္ေနေအာင္ အံကုိ တင္းတင္းႀကိတ္လ်က္ အေမၿမိဳင့္ကုိ ေျခဆုံးေခါင္းဖ်ား စူးစမ္း၍ ၾကည့္ေနေလသည္။
အေမၿမိဳင္သည္ ၇ ႏွစ္ ၈ ႏွစ္ အတြင္း၌ သနားစရာ ေျပာင္းလဲေနခဲ့ ေလၿပီ။ ခႏၶာကုိယ္သည္ ညႇိးခ်ဳံး ပိန္လွီလ်က္ အဝတ္အစားမ်ားမွာလည္း အေရာင္အေသြး မေပၚဘဲ စုတ္ျပတ္ေဟာင္းႏြမ္းလွ ေပသည္။
"လာ ... ငါနဲ႔ လုိက္ခဲ့"
အပါနီသည္ ဘာမေျပာ ညာမေျပာႏွင့္ အေမၿမိဳင့္ လက္ကုိ ဆြဲလ်က္ လမ္းတစ္ဘက္သုိ႔ ကူးသြားေလသည္။ ေျမနီကုန္းေဈး အတြင္းက ဖိနပ္ဆုိင္ တစ္ဆုိင္တြင္ မိန္းမစီး ကတၱီပါ ႀကိဳးတပ္ ဖိနပ္တစ္ရံ ေရြးခ်ယ္ၿပီး .....
"ေရာ့ ... ဒါ စီးၾကည့္"
အေမၿမိဳင္သည္ ဖိနပ္ေလးကုိ ခ်စီးၾကည့္သည္။
ထုိအခါမွ သတိထား ၾကည့္မိသည္။ အေမၿမိဳင့္ ေျခေထာက္မွာ ဖိနပ္ပင္ မပါခဲ့ေပ။
"အေတာ္ပါပဲ ကုိကုိ"
"ေအး ... ေတာ္ရင္ စီးသြားေတာ့ ..."
အပါနီသည္ ဖိနပ္ဖုိး ေမး၍ ေပးလုိက္ၿပီး လွည့္ထြက္သြား ေလသည္။
ေနာက္မွ ေျပးလုိက္လာေသာ အေမၿမိဳင္သည္ အပါနီ႔ကုိ ေဈးအျပင္ဘက္ ေရာက္မွ မီလာၿပီး .....
"ေန ... ေနပါဦး ကုိကုိ ... ခဏေလး ေနပါဦး ... ၿမိဳင္ေလ ကုိကုိ႔ကုိ ကန္ေတာ့ခ်င္လုိ႔ပါ ... ကန္ေတာ့ပါရေစ ကုိကုိရယ္" ဟု ေတာင္းပန္ၿပီး ပလက္ေဖာင္း ေပၚမွာပင္ ဖိနပ္ခြၽတ္ကာ ဒူးတုပ္ထုိင္လ်က္ ကန္ေတာ့႐ွာ ေလသည္။
ေခါင္းျပန္ေမာ့ လုိက္ေသာအခါ အပါနီ႔ ေျခေထာက္ အစုံကုိ မေတြ႕ရေတာ့ေခ်။
ေျခလွမ္းက်ဲုႀကီးမ်ားျဖင့္ ေက်ာခုိင္း ေလွ်ာက္သြားေသာ အပါနီသည္ အေဝးသုိ႔ ေရာက္သြားေလသည္။
အပါနီ႔ ေက်ာျပင္ကုိ မ်က္ရည္မ်ားႏွင့္ ေဝဝါးစြာ လွမ္းၾကည့္ေနရာမွ သူဝယ္ေပးခဲ့ေသာ ဖိနပ္ေလးကုိ စီးရန္ ငုံ႔ၾကည့္လုိက္သည့္အခါ မ်က္ရည္စမ်ားသည္ ဖိနပ္သစ္ေလးေပၚသုိ႔ ေႂကြက်သြားေလသတည္း။
* * *
ထုိညက .....
