ဝတ်ရည်ခြွေမည့် လူယုတ်မာလက်ထဲမှ ရိုးသားတဲ့မိန်းကလေးကို ကယ်တင်လိုက်တဲ့ လူလိမ်တစ်ယောက်...
Ref - ကိုမောင်မောင်
Credit:Yoyarlay
===========
Unicode>>>
ရုံးရှေ ့လ္ဘက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်နေစဉ် ကိုလင်းဇော်က ကောင်မလေး တစ််ယောက်နှင့် မိတ်ဆက်ပေးသည် ။ မောင်သက်ညီလေး သူ ့ကိုမှတ််ထား ချောရတနာ တဲ့ ။ အကို ့ကောင်မလေးပဲ ။ ချော သူကတော့့ကိုယ့်ညီလေးလို ခင်တဲ့ မောင်သက် မှတ်ထား နော် ။ ဟုတ်ကဲ့ တွေ ့ရတာဝမ်းသာပါတယ် အကို ။ ကျွန််တော်ကပြုံးပြီး ခေါင်းညိတ်ပြ လိုက်ပါတယ် ။ ကျွန်တော်က ကိုလင်းဇော်ကို မျက်လုံးပြူးကြည့် လိုက်တော့ သူက မျက်စိတစ်ဖက်မှိတ်ပြပါတယ် ။ ညနေ ရုံးဆင်းချိန်ရောက်တော့ ။ ကိုလင်း ခင်းဗျားမှာ မိန်းမ ရှိရက်နဲ ့ အဲဒါဘာလုပ်တာလဲ။ အဲဒါ မင်းပြောမှ သူသိမှာလေကွာ ညီလေးကလဲ။။ သူ ့ကိုမပြောမိ စေနဲ ့နော် ။ ကျွန်တော် ဘာမှမပြောတော့။ ဒီလိုနဲ ့ ၂ လလောက်အကြာ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး ။ ကိုသက် ညီမကိုမှတ်မိလား ။ သြော် မှတ်မိပါတယ် ထိုင်လေ။ ဘာသောက်မလဲ ။ ရပါတယ ်တခုခုပေါ့ ။ ကျွန်တော် ကအအေးတစ်ပုလင်းမှာပေး လိုက်ပါတယ် ။ အကို ့ကို ချောမေးစရာရှိလို ့ ။ အင်းမေးလေ ဘာသိချင်လို ့လဲ ။ ဟိုလေ ကိုလင်း မှာချောအပြင် တစ်ခြားကောင်မလေးတွေ ရှိလားဟင် ။ ချောက ကိုလင်း ချစ်သူဆိုပေမဲ့။ ကိုလင်းအကြောင်းကို ဘာမှသိပ် သိတာမဟုတ်ဘူး အကို ။ မရှိပါဘူး ချောရဲ ့ဘာမှမစိုးရိမ်ပါနဲ ့ ။ ချောကကိုလင်းကို တကယ်ချစ်တာလား ။ ဟုတ်ကဲ့လက်ထပ်ဖို ့အထိရည်ရွယ် ထားပါတယ် ။ ဘာဖြစ်လို ့လဲအကို ။ ဟာ ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ။
ကျွန်တော်က ကိုလင်းစကားကြောင့် ချောကို လိမ်လိုက်ရပေမဲ ့လိပ်ပြာကတော့မသန် ့ချင်။ ခဏအကြာကိုလင်းရောက်လာပြီး။ ဘာတွေပြောနေကြတာလဲ။ ဘာမှမပြောပါဘူးဗျာ။ လာချောသွားကြမယ်။ ကိုလင်း ချောကိုခေါ်ပြီးထွက်သွား ပါတော့တယ်။ နောက်တစ်ရက်မှာ ကျွန်တော်က ။ ကိုလင်း ကောင်မလေးကို အပျော်တွဲနေတာလား ။ ဘာလုပ်မှာလဲ ။ ငါအခု အိမ်ခန်းရှာနေတယ် ။ ပြီးရင် နီးရာတရားရုံး တစ်ခုခုမှာ လက်ထပ်မယ် ။ ဟာဗျာခင်ဗျား ကတော့ မဟုတ်တာ လုပ်တော့မယ် ။ ကျွန်တော် ကိုလင်းထွက်သွားတော့ စဉ်းစားနေလိုက်တယ် ။ ဒီလိုနဲ ့တစ်ရက်မှာ ကိုလင်းက ။ မောင် သက်ညီလေး အကို ့ မိန်းမနေမကောင်းလို ့တဲ့ ဖုန်းလာတယ် ။နယ်ကို ခဏပြန်ရမယ် ။ ချောလာရင်ကြည့်ပြောထား လိုက်ကွာ ။ အကို ခွင့်တစ်ပတ် ယူသွားတယ် ။ ဟုတ်ကဲ့အကို စိတ်ချပါ ။ နောက် ၂ ရက်လောက်မှာ ချောရောက် လာပါတယ် ။ ထင်သားပဲ ကိုသက်ဒီမှာရှိမယ် ဆိုတာ ။ အင်း ကျွန်တော်က ဒီဆိုင်မှာပဲ ထိုင်တယ်လေ ။
ကျွန်တော်က ချောအတွက် အအေးတစ်ပုလင်းမှာပေး လိုက်ပြီး ။ ချောကို ကျွန်တော်ပြောစရာရှိတယ် ကိုလင်းနဲ ့ပတ်သက်တယ် ။ အင်းပြောလေ အကို ။ ကိုလင်းခွင့်ယူ သွားတယ် ။ သူ ့ မိန်းမ ကလေးမွေးလို ့ ။ ဟင် တကယ် သေချာလား ကိုသက် ။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ချောမျက်ရည်ဝိုင်းလာပြီး မျက်ရည်ပေါက်တွေ ကျလာသည် ။ ကျွန်တော်မျက်နှာလွှဲ နေလိုက်ပါတယ် ။ခဏနေမှ။ ဒါဆိုရင် ချော မနက်ဖြန်ဒီကိုလာ ကျွန်တော်ခေါ်သွားမယ် ။ဒါပေမဲ့ ဟိုရောက်ရင် ဘာမှမပြောပါဘူးလို ့ ဂတိပေးရမယ် ။ ဘယ်လိုလဲ ။ ချောကမျက်ရည်သုတ် လိုက်ပြီး ။ ကောင်းပြီလေ ကိုသက် ချော သေချာအောင် လိုက်ကြည့်ချင်တယ် ။ တော်ဝင် အထူကုဆေးခန်း သားဖွားမီးယပ်နှင့် အထွေထွေရောဂါကု ဆေးခန်းဆိုင်း ဘုတ်ကိုမြင်တော့ ချောခြေလှမ်းတုံ ့သွားသည် ။ လာလေ ချော။ ကျွန်တော်က ခေါ်လိုက်သည် ။ မွေးကင်းစကေလေး တစ်ယောက်နှှင့် အတူတူ အိပ်နေသော အမျိုးသမီး တစ်ယောက်၏ ကုတင်ဘေးတွင် ရပ်လိုက်ပြီး ကျွန်တော်က နှုတ်ဆက်လိုက်သည် ။ အစ်မနေကောင်း လား ။ ကလေးကဘာလေးလဲအ စ်မ ။ ကျွန်တော် စကားသံကြောင့်အစ်မက ထထိုင်ပြီး ။ သြော်မောင်သက်ပါလား ။ယောကျင်္ားလေးလေ ။ ဒါနဲ ့ ကိုလင်းကိုလဲ မမြင်ပါလား ။ အမလေး မင်းအကို ကို တော ့ပြောမနေပါနဲ ့။
မနက်ကတည်းက ကလေးပစ္စည်းလေးတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ မလာတော့ဘူး ။ညနေထမင်းပို ့ချိန်မှပဲလာတော့မယ် ထင်တယ် ။ သူကဘယ်သူလေးလဲ မောင်သက် . မင်းကောင်မလေးလား ။ အစ်မစကားကြောင့် ချော မျက်နှာရဲသွားသည် ။ ကျွန်တော် က ပျာပျာ သလဲ ။ ဟာမဟုတ်ပါဘူး အစ်မကလဲ ကျွန်တော့် သူငယ်ချင်းပါ ။ အိုး ဆောရီးနော် ညီမလေး အမမသိလို ့ပါ ။ အစ်မကတောင်းပန် စကားပြောတော့ ။ချော က လည်း ။ ရပါတယ် အစ်မရယ် မသိလို ့ပြောတာပဲ ။ ခဏကြာတော့ အစ်မကိုနှုတ်ဆက်ပြီး ကျွန်တော်တို ့ပြန်ထွက် လာပါတော့တယ် ။ ချော ကတော ့ ကတ္တာလမ်းကို ငုံ ့ကြည့်ယင်း တလှမ်းချင်းလှမ်းလျှက် ။ ကိုသက် ကိုလင်းကို ပြောလိုက်ပါ ။ ချောကိုလဲ လာမတွေ ့ပါနဲ ့ချောအလုပ်ထဲ ကိုလဲ လုံးဝမလာပါနဲ ့။ ဒီလို လူယုတ်မာမျိုးကိုလဲ ချောက အရမ်းမုန်းတယ်လို ့ပြောပေးပါ ။ ချောသွားတော့တယ် ။ ချောမျက်နှာကိုကြည့်လိုက်တော့ မျက်ရည် နဲ ့အတူ ဒေါသကြောင့်မျက်နှာက တင်းနေသည် ။ ကျွန်တော် ခေါင်းညိတ်ပြ လိုက်ပါတယ် ။ ချောကပြောပြီး တာနဲ ့ထွက်သွား ပါတော့တယ် ။
ကျွန်တော် ကိုလင်း လက်ထဲကို စာတစ်စောင်ထည့်လိုက်ပါတယ် ။ ဘာလဲကွမောင်သက် ။ ဖတ်ကြည့်လေ ။ ကိုလင်းဇော် ကျွန်မ မိဘ သဘောတူတဲ့သူနဲ ့လက်ထပ်တော့မယ် ကျွန်မကိုမေ ့လိုက်ပါတော့ ။ နှုတ်ဆက်ခဲ့ပါတယ် ။ ချော ဘယ်လိုဖြစ်သွားတာလဲကွာ မင်းကိုရော ဘာပြောသွားသေးလဲ ။ ဘာမှပြောမသွားဘူး သူ ့နောက်မှာလဲ လူတစ်ယောက်ပါတယ် ။။ စာပေးပြီး ထွက်သွားတော့တာပဲ။ ဟား ဒီလောက်တောင်မြန် ရသလားကွာ ။အေးလေ ပြီးတော့လဲ ပြီးသွားတာပဲပေါ့ ။ ကိုလင်းဇော်က ပြောလဲပြော စာကိုဆုတ်ဖြဲပြီး ထွက်သွားပါတော့တယ် ။ ကိုလင်းထွက်သွားတော့ ကျွန်တော် ကျေနပ်စွာပြုံးလိုက်ပါတယ် ။
ဒီစာကို ချောရေးတာ မဟုတ်ပဲ ကျွန်တော်ရေးမှန်း ကိုလင်းသိလျှင် ။ ကျွန်တော့်ကို လူလိမ်ဟုပြောမှာ အသေအချာပင် ။ ချော သွားတွေ ့သော ကလေး အမေ သည်လည်း ကိုလင်း မိန်းမမဟုတ်ပဲ ကျွန်တော့် အစ်မ ဝမ်းကွဲမှန်း ချောသိခဲ့လျှင်။ ကျွန်တော့်ကို လူလိမ်ဟု ပြောမှာ အသေအချာပင် ။ ကျွန်တော်ကြိုတင် အကျိုုး အကြောင်း ပြောပြပြီး အကူအညီတောင်းထား သောကြာင့် ။ အစ်မကလဲ မိန်းမ ချင်း ကိုယ်ချင်းစာ သဖြင့် ကူညီခဲ့ခြင်းဖြစ်သည် ။ မည်သို ့ပင်ဖြစ်စေ ကိုလင်းကဲ့သို လူယုတ်မာတစ်ယောက်၏ လက်မှ ရိုးသားသော ။ မိန်းကလေး တစ်ယောက် ရဲ ့ဘဝကို ကယ်တင်ခွင် ့ရလိုက် ခြင်းကို ပင် ကျွန်တော် ကျေနပ်မိပါသည် ။ ထို ့ကြောင့် ကျွန်တော့်အား လူလိမ်ဟု ထင်လျှင် ထင်ကြပါစေတော ့။
Ref - ကိုမောင်မောင်
Credit:Yoyarlay
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...