ရင်နင့်စရာ မိသားစုအဖြစ်အပျက်လေးပါ..။ ကလေးကတော့ အသက်ရှင်လျှက်..။

လူပြတ်သည့် လမ်းမပေါ် မိသားစု သုံးဦး ဆိုင်ကယ်မှောက်မိဘ နှစ်ဦးသေဆုံး ခလေးငယ်အသက်ရှင်
၁၉-၁-၂၀၁၇
ထိုင်းနိုင်ငံ ပရကျင်ဘူရီ ပြည်နယ် ဖနုံစာရခန် မြို့ နယ်မှာ ယခုလ ၁၂ ရက်နေ့ 
ညပိုင်း က ထိုင်းနိုင်ငံသား မိသားစု သုံးဦးစီးလာတဲ့ ဆိုင်ကယ်ဟာ လူပြတ်တဲ့ လမ်းမကြီး မှာ လမ်းဘေးထိုးကျ တိမ်းမှောက် ခဲ့ပြီး လင်မယားနှစ်ဦးစလုံး ဖက်ထား ရင်း သေဆုံးနေကြတာပါ၊
ခလေးငယ်ကတော့ ဘာဒဏ်ရာမှမရဘဲ မိဘနှစ်ဦးရဲ့  အနီးမှာ ငိုနေတာကို မနက်ပိုင်းမှ လမ်းသွားလမ်းလာတွေ က တွေ့ သွားခဲ့ပါတယ်။
 အမျိုးသားဟာ ဆွေမျိုးနဲ့  အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တွေကို အမြန်ဆုံး ဖုန်းဆက်အကြောင်းကြားဘို့  ထက် ဇနီးသည်ကို သတိပြန်လည်အောင် အမျိုးမျိုးလုပ်ဆောင်ပေးနေရင်းသူပါသတိမေ့သွားခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့  ကယ် ဆယ်ရေးအဖွဲ့ တွေကပြောပါတယ်။
 ဖြစ်တဲ့အချိန်ဟာ ညည့်နက်ပိုင်းနေတာရယ် ကားဆိုင်ကယ်တွေ ရှင်းနေတဲ့ လူခြေတိတ်တဲ့ အချိန် မှာဖြစ်သွားလို့  ဘယ်သူမှမမြင်လိုက်တာဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ တွေရောက်တဲ့အခါ သေဆုံးနေတာခြောက်နာရီရှိသွား
ခဲ့ပြီလို့  သိရပါတယ်။
SAW
Khaosod

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...