အရက္ေတြ မူးေအာင္ ေသာက္ၿပီး သီခ်င္းေတြ တစ္ပုဒ္ၿပီး တစ္ပုဒ္ ေအာ္ဆုိေနေသာ အပါနီ႔ကုိ ေတြ႕ၾကရျပန္ပါသည္။
စုိးလူ
=============
Unicode>>>
ဖခင်ဘက်မှ ဘကြီးတော်သူ တစ်ဦး ရှိပါသည်။ သူ့အမည်မှာ ဦးနီ ဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မြိုင် ဖြစ်သည်။ ကျွန်တော်တို့က `အပါနီ´နှင့် `အမေမြိုင်´ ဟု ခေါ်ကြသည်။
သူတို့ ၂ယောက်သည် တကယ့်ဆိုမှ တကယ့် ငယ်လင် ငယ်မယား စစ်စစ်တွေ ဖြစ်ကြသည်။ ဘကြီးနှင့် စတင် အကြောင်းပါခဲ့စဉ်က အမေမြိုင်သည် ၁၅ နှစ်ခန့်သာ ရှိသေးသည်ဟု သိရပါသည်။ သူတို့သည် သား,သမီး မထွန်းကားဘဲ နှစ်ပေါင်းများစွာ ပေါင်းသင်း နေခဲ့ကြပါသည်။
အိမ်ထောင်သက် နှစ် ၂၀ ကျော် ရှိသောအခါတွင် အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့ လေသည်။
အမေမြိုင်သည် အိမ်တွင် ဝင်ထွက် သွားလာနေပြီး အပါနီက လက်တိုလက်တောင်း ခိုင်းစေနေသည့် တပည့်တစ်ဦးနှင့် ငြိစွန်းကာ လိုက်ပြေး သွားခဲ့လေသည်။
ထိုအချိန်က စ၍ အပါနီသည် အမေမြိုင် အကြောင်းကို စကားစပ်၍ပင် မပြောတော့။ လိုက်လည်း မရှာ။ ပြန်လည်း မခေါ်တော့ချေ။
သို့ရာတွင် .....
ထိုစဉ်က ညတိုင်ကျလျှင် အရက်ကို မူးအောင်သောက်ပြီး ခြံဝင်းထဲ၌ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဟစ် နေတတ်သည့် အပါနီ့ကို မှတ်မိနေပါသည်။
နောင် ၁ နှစ် ကျော်ကျော်လောက် ရှိသောအခါ အပါနီသည် အိမ်ထောင်သစ် တစ်ခုကို ထူထောင်လိုက် ပါသည်။ ဒုတိယ ဇနီးနှင့် သား,သမီး ၅ ယောက် ရရှိပြီး ဖြစ်နေချိန်တွင် ဖြစ်သည်။
တစ်နေ့ .....
ကျွန်တော်နှင့် အပါနီ ကိစ္စတစ်ခုဖြင့် မြေနီကုန်း ဈေးဘက်သို့ အလာ၊ ရတနာပုံ ရုပ်ရှင်ရုံ ရှေ့နား အလွန်တွင် လုံးဝ မမျှော်လင့် မထင်မှတ်ဘဲ အမေမြိုင်နှင့် ဘွားခနဲ မျက်နှာချင်းဆိုင် ဆုံမိကြလေသည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် စက္ကန့်ပေါင်း များစွာ ငေးကြောင်၍ ကြည့်နေကြသေးသည်။ ထို့နောက် အမေမြိုင်က စတင်၍ လှုပ်ရှားလာခဲ့သည်။
"ကိုကို ... ကိုကိုရယ် ... မြိုင့်ကို ခွင့်လွှတ်ပါ"
"ဖြန်း"
အပါနီ၏ ညာလက်ဝါးသည် မြောက်တက်သွားပြီး အမေမြိုင်၏ မျက်နှာပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ကျရောက်သွားခဲ့လေသည်။
