တောင်ပြုံးပွဲပိတ်လိုက်လို့ အခြောက်တယောက်ရဲ့ ခ့စားချက်




Zawgyi Version

#အချော်တကောက်ဘဝမှာ(တောင်ပြုန်းပွဲပိတ်တော့)

အစိုးရကိုက ဂဠုန်ဆန်တာပါအေ
တောင်ပြုန်းပွဲပိတ်တော့
ငါတို့နတ်တွေ အရစ်ပြုန်းပြီပေါ့

ဒုတ်ချင်းလည်း မရိုက်ရ
လင်ပန်းချင်းလည်း မရိုက်ရ
မထော်မနန်း ဗရမ်းဗတာတွေ . .။

တောင်ပြုန်းမယ်
အော်လီအော်လက်တွေကို ပိန်းဥဖမ်းဖို့ဂွင်ဆင်ပြီးသား
အချာဗင်တွေလာရင် စမာကလာလုပ်ပြီး
ဂုန်းဆင်းဖို့ကြံပြီးသား

သူငယ်အဆင်လေးတွေလာရင်
အဝကျွေးမယ် စပွန်ဆာပေးမယ်ပေါ့
စပွန်ဆာလို့ပြောတာရိုင်းတယ်
မေတ္တာနောက်မှာ စေတနာကပ်ပါလာတာပြောတာလေ။

ခုတော့ဂွမ်းချက်အေ အကြီးကြီးဂွမ်းချက်အေ
အိပ်တာတစ်ယောက် အန်တာတစ်ယောက်ရောဂါဆိုလားဖြစ်လို့
နတ်ထက်ကြီးတဲ့ဝန်ကြီးချုပ်က ပွဲမိန့်မပေးတော့ဘူး
မရှိတဲ့ပေါက်စီတွေကာဖို့ ဗလာစီယာဝယ်ရတာ

အာရကေဖိုးနည်းမှတ်လို့
အချော်တကောက်ဘဝမှာ
တောခြောက်တောင်ခြောက်မဝုန်းရတော့
ဒီမိုး ဇယားကပ်ပြီပေါ့။

အစစ်မတွေကတော့ ခွိကြပေါ့အေ
သေမှာမကြောက်လို့ ပေတရာလျှောက်တဲ့
ကဘေကမ္ဘာအခြောက်တွေခမျာ
ဖြတ်ဖောက်ချုပ်ရမလား
ပွင့်တာတွေ ပြန်ပုန်းရင်ကောင်းမလား
ကိုယ်တော်ကြီးကိုယ်တော်လေးတို့ဘုရား

ဝန်ကြီးချုပ်ဂျင်းကောင်ကို ကိုင်လိုက်ပါဦးဘုရား။

စုမောင်မောင်
မှတ်ချက်။ ။စာရေးသူကိုကိုင်ရဘူးနော်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...