အမေမြိုင်သည် ကြုံလှီသော ခန္ဓာကိုယ်လေးကို ယိမ်းယိုင်သွားရာမှ ကြိုးစား၍ တည့်မတ်လိုက်သည်။ ငိုချလိုက်တော့မည်ဟု ထင်သော်လည်း လုံးဝ မငိုခဲ့ချေ။ အပါနီ့ မျက်နှာကို မျက်တောင်မခတ် စူးစိုက်၍ ကြည့်နေလေသည်။ နှုတ်ခမ်းထောင့်မှ ယိုစီးကျနေသော သွေးတွေကို ထွေးလည်း မထုတ်။ သုတ်လည်း မပစ်ဘဲ အပါနီ့ မျက်နှာကိုသာ အငမ်းမရ စူးစူးစိုက်စိုက် ငေးကြည့် နေခဲ့လေသည်။
အပါနီကလည်း မေးကြောကြီးတွေ ထောင်နေအောင် အံကို တင်းတင်းကြိတ်လျက် အမေမြိုင့်ကို ခြေဆုံးခေါင်းဖျား စူးစမ်း၍ ကြည့်နေလေသည်။
အမေမြိုင်သည် ၇ နှစ် ၈ နှစ် အတွင်း၌ သနားစရာ ပြောင်းလဲနေခဲ့ လေပြီ။ ခန္ဓာကိုယ်သည် ညှိးချုံး ပိန်လှီလျက် အဝတ်အစားများမှာလည်း အရောင်အသွေး မပေါ်ဘဲ စုတ်ပြတ်ဟောင်းနွမ်းလှ ပေသည်။
"လာ ... ငါနဲ့ လိုက်ခဲ့"
အပါနီသည် ဘာမပြော ညာမပြောနှင့် အမေမြိုင့် လက်ကို ဆွဲလျက် လမ်းတစ်ဘက်သို့ ကူးသွားလေသည်။ မြေနီကုန်းဈေး အတွင်းက ဖိနပ်ဆိုင် တစ်ဆိုင်တွင် မိန်းမစီး ကတ္တီပါ ကြိုးတပ် ဖိနပ်တစ်ရံ ရွေးချယ်ပြီး .....
"ရော့ ... ဒါ စီးကြည့်"
အမေမြိုင်သည် ဖိနပ်လေးကို ချစီးကြည့်သည်။
ထိုအခါမှ သတိထား ကြည့်မိသည်။ အမေမြိုင့် ခြေထောက်မှာ ဖိနပ်ပင် မပါခဲ့ပေ။
"အတော်ပါပဲ ကိုကို"
"အေး ... တော်ရင် စီးသွားတော့ ..."
အပါနီသည် ဖိနပ်ဖိုး မေး၍ ပေးလိုက်ပြီး လှည့်ထွက်သွား လေသည်။
နောက်မှ ပြေးလိုက်လာသော အမေမြိုင်သည် အပါနီ့ကို ဈေးအပြင်ဘက် ရောက်မှ မီလာပြီး .....
"နေ ... နေပါဦး ကိုကို ... ခဏလေး နေပါဦး ... မြိုင်လေ ကိုကို့ကို ကန်တော့ချင်လို့ပါ ... ကန်တော့ပါရစေ ကိုကိုရယ်" ဟု တောင်းပန်ပြီး ပလက်ဖောင်း ပေါ်မှာပင် ဖိနပ်ချွတ်ကာ ဒူးတုပ်ထိုင်လျက် ကန်တော့ရှာ လေသည်။
ခေါင်းပြန်မော့ လိုက်သောအခါ အပါနီ့ ခြေထောက် အစုံကို မတွေ့ရတော့ချေ။
ခြေလှမ်းကျဲုကြီးများဖြင့် ကျောခိုင်း လျှောက်သွားသော အပါနီသည် အဝေးသို့ ရောက်သွားလေသည်။
အပါနီ့ ကျောပြင်ကို မျက်ရည်များနှင့် ဝေဝါးစွာ လှမ်းကြည့်နေရာမှ သူဝယ်ပေးခဲ့သော ဖိနပ်လေးကို စီးရန် ငုံ့ကြည့်လိုက်သည့်အခါ မျက်ရည်စများသည် ဖိနပ်သစ်လေးပေါ်သို့ ကြွေကျသွားလေသတည်း။
* * *
ထိုညက .....
အရက်တွေ မူးအောင် သောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုနေသော အပါနီ့ကို တွေ့ကြရပြန်ပါသည်။
စိုးလူ
Home
/
ဘ၀ႏွင္႔အခ်စ္က႑
/
ႏွိပ္ၾကည့္လုိက္ေနာ္.. (ငယ္လင္ငယ္မယား) "ကုိကုိရယ္ ... ၿမိဳင့္ကုိ ခြင့္လႊတ္ပါ" "ျဖန္း"
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment